About Me

header ads

အမေရိကားရဲ့ Immigration အမျိုးမျိုးရဲ့ သမိုင်း အချက်အလက် - Thida Tin Nyunt

 

2020 - 2022 မှာ COVID ကြောင့် Family Immigration process ရပ်သွားတယ်

ဓါတ်ပုံ ၃ခုစလုံး အနီဝိုင်းထားတဲ့ အကွက်ကို တခုချင်း လိုက်ကြည့်ပါSept 2022 - March 2025 အထိ ၂နှစ်နဲ့၃လအတွင်းမှာ Priority date 15DEC 07 ကနေ 01MAR08 (၃လ) ရွေ့တယ်2022 ကနေ 2024 နှစ်ကုန်အထိ ပိတ်ဖို့အမိန့်မထုတ်ပေမဲ့ ပိတ်ထားသလိုပဲ ဘာ process မှမလုပ်သလောက်နီးပါးဆိုတာမြင်နိုင်တယ်ဒီနှစ်တွေမှာ တခြား Immigration အမျိုးအစားတွေမှာဘာဖြစ်နေလဲ အပေါ်မှာပြန်ဖတ်ကြည့်ပါတမျိုးမှာသိပ်များနေရင် တမျိုးကိုတော့ လျှော့ရတယ်

 
 
 

June 2025 - March 2026 အထိ ၉လအတွင်းမှာ Priority date 01JUN07 ကနေ 01MAR09 (၉လ) ရွေ့သွားတယ်
Case တွေ အများကြီး process လုပ်နေတယ်ဆိုတာပြတာ
ဒီနှစ်တွေမှာ တခြား Immigrant အမျိုးအစားတွေမှာဘာဖြစ်နေလဲ အပေါ်မှာပြန်ဖတ်ကြည့်ပါ

 

 

 


 June 2026 - Spet 2026 အထိ ၃လအတွင်းမှာ Priority date 22DEC09 ကနေ 01NOV11 (၂၃လ) ရွေ့သွားတယ်ဒီရက်စွဲတွေအားလုံး လစဥ်ထုတ်တဲ့ Visa Bulletin မှာပါလို့ လူတိုင်းကြည့်လို့ရတယ်သက်ဆိုင်တဲ့သူတွေ ဒီဓါတ်ပုံတွေမှာပါတဲ့ ရက်စွဲတွေရယ် အပေါ်မှာရေးထားတာရယ်ကို သေသေချာချာဖတ် ကြည့်ရင် ဘာကြောင့် ကြာတယ်ဆိုတာတွေ့လိမ့်မယ်

 

