About Me

header ads

၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၉ ရက် - အိုင်အမ်ဇင်ယော်

၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်

လာမယ့် ၂၀၂၇ ခုနှစ် အေပြီလ ၄ ရက်နေ့ မှာ ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မယ့် အကြောင်း စ-စ်အု-ပ်စု ဘက်က ကြေငြာလာခဲ့ပြီ ဖြစ်ပါတယ် ။ ၂၀၂၆ ရွေးကောက်ပွဲ ကို သုံးကြိမ် အရစ်ကျ ပြုလုပ်ပြီး ကိုယ်တိုင်ခန့် သမ္မတ ဖြစ်လာခဲ့ပေမယ့် ရှမ်းမြောက် ကချင် ရခိုင် ချင်း‌တောင် နဲ့ စ-စ်ကိုင်း မကွေးဒေသတွေ မှာ စုစုပေါင်း ၅၆ မြို့နယ် ချန်လှပ်ထားခဲ့ရပါတယ် ။ လစ်လပ်နေတဲ့ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် တို့ အ တွက် အမတ်လောင်း ၅၅ နေရာ ဆိုပေမယ့် စ-စ်အု-ပ်ချု-ပ်ရေးကြေငြာထားခဲ့ရတဲ့ မြို့နယ်တွေထဲက ၉ မြို့နယ် သာ ပါဝင်လာခဲ့တာကို တွေ့ရပါတယ် ။ မန္တလေးတိုင်းမှ မိုးကုတ် ၊ စဉ့်ကူး ၊ နွားထိုးကြီး စ-စ်ကိုင်းတိုင်း မှ အင်းတော် ၊ ထီးချိုင့် ၊ တန့်ဆည် ၊ ယင်းမာပင် ၊ ပုလဲ ရှမ်းပြည်နယ် မှ မို-င်းယန်း စတဲ့ မြို့နယ်တွေ ဖြစ်ပါတယ် ။ စ-စ်အု-ပ်စု ဟာ ရှမ်းမြောက် ကချင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေး ၊ ချင်းတောင် စတဲ့ နယ်မြေ တွေ ကို တော့ လာမယ့် ၆ လ အတွင်း မြေပြင် စ-စ်ပွဲတွေကို အနိုင်တို-က်နိုင်ခြင်း မရှိနိုင်လောက်သေးဘူးဆိုတာကို UEC (ရွေးကောက်ပွဲကျင်းပရေးကော်မရှင်) က ကြိုတင် ရိပ်စားမိနေဟန်တူပါတယ် ။ ရုပ် သေးလွှတ်တော် အတွင်းမှာလဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်မယ့် ၄၃ ချက် ကို ကော်မတီတွေ ဖွဲ့နေကြပြီ ဖြစ်ပါတယ် ။ 

လွှတ်တော်မှာ ပြင်ဆင်ရမယ့် အချက်တွေကို NSPNC အဖွဲ့ဟာ တိုင်းရင်းသားတွေ ရဲ့ တောင်းဆို ချက် မှန်သမျှ ကို လိုက်လျောပေးထားပြီး ဖြစ်နေပါတယ် ။ အကြ-မ်းဖ-က်စ-စ်အု-ပ်စု ဟာ တိုင်းရင်းသားတွေ တောင်းဆိုသမျှ အတတ်နိုင်ဆုံး ညှိနှိုင်းသွားမယ့် အနေအထားမျိုး ကို ရောက်သွားရပြီ ဖြစ်ပါတယ် ။ ရခိုင်ပြည်နယ်နဲ့ဆက်စပ် နယ်မြေ တွေလောက်သာ ခန့်မှန်းရန် မလွယ်ကူသေးတာ ဖြစ်ပါတယ် ။ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မှာကို ၆ လ နီးပါး ကြိုတင်ကြေငြာထားရပေမယ့် မို-င်းယန်းမြို့မှ အပ ကျန် ၈ မြို့နယ်ဟာ မြို့ပေါ်ကွက်ကွက်လေးလောက်သာ ပြန်လည်ထိန်းချု-ပ် နိုင်စွမ်း ရှိသေးတာကို လဲ တွေ့ရပါတယ် ။

