About Me

header ads

၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၇ ရက် - အိုင်အမ်ဇင်ယော်

 


၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်
လက်ရှိ နိုင်ငံတဝှမ်းမှာ အဆုံးအဖြတ် အဖြစ်ကျန်ရှိနေသေးတဲ့ စ-စ်မျက်နှာတွေ ္ကတော့ ဗန်းမော် ၊ ရွှေကူ ၊ မဘိမ်း ၊ မိုးဗြဲ ၊ ဖယ်ခုံ ၊ ဒီးမော့ဆိုး အနောက်ခြမ်း ၊ ဖာပွန် ၊ မြဝတီတောင်ပိုင်း ၊ သာပေါင်း ၊ စ-စ်တွေ ၊ ပေါက်တော ၊ ပုဏ္ဏားကျွန်း ၊ အင်းတော် ၊ ကန်ပက်လက် ၊ မင်းတပ် ၊ ကျင်ဒွေး ၊ မြိုင် ၊ နတ်ရေကန် ၊ မင်းတုန်း ၊ ညောင်ကျိုး စတဲ့ နယ်မြေတွေပဲ ဖြစ်ပါတယ် ။ အဆိုပါ ဒေသတွေ မှာ နေ့စဉ် ထိတွေ့မှုတွေ ရှိနေသလို လေကြောင်းတို-က်ခို-က်မှုတွေလဲ အမြဲမ ပြတ် ဖြစ်ပေါ်နေခဲ့တာကို တွေ့ရပါတယ် ။ ၎င်းနယ်မြေတွေဟာ စ-စ်တ-ပ်ဘက်က တန်ပြန်တို-က်စ-စ် ဆင်နေတဲ့ နေရာတွေ ဖြစ်ပြီး ရခိုင် နဲ့ ရှမ်းမြောက်မှာ လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကိုတော့ ပြန်လည် သိမ်းယူနိုင်ဖို့ မစွမ်းသာတော့တဲ့ အ ခြေအနေမှာပဲ ရှိနေပါသေးတယ် ။အခြားဒေသတွေမှာ တော်-လှ-န်ရေးတ-ပ်တွေက ထိန်းချု-ပ်နယ်မြေ တွေ ကျ-ဉ်းမြောင်းသွားခဲ့ရပြီလား ❓ဒီလိုမေးလာခဲ့ရင်လဲ မဟုတ်သေးဘူးလို့ သာ ဆိုရပါ့မယ် ။

အကြ-မ်းဖ-က်တ-ပ်ဟာ ၎င်းတို့ တ-ပ်ရင်းဌာနချု-ပ်တွေ အခြေစိုက်ရာ မြို့နယ်တွေကိုသာ အု-ပ်ချု-ပ်ရေး ယန္တရား လည်ပတ်နေတာ ဖြစ်ပါတယ် ။ ၎င်းတို့ လက်လှမ်းမမီ တဲ့ ကျေးလက် နဲ့ တောတောင်တွေမှာတော့ တော်-လှ-န်ရေးတ-ပ်တွေ လွတ် လပ်စွာ လှုပ်ရှားတ-ပ်ဖြန့် စိုးမိုးထားနိုင်ဆဲ ရှိနေပါသေးတယ် ။ စ-စ်အု-ပ်စုဟာ ဆုံးရှုံးပြီး နယ်မြေများကို ပြန်လည်ထိန်းချု-ပ်နိုင်ရေး စ-စ်မျက်နှာတွေ တစ်ခုပြီး တစ်ခု အလျင် စလို ဖွင့်လှစ်လာတာကို တွေ့ရပါတယ်။အထူးသ ဖြင့် စ-စ်ကိုင်းတိုင်း အတွင်းမှာ အောင်မြေချဲ့ အမြတ်ထုတ်ရန် ထပ်မံကြိုးစားလာတာကတော့ ရွှေပြည်အေးမြို့သစ် ပဲ ဖြစ်ပါတယ် ။

