About Me

header ads

ဉ္ဇူရီ မင်းမြတ်

မြောက်က တအားခေါင်းထောင်နေလို့ ဒဲ့ပြောရရင် နျုကိုင်ထားပြီး US ကို မထီမဲ့မြင်နဲ့ US ရန်သူတွေဖြစ်တဲ့ အီရန် ရုရှားနဲ့ အာဏာရှင်နိုင်ငံတွေကို လနက်တင် မဟုတ်ဘူး လူပါစေလွှတ်ကူညီနေလို့ US က ဖြုပ်ချင်နေတဲ့ အထဲမှာ မြောက်က ထိပ်ဆုံးမှာ ရှိတယ် 

အဲ့တော့ မြောက်ကို ဖြိုလိုက်ရင် တရုပ် ရုဂှား အီရန်နဲ့ မြောက်ကြွနေတဲ့ မိစ္ဆာ၀န်ရိုးတန်းနိုင်ငံတွေ အကုန် ငြိမ်ကျကုန်မယ်လို့ တွေးလာပုံရတယ် 

ဘာကြောင့်ဆိုတော့ US သမ္မတအဆက်ဆက် နဲ့ ယခု သမ္မထရမ့်ဟာ တရုပ် ရုဂှားကိုသာ ဘယ်နိုင်ငံ ဘာမကူညီရဘူး အမိန့်ပေးနေပေမယ့် မြောက်ကိုတော့ တခွန်းမှ မပြောတာကို တွေ့ရတယ်

ရုရှား ပူတင်နဲ့ အီရန်ကို ကူညီနေတာ တရုပ်ထက် မြောက်သာ ပေါ်တင် ပိုကူညီနေတာ ဖြစ်သလို ရှီဟာ ထရမ့်ကြောင့် ပေါ်တင် မကူရဲပဲ နောက်ကွယ်ကနေ မြောက်ပုကနေ တဆင့် ရုရှား အီရန်ကို ကူညီနေတာ မျက်မြင်ပဲ 

အဲ့တော့ US ထရမ့် မဲပြန်နိုင် အာဏာလိုချင်မှုဟာ အာဏာရူးနေခြင်း မဟုတ်ပဲ မပြီးပြတ်သေးတဲ့ ပွဲတွေကို အပြီးဂှင်းသွားဖို့ ရည်ရွယ်သလား တွေးဆမိတယ်

ဘာကြောင့်ဆိုတော့ ဆော်ဒီဘုရင်ဟာ ဒီမိုကရက်တွေအတွက် မဲဆွယ်ပေးနေတဲ့ အိုဘားမားကို သူဟာ အ-ကြ-မ်း-ဖက် အားပေးသူဖြစ်ကြောင်းနဲ့ အီရန်ကို ဘီလီယံ ၁၅၀ ထောက်ပံ့ပေးပြီး အီရန်ရဲ့ အ-ကြ-မ်း-ဖက်မှုတွေ ပိုလုပ်နိုင်အောင် ကူညီခဲ့သူဖြစ်ကြောင်း စွပ်စွဲ ပြောဆို လိုက်သလို 

အီလွန်မက်ကလည်း ဒီမိုကရက်တွေ အာဏာပြန်ရသွားရင် အမေရိကန်နိုင်ငံဟာ ပျက်ဆီးသွားတော့မည် ဖြစ်ကြောင်း ခိုး၀င်သူတွေကို ခွင့်ပြုထားမှုအပါ၀င် အချက်သုံးချက်နဲ့ ထောက်ပြ အသိပေးထားတယ် ဒါတွေအားလုံး ခြုံကြည့်ရင် 

ထို့အတွက် လက်ရှိ အခင်းကျင်းက ဘယ်ခြေအယောင်ပြ ညာလှမ်းဖို့နဲ့ အီရန်ကို ဦးတည် လေသံပစ်ပြထားပြီး အရေးပေါ်ခြေနေ ကြေငြာထားတဲ့ ၁၇ နိုင်ငံထက် အမေရိကန်ဟာ ပိုပြီး လုံခြုံရေးနဲ့ ပြည်သူကို သတိထားကြဖို့ သေချာ ဆော်ဩထားပြီး 

ခု မထင်မှတ်တဲ့ ရှု့ထောင့် အကွက်ကနေ 
ရုတ်တရက် $6.34 Billion ကျော် ခိုးယူခဲ့တဲ့ Hacker တွေက မြောက^-ကို-ရီ:-ယားကဖြစ်ကြောင်း FBI က တရားဝင်အတည်ပြု ထုတ်ပြန်လိုက်ရုံ မဟုတ်ဘူး CNN ကပါ ပေါ်တင်နဲ့ ကြေငြာပြီး မီ့ထိုးပေးနေမှုဟာ US ဟာ အီရန်ကို အယောင်ပြပြီး မြောက်ကို ဖြိုဖို့ လုပ်လာနေပြီလားဆိုတာ တွေးဆမိတယ် 