စ-စ်အု-ပ်စု ဟာ လာမယ့် ၂၀၂၇ ခုနှစ် ကို အသေ အချာ မျှော်လင့် ပြင်ဆင်ထားပုံရပါတယ် ။ ၂၀၂၇ ဟာ ပေါင်းခြင်း ဂဏန်း ၁၁ ရှိတာမို့ ပြီးခဲ့တဲ့ သီတင်းကျွတ် နဲ့ လာမယ့် တန်ဆောင်မုန်းလပြည့်နေ့ တွေမှာ ဆယ့်တစ်-မီး-ငြိမ်းအောင် ဗေဒင်ယတြာ အစီအမံ တွေ ပြုလုပ်လာခဲ့ပါလိမ့်မယ် ။ အ-သေ-ချာဆုံးကတော့ လူထုခေါင်းဆောင် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ပြန်လည်စေလွှတ်သွားနိုင်ဖွယ် ရှိနေပါတယ် ။ အတိုချု-ပ်ရမယ်ဆိုရင် အမေရိကန် အပါ အိန္ဒိယ ရုရှ တို့ နဲ့ နီးကပ်စွာ ဆက်ဆံလာတာကြောင့် တရုတ်စနက် နဲ့ ရှမ်းမြောက်မှာရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက တကျော့ပြန် တို-က်ခို-က်လာနိုင်တယ် ဆိုတဲ့ ယူဆချက် ကို မျှော်လင့်မနေကြဖို့ ဘဲ ဖြစ်ပါတယ် ။ အကယ်၍ တို-က်လာခဲ့ရင်တောင် နေပူတော် စစ်-ရုံးချု-ပ် အထိ ရောက်မလာနိုင်ဘူး ဆိုတာနဲ့ စ-စ်တ-ပ် ကို အမြစ်ပြတ်သွားအောင် တို-က်မှာမဟုတ်ဘူး ဆိုတဲ့ အချက်ကို ကြီးစွာ သတိချပ်ထားကြဖို့ လိုအပ်လှပါတယ် ။

ရှမ်းမြောက် ကိုးကန့် ထိန်းချု-ပ်နယ်မြေ တွေ ဖြစ်တဲ့ သိန္နီ ကွတ်ခိုင် စတဲ့ မြို့နယ် တွေမှာ သန်းခေါင်စာရင်းအတိုင်း အိမ်ထောင်စုတစ်စုလျင် တစ်ယောက် စ-စ်သားစုဆောင်း နေပါတယ် ။ အကြ-မ်းဖ-က်တ-ပ်နည်းတူ ဝတ-ပ် ၊ ရှမ်းတ-ပ် ၊ကိုးကန့်တ-ပ် ၊တအာန်းတ-ပ် ၊ကချင်တ-ပ် ၊ ရှမ်းနီတ-ပ် ၊ ချင်းတ-ပ် ၊ ရခိုင်-တပ် အားလုံးဟာလဲ စ-စ်စည်းရုံးခြင်းလို့ ခေါ်တဲ့ လူသစ်စ-စ်သားစုဆောင်းခြင်း ကို မဖြစ်မနေ ပြုလုပ်နေကြရပါတယ် ။ နမ့်ဖက်ကာမြို့တွင်းမှာတော့ ကီယာ နဲ့ ကိုးကန့်တ-ပ်ဖွဲ့ဝင် နှစ်ဦးဟာ ဒေသခံအမျိုးသား တစ်ယောက်ကို တုတ် နဲ့ ရို-က်နှ-က်ခဲ့တာကြောင့် သတိလစ်မေ့မြောသွားရတဲ့ ရုပ်သံမှတ်တမ်းဟာ လူမှု စာမျက်နှာမှာ ပျံ့နှံ့နေပြီး ဝေဖန်မှုတွေလဲ မြင့်တက်နေခဲ့ပါတယ် ။အထူး သဖြင့် စ-စ်လော်ဘီတွေဘက်ကလဲ ကိုးကန့် ကို တရုတ်လက်ပါးစေ အဖြစ် ပုံဖော်နေကြသလို ရှမ်းမြောက်ကို ပြန် လည် တို-က်စ-စ်ဆင်ရန် -သွေး-ထိုးလှုံ့ဆော်နေကြတာကိုလဲ တွေ့ရပါတယ် ။ယခုလို အချိန်မျိုးမှာ အကြ-မ်းဖ-က်စ-စ်တ-ပ် ဟာ စ-စ်မျက်နှာတွေ ရသလောက် ချုံ့ပြီး ရခိုင် ဆက်စပ်နယ်မြေ နဲ့ ကချင်ပြည်နယ် တို့‌ကိုသာ အာရုံစိုက်ထားရချိန် ဖြစ်နေပါတယ် ။

ရှမ်းတောင် မို+င်းနောင်မြို့နယ် ဝမ်လီကျေးရွာ အနီး အွန်လိုင်းလောင်းကစားစခန်းတစ်ခြ ကို ရှာဖွေတွေ့ရှိခဲ့ပြီး တ ရုတ်နိုင်ငံသား ၁၇ ဦးကို လုပ်ငန်းသုံးပစ္စည်းများ နဲ့ အတူ ဖမ်းဆီး ရရှိခဲ့တာကို တွေ့ရပါတယ် ။ရလခ (အရှေ့အလယ်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) လက်အောက်ခံ မုံးဆန်း အခြေ စိုက် ခလရ ၁၅၀ ကိုလဲ နောက်တန်းဌာနချု-ပ်သို့ ပြန်လည်စုဖွဲ့ရန် ရောက်ရှိနေတာကို တွေ့ရပါတယ် ။ မည်သည့်နယ်မြေက ပြန်လာတာမှန်း မသိပေမယ့် အောင်ပွဲရ ရှေ့တန်းပြန်လို့ သုံးနှုန်းထားပြီး ဒုတိုင်းမှူး လာရောက်ကြိုဆိုတဲ့ အခမ်း အနားတစ်ခု ပြုလုပ်ပြီး စိတ်ဓာတ်စ-စ်ဆင်ရေးပြုလုပ်ထားပါတယ် ။