ဟုမ္မလင်းမြို့နယ် အတွင်းမှာ ရှိတဲ့ ရွှေပြည်အေးမြို့ကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ ရှမ်းနီတ-ပ်တွေကို စု စည်းနေသလို တ-ပ်နယ်အတွင်းမှာရှိတဲ့ တ-ပ်တွေကိုလဲ ပြန်လည် စုဖွဲ့နေခဲ့တာကို တွေ့ရပါတယ် ။ ဒါ့အပြင် ကာလရှည် တိုင်းစ-စ်ဌာနချု-ပ်နယ်မြေ အတွင်းမှ ကာလရှည် စေ လွှတ်ထားခဲ့ရတဲ့ စကခ ၁၀ ရဲ့ နည်းဗျူဟာတစ်ခုကို ပြန် လည်ခေါ်ဆောင်ထားတာလဲ ရှိပါသေးတယ် ။ ဟုမ္မလင်း နဲ့ ဖားကန့် အစပ်က တောင်ဦး ရေပေါ်-မီး- စတဲ့ ရှမ်းနီတပ်စ ခန်းကနေ ဆုတ်ခွာလာရတဲ့ အဖွဲ့တွေ ရောက်နေသလို နန်တော နောင်ပိုအောင် ဘက်က ရှမ်းနီတ-ပ်တွေပါ ရောက်ရှိနေခြင်းဘဲ ဖြစ်ပါတယ် ။ နောက်ဆုံး အခြေအနေအရ ရှမ်းနီတပ်အင်အား ၂၀၀ ဝန်းကျင်ခန့် ရောက်ရှိနေပြီး မှန်ပြင်ဘုန်းကြီးကျောင်းမှာ စုဖွဲ့ထားတာကို တွေ့ရပါတယ် ။ဟုမ္မလင်းတ-ပ်နယ် အတွင်း မှာ ကျားခေါင်းတ-ပ်လို့ခေါ်တဲ့ ဟလခ (ဟုမ္မလင်းလေတ-ပ်စန်းဌာနချု-ပ်) တဆရ ၁၉ /၁၀၀( တမာတောဆေးရုံ) ခလရ ၂၂၂ ၊ ခမရ ၃၆၉ ၊ ခမရ ၃၇၀ တို့ အခြေစိုက်ထားတာ ဖြစ်ပါတယ်။ အောက်တို ဘာ လနှောင်းပိုင်းမှာ လက်လွှတ်ခဲ့ရတဲ့ ရေပေါ်-မီး-စခန်းဆိုတာက ဥရုမြစ်အနောက်ဘက်ကမ်းမှာ တည်ရှိပြီး ၎င်းကျေး ရွာရဲ့ အနောက်ဘက် ချင်းတွင်းမြစ်နံဘေးမှာတော့ သမန်း ကျားတွေပျော်ပါးလေ့ရှိတဲ့ ထမံသီ ကျေးရွာကြီးဟာ စာရာ‌ မေတိ တောင်ခြေမှာ တည်ရှိနေပါတယ် ။ တမူးမြို့နယ် အ တွင်းမှ အမှောင်ဝင်ဘက်ပြောင်းလာကြသူများထံမှလဲ နယ် မြေသတင်းတွေကို စစ်ကြောနေတာ ၁လနီးပါးကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ် ။ ဖောင်းပြင် နဲ့ ခန္တီး က နယ်မြေခံတပ်များကိုလဲ ပြန်လည်စုဖွဲ့ထားပြီး ဖြစ်တာကြောင့် အင်းတော် နဲ့ ဝန်းသိုလမ်းကြောင်းကိုသာ ရာနှုန်းပြည့် ထိန်းချု-ပ်နိုင်သွားမယ်ဆိုပါက ပင်လည်ဘူးမြို့ကိုပါ တပြိုင်နက်တို-က်စ-စ်ဆင်လာနိုင်ချေ ရှိပါတယ် ။

ကလေး ဂန့်ဂေါ လမ်းကြောင်းကို ထိန်းချု-ပ်ဖို့ ပြင်ဆင်လာတယ်ဆိုပေမယ့် တ-ပ်ဖြန့်ရွေ့လျားလာတာကိုတော့ မတွေ့ရသေးပါဘူး ။ အဆိုပါလမ်းကြောင်းဟာ စ-စ်ကိုင်းတိုင်း နဲ့ ယောဒေကို ဆက်စပ်ပေးထားသလို ချင်းပြည်နယ် မြောက်ပိုင်း ရော တောင်ပိုင်း နဲ့ပါ ပေါင်းကူးပေးနိုင်တဲ့ စ-စ်ရေးအရ အရေးပါတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလဲ ဖြစ်ပါတယ် ။ ကလေး နဲ့ မော်လိုက်မြို့မှာ ဒကစ ၊ စကခ ၁၀ နဲ့ တတက ၁၀ တို့လို အရေးပါတဲ့ စ-စ်ဌာနချု-ပ်တွေ အခြေ စိုက်ထားပါတယ် ။ ၎င်းနယ်မြေခံတ-ပ်တွေကိုပဲ အခြေပြုပြီး ချင်းပြည်နယ်မြောက်ပိုင်း နဲ့ ကလေး တမူး လမ်း ကြောင်းတွေကို ပြန်လည် ထိန်းချု-ပ်နိုင်ခဲ့တာပဲဖြစ်ပါတယ် ။ 

စကခ ၁ဝ ရဲ့ တ-ပ်တွေဟာ စ-စ်အာ-ဏာသိမ်းပြီးတည်းက မတ္တရာ ၊ ညောင်ကျိုး ၊ နတ်ရေကန် စတဲ့ နယ်မြေတွေ သို့ ပို့ဆောင်ထားရတာကြောင့် အင်းတော်မြို့မှာ တ-ပ်ပျက်သွားတဲ့ တ-ပ်မ ၇၇ ကို အစားထိုး ခေါ်ယူထားခဲ့ရတာကို တွေ့ရပါတယ် ။ ကလေး ဂန့်ဂေါ လမ်းကြောင်း ကိုသာ ထိန်းချု-ပ်သွားနိုင်မယ်ဆိုပါက ထီးလင်း ဆော လမ်းကြောင်းကိုပါ စိုးမိုးပြီး ဖြစ်သွားပါလိမ့်မယ် ။ ယခုလက်ရှိ ကျောက်ထု ကနေ ထီးလင်း ဘက်ကို အမြတ်ထုတ်အောင်မြေချဲ့ ရန် ကြိုးစားနေတဲ့ စ-စ်ကြောင်းတွေကို ရွှေအောင်သာဘက်ကနေ ချင်းတော်-လှ-န်ရေးတ-ပ်တွေက ခုခံနေခြင်း ဖြစ်ပါတယ် ။ မင်းတ-ပ် ကန်ပက်လက် မတူပီ ဆမီး ပလက်ဝ နယမြေတွေဟာ ရခိုင်ပြည်နယ် နောက်ကျော အတွက် အရေးပါတဲ့ ခံစ-စ်စည်းနယ်မြေတွေပဲ ဖြစ်ပါတယ် ။အကြ-မ်းဖ-က် တ-ပ်ရဲ့ စ-စ်ကြောင်းတွေဟာ ရခိုင်ကမ်းမြှောင်ဒေသကို ကြည်းကြောင်း နဲ့ မည်သည့်နည်းနှင့်မျှထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးတာကြောင့် ရ-န်ကုန် ၊ ဧရာဝတီ စတဲ့ နယ် မြေများကနေ ရေကြောင်းဖြင့်သာ ကျောက်ဖြူ စ-စ်တွေ ကျွန်းမြို့များသို့ စ-စ်အင်အားတွေ ပို့ဆောင်နေကြရခြင်း ဖြစ်ပါတယ် ။ ကလေ ဂန့်ဂေါ ယောဒေသကို ပြန်ဆက်ရမယ်ဆိုရင် မုံရွာ ယင်းမာပင် ပုလဲ ဂန့်ဂေါ လမ်းကြောင်းကိုလဲ တဖြည်းဖြည်ချင်း တ-ပ်ဖြန့်လာနေတာကို တွေ့ရပါတယ် ။ 

