ကမ္ဘာကြီး ပြောင်းလဲသွားပြီ ... ဆာမူရိုင်းလည်း နိုးထလာပြီ။
အနောက်နိုင်ငံမီဒီယာတွေဆီ ..ပေါက်ကြားလာတဲ့အချက်အလက်အရ .. ဗိုလ်ချုပ် He Weidong နဲ့..သူ့အဖွဲ့ဟက ရှီကျင်းဖျင် ..ကို နည်းပညာပိုင်းဆိုင်ရာအစီရင်ခံစာတွေ တင်ပြခဲ့ပါတယ်။
“ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးပါဘူး ... ဂျပန် ဝင်ရောက်လာရင် ရေတပ် ဖျက်ဆီးခံရနိုင်ပါတယ်။ ကျွန်တော်တို့ဒုံးကျည်တွေရဲ့ လောင်စာစနစ်မှာလည်း ... ပြဿနာတွေ ရှိနေပါတယ်” လို့ ... သူတို့က သတိပေးခဲ့တယ်ဆိုပါတယ်။
ဒီ ဖြစ်စဉ်ကြောင့်တရုတ်စစ်တပ် အတွင်း စိုးရိမ်ကြောက်ရွံ့မှုတွေ အကြီးအကျယ် ပျံ့နှံ့လာပါတယ်။
ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် He Weidong နှင့်... သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ အဆင့်မြင့်တပ်မှူးကိုးယောက်ဟာ ... ရာထူးတံဆိပ်တွေ ဖြုတ်ချခံရပြီး အရှက်တကွဲနဲ့ ပါတီကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ကမ္ဘာလုံးဆိုင်ရာစစ်ပွဲတစ်ခုအထိ ဖြစ်လာနိုင်တဲ့ …. အန္တရာယ်အကြီးဆုံးနေရာဟာ ... ထိုင်ဝမ် ရေလက်ကြား ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အားလုံး သိထားတာကြောင့် ... မသိချင်ယောင်ဆောင်နေဖို့ မသင့်တော့ပါဘူး။
ရှီကျင်းဖျင် က .ထိုင်ဝမ်ကို ..တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ရင် ... သူ့ဘက်မှာ အားသာချက်ရှိနေအောင် အရင်ဆုံးလုပ်ဆောင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်
အတွင်းတရုတ်စစ်တပ်ဟာ စစ်လေယာဉ်နဲ့စစ်သင်္ဘော ရာနဲ့ချီအသုံးပြုပြီး ... ထိုင်ဝမ် ရဲ့ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်၊ အတိုကောက် ADIZ အတွင်း ထိုင်ဝမ် ဘက်က အဆက်မပြတ်တုံ့ပြန်နေရအောင် ... ဖိအားပေးထားပါတယ်။
ဘေဂျင်းအစိုးရဟာ ထိုင်ဝမ်ရေလက်ကြား ..အလယ်မျဉ်းကို နေ့တိုင်းချိုးဖောက်ပြီး ... ဒီဒေသကို ထိန်းချုပ်ရခက်တဲ့ အန္တရာယ်ရှိအခြေအနေဆီ ... တွန်းပို့နေပါတယ်။
“ ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်စလုံးက ပြည်သူတွေဟာ ... ဘယ်အရာနဲ့မှ ခွဲခြားမရနိုင်တဲ့ သွေးသားဆက်နွှယ်မှု ရှိနေပါတယ်။ နိုင်ငံပြန်လည်ပေါင်းစည်းရေးဆီ ဦးတည်နေတဲ့ သမိုင်းလမ်းကြောင်းကို ... ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး” လို့ ... ချိုင်းနား ဘက်က ပြောပါတယ်။