စ-စ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ရေလှောင်တမံ တဝိုက်မှာတော့ ရွှေတူးဖော်မှုတွေ အလွန်အကျွံ များပြားနေသလို စစ်အုပ်စု ဘက်ကလဲ လေကြောင်းတို-က်ခို-က်မှု အ ပြင်းအထန် ပြုလုပ်လျက်ရှိပါတယ် ။စ-စ်အာ-ဏာသိမ်း အပြီးမှာ နိုင်ငံတဝှမ်း ရွှေအပါဝင် သတ္ထုတူးဖော်မှုတွေ ၊ သစ် ထုတ်လုပ်မှုတွေ အများအပြား လုပ်ဆောင်လာကြပါတယ် ။ ယခင့်ယခင် ၂၀၁၀ မှ ၂၀၂၀ ခုနှစ် အတွင်း လုပ် ကိုင်ခွင့် မပြုခဲ့တဲ့ နယ်မြေတွေမှာပါ တရားဝင် လုပ်ကိုင်လာခဲ့ကြခြင်း ဖြစ်ပါတယ် ။ အမှန်တကယ် ဆန်းစ-စ်ကြည့်မယ်ဆိုပါက စ-စ်တ-ပ်ဘက်က လက်လွှတ်ထားရတဲ့ နယ်မြေတွေမှာ အများဆုံး ဖြစ်ပါတယ် ။ ခြွင်းချက် အနေနဲ့ ဖားကန့်ရှိနေတယ်ဆိုပေမယ့် အဆိုပါ ကျောက်စိမ်းမြေဟာ နွေ ဦး‌တော်-လှ-န်ရေး နဲ့ လားလားမျှ သ-က်ဆိုင်ခြင်း မရှိလှပါဘူး ။အဆိုပါ သယံဇာတ တွေ ပြည်ပ ကို ထွက်နေတယ်ဆိုရအောင်လဲ စ-စ်တ-ပ် ဟာ မြဝတီ ရနောင်း မျှ အပ အခြားသော နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို လက်လွှတ်ထားရဆဲ ဖြစ်ပါတယ် ။ 

စ-စ်လော်ဘီတွေကတော့ လ-က်န-က်ကိုင်တော်-လှ-န်ရေးအဖွဲ့တွေဟာ မြေပေါ်မြေအောက် သယံဇာ တ တွေကို စိတ်တိုင်းကျ လုပ်ကိုင်နေကြတယ်ဆိုတဲ့ ပုံစံ ဇောင်းပေးပြောဆိုနေကြပါတယ် ။ မဟုတ်ဘူးလားဆိုတော့ တကယ်လဲ မှန်ကန်နေပါတယ် ။ ဒါပေမယ့် ပြ-ဿ-နာ ရဲ့ ရင်းမြစ်ဟာ စ-စ်အာ-ဏာသိမ်းလိုက်လို့ သာ ပေါ်ပေါက်လာခြင်း ဖြစ်တယ်လို့ နားလည်သဘောပေါက်နေစေဖို့ လွန်စွာ အရေးကြီးလှပါတယ် ။ လက်ရှိ ပစ္စက္ခ အခြေအနေအားလုံးဟာ အာ-ဏာရူးတစ်သိုက်ကြောင့် ဖြစ်ပေါ်လာရတဲ့ ဆင့်ကဲ ဖြစ်စဉ်တွေ လို့သာ ရှုမြင်ခံစား ဖို့ လိုအပ်လှပါတယ် ။

ယင်းမာပင်ခရိုင် တစ်ခုလုံးဟာတော့ အကြ-မ်းဖ-က်တ-ပ်ရဲ့ ထိန်းချု-ပ်မှုအောက်ကို ရာနှုန်းပြည့် ရောက်ရှိသွားခဲ့ရပြီ ဖြစ်ပါတယ် ။ ဒေသခံတော်-လှ-န်ရေးတ-ပ်တွေ ကိုယ်လွတ်ရု-န်း စွန့်ခွာထွက်ပြေးနေကြရပြီဖြစ်ပြီး နာမည်ကျော်ဇောတဲ့ အဖွဲ့ဝင်တွေကို လိုက်လံရှာဖွေလျက် ရှိနေပါတယ် ။ တော် -လှ-န်ရေးတ-ပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေပါ တိမ်းရှောင်နေကြရပြီး ပတ်သက်ဆက်စပ်ခြင်း မရှိတဲ့ သူတွေကိုတော့ အေးချမ်းစွာ နေထိုင်လို့ရတယ်ဆိုပြီး စည်းရုံးထားတယ်လို့ သိရှိရပါတယ် ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက အင် အား တစ်ထောင်ကျော် ဆိုတဲ့ တ-ပ်ဖွဲ့ကြီးဟာ ဘယ်ဆီသို့များ ရောက်သွားသလဲ ဆိုတာတော့ အဘယ်သူ သိပါအံ့နည်း ။ ဒါကြောင့် အပြောတွေကြားမှာ မမြော မနေစေဘဲ ရလဒ်ကောင်းတွေ အတွက်ဘဲ အားပေးဝန်းရံကြဖို့ အရေး ကြီးဆုံး ဖြစ်ပါတယ် ။

