အရွယ်ရောက်ပြီးသူ (အသက် ၁၈ နှစ်အထက်) တွေအတွက် N-400 နဲ့ N-600 နှစ်မျိုးစလုံးကို ဘယ်အချိန်မှာ အသုံးပြုရမလဲ၊ ဘယ်လိုလျှောက်ရမလဲ၊ Interview မှာ ဘာတွေစစ်ဆေးမလဲ ဆိုတာ အသေးစိတ်ခွဲပြီး ရှင်းပြပါမယ်။
အရေးကြီးဆုံးအချက်က N-400 နဲ့ N-600 ဟာ ရည်ရွယ်ချက်မတူပါဘူး။
N-400: Green Card ကိုင်ထားသူက သတ်မှတ်ချက်ပြည့်မီပြီး အမေရိကန်နိုင်ငံသားအဖြစ် Naturalization လျှောက်ခြင်း။
N-600: မိဘကြောင့် အသက် ၁၈ နှစ်မပြည့်မီကတည်းက အမေရိကန်နိုင်ငံသားဖြစ်ပြီးသားသူက Certificate of Citizenship လျှောက်ခြင်း။
အသက် ၁၈ နှစ်ကျော်ပြီးမှ မိဘက Citizen ဖြစ်လာတာနဲ့ N-600 လျှောက်ခွင့် အလိုအလျောက်မရပါဘူး။ Citizenship ရရှိခဲ့တဲ့အချိန်နဲ့ သက်ဆိုင်ရာဥပဒေသတ်မှတ်ချက်တွေကို စစ်ဆေးရပါတယ်။
1. N-400 – Adult Green Card Holder မှ Citizenship လျှောက်ခြင်း
A. ဘယ်သူတွေ လျှောက်ထားနိုင်သလဲ?
အထွေထွေ 5-Year Rule အရ -
အသက် ၁၈ နှစ်ပြည့်ပြီးသူ။
Green Card ကိုင်ဆောင်ထားတာ အနည်းဆုံး ၅ နှစ်ရှိသူ။
အမေရိကန်တွင် Continuous Residence ပြည့်မီသူ။
သတ်မှတ်ထားတဲ့ Physical Presence ရှိသူ။
လျှောက်ထားမယ့် State သို့မဟုတ် USCIS District မှာ အနည်းဆုံး ၃ လ နေထိုင်ထားသူ။
Good Moral Character ပြည့်မီသူ။
အင်္ဂလိပ်စာနှင့် Civics Test အတွက် သတ်မှတ်ချက်ပြည့်မီသူ။
3-Year Rule (အိမ်ထောင်ဖက်က U.S. Citizen ဖြစ်သူ)
အောက်ပါအခြေအနေတွေ ပြည့်မီရင် ၅ နှစ်အစား ၃ နှစ်နဲ့ လျှောက်ထားနိုင်ပါတယ်။
အနည်းဆုံး ၃ နှစ် Green Card ရှိရမယ်။
အိမ်ထောင်ဖက်က အဲဒီ ၃ နှစ်လုံး U.S. Citizen ဖြစ်နေရမယ်။
အဲဒီကာလအတွင်း အိမ်ထောင်ရေးဆက်ဆံမှု တည်မြဲပြီး အတူတကွ အိမ်ထောင်ရေးဘဝကို ဖြတ်သန်းထားရမယ်။
ကျန်တဲ့ Naturalization သတ်မှတ်ချက်တွေလည်း ပြည့်မီရမယ်။
USCIS ရဲ့ အထွေထွေသတ်မှတ်ချက်များကို ဒီမှာကြည့်နိုင်ပါတယ်။ 
B. N-400 အတွက် လိုအပ်သောစာရွက်စာတမ်းများ
စာရွက်စာတမ်း ဘာအတွက်လဲ
Green Card နိုင်ငံသားအမြဲတမ်းနေထိုင်ခွင့်
State ID / Driver's License ကိုယ်ရေးအထောက်အထား
