About Me

header ads

တရုတ်လော်ဘီများသိစေဘို့

တရုတ်လော်ဘီများသိစေဘို့
၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးကို MNDAA ကိုးကန့်ကဦးဆောင်ပြီး NUG,TNLA, AA, မောင်ဆောင်းခအဖွဲ့၊ နဂါးအဖွဲ့၊ နောင်ချို လားရှိုး စစ်ကိုင်း မြင်းခြံက PDF တွေပါဝင်တိုက်ခိုက်ခဲ့ပါတယ်

ဒီအဖွဲ့တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်တိန်စစ်ကော်မရှင်က ကွပ်ကဲခဲ့ပြီး ၎င်းစစ်ကော်မရှင်ကို ယူနန်ပြည်နယ် ရှမ်း ကချင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူတစ်ဦးမှ ဦးဆောင်တယ်လို့သိရပါတယ်။ 

ဝမ်တိန်စစ်ကော်မရှင်ရဲ့ လောက်ကိုင် ချင်းရွှေဟော်နဲ့ ကွမ်းလုံကို ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်စဥ် ကွပ်ကဲမှုနေရာတွေကို မသိရှိရပေမယ့် သိန္နီကို တိုက်ခိုက်စဥ် နမ့်ဆလပ်ရွာကကွပ်ကဲခဲ့ပါတယ်

လားရှိုးကိုတိုက်ခိုက်တဲ့အခါ လားရှိုးမြို့ရဲ့ မြောက်ဘက်လောက်မှာရှိတဲ့ မိုင်းယော်ရွာကနေကွက်ကဲခဲ့ရာက နောက်ပိုင်းမှာ မန်ပန်ရွာကနေ လားရှိုးမြို့သိမ်းပြီးချိန်ထိကွပ်ကဲခဲ့ပါတယ်

မန်ပန်ရွာ ပြည်သူ့စစ်တွေက လားရှိုးမြို့ကိုစတင်တိုက်ခိုက်ချိန်ထဲက MNDAA ဘက်ပြောင်းသွားခဲ့တယ်လို့ပြောကြပါတယ်

ဝမ်တိန်စစ်ကော်မရှင် အနေနဲ့လားရှိုးမြို့ကို အပြီးသိမ်းပိုက်နိုင်ဘို့ သုံးလမှခြောက်လလောက်ကြာနိုင်တယ်လို့ စစ်ရေးသုံးသပ်ထားကြတယ်လို့ဆိုပါတယ်။
တကယ့်လက်တွေ့မှာ တစ်လခန့်သာကြာမြင့်ခဲ့ပါတယ်။(ကျနော်အမှတ်မမှားဘူးဆိုရင် ၂၈ ရက်သာကြာခဲ့တယ်လို့ထင်တယ်)

လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် ကိုးကန့်ဟန်တရုတ်တွေဟာ အထပ်မြင့်အဆောက်အဦတွေမှာ နေရာဝင်ယူတပ်စွဲကြပါတယ်

ကျနော်က လားရှိုးကိုမတိုက်မီ တိုက်နေဆဲ လားရှိုးမြို့သိမ်းပြီးတဲ့အထိ မိသားစုနဲ့အတူ ကျနော့်အိမ်ငှားမိသားစုတွေပါတဲ့ စုစုပေါင်း တစ်ဆယ့်နှစ်ယောက်ကို စစ်ပွဲကာလတလျောက် (၁၀၇)မမ လျော့တိုက်ဒုံး၊ ဒရုန်းနဲ့ လက်နတ်ကြီးပစ်ခတ်မှုတွေကြားက အခြေအနေပေါ်သုံးသပ်ပြီး သုံးနေရာလောက်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ကျနော်နေတဲ့ဘက်က ဒရော့ဗုံးနဲ့ တိုက်လိုက်တာမခံရပါဘူး၊ ဘာကြောင့်လဲဆိုတော့ တပ်စခန်း ရဲစခန်း ဌာဆိုင်ရာရုံးတွေ မရှိလို့ပါ။ ဒရော့ဗုံးနဲ့တိုက်ခိုက်တာ မခံရပေမယ့် ဦးတည်ရာမဲ့သွားတတ်တဲ့ လျော့တိုက်ဒုံးဒါဏ်တော်တော်ခံရပါတယ်။ တစ်လမ်းကျော်၊ နှစ်လမ်းကျော်က အိမ်တွေဆိုပွင့်ထွက်ကုန်တာ။နောက်တစ်မျိုးက လေကွဲကျည်စ,တွေအိမ်ခေါင်မိုးပေါ် ကျောက်ခဲတွေနဲ့ ကျဲချနေသလားထင်ရတယ်။တပ်ကရသွားတဲ့ (84)mm. တွေကို ကောင်းကောင်းအသုံးချခဲ့ပုံရတယ်။
တိုက်ပွဲပြီးလို့အခြေအနေတည်ငြိမ်တဲ့အချိန် စျေးဝယ်ထွက်ရင်း လမ်းဘေးတွေမှာ (84)mm.ဗုံးသီးထည့်တဲ့ ဖိုက်ဘာဘူးခွံတွေ အများကြီးတွေ့ခဲ့ရတယ်