ရွှေဘိုမြို့ ကားကြီးဝန်း အတွင်းက ယာဉ်လိုင်းတာဝန်ခံ နဲ့ စာရေးမ ၂ ဦးကို နှစ်ရှည် ထောင်ဒ-ဏ်များ ချမှတ်လိုက်တာကို တွေ့ရပါတယ် ။ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ယခုနိုဝင်ဘာလအတွင်းမှာ ဂိတ်မှူးဖြစ်သူ ကို ၅၄ နှစ် ၊ အရောင်းစာရေးမ ၂ ဦး ကို ၃၄ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ် ။ အဆိုပါယာဉ်လိုင်းကနေ စ-စ်တပ်လက် အောက်ခံဝန်ထမ်းတွေ နဲ့ မိသားစုဝင်တွေ စီးနင်းလိုက်ပါတဲ့ အပေါ် တော်-လှ-န်ရေးတ-ပ်တွေဘက်သို့ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ် ။ စ-စ်ထောက်လှမ်းရေးတွေ တော်နေလို့ မဟုတ်ဘဲ စ-စ်ကိုင်းတိုင်းအတွင်းက အမှောင်ဝင်လာကြသူများရဲ့ သတင်းပေး ဖော် ထုတ်မှုကြောင့်သာ ဖမ်းဆီးနိုင်ခဲ့ခြင်းမျိုး ဖြစ်ပါတယ် ။ဒါကြောင့် အကြ-မ်းဖ-က်တ-ပ်ထံသို့ ဘက်ပြောင်း အမှောင်ဝင်သွားသူများကို ထိန်ချန်ထားခြင်းမပြုဘဲ အချိန်မီ သတိပေးနိုင်မှသာ ပြည်တွင်းနေ ဝန်းရံအားပေးသူများရဲ့ လုံခြုံရေး ကို ကာကွယ်ပေးနိုင်မှာဘဲ ဖြစ်ပါတယ် ။

ချင်းတွင်းမြစ် နဲ့ ဥရုမြစ် ဆုံရာ ဒေသမှာ ရှိတဲ့ ဟုမ္မလင်းမြို့ နယ် အတွင်း မှာ ရှိတဲ့ ရွှေပြည်အေးမြို့သစ် ကို အကြ-မ်းဖ-က်တ-ပ်ဘက် ပြန်လည်ထိန်းချု-ပ်နိုင်ရေး ကြိုးစားနေတယ် လို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ် ။ သို့ပေမယ့် မြို့သိမ်းတို-က်ပွဲတွေ ဆင်နွှဲပြီဆိုရင် တော်-လှ-န်ပြည်သူတွေဟာ အားတက်ကြလေ့ရှိတာမို့ မကြာခင် ရှမ်းနီတိုင်းရင်းသားတွေ နေတဲ့ ဒေသ က မြို့ကြီးတစ်မြို့ဖြစ်တဲ့ ဟုမ္မလင်းမြို့သိမ်းတိုက်ပွဲကြီး ပေါ် ပေါက်လာနိုင်ချေရှိတယ်လို့ စ-စ်ထောက်လှမ်းရေးတွေက အရေးပေါ်တင်ပြထားပြီး ဖြစ်တာကို တွေ့ရပါတယ် ။ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေရဲ့ လက်စလက်န ဆိုတော့ မြန်မြနိဆန်ဆန် လက်စသပ် နိုင်မလား ဗန်းမော် လို ကြာမြင့်နိုင်မလား ဆိုတာကိုတော့ ဝန်းရံစောင့်မျှော်ကြရမှာဘဲ ဖြစ်ပါတယ် ။အင်းတော်မြို့နယ် ကျောင်းကုန်းကျေးရွာမှာ ခေတ္တအခြေပြုခဲ့တဲ့ စ-စ်ကြောင်း ကောလင်းမြို့နယ် အရှေ့ခြမ်း ကျွန်းတောကျေးရွာသို့ ယာယီအခြေပြုခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့မှာတော့ ရွှေဘို မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးသို့ ခန်သာကျေးရွာဘက်သို့ ဆက်လက်ဦးတည်ရွေ့ လျားလာခဲ့စဉ် မုတ်ဝကျေးရွာအနီးတွင် ဒေသခံတော်-လှ-န်ရေးတ-ပ်တွေ နဲ့ ထိတွေ့တို-က်ပွဲ ပြင်းထန်ခဲ့ပါတယ် ။ 

