ငြင်းချက်မရှိအောင် ဝန်ခံသွားသော ဒေါက်တာ မောင်မောင်နှင့် ကျနော် တွေ့ခဲ့ခြင်း...
၈၈ လုထု အရေး တော်ပုံနှင့် စပ်လျင်းပြီး ကျနော်လည်း ထောင်ကျ
ထောင်ထွက် နိုင်ငံခြားထွက် ပညာသင် ပြည်တွင်းပြန်ဝင် စုံသလိုပဲ..
ဒေါက်တာ မောင်မောင်နှင့် ကျနော် မြန်မာပြည်ထဲတွင် တွေ့ဆုံခဲ့မှု့ကို
ပြောရမည့် အချိန် တခု ယခုတော့ ရောက်လာပါတယ်....
ဒေါက်တာမောင်မောင်ဟာ ကမ္ဘာမှာ အငယ်ဆုံး
တရားသူကြီးချုပ်ဖြစ်ခဲ့သလို မြန်မာပြည်မှာ သက်တန်းအလွန်တိုဆုံး
တလခံတဲ့ သမ္မတလည်း ဖြစ်ခဲ့ပါတယ်။
ပညာပိုင်းမှာ ထိပ်တန်းရောက်တဲ့မြန်မာတယောက်အဖြစ် ပြည်တွင်းပြည်ပမှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ဒေါက်တာမောင်မောင်ကို ၁၉၈၈ အရေးအခင်းကာလက မအောင်မြင်တဲ့ သမိုင်းမှာ မီးစာကုန် ရေခမ်း ဖြစ်နေတဲ့ အာဏာရှင် နေဝင်းမှ
ဒေါက်တာမောင်မောင်ကို ခုတုံး လုပ် အသုံးချတာကို ကျနော် သိခဲ့ရသည်..
တကယ်က ဒေါက်တာမောင်မောင်ဟာ စစ်သား၊ တော်လှန်ရေးသမားဘ၀ကို ဒုတိယကမ္ဘာစစ်အတွင်း ဖြတ်သန်းခဲ့ပြီး ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်မှူးချုပ်အောင်ကြီး စတဲ့ တပ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ပညာရှင်တယောက် ဖြစ်ပါတယ်။ သို့သော် ကျနော် တွေ့ဆုံချိန်တွင် ဖယ်ဒရယ်ရဲ့ ပင်လုံ မလုပ်ပဲ ဘာဖြစ်လို့ တိုင်းနှင့် ပြည်နယ်တွေ လုပ်ခဲ့သလဲပေါ့..
သူပြောတာကတော့ ဖယ်ဒရယ်ကို လှည့်စားဖို့ တိုင်းနှင့် ပြည်နယ်တွေ သတ်မှတ်ပြီး အလံပါ ပြောင်းခဲ့တဲ့ အခြေခံဉပဒေကို သူက အားထုတ်
ဆောင်ရွက်ခဲ့ပါတယ်တဲ့...
အမှန်တော့ ပြည်ထောင်စုဆိုပြီး ပြည်နယ်တွေ
အားလုံး ဖွဲ့စည်းထားကြောင်းကို ပြပြီး လိမ်လည်ဖို့ သူက လုပ်ခဲ့ပါသတဲ့,,
တောင်တန်းဒေသတွေ ခွဲထွက်ထွက်ဖို့ မပြုနိုင်အောင် လုပ်ခဲ့တာပါတဲ့,,,
ခွဲထွက်လိုက်လျင်လည်း လက်ရှိ ကျန်ရှိမည့် မြန်မာတွေက တိုင်းပြည်
မဲ့ဖြစ်ကုန်မှာပါတဲ့...သူရေးထားတဲ့ စာအုပ်မှာပါ အဲ့တာကို ပြောထားပါသည်တဲ့..
နောက်ဆုံးရလိုက်တာက တိုင်းပြည်သူ ပြည်နယ်ပြည်သူတွေ အားလုံး ဆင်းရဲ မွဲတေပြီး တိုးတက်မှု့ကို ဗဟို ဉီးစီးသူ တစ်ဉီးကပဲ ချုပ်ကိုင်ခံလိုက်ရတာကို မြင်သွားပြီး ငါ အတော် မှားခဲ့ပြီလို့ ခံစားရသလို
၈၈ အရေးခင်းမှာ လပိုင်းလောက်ကလေး ငါဝင်လုပ်ရတဲ့ သမ္မတဆိုတာ
လူတွေ ရှိကြပေသည့် မူတွေ မရှိတဲ့ ကာလမှာ ငါ့ကို ပုံချလို့ လုပ်ရတာပါ"တဲ့
အဲ့တာတွေကတော့ ဒေါက်တာ မောင်မောင် အပြောဖြစ်ပါတယ်...
၁၉၈၈ က မြန်မာပြည် အာဏာရှင် ကျဆုံးပြီး ၁၉၉၈ က အင်ဒိုနီးရှားအာဏာရှင်နဲ့ အလားသဏ္ဌာန်တူခဲ့ရင် ဦးနေ၀င်းက ဆူဟာတိုလို ဖြစ်နေခဲ့ပါတယ်။
ဒေါက်တာ မောင်မောင်ရဲ့ သားတွေကလည်း စစ်အရာရှိတွေဖြစ်ပါတယ်
ကျနော်က အလွန်ပါးနပ်စွာနှင့်ပဲ ဆရာ မြသန်းစံ အကူညီဖြင့် ချည်းကပ်ခဲ့သလို
သူတို့ မြန်မာပြည်ကို ဘယ်လို ဖျက်ဆီးခဲ့သလဲဆိုတဲ့ ရှာပုံတော်ကို
ကျနော် အထူး ကြိုးစားအားထုတ်ခဲ့ပါတယ်..
