About Me

header ads

Myo Yan Naung Thein

 

အမှန်အတိုင်းပြောရရင် ၊ ပန်ဆယ်လိုကိုကြောက်လားဆိုရင် ၊အခုလိုအဆဲခံရမှာ ၊ မိုက်မိုက်ရိုင်းရိုင်းအပြောခံရမှာ ၊ အောက်လုံးထိုးတိုက်ခိုက်ခံရမှာ ကြိုသိလို့ - ကြောက်ပါတယ်။ ကိုယ့်သမီးအရွယ်က ကိုယ့်ကိုမိုက်မိုက်ရိုင်းရိုင်းဆဲရေးတိုင်းထွာမှာကို မကြောက်သူမရှိပါဘူး ။
-
အဲ့ဒီလိုကြောက်တဲ့အတွက် ၊ ပြည်သူ့ထောက်ပို့ငွေဒေါ်လာ ၂ သိန်း ကို အလွဲသုံးစားလုပ်ထားတယ်လို့ တွေ့ရှိချိန်မှာ ၊ ထုတ်ပြောရမလား - ထုတ်မပြောရဘူးလား - ချီတုံချတုံဖြစ်ခဲ့တယ်။ ပြည်တွင်းမှာလူငယ်လေးတွေက ဘဝတွေ ၊ အသက်တွေစတေးပြီးတိုက်ပွဲဝင်နေချိန် ၊ ဒေါ်လာ ၂ သိန်းဆိုတဲ့ငွေပမာဏကို အသာလေးအိပ်ထဲထည့်သွားတာဟာ ရင်နာစရာကောင်းတယ်။ အထောက်အထားအချက်အလက်အပြည့်အစုံနဲ့တွေ့ရှိခဲ့တာဖြစ်တဲ့အတွက် ဒေါသပြင်းပြင်းထန်ထန်ဖြစ်တယ်။ အဲ့ဒီလူသာ အနားမှာရှိနေရင် ၊ လက်ထိလက်ရောက်ပြုလုပ်မိမည့်အနေအထားထိရောက်အောင် ဒေါသတဝုန်းဝုန်းထခဲ့တယ်။
-
ဒီအလွဲသုံးစားကိစ္စကိုထိမ်ချန်ထားတာဟာ တော်လှန်ရေးကိုသစ္စာဖောက်တာလို့ခံစားရတယ်။ဒါကြောင့်မို့ ဒေါ်လာ ၂ သိန်းကို စာရင်းအစစ်ခံဖို့ရေးတင်ခဲ့တယ်။ ဘယ်သူ့ကိုမှ သူခိုးလို့မစွတ်စွဲခဲ့သလို ၊ အလွဲသုံးစားလုပ်ထားပါတယ်လို့တောင်မရေးခဲ့ဘူး၊ စာရင်းအစစ်ခံဖို့သာရေးခဲ့တယ်။ ရေးတဲ့အခါမှာလည်း ငွေစာရင်းကွာဟမှု ၂၃၃၀၀၀ ဒေါ်လာကနေ ၊ ပန်ဆယ်လိုစာရင်းရှင်းရမည့် ၃၃၀၀၀ ကိုဖယ်ထုတ်ပြီး ၊ အောင်ရဲပြည့်ရဲ့ ဒေါ်လာ ၂ သိန်းကိုပဲ စာရင်းရှင်းဖို့ ရေးခဲ့တာဖြစ်တယ်။ ဒါဟာ ပန်ဆယ်လိုရဲ့ အောက်တန်းကျကျဆဲဆို၊ မိုက်ရိုင်းမှုကို ကျွန်တော်ဘယ်လောက်ကြောက်တယ် ၊ သူနဲ့ ပြဿနာမဖြစ်လိုဘူးဆိုတာပေါ်လွင်စေတဲ့အချက်ဖြစ်တယ်။
-
-