ထိတွေ့ဖြစ်စဉ်အပြီးမှာ ခန်သာ မင်းကုန်း ကျေးရွာဘက်သို့ ဝင်ရောက်ခါ ညနေဘက်မှာ နေအိမ်များကို -မီး-ရှို့ဖျက်ဆီးခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့ မှာတော့ ကျောက်တန်း နဲ့ ခန်သာ ကျေးရွာ အကြား တ-ပ်ဖြန့်နေရာယူထားတာကို တွေ့ရပါတယ် ။နိုဝင်ဘာလ ၇ ရက်နေ့မှာတော့ ချဉ်ပျစ်ခုံကျေးရွာ အထိ စ-စ်ကြောင်းဟာ ရောက်ရှိလာခဲ့ပြီး ကောလင်းမြို့ နယ် အရှေ့ခြမ်းမှာ စ-စ်ဘေးရှောင်ကျေးရွာ ၂၅ ရွာ အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကနီမြို့နယ် ညောင်ပင်လယ် ကျေးရွု စာသင်ကျောင်းကို ဂျိုင်ရိုကော်ပတာ တွေနဲ့ -ဗုံး-ချ တို-က်ခို-က်ခဲ့တာကြောင့် က လေးငယ် အပါအဝင် ၈ ဦး -သေ-ဆုံးခဲ့ရပါတယ် ။ မုံရွာ ယာကြီး ကလေးဝ လမ်းပိုင်းမှာ ရှိတဲ့ အဆိုပါကျေးရွာကို မြေ ပြင်တို-က်ပွဲ မရှိဘဲနဲ့ အကြောင်းမဲ့ တို-က်ခို-က်ခဲ့ခြင်း ဖြစ်ပါတယ် ။

မန္တလေးတိုင်း သပိတ်ကျ-ဉ်းမြို့နယ် တွင်းငယ် မိုးမိတ် လမ်း ကြောင်းကိုတော့ စ-စ်တ-ပ်ဘက် အပြည့်အဝ ထိန်းချု-ပ်ထားနိုင်ပုံ ရပါတယ် ။ မတ္တရာ အနောက်ဘက်ခြမ်း မှာ ရှိတဲ့ ခြေကုပ်စခန်းတွေကို တ-ပ်လှန့်ထားတာ ဖြစ်တဲ့ အ တွက် စဉ့်ကူး ၊ ရွှေဘို ကျောက်မြောင်း ဝက်လက် မြို့နယ်တွေ မှာ လေကြောင်းတို-က်ခို-က်မှုတွေ ပြုလုပ်လာနိုင်ချေ ရှိပါတယ် ။မကွေးတိုင်း စ-စ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ် အ စပ်မှာ ရှိတဲ့ ယောဒေသ က တ-ပ်တွေကတော့ တစ်ခုတည်းသော လ-က်န-က်ကိုင်တ-ပ် အဖြစ် စုစည်းနိုင်ရန် နီးစပ်လာခဲ့တာကို တွေ့ရပါတယ် ။ ပေါက်မြို့နယ်တောင်ပိုင်း ဇီးတော ကျေးရွာ နဲ့ သစ်ချိုကုန်း ပျူသူ့စ-စ်စခန်းတွေကို ဒေသခံတော်-လှ-န်ရေးတ-ပ်တွေ က စီးနင်းတို-က်ခို-က်ခဲ့တာ ရှိပါတယ် ။နိုဝင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်းမှာ အင် အား ၁၀၀၀ ဝန်းကျင် နဲ့ စီးနင်းတိုက်ခိုက်ခဲ့ပြီး ပါရာမော်တာစက်တ-ပ်လေထီး တွေ နဲ့ အပြင်းအထန် ခုခံနိုင်ခဲ့တယ်လို့ စ-စ်လော်ဘီတွေက ဆိုပါတယ် ။ အင်အား တစ်ထောင် ဝန်း ကျင် တောင် စုဖွဲ့နိုင်ပါလျက် နဲ့ မြိုင်မြို့နယ် တဲကြီး ကျေးရွာ မှာ အခြေပြုထားတဲ့ အင်အား ၆၀၀ ဝန်းကျင် စ-စ်ကြောင်းကို အဘယ့်ကြောင့် လက်စတုန်းချေမှုန်းနိုင်ခြင်း မရှိရတာလဲ ဆိုတာကတော့ စဉ်းစားစရာ အချက် အဖြစ် ရှိနေပါတော့တယ် ။