ဒါကြောင့် ကလေး ဂန့်ဂေါ လမ်းကြောင်းကိုသာ စိုးမိုးသွားနိုင်ပြီဆိုပါလျင် စ-စ်ကိုင်းတိုင်း အခြေစိုက် စ-စ်ကြောင်းတွေဟာ ယောဒေသ မှတဆင့် ချင်းပြည်နယ်တောင်ပိုင်းသို့ အ တားအဆီးမရှိ ရွှေ့ပြောင်း ပို့ဆောင်မှုတွေ ပြု လုပ်သွားနိုင်ပါလိမ့်မယ် ။ မန္တလေး စစ်ကိုင်း မုံရွာ လမ်း ကြောင်းကိုလဲ တော်-လှ-န်ရေးတ-ပ်တွေဘက်က ထိန်းချု-ပ်နိုင်ခြင်း မရှိတော့ပေမယ့် ရံဖန်ရံခါ နှောင့်ယှက်ဟန့်တားမှုတွေလောက်သာ ပြုလုပ်နိုင်ပါတော့တယ် ။နောက်ဆုံးအခြေအနေအရ ကလေး ကနေ စတင် တ-ပ်ဖြန့်လာတဲ့ စ-စ်ကြောင်းတစ်ခုဟာ စ-စ်ကိုင်းတိုင်းနယ်ဆုံး အနီးသို့ ရောက်ရှိလာခဲ့ပြီဘဲ ဖြစ်ပါတယ် ။ ဂန့်ဂေါတ-ပ်နယ် အတွင်းက လဲ တ-ပ်ဖြန့်ဖို့ ပြင်ဆင်လာပြီဖြစ်တာကြောင့် နှစ်ဖက်ညှပ်ပြီး စ-စ်ကြောင်းထိုးမယ့် အနေအထားလို့ ခန့်မှန်းရပါတယ် ။

ချင်းပြည်နယ်ရဲ့ မြေအနေအထားက မိုးတွင်းမှာ ဘယ်လို မျှ အလုပ်မဖြစ်တာကြောင့် ယခု မိုးအကုန်ကာလ မှာ တ-ပ်အင်အား တွေ ပိုမို ဖြန့်ကျက်လာပါလိမ့်မယ် ။ ကျင်ဒွေး ကို ရုတ်ခြည်း တို-က်စ-စ် ဖွင့်လိုက်တာက မင်းတ-ပ် နဲ့ ကန်ပက် လက် က ခံစ-စ်အင်အားတွေကို ဖဲ့ယူလိုက်ခြင်းမျိုးသာ ဖြစ်ပါတယ် ။ ကျင်ဒွေးဆိုတာ မြို့ အဆင့်မျှသာ ရှိပြီး ချင်းတောင်ပိုင်း ကို ဝင်ရောက်ဖို့ လမ်းကြောင်း ခက်ခဲပါတယ် ။ ဆုံးရှုံးပြီး နယ်မြေတစ်ခု ပြန်လည်ရရှိတယ်ဆိုတဲ့ ခေါင်းစဉ် တ-ပ်ဖို့ ကြံရွယ်ခြင်းမျိုးလဲ ဖြစ်ပါလိမ့်မယ် ။ နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ကလေးမြို့နယ် အတွင်းမှ တော်-လှ-န်ရေးတ-ပ်ဖွဲ့ဝင် အမျိုးသမီး ၂ ဦး ဟာ ဒကစ နဲ့ ဆက်သွယ်ပြီး အမှောင်ဝင်ဘက်ပြောင်းသွားခဲ့တာ ရှိပါတယ် ။ အမှောင်ဝင်ဘက်ပြောင်းသွားကြသူ အများစု ကို စိစ-စ်ထောက်လှမ်းကြည့်ရာမှာတော့ အသွင်ယူစိမ့်ဝင်လာသူများ ဖြစ်နေတာကို တွေ့ရပါတယ် ။ မသင်္ကာသူအချို့ကို စ-စ်ကြောရာမှာလဲ မေးမြန်း၍ မရဘဲ ဖမ်းဆီးထိန်းသိမ်းထားစဉ် အချု-ပ်ဖောက်ထွက်ပြေး စသည်ဖြင့် -သေ-လမ်းကို သာ ရွေးချယ်သွားကြတဲ့ ဖြစ်စဉ်များလာပါတယ် ။ အထူးသဖြင့် ကသုံးလုံး ဒေသ လို့ ခေါ်တဲ့ ကောလင်း ကန့်ဘလူ ကသာ ဒေသ တွေ မှာ အမှောင်ဝင်မယ့် အဖွဲ့တွေ များပြားလာနိုင်ချေ ရှိပါတယ် ။