တော်လှန်ရေးရံပုံငွေတွေဒေါ်လာ ၂ သိန်းကို အလွဲသုံးစားလုပ်တယ်ဆိုတာကို ဘယ်လိုမှ လက်မခံနိုက်တဲ့အတွက် ဖော်ထုတ်ခဲ့တာဖြစ်တယ်။ ပန်ဆယ်လို ဝင်ဆဲမှာစီုးတဲ့အတွက် သူ့ကိုဖယ်ထုတ်ပြီးရေးတင်ခဲ့တယ်။ အဲ့ဒါကိုမှ ပန်ဆယ်လိုက အတင်းဝင်ပြီး ပြဿနာရှာခဲ့တယ်။ ပန်ဆယ်လိုဆဲမှာ ၊ ရိုင်းရိုင်းစိုင်းစိုင်းတုန့်ပြန်မှာ ၊ အောက်တန်းကျကျတိုက်ခိုက်မှာကို ကျွန်တော်ကြောက်ခဲ့တယ်။ ကြောက်ပေမဲ့လည်း ဒိလောက်ငွေပမာဏကို အလွဲသုံးစားလုပ်တာကို လက်မခံနိုင်တဲ့အတွက် ထိတ်တိုက်တိုးရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ဆက်လက်ရင်ဆိုင်ခဲ့တယ်။
-
အခုဆို - ဒေါ်လာ ၂ သိန်းကို စာရင်းရှင်းဖို့ ၊ စာရင်းအစစ်ခံဖို့ရေးတဲ့ အခြေအနေကနေ ၊ကျွန်တော်ဟာ မုဒိမ်းကောင်ပါလို့စွတ်စွဲခံရတဲ့အခြေအနေကိုရောက်လာခဲ့တယ်။ကျွန်တော်က အဆဲခံရမှာကြောက်တယ်ဆိုပေမယ့် ၊ တကယ်တမ်းလုပ်ပြီဆို ဘာကိုမှ ဂရုမစိုက်တတ်သူတွေထဲမှာပါဝင်တယ်။ ကျွန်တော်စိတ်ပိုင်းဖြတ်ပြီးပြီဆို ဘာလာလာ ၊ ဘာဖြစ်ဖြစ် ဂရုမစိုက်တော့တာမျိုးဖြစ်တယ်။ တုံးတိုက်တိုက် - ကျားကိုက်ကိုက် - ဘာဆိုဘာမှ ဂရုမစိုက်တတ်တာမျိုးဖြစ်တယ်။ အဲ့လိုလူတောင် သူတို့ရဲ့ ဆဲဆိုမိုက်ရိူင်းမှုတွေ ၊ အောက်တန်းကျကျလုပ်ကြံတိုက်ခိုက်မှုတွေကို အတော်ခံရတယ်။
-
ကျွန်တော်က ဖော်လိုဝါအထိုက်အလျောက်အင်အားရှိပြီး ၊ ကျွန်တော့်ကို လက်ခံယုံကြည်တဲ့သူလည်း အထိုက်အသင့်ရှိတယ်။ အဲ့ဒီလိုလူတောင် မိုက်မိုက်ရိုင်းရိုင်း ၊ အောက်တန်းကျကျတိုက်ခိုက်မှုကို အတော်ပြင်းပြင်းထန်ထန်ခံရရင်၊ ပုံမှန်လူတစ်ဦးဆိုရင် လွင့်စင်ထွက်သွားနိုင်တယ်။
-
“ စာရင်းအစစ်ခံပါ “ လို့ရေးလိုက်တဲ့စာတစ်ကြောင်းဟာ လူတစ်ယောက်ကို မုဒိမ်းကောင်၊ စောက်ပေါအဖြစ် - ပြည်သူတွေမြင်သွားအောင်ထိုးချခံရတဲ့အထိဖြစ်သွားနိုင်တယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ရှေ့ဆက်ခဲ့တာဖြစ်တယ်။ တော်လှန်ရေးအောင်မြင်ဖို့ အကြောက်တရားကို ကျွန်တော်တို့ရင်ဆိုင်ရဲရမယ်။ ဆဲဆိုမိုက်ရိုင်းမှုတွေ ၊ အောက်တန်းကျကျတိုက်ခိုက်မှု​တွေကို ကျော်ဖြတ်ရဲရမယ်။
-
အမေစုရဲ့ ဒဿန “ Freedom From Fear “ ကိုလက်တွေ့ကျကျ ကျင့်သုံးကြရမယ်။
https://www.facebook.com/MyoYanNaungThein

Post a Comment

0 Comments