ပေါက်မြို့နယ် ကပစ ၂၄ (ကာ-ကွ-ယ်ရေးပစ္စည်းစက်ရုံ) က နေ စတင် ထွက်ခွာလာတဲ့ စ-စ်ကြောင်းဟာ ကျောက်ထု အမတ ၃၆၈ (အမြောက်တ-ပ်ရင်း) မှာ ခေတ္တ အခြေပြုပြီး ကံကြီးလမ်းဆုံ မှ တဆင့် မင်းတ-ပ်စ-စ်မျက်နှာသို့ အင်အားဖြည့် တက်ရောက်သွားခဲ့တာကို တွေ့ရပါတယ် ။ မင်းတ-ပ် နဲ့ ကန်ပက်လက် စ-စ်မျက်နှာများဟာ နှစ်ဝက်ခန့်ကြာမြင့်လာပေမယ့် အကြ-မ်းဖ-က်တ-ပ်ဟာ စ-စ်ဦးကျိုး ရပ်တန့်နေဆဲသာ ဖြစ်ပါတယ် ။မင်းတ-ပ် ကန်ပက်လက် စ-စ်ရေးသတင်းတွေက ငြိမ်သ-က်ပျောက်ဆုံးနေရာကနေ စ-စ်လော်ဘီတွေဘက်ကတော့ ဒရု-န်း နဲ့ တိုက်ခိုက်ထားတဲ့ ရုပ်သံမှတ် တမ်း အချို့ စတင် ထွက်ပေါ်လာခဲ့တာကို တွေ့ရပါတယ် ။ ကျောက်ထုမြို့ရဲ့မြောက်ဘက် ကြီးကျေးရွာမှာ အခြေပြုခဲ့တဲ့ စ-စ်ကြောင်းဟာ ထီးလင်းမြို့နယ် ရွေအောင်သာကျေးရွာဘက် ဆက်လက်ဦးတည် ရွေ့လျားလာခဲ့ပြီး ညနေပိုင်းမှာတော့ တ-ပ်ဖြန့်နေရယူထားခဲ့ပြီ ဖြစ်ပါတ် ။လောင်းရှည် ငှက်ပြာဝ အခြေစိုက် ကပစ ၂၅ က နေ ကျင်ဒွေးမြို့သို့ ဦးတည်နေတဲ့ စ-စ်ကြောင်းကလဲ လှိုင်ဒုတ် ကျေးရွာ မှာ ရပ်တန့်သွားရပြီလို့ ဆိုရတော့မှာပါ ။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း တွန်းဇန် ထန်တလန် မြို့များကို ပြန်လည်ထူထောင်ရေးလုပ်ငန်း ကို အလျင်အမြန် အကောင်အထည်ဖော်နေပြီး ကမ်းရိုးတန်း စ-စ်တိုင်းမှူးဟောင်း နယ်စပ်ရေးရာ ဒုဝန်ဂျီး ကျော်ကျော်ဟန် ရောက်ရှိနေပါတယ် ။ ထန်တလန်မြို့သို့လဲ ပြည်ထောင်စုဝန်ဂျီးအ ဆင့် လာရောက်ရန် ရှိတာကြောင့် လုံ-ခြုံ-ရေး တိုးမြှင့် ထားတာကို တွေ့ရပါတယ် ။ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည်မှာတော့ အောင်လံဘက်ကမ်းသို့နေ ‌ဇက်ရေယာဉ်များဖြင့် စ-စ်ယာဉ်တန်း မိုးကာအုပ် အလုံပိတ် အစီး ၂၀ ဝန်းကျင်ခန့် မင်းတုန်းဘက်မှ ပြန်လည်ထွက်ခွာသွားခဲ့တာကို တွေ့ရှိရပါတယ် ။

တ-ပ်ချုပ်- အသစ် ရဲဝင်းဦး လာအိုခရီးစဉ် အပြန်မှာတော့ ကာ-ကွ-ယ်ရေးဝန်ဂျီး စီနီယာ ရာပြည့် လာရောက်ကြိုဆိုခြင်း မရှိတာကို တွေ့ရပါတယ် ။ စ-စ်တက္ကသိုလ် အပါတ်စဉ် ၃၀ နဲ့ တူတဲ့ ဗသက ၇၇ ကျောင်းဆင်း ဟာ တ-ပ်ချု-ပ် ဖြစ်နေပါတယ် ။ သူ့ထက် ဆယ်နှစ်ငယ်တဲ့ စတသ ၄၀ က တော့ ဗို-လ်ချု-ပ်ကြီး တွေ ဖြစ်နေကြပြီး စတသ ၅၀ က တော့ ဒုတ-ပ်ရင်းမှူး တွေ ဖြစ်နေကြပြီး စတသ ၆၀ တွေကတော့ ဒုတ-ပ်ခွဲမှူး တွေ အဖြစ် ရောက်ရှိနေကြပြီ ဖြစ်ပါတယ် ။ ခြေလျင်ခြေမြန် တ-ပ်ရင်းတွေမှာ စတသ ၅၁ အထိ ဒုတ-ပ်ရင်းမှူး တွေ အဖြစ်ခန့်အပ်ထားပေမယ့် ဆက်သွယ်ရေးတ-ပ်တွေ မှာတော့ ဗို-လ်ကြိးအိုကြီး အဆင့်ထိသာ ရှိသေးတာကြောင့် တို-က်ခို-က်ရေးတ-ပ်တွေ နဲ့ လက်ရုံးတ-ပ်တွေ အကြား အဝေမတည့် မှု တွေ ဖြစ်ပွားနေတာကိုလဲ တွေ့ရပါတယ် ။ စတသ ၄၆ ကနေ စတသ ၅၅ အထိ အင်အား ဖောင်းပွစွာ မွေးထုတ်ထားခဲ့လိုသာ နောက်ပိုင်း ရာထူးတက်တာ ကြန့်ကြာခဲ့ရခြင်း ဖြစ်ပြီး မအလ တို့ ခေတ်မျိူး Time Scale နဲ့သာ ဆိုပါလျင် စတသ ၅၁ ကျောင်းဆင်းတွေဟာ တ-ပ်ရင်းမှူး အနိမ့်ဆုံး ဖြစ်နေကြလောက်ပါပြီ ။များမကြာမီကာလတွေမှာ အောက်ခြေတ-ပ်မှူးငယ်တွေဟာ အရိုးကိုက်စရာသိပ်မကျန်တော့ရင် အချင်းချင်းကိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားလာနိုင်ချေ ရှိနေပါတယ် ။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နန့်ကျားကျေးရွာကို နို ဝင်ဘာလ ၅ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ တို-က်လေယာဉ်တစ်စီး နဲ့ -ဗုံး-ချတို-က်ခို-က်တာကြောင့် ကိုယ်ဝန်ဆောင်အ မျိုးသမီး ၁ ဦး-သေ-ဆုံး ပြီး အရပ်သားပြည်သူ ၁၂ ဦး ဒ-ဏ်ရာရရှိကာ နေအိမ်အဆောက်အဦ ၄ လုံး ၊ မော်တောကား ၁ စီး ၊ ဆိုင်ကယ် ၂ စီး နဲ့ အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးရကြောင်း အာရက္ခတ-ပ်ဘက်က မှတ်တမ်းတင် ထုတ်ပြန်လာခဲ့ပါတယ် ။ 