Passport အဟောင်း/အသစ် ပြည်ပခရီးသွားမှတ်တမ်း
Marriage Certificate အိမ်ထောင်ရေးအထောက်အထား
Spouse Citizenship Proof 3-Year Rule သုံးသူ
Tax Return / Tax Transcript အခွန်မှတ်တမ်း
Divorce Decree အရင်အိမ်ထောင်ရှိခဲ့သူ
Court Disposition ဖမ်းဆီးခံရမှု၊ အမှုဖြစ်မှုရှိသူ
Selective Service Proof သတ်မှတ်ချက်နှင့်ကိုက်ညီသော အမျိုးသားများ
Child Support Records သက်ဆိုင်ပါက ကလေးထောက်ပံ့မှုမှတ်တမ်း
အထူးသတိပြုရန်
ပြည်ပခရီးသွားခဲ့တဲ့ ရက်စွဲတွေကို မှန်ကန်စွာဖော်ပြပါ။
အခွန်မဆောင်ခဲ့တာ၊ အကြွေးကျန်တာ၊ အမှုအခင်းရှိတာတွေကို ဖုံးကွယ်မထားပါနဲ့။
အိမ်ထောင်ရေးအခြေခံ 3-Year Rule နဲ့ လျှောက်သူတွေက အိမ်ထောင်ရေးအထောက်အထားတွေပါ ယူဆောင်ထားပါ။
USCIS က အခြေအနေအလိုက် အခြားစာရွက်စာတမ်းတွေ ထပ်မံတောင်းနိုင်ပါတယ်။ 
C. N-400 Interview မှာ ဘာတွေစစ်ဆေးမလဲ?
Interview ကို အဓိကအားဖြင့် အပိုင်း ၄ ပိုင်းခွဲနိုင်ပါတယ်။
(1) English Speaking Test
Officer က သင့်ရဲ့ N-400 လျှောက်လွှာအကြောင်း အင်္ဂလိပ်လို မေးပါမယ်။
ဥပမာ -
What is your full name?
Where do you live?
How long have you lived here?
Are you married?
Have you ever traveled outside the United States?
(2) Reading Test
စာကြောင်း ၃ ကြောင်းအနက် တစ်ကြောင်းကို မှန်ကန်စွာ ဖတ်ပြနိုင်ရပါမယ်။
(3) Writing Test
စာကြောင်း ၃ ကြောင်းအနက် တစ်ကြောင်းကို မှန်ကန်စွာ ရေးနိုင်ရပါမယ်။
(4) Civics Test
လျှောက်လွှာတင်တဲ့နေ့အပေါ်မူတည်ပြီး စာမေးပွဲကွာခြားပါတယ်။
2025 Civics Test
128
လေ့လာရမည့် မေးခွန်းအရေအတွက်
20
မေးမည့်မေးခွန်း
12
အောင်ရန် မှန်ရမည့်အရေအတွက်
၂၀ မေးခွန်းအနက် ၁၂ ခုမှန်ရင် အောင်မြင်ပါတယ်။ ၉ ခုမှားရင် စာမေးပွဲရပ်ပြီး ကျရှုံးပါတယ်။
Source: USCIS 2025 Civics Test 
မအောင်မြင်ရင် ဘာဖြစ်မလဲ?
English သို့မဟုတ် Civics Test တစ်ခုခု မအောင်ရင် မအောင်ခဲ့တဲ့အပိုင်းကို ပုံမှန်အားဖြင့် ၆၀ ရက်မှ ၉၀ ရက်အတွင်း ဒုတိယအကြိမ် ပြန်ဖြေခွင့်ရပါတယ်။ 