"အမေရိကားကို မောင်နှမခေါ်တဲ့ Immigrant visa က ၁၅နှစ်တောင်ကြာတာ ဘာဖြစ်လို့လဲ?" လို့ ကျွန်မရဲ့ ကျောင်းနေဖက်သူငယ်ချင်းတယောက်ကမေးလာတယ်
ဒီမေးခွန်းရဲ့အဖြေကိုသိဖို့ဆိုတာက အမေရိကန်အစိုးရ Website တွေမှာရှိတဲ့ အမေရိကားရဲ့ Immigration အမျိုးမျိုးရဲ့ သမိုင်း အချက်အလက်တွေကို ကြည့်ဖို့လိုတယ်
* DV (Diversity visa)
1995-2019 အထိ တကမ္ဘာလုံးကလူ တနှစ်ကို 50,000 ခေါ်တယ်
2020 ကနေစပြီး ~55,000 အထိတိုးလိုက်တယ်
* နိုင်ငံရေးခိုလှုံခွင့် (Asylum) - တိုင်းပြည်ထဲကို ရောက်လာပြီးမှ ခိုလှုံခွင့်တောင်းတာ
2021 - လျှောက်သူ 65,000 ခွင့်ပြုတာက 40,000
2022 - လျှောက်သူ 239,000 ခွင့်ပြုတာက 40,000
2023 - လျှောက်သူ 945,000 ခွင့်ပြုတာက 54,600
2024 - လျှောက်သူ 897,600 ခွင့်ပြုတာက 68,300
2025 - လျှောက်သူ 830,000 ခွင့်ပြုတာ ~40,000
အခုလောလောဆယ် ဖြေရှင်းနေရသေးတဲ့ case 2.4 millions (2,400,000)
* ဒုက္ခသည် (Refugee) - ဒုတိယနိုင်ငံကတဆင့် US မှာနေခွင့်ရပြီးလာတာ
2014 ကနေ 2017 တွေမှာ တနှစ်ကို 60,000
2018 ကနေ 2021 တွေမှာ တနှစ်ကို 11,000
2022 - 25,000 2023 - 60,000
2024 - 100,000 2025 - 38,000
2026 - 16,287
နှစ်တိုင်း ဘယ်လောက် လက်ခံမယ်ဆိုတဲ့အတိုင်းအတာရှိတယ်
Refugee လည်း ဒုက္ခသည်စခန်းမှာနှစ်ချင့်ပြီးစောင့်ကြရတာပါပဲ
ဒုက္ခသည် တိုင်းပြည် နဲ့ သူ့ပြည်တွေ အမေရိကားရောက်တဲ့နှစ်
1970s နဲ့ 1980s - ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို
1990s - အရှေ့ဥရောပ နဲ့ အရှေ့အလယ်ပိုင်း (ဆိုဗီယက်နယ်ပယ်ဟောင်း)
2000 မှ 2010 - အီရပ်၊ ဘူတန်၊ မြန်မာ (ရိုဟင်ဂျာ အပါအဝင်)၊ ကွန်ဂို၊ ဆိုမာလီယာ၊ ဆီးရီးယား
2018 မှ 2024 - အာဖရိကတိုင်းပြည်တွေ၊ အာဖကန်နစ်စတန်၊ မြန်မာ၊ ယူကရိန်း
* တရားမဝင်နေထိုင်သူစုစုပေါင်း
ဒီစာရင်းက နှစ်တိုင်းဘယ်နှစ်ယောက်ဝင်တယ်ဆိုတာကို စစ်တာမဟုတ်ပဲ ဒီနှစ်တွေမှာ လူဘယ်နှစ်ယောက် နေ,နေတယ်ဆိုတာကိုပြတာ
2007 - 2022 မှာ နှစ်စဥ်ရေတွက်မှုအရ 10 - 11.5 millions (11,500,000)
2023 မှာ 13.7 millions (13,700,000) 2 millions ပိုများလာတယ်
2024 မှာ 14.6 millions (14,600,000) 1 million ပိုများလာတယ်
2025 မှာ 13.5 millions (13,500,000) 1 million လျော့သွားတယ်
* မိသားစုခေါ်တဲ့ Immigrant visa
အမျိုးအစား ၅ မျိုး (F1, F2A, F2B, F3, F4) ရှိပြီး အားလုံးအကြောင်းပြောရင်သိပ်ရှုပ်မယ်
အကြာဆုံးမို့လို့ နဲ့ မေးခွန်းကဒါကိုမေးတာကြောင့် မောင်နှမခေါ်တဲ့ F4 ကိုပဲရေးပြမယ်