ဘာပဲဖြစ် မြောက်ခိုးတာ မှန်ရင် ပြဿနာတက် ဖြေရှင်းကြရမှာ ဖြစ်သလို အကယ်၍ US က ‌‌ေမြာက်ကိုဖြိုဖို့ တမင် အကွက်ဆင် ခေါင်းစဉ်တပ်တာဆိုရင်လည်း ‌

ခု မြောက်ပုက ဒီသတင်းကို မဖြေဂှင်းပဲ ရူးယောင်ဆောင်ပြီး လနက်တွေ စမ်းသပ် ပစ်လွှတ်ပြနေမှုဟာ တချိန် တကွေ့မှာတော့ US ပစ်ချက်ဟာ သူ့ဆီ ဦးတည်နေပြီဆိုတာ မြင်နေရပါတယ်

ဘာကြောင့်ဆိုတော့ ခုဖြစ်ရပ်တွေ မဖြစ်ပွားမီ မြောက်ပုဟာ တရုပ်ထဲမှာ ရှီနဲ့တွေ့ပြီးမှ ဖြစ်ပေါ်လာခြင်းဟာ သာမန်တိုက်ဆိုင်မှု မဟုတ်ပဲ ရှီကို အကျိုးကြောင်းပြောပြပြီး ခွင့်တောင်း တိုင်ပင်ပြီးမှ ခု မစ်ရှင်ကို လုပ်ပုံရပါတယ်

ဒါဆိုမေးမယ် ဒီလိုလုပ်တာ မြောက်ပုက ရှီကို ပြောစရာလားဆို ရည်ရွယ်ချက်တွေ ရှိပါတယ် 

၁) US ဒေါ်လာနဲ့ တရုပ်ယွမ်ငွေ အားပြိုင်နေမှုတင် မဟုတ်ပဲ ဒီဂျစ်တယ် ငွေကြေး စနစ်တွေပါ ပ်ြိုင်ဆိုင်နေကြလို့ပါ 

၂) US နဲ့ အနောက်က တရုပ် မြောက်ကို အရေးယူ ပိတ်ဆို့ထားမှုတွေ ရှိလို့ပါ

၃) ခုလို လုပ်ရင် ကမ္ဘာကြီး လှုပ်ခတ် ကမောက်ကမတွေ ဖြစ်လာရင် တရုပ်ကို ကြိုတင် ပြင်ဆင် ထားနိုင်ဖို့ပါ

ဒီတော့ မြောက်ပုနဲ့ ရှီတွေ့ပြီး ရှီက ကြိုတင်မှု အနေနဲ့ အိန္ဒိယဘက်ကို ကြိုတင် တပ်တွေ ချထားလိုက်သလို

ခု တကမ္ဘာလုံး ပြည်သူတွေက စစ်ရေးလား သဘာ၀ဘေးလားဆိုပြီး သို့လောနဲ့ စိုးရိမ်မှု မြင့်တက် စားရိက္ခာတွေ ကြိုတင် စုဆောင်းနေကြချိန်နဲ့ အစိုးရတွေကိုယ်၌ အသိပေး လုပ်ခိုင်းထားချိန်

တရုပ်မှာတော့ ဘာမှ ဆော်ဩ လုပ်ခိုင်းထားခြင်း မရှိပဲ မိဘမဲ့ကောင်လေး မဂ်လာပွဲအကြောင်းပြ တနိုင်ငံလုံး ရက်ဆက်ပြီး အစားသောက်တွေ အလျံပါယ်နဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး 
ပျော်ပွဲစားပွဲကြီး ကျင်းပပြနေသလို 

ထိုပွဲကို တရုပ်အစိုးရ ကိုယ်၌မှ အားပေး ချီးမြင့်ပြီး ကူညီ လုပ်ဆောင်စေသလို ရှိသမျှ ခရိုနီသူဌေးတွေနဲ့ လူတန်းစား အသီးသီး လူပေါင်း ၃သောင်းကျော် လာရောက် လည်ပတ် ပွဲတော်တခုလို ကျင်းပပြပြီး 

လက်ရှိ ကမ္ဘာမှာ အရေးပေါ် အခြေနေကြေငြာ ရိက္ခာစုဆောင်းခိုင်းထားတဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ပြောရရင် အနောက်က အစိုးရဆိုသူတွေကို တမင်ပဲ လှောင်ပြနေသလို ဖြစ်နေတယ်ဆိုတာ သတိပြုစေချင်တယ် ဒါသည်ပင် နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိဟု ဆိုတာပါလားဆိုတာ သိစေချင်ရုံပါ ! 

ဉ္ဇူရီ မင်းမြတ် 👁️

https://www.facebook.com/share/1BPzAR2JHB/

Post a Comment

0 Comments