D. Interview အောင်ပြီးရင် ဘာဆက်လုပ်ရမလဲ?
USCIS က Approval ပေးမယ်။
Oath Ceremony အတွက် ရက်ချိန်းပေးမယ်။
Oath of Allegiance ကျိန်ဆိုရမယ်။
Certificate of Naturalization ရရှိမယ်။
အဲဒီနောက် U.S. Passport လျှောက်ထားနိုင်မယ်။
အရေးကြီးတာက Oath မကျိန်ဆိုရသေးရင် ပုံမှန် Naturalization လုပ်ငန်းစဉ်အရ U.S. Citizen မဖြစ်သေးပါဘူး။ 
2. N-600 – မိဘကြောင့် အမေရိကန်နိုင်ငံသားဖြစ်ပြီးသား Adult များ
-600 ဟာ အသက် ၁၈ နှစ်အထက်လည်း လျှောက်ထားနိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက လျှောက်ထားသူဟာ အရင်ကတည်းက U.S. Citizen ဖြစ်ပြီးသားဖြစ်ရပါမယ်။
A. N-600 လျှောက်နိုင်တဲ့ အဓိကအခြေအနေ ၂ မျိုး
အခြေအနေ (၁) – Citizenship at Birth
အမေရိကန်ပြင်ပမှာ မွေးဖွားခဲ့ပေမယ့် မွေးဖွားချိန်မှာ မိဘတစ်ဦး သို့မဟုတ် နှစ်ဦးက U.S. Citizen ဖြစ်နေသူ။
ဥပမာ -
အမေရိကန်နိုင်ငံသားဖခင် သို့မဟုတ် မိခင်က နိုင်ငံခြားမှာ ကလေးမွေးဖွားခြင်း။
မိဘရဲ့ အမေရိကန်နေထိုင်ခဲ့တဲ့ကာလနဲ့ သက်ဆိုင်ရာဥပဒေသတ်မှတ်ချက်တွေ ပြည့်မီခြင်း။
ဒီအခြေအနေမှာ မွေးဖွားတဲ့နေ့က သက်ဆိုင်တဲ့ Citizenship Law ကို စစ်ဆေးရပါတယ်။
အခြေအနေ (၂) – Citizenship After Birth but Before Age 18
မွေးဖွားချိန်မှာ မိဘက Citizen မဟုတ်ပေမယ့် သားသမီး အသက် ၁၈ နှစ်မပြည့်မီ အောက်ပါအချက်တွေ ပြည့်မီလာခြင်း။
မိဘတစ်ဦးက U.S. Citizen ဖြစ်လာခြင်း။
သားသမီးနဲ့ မိဘကြား တရားဝင် Parent-Child Relationship ရှိခြင်း။
သားသမီးက Green Card ရရှိထားခြင်း။
သားသမီးက U.S. Citizen မိဘ၏ Legal and Physical Custody အောက်မှာ အမေရိကန်နိုင်ငံအတွင်း နေထိုင်ခြင်း။
အချက်တွေကို အများအားဖြင့် Child Citizenship Act of 2000 နဲ့ ဆက်စပ်စစ်ဆေးရပါတယ်။ သို့သော် ၂၀၀၁ ခုနှစ်မတိုင်မီ အသက် ၁၈ နှစ်ပြည့်ခဲ့သူတွေမှာ ယခင်ဥပဒေစည်းမျဉ်းတွေ သက်ဆိုင်နိုင်ပါတယ်။ 
B. N-600 အတွက် လိုအပ်တဲ့စာရွက်စာတမ်းများ
စာရွက်စာတမ်း ရှင်းလင်းချက်
Applicant Birth Certificate လျှောက်ထားသူ မွေးစာရင်း
Applicant Green Card Green Card ရှိခဲ့ကြောင်း
Parent's U.S. Passport မိဘနိုင်ငံသားဖြစ်ကြောင်း
Naturalization Certificate မိဘ Naturalization အထောက်အထား
Parent Birth Certificate မိဘမွေးစာရင်း
Marriage Certificate မိဘအိမ်ထောင်ရေးအထောက်အထား
Divorce / Custody Records လိုအပ်ပါက
Proof of Physical Custody မိဘနဲ့အတူနေထိုင်ခဲ့ကြောင်း
School Records ကျောင်းမှတ်တမ်း
Residence Records နေထိုင်ခဲ့ကြောင်း အထောက်အထား
အခြေအနေအလိုက် မိဘ Citizen ဖြစ်လာသည့်ရက်စွဲ၊ ကလေး Green Card ရရှိသည့်ရက်စွဲနဲ့ အမေရိကန်ရောက်ရှိနေထိုင်မှုကို သက်သေပြဖို့ အထူးအရေးကြီးပါတယ်။