ထို့အပြင် နိုဝင်ဘာလ ‌၃ ရက်နေ့က ကျောက်တော်မြို့နယ် မျှာလီကန်ကျေးရွာတဝိုက်ကို တို-က်လေယာဉ် ၂ စီး နဲ့ -ဗုံး-ချတိုက်ခိုက်တာကြောင့် ဘုန်း ကြီးကျောင်းအတွင်း ပေါင် ၅၀၀ -ဗုံး-သီး ၁ လုံး ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းဆောင် နဲ့ ကျောင်းခြံစည်းရိုးပျက်စီးရတဲ့အပြင် ကျောင်းထိုင်ဆရာတော်ပါ ဒ-ဏ်ရာရရှိခဲ့ခြင်း ကိုပါ ထည့်သွင်းဖော်ပြထားပါတယ် ။ ယခု ထုတ်ပြန်ချက်ဟာ နိုဝင်ဘာလအတွင်း ဒုတိယအကြိမ်မြောက် လေကြောင်းအကြ-မ်းဖ-က်ခံရတဲ့ အပေါ် မှတ်တမ်းတင် ထုတ်ပြန်ခြင်း လဲဖြစ်ပါတယ် ။ ဝီရဌာနီ မြို့နယ် ငပြီကျွန်းပေါ်မှာ အကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းတွေ ခြေကုပ်ယူနိုင်ရန် ကြိုးစားနေဆဲ ဖြစ်ပြီး တို-က်ပွဲတွေ ပြင်းထန်နေဆဲ ရှိနေပါသေးတယ် ။ ပုဏ္ဏားကျွန်းမြို့နယ် တောင်ပိုင်း ကို တကျော့ပြန် တို-က်စ-စ်ဆင်နေတယ်ဆိုပေမယ့် မြေပြင်စ-စ်ကြောင်းတွေရဲ့တ-ပ်တည်နေရာကို အတိအကျ မသိရှိရသေးပါဘူး ။ 

မြို့ရဲ့ မြောက်ဘက် ကျောက်ဆိပ် နဲ့ ယိုးငူ ကျေးရွာတွေကို ဒရု-န်းနဲ့ တိုက်ခိုက်မှုတွေ မကြာခဏ ပြု လုပ်လာခဲ့တာကိုလဲတွေ့ရပါတယ် ။အာရက္ခတ-ပ်မှူးချု-ပ် ဗို-လ်ချု-ပ် ထွန်းမြတ်နိုင် ရဲ့ ၄၈ နှစ် မြောက်မွေးနေ့ အထိမ်းအမှတ် အဖြစ် ရှမ်းမြောက် မိုင်းယု ၁၀၅ မိုင် -မီး-နဂါး စ-စ်ဒေသမှာ ဆန်လှူခဲ့တာကို တွေ့ရပါတယ် ။ဆန်ပြည်ပေါင်း ‌၂၂၀ဝ ဆိုတဲ့ အတွက် တစ်တင်းခွဲဝင် အိတ် ၉၁ အိတ် လှူဒါန်းခဲ့ခြင်း ဘဲ ဖြစ်ပါတယ် ။ထို့အပြင် မောင်းတောခရိုင် အတွင်းမှာလဲ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကိုလဲ အောင်မြင်စွာ ကျင်းပပြုလုပ်ပေးနိုင်ခဲ့ပါတယ် ။