မကွေးတိုင်း မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်း ရခိုင်ရိုးမ အစပ်မှာတော့ နေ့စဉ်နီးပါး တို-က်ပွဲ ဖြစ်ပွားလျက်ရှိပြီး ကပစ ၁၂ (ကာ-ကွ-ယ်ရေးပစ္စည်းစက်ရုံ) က တက်လာတဲ့ ပါရာမော်တာ ၃ စီး နဲ့ ထိတွေ့ဖြစ်စဉ် ဖြစ်ပွားရာနယ်မြေများသို့ -ဗုံး-သီး ၆ လုံး ချပြီး တို-က်ခို-က်သွားခဲ့ပါတယ် ။ ပဒါန်းတ-ပ်နယ် ဆုံကုန်း အခြေစိုက် မစခ ၉၀၅ (အမြောက်စ-စ်ဆင်ရေးကွ-ပ်ကဲမှုဌာနချု-ပ်) ကနေ တက်လာတဲ့ ပါရာမော် တာ ၁စီးဟာ ပဒါန်းတ-ပ်နယ် အတွင်း မှာ ပျံသန်းလေ့ကျင့်မှုတွေ ပြုလုပ်လာခြင်း ဖြစ်ပါတယ် ။ နိုဝင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာတော့ အောင်လံဘက်ကမ်းမှ ဇက်ရေယာဉ်တွေဖြင့် တင်ဆောင်လာတဲ့ စ-စ်ယာဉ်တန်း ၄၇ စီး အင်အား ၃၀၀ ဝန်းကျင်ခန့် ဟာ ခလရ ၄၄ သို့ ခေတ္တဝင်ရောက်အ ခြေပြုလာခဲ့တာ ရှိပါတယ် ။အဆိုပါ စ-စ်ကြောင်းတွေဟာ တ-ပ်မ ၅၅ ရဲ့ အင်အားဖြည့် အဖွဲ့တွေ ဖြစ်ပါလိမ့်မယ် ။၎င်းယာဉ်တန်းတွေဟာ မင်းတုန်းမြို့အတွင်းသို့ ဆက်လက်ထွက်ခွာလာခဲ့တာကို တွေ့ရပါတယ် ။ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် မှာတော့ ချင်းနစ်ကျေးရွာကို ပါရာမော်တာ ၂ စီး နဲ့ -ဗုံး-သီး ၄ လုံး ချ တို-က်ခို-က်ခဲ့တာကြောင့် နေအိမ် အဆောက်အဦး ၄ လုံး ပျက်စီးခဲ့ရပြီး လူ နဲ့ အိမ်မွေး တိရစ္ဆာန်တွေ အထိအခိုက် မရှိခဲ့ဘူးလို့ သိရှိရပါတယ် ။ 

ကပစ ၂၄ က ထွက်ခွာလာတဲ့ စ-စ်ကြောင်းတွေကတော့ ယာဉ်တန်းတွေကို ပန်းဆန်ကျေးရွာ မှာ ထားရှိခဲ့ပြီး ကျောက်ထု အမတ ၃၆၈ အတွင်း သို့ အားလုံး ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ် ။တောင်တွင်းကြီးမြို့နယ် ဆတ်သွား လယ်ဝေး လမ်းကြောင်းပေါ်သို့ ကင်းလှည့်လာတဲ့ ကုက္ကိုလ်ကုန်းရဲစ ခန်း မှ ရဲတ-ပ်သား ၆ ဦး ကို ဒေသခံတော်-လှ-န်ရေးတ-ပ်များမှ အသင့်စောင့်ကြိုတို-က်ခို-က်ခဲ့ရာ ၂ ယောက် မတ်စိကိုက်ပြီး ၁ ယောက် စိုးရိမ်ရ ဒ-ဏ်ရာရရှိခဲ့ပါတယ်။အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လ-က်န-က်ငယ် ၁ လက် ၎င်းကျ-ည် ၉ တောင့် နဲ့ ဆိုင်ကယ် ၂ စီး သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာလာခဲ့ပါတယ် ။
ပဲခူးတိုင်း အနောက်ခြမ်း ပန်းတောင်းတ-ပ်နယ် ညောင်ကျိုး စ-စ်မျက်နှာ မှာတော့ လ-က်န-က်ကြီး ပ-စ်ခတ်မှုတွေ ပြန် လည် ဖြစ်ပေါ်လာခဲ့ပြီ ဘဲ ဖြစ်ပါတယ် ။ ညောင်ကျိုးရိုး ဆင်လန် မှာ ခြေကုပ်ယူထားတဲ့ စ-စ်ကြောင်းတွေက လှုပ်ရှားမှု မရှိသေးပေမယ့် ရိုးအခြေ သူရဲတန်းကြိုးဝိုင်း အတွင်းမှာတော့ ပွိုင့် ၆၆၆ စခန်းကုန်းဘက်သို့ လ-က်န-က်ကြီးပ-စ်ကူရယူပြီး တ-ပ်ဖြန့်ရွေ့လျားလာတာကို တွေ့ရပါတယ် ။ ပန်းတောင်းတ-ပ်နယ် အတွင်းမှ စကခ ၁၀ ရဲ့ လက်အောက်ခံတ-ပ်တွေ ပြန်လည်ဆုတ်ခွာသွားပြီးတည်းက မြေပြင်တို-က်ပွဲ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်း မရှိတော့တာ ဖြစ်ပါတယ် ။