လားရှိုးမြို့သိမ်းပြီးချိန်မှာ ကျနော့်အိမ်အနောက်ဖတ်က တောင်ကြောပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာအင်အား ၂၀၀ ခန့်အခြေပြုပြီး ကျနော်နဲ့တစ်ခြံကျော်က နှစ်ထပ်ခွဲအိမ်မှာ တပ်စိတ်တစ်စိတ် (၁၁)ယောက်အခြေပြုနေထိုင်ပါတယ်

ကိုးကန့်ဟန်တရုတ်တပ်ဖွဲ.ဝင်တွေက ရေချိုး အဝတ်လျှော်လုပ်ချင်ကြောင်းပြောလာတဲ့အတွက် လွတ်နေတဲ့ အိမ်ခန်းငှားတခန်းကိုဖွင့်ပေးခဲ့ပါတယ်။အဲဒီအခန်းမှာဘဲ နေ့စဥ်ရေးချိုးအဝတ်လျှော်လုပ်ကြပါတယ်
အဲဒီအချိန်လျှပ်စစ်မီးမရှိတဲ့အတွက် စစ်မဖြစ်မီ ဝယ်ယူစုဆောင်းထားတဲ့ ဒီဇယ်ဆီနဲ့ အိမ်သုံးဘို့ရေတင်ရင်း ဒီကောင်တွေအတွက်ပါ ရေတင်ပေးရတာပေါ့ခင်ဗျာ

သူတို့တွေရေချိုးအဝတ်လျှော်လာတဲ့အခါ ယူနန်လို ကိုးကန့်လိုပြောတာကို ကျနော်အမျိုးသမီး ရှမ်းမကြီးက ကောင်းကောင်း နားလည်ပေမယ့် သူတို့အရာရှိတွေ ပြောတဲ့စကားကို လုံးဝနားမလည်ပါဘူး၊ အမျိုးသမီးကပြောတယ် အရာရှိအဆင့်တွေဟာ တရုတ်ပြည်ကကောင်တွေဘဲတဲ့

အဲဒီတော့မှ သတိထားကြည့်မိတော့ ခေါင်းဆောင်ပိုင်းတွေက အသက် ၂၅/၃၀ ဝန်းကျင်ခန့် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ဆံပင်က ကတုံးပြောင်နီးပါး ကျည်ကာအင်္ကျီ ပစ္စတိုတစ်လက် ရေဗူးနဲ့ လက်ကိုင်ဆက်သွယ်ရေးစက်တစ်လုံးကိုင်ပြီး ပုံဖျက်ထားတဲ့ နှစ်ခန်းတွဲ ဖိုးဝီးကားတွေစီးတာကို သတိထားမိတယ်။(နယ်စပ်နေသူတွေက တရုတ်ပြည်နေတရုတ်နဲ့ မြန်မာပြည်နေတရုတ်ကို ခွဲခြားနိုင်ပါတယ်)

လားရှိုးမြို့သိမ်းတိုက်ပွဲကို အုပ်ချုပ်ထောက်ပံ့မှုကောင်းကောင်းနဲ့ ငွေအား လူအင်အား နည်းပညာအစုံသုံးပြီး တိုက်ခဲ့ကြတာ မျက်မြင်ပါ။အုပ်ချုပ်ထောက်ပံ့မှု၊ တပ်စိတ် တပ်စု ရွှေ့ပြောင်းမှုမြန်ဆန်ပါတယ်၊ ရွှေ့ပြောင်းတဲ့အခါ ဖိုးဝှီးကားတွေနဲ့အတူ တပ်စိတ်တစ်စိပ်မှာ မော်တော်ဆိုင်ကယ် အနဲဆုံးတစ်စီး 
တွဲဘက်ပေးထားပုံရပါတယ်။ ဒါကြောင့် တပ်ရွှေ့ပြောင်းမှုနဲ့ အုပ်ချုပ်ထောက်ပံ့မှု မြန်ဆန်တာပါလစာငွေကို ကျောပိုအိတ်ထဲ တရုတ်ငွေတွေထည့်ပြီး မော်တော်ဆိုင်ကယ်နဲ့ စစ်သည်နှစ်ဦးက တပ်ရင်း တပ်ခွဲ တပ်စု တပ်စိတ်အလိုက် လစာလိုက်ထုတ်ပေးပါတယ်

နိဂုံးချုပ်ရမယ်ဆိုရင်တော့ ရှမ်းမြောက်တိုက်ပွဲကြီးက ကျာ့ဖျန့်ခေါင်းစဥ်အောက်က တရုတ်နိုင်ငံရဲ့ Proxcy war. မဟုတ်ဘဲ၊ ကိုယ်တိုင်ကျူးကျော်ခဲ့တာဖြစ်ကြောင်း သိစေချင်တာပါ။ဒီနေရာမှာ တစ်ထစ်လျော့ပြောမယ်ဗျာ..
#တရုတ်ဗဟိုအစိုးရ မပါခဲ့ဘူးဆိုရင်တောင် ယူနန်ပြည်နယ်အစိုးရ ပါခဲ့ပါတယ်။ဒါကို တရုတ်ကြိုက်များသိစေချင်တာပါ
#foryou #fpy 
#lashio 

Post a Comment

0 Comments