လျှောက်လွှာတင်လိုက်ပြီးလို့ လက်ခံတယ်ဆိုတဲ့စာရရင် လက်ခံလိုက်တဲ့နေ့ Priority Date ဆိုတာရပြီး အဲ့ဒီ့ရက်စွဲအတိုင်း တန်းစီပြီး Process လုပ်တယ်
Priority date ဆိုတာ တကမ္ဘာလုံးက လျှောက်တဲ့လူမျိုးအားလုံးနဲ့ဆိုင်တယ်
1990 ပတ်ဝန်းကျင်မှာလျှောက်ရင် မောင်နှမခေါ်ဖို့ ၁၀နှစ် စောင့်ရတယ်
2000 ပတ်ဝန်းကျင်မှာ ၁၃နှစ် စောင့်ရတယ်
2010 ပတ်ဝန်းကျင်လောက်ရောက်တော့ ၁၆နှစ်စောင့်ရတယ်
2010 လောက်က လျှောက်ထားတဲ့သူတွေကို အခု 2026 မှာ process လုပ်နေတယ်
သိရသလောက်ဆိုရင် အခုက အင်တာဗျူးအထိလုပ်ပြီး visa ထုတ်မပေးသေးဘူး
လျှောက်တဲ့နှစ်နောက်ကျလေ စောင့်ရတာကြာလေပဲ
အမေရိကားက တနှစ်ကို စုစုပေါင်း Immigrant 1 million လက်ခံတယ်
မိသားစုကခေါ်တာက ၃ပုံ၂ပုံ ကျန်တာ က ၃ပုံ၁ပုံ
ဒုက္ခသည်က အရေးပေါ်ဖြစ်တဲ့နှစ် (အာဖကန် 2021၊ ယူကရိန်း 2022) နဲ့ 2023 နဲ့ 2024 လို တရားမဝင်ရောက်လာတဲ့သူတွေ များတဲ့နှစ်ဆိုရင် ထိန်းလို့ရတဲ့၊ သတင်းထဲမှာမပါတဲ့၊ ကြေညာ စရာမလိုတဲ့ မိသားစုခေါ်တဲ့ visa ကိုလျှော့ချလိုက်တယ် (ဓါတ်ပုံတွေမှာရှင်းပြထားပါတယ်)
* အမေရိကန် Election နဲ့ သမ္မတ သမိုင်း
2001 - 2009 Bush (R)
2009 - 2017 Obama (D)
2017 - 2021 Trump (R)
2021 - 2025 Biden (D)
2025 - 2027 Trump (R)
* မြန်မာနိုင်ငံကနေ US ကို ရွှေ့ပြောင်းကြတဲ့သမိုင်း ကိုကြုံလို့ပြောပြမယ်
1960s အာဏာသိမ်း ပြည်သူပိုင်သိမ်းအပြီးမှာ ကပြားတွေ မြန်မာပြည်ကနေထွက်ကြတယ်
များသောအားဖြင့် အင်္ဂလန်ကို တချို့က US ကို
1970s မှာ ရန်ကုန်မှာ အင်္ကျီချုပ်တဲ့ တရုတ်မလေးတွေ အများကြီး US ကို "skilled labor" နဲ့လာကြတာကို မြန်မာတော်တော်များများမသိကြဘူး
မြန်မာပြည်ကတရုတ် မိသားစုတွေ အဲ့ဒီ့အချိန်လောက်မှာစထွက်ပြီး မိသားစုကိုခေါ်ကြတာ
1970s ကျောင်းသားအရေးအခင်း/နိုင်ငံရေးကြောင့် ထွက်တဲ့ နိုင်ငံရေးသမားတချို့ရှိတယ်
1980s မှာဦးသန့်အရေးအခင်းကြောင့် နိုင်ငံရေးခိုလှုံတဲ့ကျောင်းသားတချို့ရှိတယ်
အရှေ့ကရောက်တဲ့သူတွေက အလုပ်လုပ် ကျိုးစားကြတော့ 1988 ပြီးကာစ 1990 မှာ ဦးဏှောက်ယိုစီးမှု အများကြီးဖြစ်ပြီး ကိုယ့်ဟာကိုယ်ထွက်လာကြတဲ့ သူတွေကို အခက်အခဲမရှိ လက်ခံတယ်
1988 ရဲ့အကျိုးဆက်တွေကြောင့် ဒုက္ခသည်အများစု ရောက်လာတဲ့အချိန်က 1995 - 2005
အဲ့ဒီအချိန်တုန်းက ရောက်လာတဲ့သူတွေလည်း အလုပ်ကျိုးစားကြတယ်
ဒါကြောင့် 2021 ဖြစ်တော့ မြန်မာတွေကို ရှောရှောရှုရှုလက်ခံတာ
https://www.facebook.com/photo?fbid=2217744295827980&set=pcb.2217744472494629 


 

Post a Comment

0 Comments