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ သို့ လဲ တ-ပ်အင်အား တွေ ထပ်မံ ဖြည့်တင်းထားရပြန်ပြီ ဖြစ်ပါတယ် ။ လေး မျက်နှာမြို့နယ် မြောက်စမ်း အခြေစိုက် အမတ ၃၄၄ (အမြောက်တ-ပ်ရင်း) အနီးထိ အာရက္ခ နဲ့ ပူးပေါင်းတ-ပ်တွေ ရဲ့တို-က်စ-စ်ဟာ ပြန်လည်ရောက်ရှိလာခဲ့တာကို လဲ တွေ့ရပါတယ် ။ သာပေါင်းမြို့နယ် ရွှေသောင်ယံကို အခြေ ပြုထားတဲ့ တ-ပ်မ ၆၆ ရဲ့ နည်းဗျူဟာ တစ်ခု ဟာလဲ ဂွမြို့ နယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် အလှမ်းဝေးကွာနေဆဲ ဘဲ ဖြစ်ပါတယ် ။ ငဝန် (ပုသိမ်မြစ်) စက်ဒေါင့်ကြီးဆိပ်ကမ်း အ နောက်ဘက်ခြမ်း က စ-စ်ကြောင်းတွေဟာလဲ မြစ်ကြောင်းတလျှောက်မှာသာ တ-ပ်ဖြန့်ထားနိုင်တော့တာကို တွေ့ရပါတယ် ။ ပြောရမယ်ဆိုရင် ရခိုင်တောင်ပိုင်းသို့ ထိုးစစ်ဆင်နိုင်တဲ့ အနေအထား မရှိတော့ပါဘဲ အာရက္ခ နဲ့ ပူးပေါင်းတ-ပ်တွေရဲ့ တို-က်စ-စ် ကို ခုခံနေရတဲ့ ခံစ-စ် အနေအထားသို့ ‌ရောက်ရှိသွားခဲ့ရပြီဘဲ ဖြစ်ပါတယ် ။

ရခိုင်ဒေသကို ကြည့်မယ်ဆိုရင် ချင်းပြည်တောင်ပိုင်း ကန်ပက်လက် မင်းတ-ပ် ကျင်ဒွေး မှာ စ-စ်မျက်နှာ ၃ ခု ၊ ငဖဲ နတ် ရေကန် စ-စ်မျက်နှာ ၊မင်းတုန်း စစ်-မျက်နှာ ၊ ညောင်ကျိုးရိုးပေါ် နဲ့ သူရဲတန်းကြိုးဝိုင်း စ-စ်မျက်နှာ ၊ ဧရာဝတီ တိုင်း အတွင်းမှာဆိုရင် သာပေါင်း လေးမျက်နှာ ရေကြည် စ-စ်မျက်နှာ ၊ ကျောက်ဖြူ ၊ စ-စ်တွေ ၊ ပုဏ္ဏားကျွန်း ၊ ပေါက်တော(ဝီရဌာနီ) စတဲ့ စုစုပေါင်း စ-စ်မျက်နှာ ၁၄ ခု ကို တ ပြိုင်နက် ဖြန့်ကျက် ထားရခြင်း ဖြစ်ပါတယ် ။ နပခ (အ နောက်ပိုင်းတိုင်းစ-စ်ဌာနချု-ပ် ) အပါ လပခ (အလယ်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) ၊ တပခ (တောင်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) ၊ နတခ (အနောက်တောင်တိုင်းစ-စ်ဌာနချု-ပ်) နဲ့ ရကတ (ရန်ကုန်တိုင်းစ-စ်ဌာနချု-ပ်) များမှ စ-စ်တိုင်းမှူး ၅ ယောက် နဲ့ ကြည်း ရေ လေ သုံးပြီး တို-က်စ-စ်ဆင်နေရခြင်း လဲ ဖြစ်ပါတယ် ။ အဆိုပါ စ-စ်မျက်နှာတွေဟာ အမ်း မှာ ရှိတဲ့ တိုင်းစ-စ်ဌာနချုပ် အပါအဝင် မြို့နယ် ၁၄ ခု ဆုံးရှုံးပြီးပြီးချင်းမှာဘဲ တန်ပြန်တို-က်စ-စ်ဖွင့်ခဲ့ပေမယ့် အာရက္ခ နဲ့ ပူးပေါင်းတ-ပ်တွေဟာ နှစ်နှစ်ကျော်သည် အထိ ကြံ့ကြံ့ခံ ခုခံနေဆဲ ဖြစ်ပါတယ် ။ ၎င်းစ-စ်မျက်နှာတွေမှာ အကြ-မ်းဖ-က်စ-စ်တ-ပ်ဘက်က တို-က်စ-စ်ဖြစ်ပြီး အာရက္ခ နဲ့ ပူးပေါင်းတ-ပ်တွေဘက် က ထိုးစ-စ် အပြုအမူ ရှိတဲ့ ခံစ-စ် နည်းဗျူဟာ ကို အသုံးပြုထားတာကို တွေ့ရပါတယ် ။ 