C. N-600 Interview မှာ ဘာတွေမေးမလဲ?
N-600 မှာ N-400 လို English Reading, Writing, Civics Test ပုံမှန်မဖြေဆိုရပါဘူး။
Officer က အဓိကအားဖြင့် -
ဘယ်နိုင်ငံမှာ မွေးဖွားခဲ့သလဲ။
မိဘက ဘယ်အချိန်မှာ U.S. Citizen ဖြစ်လာသလဲ။
မိဘ Naturalization Certificate ရှိသလား။
Green Card ကို ဘယ်အချိန်မှာ ရရှိခဲ့သလဲ။
အသက် ၁၈ နှစ်မပြည့်မီ မိဘနဲ့ အတူနေထိုင်ခဲ့သလား။
မိဘရဲ့ Legal and Physical Custody အောက်မှာ ရှိခဲ့သလား။
မွေးစားသားသမီးဖြစ်ပါက Adoption အထောက်အထားရှိသလား။
စသည်တို့ကို စစ်ဆေးနိုင်ပါတယ်။
N-600 Interview အတွက်
လျှောက်ထားစဉ် တင်ပြခဲ့တဲ့ စာရွက်စာတမ်း မူရင်းများယူသွားပါ။
မိဘရဲ့ Citizenship အထောက်အထားယူသွားပါ။
နိုင်ငံခြားဘာသာဖြင့် ရေးထားတဲ့ စာရွက်စာတမ်းတွေကို Certified English Translation နဲ့ ယူသွားပါ။
အသက် ၁၈ နှစ်ကျော်ပြီးသူက မိဘမပါဘဲ Interview သွားနိုင်ပါတယ်။
USCIS က လူတိုင်းကို Interview ခေါ်တာမဟုတ်ပါဘူး။ စာရွက်စာတမ်းအပေါ်မူတည်ပြီး Interview ကင်းလွတ်နိုင်ပါတယ်။
D. N-600 အောင်မြင်ရင် ဘာရမလဲ?
Certificate of Citizenship ရရှိနိုင်ပါတယ်။
အသက် ၁၄ နှစ်အထက်သူတွေမှာ Oath of Allegiance လိုအပ်နိုင်ပါတယ်။
N-600 က Citizenship အသစ်ပေးတာမဟုတ်ဘဲ ရှိပြီးသား Citizenship ကို သက်သေပြပေးတာဖြစ်ပါတယ်။
U.S. Passport ရှိပြီးသားဆိုရင် N-600 ကို မဖြစ်မနေလျှောက်စရာမလိုပါဘူး။ Certificate of Citizenship ဟာ သီးခြားအထောက်အထားတစ်ခုအဖြစ် ရယူနိုင်တာဖြစ်ပါတယ်။ 
3. Immunization ကာကွယ်ဆေးမှတ်တမ်း လိုအပ်သလား?
ကိစ္စကို သေချာခွဲခြားထားပါ။
လုပ်ငန်းစဉ် Immunization Record
Green Card လျှောက်ခြင်း Medical Examination အတွက် လိုအပ်နိုင်
N-400 Citizenship ပုံမှန်မလို
N-600 Certificate ပုံမှန်မလို
USCIS က သီးခြားတောင်းခြင်း တောင်းထားပါက တင်ပြရန်
အဓိကအချက်: Green Card လျှောက်စဉ် ကာကွယ်ဆေးထိုးမှတ်တမ်းတင်ခဲ့ဖူးပေမယ့် Citizenship Interview မှာ အဲဒီမှတ်တမ်းကို ပုံမှန်ပြန်တင်ရန် မလိုအပ်ပါဘူး။
4. N-400 နဲ့ N-600 အဓိကကွာခြားချက်
အချက် N-400 N-600
အသက် ၁၈ နှစ်အထက် Adult လည်းလျှောက်နိုင်
Green Card ပုံမှန်လိုအပ် အခြေအနေအလိုက်
English Test ပုံမှန်လိုအပ် မလို
Civics Test ပုံမှန်လိုအပ် မလို
Interview ပုံမှန်ရှိ USCIS ဆုံးဖြတ်ချက်အရ
Oath လိုအပ် အသက်နှင့် အခြေအနေအလိုက်
ရလဒ် Naturalization Certificate Citizenship Certificate
5. Official USCIS Website များ
အောက်ပါ Website တွေမှာ Form နဲ့ လိုအပ်ချက်တွေကို တိုက်ရိုက်စစ်ဆေးနိုင်ပါတယ်။
N-400 – Application for Naturalization
N-600 – Certificate of Citizenship
USCIS N-600 Official Page
Citizenship Interview and Test
USCIS Citizenship Study Resources
Case Processing Time
USCIS Processing Times
#N-400
#N-600
#Ye Haling
ဒီကိစ္စကို သေချာခွဲခြားထားပါ။


0 Comments