ချိုင်းနားဟာ ... ကိုယ့်ကိုဘယ်သူမှထိလို့မရဘူးလို့ ကြေညာခဲ့ပါတယ်။ ရှီရဲ့ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ် ... ထိုင်ဝမ် ကို ပိတ်ဆို့မယ်၊ ကျွန်းတစ်ဝိုက်မှာ စစ်ရေးအင်အားတည်ဆောက်မယ်၊ ဂျပန် နဲ့ U.S. ကို ဒီရေပြင်ကနေ ဝေးဝေးထားမယ် ... ပြီးရင် ထိုင် ဝမ် ရေလက်ကြားကို တရုတ် ပြည်တွင်းပင်လယ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲမယ်။
ထိုင်ဝမ် ကို အလွယ်တကူ ထိန်းချုပ်နိုင်မယ်လို့ ..ထင်ထားတဲ့ ဘေဂျင်း ဟာ ... အခုတော့ U.S. နဲ့ ဂျပန် တို့ ပူးပေါင်းတည်ဆောက်ထားတဲ့ ခိုင်မာတဲ့ကာကွယ်ရေးအင်အားနဲ့ ရင်ဆိုင်နေရပါတယ်။
U.S. ကလည်း ... စကားနဲ့တင် ရပ်တန့်မနေခဲ့ပါဘူး။ မျိုးဆက်သစ် F-16 Block 70 တိုက်လေယာဉ်တွေကို ထိုင်ဝမ် ဆီ စတင်ပို့ဆောင်ခြင်းအားဖြင့် ... ကျွန်းရဲ့ကောင်းကင်ကို ခံတပ်တစ်ခုအဖြစ် ပြောင်းလဲဖို့ စတင်နေပါပြီ။
ဒီတင်းမာမှုကို စတင်မြင့်တက်စေခဲ့တာက ... လက်နက်တစ်ခုမဟုတ်ဘဲ Tokyo က ထွက်ပေါ်လာတဲ့ ပြတ်သားတဲ့ပြောဆိုချက်တစ်ခု ဖြစ်ပါတယ်။
ဩဂုတ်လ ဆယ့်ကိုးရက်နေ့မှာ ဂျပန် ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိဟာ ကင်မရာတွေရှေ့ထွက်လာပြီး ... ထိုင်ဝမ် အရေးနဲ့ပတ်သက်လို့ တရုတ် နိုင်ငံကို သမိုင်းဝင်စိန်ခေါ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
“ခြိမ်းခြောက်မှုတွေရှိလာပါ က... အစိုးရက ဘက်ပေါင်းစုံကနေ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” လို့ ... တာကာအိချီ က ပြောပါတယ်။
သူ ဝန်ကြီးချုပ်ဖြစ်လာတာ သုံးပတ်တောင်မပြည့်သေးချိန်မှာ ... China သံတမန်တစ်ယောက်က ဝန်ကြီးချုပ်ရဲ့ “ညစ်ပတ်တဲ့ဦးခေါင်း” ကို ဖြတ်ပစ်ရမယ်လို့ တာကာအိချိကို ..ပြောဆိုခဲ့ပါတယ်။
တာကာအိချိရဲ့.. စိန်ခေါ်မှုဆန်တဲ့ရပ်တည်ချက်ကြောင့် ... ဒေသတွင်းတင်းမာမှုဟာ ချက်ချင်းအမြင့်ဆုံးအဆင့် ရောက်သွားပါတယ်။ တာကာအီချိဟာ ... တစ်ယောက်တည်း ရပ်တည်နေတာ မဟုတ်ပါဘူး။
ထိုင်ဝမ်ကလည်း ... သူ့ရဲ့စကားတွေကို လက်တွေ့လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဘေဂျင်း ဘက်က ဖိအားများစွာ ရင်ဆိုင်နေရပြီး ... တုံ့ပြန်ဖို့နည်းလမ်း နည်းပါးလာပါတယ်။
ဒီချိန်မှာ သံမဏိအမျိုးသမီး ဆာနာအဲတာကာအိချိ ဟာ တိုကျို မြို့က နိုင်ငံရေးဇာတ်ခုံပေါ် တက်လာခဲ့ပါတယ်။
ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီစင်မြင့်ပေါ်တက်လာချိန်မှာ ... တရုတ် ကို တိုက်ရိုက်ရင်ဆိုင်ပြီး ... ထိုင်ဝမ် ကို ကျူးကျော်လာရင် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာ ..ပြောဆိုခဲ့ပါတယ်။
ဒါဟာ Taiwan အရေးကြောင့် စစ်ပွဲဖြစ်လာရင် ... Japan တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ကြေညာချက် ဖြစ်ပါတယ်။
ဂျပန်ပြန်လည်လက်နက်တပ်ဆင်လာတာကို ... မကောင်းဆိုးဝါးပြန်လာသလို တရုတ်အစိုးရက ..တင်ပြပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို ကျူးကျော်ဖို့သူ့ရှေ့မှာ ကျွန်းတစ်ကျွန်းတည်း ရှိနေတာမဟုတ်ပါဘူး။ U.S. ရဲ့ F-16 တွေနဲ့ ဂျပန် ရဲ့သမိုင်းဝင်စည်းကမ်းတိကျမှုတို့ ပေါင်းစပ်ထားတဲ့ ... ဒိုင်းတစ်ခု ရှိနေတာဖြစ်ပါတယ်။
တရုတ် နဲ့ ရုရှား နိုင်ငံတွေဟာ ဂျပန် ကို စိုးရွံ့နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ တိုင်ဝမ်ကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ဖို့ တရုတ် တို့ ကြံစည်လာသမျှ ဟာလည်း တိုင်ဝမ် ကို ကာကွယ်ပေးမယ်ဆိုတဲ့ ဂျပန် အစိုးရရဲ့ စကားတခွန်းကြောင့် မသေချာ မရေရာ ဖြစ်နေရပါပြီ။ ဂျပန် ရဲ့ အမေရိကန် လုပ် Tomahawk ခရုဇ် ဒုံးကျည် အစင်း ၄၀၀ နဲ့ ပြည်တွင်းဖြစ် Type 12 သင်္ဘောဖျက် ဒုံးကျည် စင်းရေ ၃၀၀ ငကျာ် ဟာ တရုတ် ရေတပ် အတွက်တော့ မဟာ အိပ်မက်ဆိုးကြီး ပဲ ဖြစ်ပါတယ်။
တရုတ်တို့ကသာ ဂျပန် ကို မပြီးနိုင် မစီးနိုင် ပြစ်တင် ရှုတိ ချနေပေမယ့် ဂျပန် အစိုးရက တော့ ပြန်လှန် ထောက် ပြမနေတော့ပဲ လုပ်စရာရှိတာကိုသာ ဆက်ပြီး လုပ်ဆောင်နေပါတယ်။ တရုတ် ၊ မြောက်ကိုရီးယား နဲ့ ရုရှား တို့ကို ရင်ဆိုင်ဖို့ ဗျုဟာ အားလုံးကို စဥ်းစား သုံးသပ်နေတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင် ဂျီရို ကိုအိဇူမီ က သြဂုတ် လဆန်းက ထုတ်ဖော်ပြောကြားသွားပါတယ်။ ကိုအိဇူမိက ဂျပန် လက်နက်ကိုင်တပ်ဖွဲ့များကိုအလျင် အမြန် စွမ်းရည် မြှင့်တင်ဖို့ လုပ်ဆောင်နေတယ် လို့ လည်း ပြောကြားသွားခဲ့ ပါတယ်။
တရုတ် ၊ ရုရှားနဲ့ မြောက် ကိုရီးယား ဝင်ရိုးတန်း မဟာမ်ိတ် ၃ နိုင်ငံ ညှပ်ပူးညှပ်ပိတ် လုပ်လာတဲ့ အတွက် ဂျပန် တို့ဟာ နျု ကလီယာ လက်နက် တပ်ဆင်ဖို့အထိ စဥ်းစား ဆုံးဖြတ်လာနိုင်နေတာပါ။
Yor Link MM #yourlinkmm #သတင်း #ဂျပန် #တရုတ


0 Comments