စ-စ်တွေ တ-ပ်နယ် မှာ တ-ပ်မ ၁၀၁ ရောက်ရှိလာပြီးချိန်မှာတော့ ခံစ-စ်-သေ- ဖြစ်တဲ့ ပတ်လည်ခံစ-စ်ဆင် (Area Defense) နေရာကနေ လှုပ်ရှားခံစ-စ် (Mobile Defense) အဖြစ် ဦးစွာ ပြောင်း လဲ လိုက်ပါတယ် ။ ထိုမှ တဆင့် စ-စ်လော်ဘီတွေ ရဲ့ မြှောက်လုံး ၄၉၂၆ စ-စ်ဆင်ရေးဆိုပြီး အမည်တ-ပ်ကာ ဝါဘို နဲ့ ကွမ်းတောင် ကျေးရွာတွေကို တို-က်စ-စ်ဆင်လာခဲ့ပါတယ် ။ အမြင့်ကျွန်းကျေးရွာကို ခြေကုပ်ရယူပြီး မင်းချောင်း တံတားကို ဖြတ်လို့ ကွမ်းတောင် အထိ ရုတ်ခြည်းတိုက်စ-စ်ဆ-င်ခဲ့ပေမယ့် အာရက္ခတ-ပ် ရဲ့ တန်ပြန်တို-က်စ-စ် (Counter Attack) နဲ့ ထပ်ချပ်လိုက်စ-စ် (Pursuit) တို့ကြောင့် အထိအခိုက်အကျဆုံး များစွာ နဲ့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ် ။ 

တစ်ခု အမြတ်ထွက်သွားတာကတော့ ပုဏ္ဏားကျွန်း ကို စ-စ်မြှုထားပြီး ငပြီကျွန်း ကို ကမ်းတက်စ-စ်ဆင်ရေး အလစ်အငိုက်ရယူကာ ပြုလုပ်သွားခဲ့ခြင်းဖြစ်ပါတယ်။ဆုံးရှုံးပြီးနယ်မြေတစ်ခုကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပေမယ့် ပြန်လည်ခြေကုပ်ယူနိုင်လောက်ကိုတောင် အလွန်အကျွံ အောင်ပွဲခံနေကြတာကို တွေ့ရပါတယ် ။ စ-စ်ရေးအရ ဘယ်လိုမျှ မယှဉ်နိုင်တဲ့အခါမှာတော့ စ-စ်အုပ်စုဟာ အာရက္ခပြည်တစ်ခုလုံးကို လေကြောင်းကနေ အကြ-မ်းဖ-က်ဖျက်ဆီးမှုတွေ တောက်လျောက်ပြုလုပ်လာခဲ့ပါတော့တယ် ။ နိုဝင်ဘာလဆန်းမှာ ပြုလုပ်သွားတဲ့ ​မြောက်ဦးမြို့ နယ် အတွင်းက သားဖွားဆေးရုံတစ်ခုကို ရက်ရက်စက် စက် ပြုလုပ်သွားခဲ့တဲ့ အပေါ် အာရက္ခတ-ပ်ဘက်က ထိထိရောက်ရောက် လက်တုန့်ပြန် မယ် လို့ ပြောကြား သွားခဲ့ပါတယ် ။

ပုဏ္ဏားကျွန်း စ-စ်မျက်နှာ မှာ အကြ-မ်းဖ-က်တ-ပ်ဟာ ဒရု-န်းစ-စ်ဆင်ရေး အခန်းကဏ္ဍကို ထိထိရောက်ရောက် အသုံးချလာနိုင်တာကို တွေ့ရပါတယ် ။ တ-ပ်မ ၁၀၁ နဲ့ အတူ ဒစရ ၂ (ဒရု-န်းစ-စ်ဆင်ရေးတ-ပ်ရင်း) ကိုပါ တွဲဘက်ပေးလိုက်တာ လို့ သိရှိထားရပါတယ် ။ ဝီရဌာနီ (ပေါက်တော) မြို့ မှာတော့ လ-က်န-က်ကြီး နဲ့ လေကြောင်း ရေကြောင်း ပစ်အား တွေ ကို ရယူထားပေမယ့် ပထမဆုံး ကမ်းတက် ခဲ့ တဲ့ ခမရ ၃၅၄ ဟာ အင်အား ထက်ဝက်ခန့် ပြုန်းတီးသွားတာမို့ ခမရ ၃၄၄ ရဲ့ အင်အား ၁၈၀ ဝန်းကျင်လောက် ထပ်မံ ဖြည့်တင်းထားပေမယ့် အာရက္ခတ-ပ်ဟာ ကျွန်းရဲ့ အရှေ့ဘက်ခြမ်းသို့ ရောက်ရှိလာခြင်း မရှိစေရန် ပိတ်ဆို့ တို-က်ခို-က်နေဆဲ ဖြစ်ပါတယ် ။ ဒုတိယအကြိမ် ပုဏ္ဏားကျွန်းတို-က်စ-စ်ဟာ ပထမအကျော့ ထက်ပိုမိုပြင်းထန်လာခဲ့ပြီး မြို့ကို မသိမ်းပိုက်နိုင်ရင်တောင် ရသေ့တောင်လမ်းဆုံ ကို ရအောင် ထိန်းချု-ပ်နိုင်ရေး ကြိုးစားလာနိုင်ဖွယ် ရှိနေပါတယ်။