ကရင်ပြည်နယ် ကရင်နီဒေသ တွေ နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင် ငံ မယ်ဟောင်ဆောင်ခရိုင် အတွင်းမှာ မြန်မာနိုင်ငံအတွင်းသို့ ပို့ဆောင်မယ်လို့ ယူဆရတဲ့ ဒရု-န်း နဲ့ ဆက်စပ် ပစ္စည်းတွေကို ဖမ်းဆီးခံလိုက်ရတာ ရှိပါတယ် ။မြဝတီ တောင်ပိုင်း ဖလူး မင်းလက်ပံ တိုက်ပွဲတွေကြောင့် ရက်သတ္တပါတ်တစ်ပါတ်တာမျှ ပိတ်ထားရတဲ့ သဘာဝမြစ်ကူးဂိတ်များကို ထိုင်းအစိုးရဘက်က ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်ပါတယ် ။ မင်းလက်ပံ အင်ကြင်းမြိုင် မယ်ထော်သလေး မော်လီချိုင်း စတဲ့ သောင်ရင်းမြစ်ကူးဂိတ်များကို အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့ အထိ ပိတ်ထားခဲ့ပေမယ့် နိုဝင် ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ ပုံမှန်အတိုင်း ဖွင့်ပေးထားခဲ့တာကို တွေ့ရပါတယ် ။မွန်ပြည်နယ် ရာမညမြေ ကျိုက်ထို မြို့နယ် ခမောက်ခွေကျေးရွာ အနီးမှာ ရှိတဲ့ တပ်မဟာ ၁ လက်အောက်ခံ ရင်း ၃ ဌာနချုပ် ကို လေကြောင်းချီ တပ်မ ဟာ ၄ လက်အောက်ခံ အင်အားစိစ-စ်ဆဲ စ-စ်ကြောင်းတစ်ခုက စီးနင်းသိမ်းပိုက်ခံလိုက်ရတာ ရှိပါတယ် ။ 

နိုဝင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာ ‌ခမောက်ခွေ ကျေးရွာ အနီးမှာ KNLA ဦးစီးတဲ့ တော်-လှ-န်ရေးတ-ပ်တွေ နဲ့ အကြ-မ်းဖ-က်စ-စ်ကြောင်းဟာ ထိတွေ့တို-က်ပွဲ ပြင်းထန်ခဲ့ပါတယ် ။ ကျိုက်ထိုမြို့နယ် အတွင်းမှာ နိုဝင်ဘာလ ၃ ရက်နေ့က စလို့ အင် အား ၁၂၀၀ ကို စ-စ်ကြောင်း ၄ ကြောင်း ခွဲပြီး တ-ပ်ဖြန့်လှုပ် ရှားနေခြင်း ဖြစ်ပါတယ် ။အကြ-မ်းဖ-က်စ-စ်ကြောင်းတွေ ဝင်ရောက်လာပြီး နှစ်ဘက်တို-က်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဇီးပြောင်း ၆ ရွာ ၊ ဝင်းကံ ၊ ကျောက်ရေတွင်း၊ ပျဉ်း ကတိုးကုန်း၊ ပိန္နဲကုန်း အပါ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၁၅၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေကြရပါတယ် ။ တော်-လှ-န်ရေးတ-ပ်ဖွဲ့တွေဘက်ကတော့ သာလွန်အင်အား နဲ့ စ-စ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ယာ ယီခြေကုပ်စခန်းကနေ ဆုတ်ခွာပေးလိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ် ။ 

ဒါ့အပြင် အဆိုပါ စ-စ်ကြောင်း ရောက်ရှိလာမယ်ဆိုတဲ့ သတင်းကြောင့် အရေးကြီး ပစ္စည်း အများအပြားကို ကြိုတင်ပြောင်းရွှေ့ထားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ် ။စ-စ်တ-ပ်ဝါဒဖြန့် ချန်နယ်တွေမှာတော့ အခိုင်အမာ ခြေ ကုပ်စခန်းကြီး သဏ္ဍာန် ဖော်ပြထားပြီး စ-စ်ဝတ်စုံ အချို့ ၊ လမ်း လျှောက်စကားပြောစက် တစ်လုံး နဲ့ လက်လုပ် -ဗုံး-သီး -ဒုံး-သီး နဲ့ မို-င်းအချို့ ကို ဓာတ်ပုံမှတ်တမ်းများဖြင့် တခမ်း တနား ဖော်ပြထားတာကို တွေ့ရပါတယ် ။ အဆိုပါ ရွှေကူကနေ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့ တပ်မဟာ ၄ ရဲ့ စ-စ်ကြောင်းတွေဟာ ဘီးလင်းမြို့နယ် အတွင်းထိ အောင်မြေချဲ့ အမြတ်ထုတ်လာနိုင်ချေ ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ် ခင်ဗျာ ။

ဇင်ယော်
၂၀၂၆ နို ဝ၉ ၀၉၀၅

#အိုင်အမ်ဇင်ယော်
#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
#WeLoveZinYaw
#CaptainSeagull

Post a Comment

0 Comments