ကမ်းရိုးတန်းဒေသ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အတွင်းမှာလဲ နေ့စဉ်နီးပါး ထိတွေ့တို-က်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ် ။သရက်ချောင်းမြို့နယ် တောင်ပိုင်း မြိတ် ထား ဝယ် လမ်းပိုင်းမှာ ဖြစ်ပွားနေခြင်း ဖြစ်ပါတယ် ။ ထားဝယ်ခရိုင်အတွင်း ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ရေလမ်းကြောင်းကနေ စ-စ်အင်အား တွေ ဖြည့်တင်းလာခဲ့တာကို တွေ့ရပါတယ် ။ စက်တင်ဘာလ ကုန် ကနေ စတင်ခဲ့တဲ့ တို-က်ပွဲကာလအတွင်း အကြ-မ်းဖ-က်တ-ပ်သား ၁၇ ဦး မတ်စိကိုက် တော်-လှ-န်ရေးတ-ပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး ခဲ့ရပြီး ဒေသခံအရပ်သား ၇ ဦး ဖမ်းဆီးသ-တ်ဖြ-တ်ခံခဲ့ရတယ်လို့ KNLA ဘက်မှ ပြောဆိုလာခဲ့ပါတယ် ။ 

အမှတ် ၈ ပြည် ထောင်စုလမ်းမကြီးတလျှောက် သရက်ချောင်း နဲ့ ပုလောမြို့နယ် အကြား ဆင်ကူး ဘုတ်ကိုင်း ကျွဲစပ် ပိတိုင် ပြင်းဖြူကြီး ဝင်းဝ မင်းဒပါ ဝဲရစ် သိမ်ကုန်း ကမြိုင် ရငဲ ဘုတ်တောင် စတဲ့ ကျေးရွာများ အထိ စ-စ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ် ။ အောက်တိုဘာလ အတွင်းမှာ ဘဲ ကျေးရွာ ၆ ရွာထက်မနည်း လေကြောင်းတို-က်ခိုက်ခံထားရပြီး ကညင်ချောင်း သင်ပုန်းချောင်း ရငဲ ကတွဲ စတဲ့ ကျေးရွာတွေဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ။ မြေပြင်တို-က်ပွဲတွေကြောင့် မြိတ် ထား ဝယ် ကားလမ်း က တော့ ပိတ်ထားရဆဲ ဖြစ်ပါတယ် ။

ကရင်နီဒေသ ဖရူးဆိုးမြို့နယ် အနောက်ဘက်ခြမ်း နယ်မြေများသို့ မြေပြင်တို-က်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ဒရု-န်း နဲ့ -ဗုံး-ချ တို-က်ခို-က်မှုတွေ ပြုလုပ်လာခဲ့ပြန်ပြီ ဖြစ်ပါတယ် ။ ရှမ်းတောင်အစပ် အယ်လ်ဖာစ-စ်ဒေသ မိုးဗြဲ လွယ်ယင်းတောင် ခြေကနေ နန်းမယ်ခုံ ဘက်ကို စကခ ၇ ရဲ့ နည်းဗျူဟာ တစ်ခု ဟာ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ် ။သို့ပေမယ့် ကရင်နီတော်-လှ-န်ရေးတ-ပ်တွေရဲ့ ပိတ် ဆို့ဟန့်တားမှုကြောင့် အထိနာပြီး ပြန်လည်ဆုတ်ခွာနေကြရတာ ဖြစ်ပါတယ် ။ ဒါကြောင့် နောက်ထပ်နည်းဗျူဟာ တစ်ခုကို ညောင်ရွှေ နဲ့ ဖယ်ခုံအင်း အရှေ့ဘက်ကမ်းကို အခြေပြုပြီး ဆောင်ကန်းလမ်းခွဲ မှတဆင့် မိုးဗြဲ ဝါရီကောခူ ကနေ ဆည်ဘောင်လမ်းအတိုင်း ငွေတောင်တ-ပ်နယ် အတွင်းသို့ ဝင်ရောက်လာမယ့် အစီအမံ ဘဲ ဖြစ်ပါတယ် ။ ဒကစ (လွိုင်ကော်) ရဲ့ စ-စ်ရေးရည်မှန်းချက်ဟာ ငွေတောင်အထိ ဆိုပေမယ့် အဓိကဦးတည်မှာက နန်းမယ့်ခုံဒေသဘဲ ဖြစ်ပါတယ် ။ ဒေသခံတွေကတော့ အဆိုပါ တို-က်စ-စ်လမ်းကြောင်းတဝိုက်မှာရှိတဲ့ ကျေးရွာတွေကို လ-က်န-က်ကြီး ၊ ဒရု-န်း နဲ့ လေကြောင်း တို-က်ခို-က်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေး နေကြတာကိုလဲ တွေ့ရပါတယ် ။

ကချင်ပြည်နယ် ဗန်းမော်တ-ပ်နယ် မှာ ရောက်ရှိနေတဲ့ တ-ပ်မ ၈၈ ကတော့ ရိက္ခာစို ပြတ်တောက်စပြုလာပြီ ဖြစ်ပါတယ် ။ ခါတိုင်း ထမင်းကြော် ဒန်ပေါက် ခေါက်ဆွဲကြော် တွေ နဲ့ ဂုဏ်ဆာပြလေ့ရှိပေမယ့် ယခုနောက်ဆုံးအကြိမ်မှာတော့ ထမင်းကြော် ရှမ်းရွှေတောင် ငံပြာရည်ကြော် နဲ့ ငပိထောင်း စားပြီး မာန်တက်ပြရတဲ့ အနေအထားသို့ ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ် ။မိုးမိတ် နဲ့ မြစ်ဆုံအကြား မှာ ရှိတဲ့ စ-စ်ကြောင်းတွေကိုတော့ စကခ ၁ စကခမှူး မှူးကြီး အောင်နိုင်ဦး (စတသ ၄၂ ) ကွ-ပ်-ကဲနေခြင်း ဖြစ်ပြီး မိုးမိတ်မြို့ နဲ့ ၇ မိုင် ဝန်းကျင် အကွာ ထိ ပြန်လည်ဆုတ်ခွာထားရပြီ ဖြစ်ပါတယ် ။ မြစ်ဆုံတံတား နဲ့ ၅ မိုင်အကွာထိ စ-စ်ကြောင်းတွေ ဟာ တ-ပ်ဖြန့်ရောက်ရှိခဲ့ပေမယ့် ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေရဲ့ တန်ပြန်တိုက်စ-စ်ကြောင့် ၁၀ မိုင်အကွာထိ ပြန် လည် ဆုတ်ခွာထားရတာကို တွေ့ရပါတယ် ။ ရှမ်းပြည်နယ်မြောက်ပိုင်း ‌မိုးမိတ်နယ်မြေ မှာတော့ ကီယာ တ-ပ်မဟာ ‌၄ လက်အောက်ခံ ရင်း ၃၆ အခြေစိုက်ထားခြင်း ဖြစ်ပါတယ် ။

မန္တလေး တ-ပ်နယ် အတွင်း က ထွက်ခွာလာတဲ့ ရာ နဲ့ ချီတဲ့ စ-စ်ယာဉ်တန်းတွေကို အင်းတော် အထွက် မော်လူး နဲ့ စီပိန်း အကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စ-စ်ယာဉ် ၃ စီး ထိခိုက်ပျက်စီးခဲ့ပါတယ် ။ နိုဝင်ဘာလ ၂ ရက်နေ့ မှာ မတ္တရာ သပိတ်ကျ-ဉ်း လမ်းအတိုင်း ထွက်ခွာလာတဲ့ အဆို ပါ ယာဉ်တန်း ၁၂၀ ဟာ ကသာမြို့မှာ တစ်ညအိပ်ရပ်နားခဲ့ပြီး ဆက်လက်ထွက်ခွာလာစဉ် ဒရု-န်း နဲ့ -ဗုံး-ချ တို-က်ခို-က်ခဲ့ခြင်း ဖြစ်ပါတယ် ။ အဆိုပါ တို-က်ခို-က်မှုကြောင့် တို-က်ခို-က်ရေးရဟတ်ယာဉ် သယ်ယူပို့ဆောင်ရေးလေယာဉ် များဖြင့် စီပိန်းကျေးရွာအနီးသို့ -ဗုံး-ချတို-က်ခို-က်ခဲ့တာကိုလဲ တွေ့ရပါတယ် ။ ၎င်းယာဉ်တန်းတွေဟာ နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းမှာ မြစ်ကြီးနားတ-ပ်နယ်အတွင်းသို့ ၈၁ စီး ဝင်ရောက်လာခဲ့ပါတယ် ။ မိုးညှင်းတ-ပ်နယ်အတွင်းမှာ ၂၀ စီး ဝန်းကျင် နဲ့ မိုးကောင်းတ-ပ်နယ်အတွင်း သို့ ၇ စီးသာ ဝင်ရောက်နိုင်ခဲ့တယ်လို့လဲ သိရှိရပါတယ် ။မိုး‌ကောင်း မြို့ အ လွန် နမ္မတီး နဲ့ မရမ်း အကြား မှာလဲ ထပ်မံတို-က်ခို-က်ခံထားရပါ‌သေးတယ် ။

မန္တလေး ကနေ ကချင်ပြည်နယ်အတွင်းသို့ သပိတ်ကျ-ဉ်း ထီးချိုင့် ကသာ အင်းတော် မော်လူး စတဲ့ လမ်းကြောင်းတွေမှတဆင့် အင်အား ရိက္ခာ ခဲ-ယ-မ်း ဆေး ဝါးများ ဖြည့်တင်းလာခဲ့တာ ယခု အကြိမ်ဆိုရင် ပဉ္စမအ ကြိမ်မြောက်ပဲ ဖြစ်ပါတယ် ။ကောလင်းမြို့နယ် အတွင်း က ဒေသခံတွေကို ဆေးကုသမှုပြုလုပ်ပေးနေတဲ့ အရပ်ဘက်ဆေးရုံတစ်ခု အတိအကျ -ဗုံး-ချတို-က်ခို-က်ခဲ့တာကြောင့် ဆရာဝန် တစ်ဦး နဲ့ အလုပ်သင် ဝန်ထမ်း တစ် ဦး -သေ-ဆုံး ခဲ့ရပါတယ် ။ ထို့ပြင် ကောလင်းမြို့နယ် အတွင်းသို့ လေ ကြောင်းပ-စ်အားရယူပြီး တ-ပ်မ ၃၃ လက်အောက်ခံ စ-စ်ကြောင်းတွေဟာ ထိုးဖောက်ဝင်ရောက်နေဆဲဖြစ်ပြီး မြို့ရဲ့ အရှေ့ဘက်ခြမ်း ပေပင်ချောင်း နဲ့ လျှော်ဖြူ အကြားသို့ တ-ပ်ဖြန့်ရောက်ရှိလာခဲ့တာပြီး ဒိုးပင် ကျွန်း‌တော နယ်မြေများမှာလဲ ထိတွေ့တိုက်ပွဲ များ ဖြစ်ပေါ်နေတာကို တွေ့မြင်ရပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ခင်ဗျာ ။
ဇင်ယော်
၂၀၂၆ နို ဝ၇ ၀၈၄၅

Post a Comment

0 Comments