ဒီနေရာမှာ ဆရာ မြသန်းစံကတော့ ပထမ စစ်ပဒေသရာဇ္ဇ် အကျိုးဖြစ်အောင် အရာတွေကိုလုပ်ခဲ့သူပါ
သူက ကျနော်နှင့် ကျောင်းနေဖက် သူငယ်ချင်းနှင့် အိမ်ထောင်ကျတော့
ကျနော်နှင့် ရင်းနှီးသွားတာပါ...
သူ ပြောတဲ့ "ပါပီမ" ဆိုတဲ့ ရုပ်ရှင် ကားက ဖာသယ်မ လို့ ပါဋိမှာ ဆိုပါတယ်
တော်လှန်ရေးကို ဖာသယ်မနဲ့ သူက ထောက်ပြပြီး စစ်ဗိုလ်ချုပ်တွေကို
ဖားခဲ့တာပါ....တကယ်တော့ သူက မြန်မာ စစ်အရာရှိတွေခိုင်းတာ လုပ်နေရတဲ့ ရက္ခိုင် လူမျိုး ဖြစ်နေပါတယ်,,,
သူက ကျနော် လက်ရှိ စုံစမ်းတော့ အခုတော့ ဘုန်းကြီးဝတ်ပြီး သူ့ ဇနီး ကျနော့် သူငယ်ချင်းကလည်း
သီလရှင် ဝတ်သွားပါပြီ မကြာသေးခင်ပင် ကျနော် သီလရှင် ဘိခု သာသနာအတွက် ကျနော် လှူဒါန်းပါတယ်...
ဆရာ မြသန်းစံက ရက္ခိုင် မြောက်ဉီးသားဖြစ်ပါတယ်
သူနှင့် ကျနော် အများကြီး ဆွေးနွေးတာတွေဖြစ်ခဲ့သလို
ကျနော် ထိုင်းနိုင်ငံကို စနစ်တကျ ထွက်လာဖို့ စီစဉ်ပြီး
ဆရာ မြသန်းသန်းစံ မြောက်ဉီး သားကြီးလည်း ကျနော့်ကို
လေဆိပ်ကို လိုက်ပို့ ခဲ့ပါတယ်,,,
အခုကတော့ ဆရာ မြသန်းစံ နိုင်ငံရေးကို သူ မပတ်သက်တော့သလို
သူပြောတဲ့ စကား လက်ဆောင် ပေးခဲ့ပါမယ်
" ညီလေး မြန်မာ တပြည်လုံး ကျဆုံးပါမယ် အခြားနိုင်ငံတွေ
အယူဆတွေ ထုတ်ကုန်တွေ အတွေးခေါ်တွေ ဘာသာစကားတွေ
ခိုင်းစေတာတွေကို အားလုံးခံကြရမှာချာပါပြီ ဘာကြောင့်လဲဆိုတော့
လက်ရှိ စစ်တပ်တပ်က သူနဲ့ အဆင်ပြေတဲ့ နိုင်ငံတွေကို ပြေးကပ်ပြီး
အဲ့ဒီနိုင်ငံတွေရဲ့ အထောက်ပံ့နဲ့ သူတို့ အာဏာကို ဆက်လက်
ရရှိနေဖို့ပဲ သွားတော့မယ် ဘယ်လောက်တောင် သွားမလဲဆိုလျင်
အတော် အကြာကြီးကို သွားတော့မယ်" လို့ ကျနော့ ကို ပြောပါတယ်
ပဲ ခူး ကလပ်မှာ ကျနော တွေ့ ဆုံဘူးတဲ့ ဗိုလ်မှူးချုပ်ကျော်ဝင်းက
နောင်တွင် ခင်ညွန့်ကို ဖမ်းထိမ်းပြီး ချောင်ထိုး ခံရလို့
ပေါက်ကွဲခဲ့တာတွေကိုလည်း ကျနော် ပြောပါမယ်...
အဲ့ဒီအချိန်မှာ ကျနော်က ထိုင်းကို ထွက်ခဲ့ပါပြီ
မြန်မာပြည်မှာ အားပြိုင်မှု့တွေနှင့် မြန်မာ စစ်တပ်က
အားကောင်းတဲ့ အုပ်စုတွေ ဘက်ဖွဲ့ပြီး အင်အားတည်ဆောင်နေကြပါပြီ
သို့သော်
ဒေါ်အောင်ဆန်းစုကြည်ကို ငါတို့ ဘယ်လို ဖြိုချ မလဲလို့ နှစ်ဖက်လုံး
တွေးနေခဲ့ကြပါတယ်...
ဒေါ်အောင်ဆန်းစုကြည်မပြိုပဲ သူတို့ပဲ ပြိုလဲခဲ့ရပါတယ်...
နောက်ဆုံး ဒေါ်အောင်ဆန်း စုကြည် အာဏာ ရခဲ့ပါတယ်...
နောက်ဆုံး ဒေါ်အောင်ဆန်း စုကြည် ရခဲ့သော အာဏာကို
သူတို့ ပြန်ရယူဖို့ လော်ဘီတွေကို အနားပြာ မင်းသူ တို့ကို
အသေချာ ထည့်ပြီး အာဏာ ပြန်သိမ်းခဲ့ပါတယ်..
ယခုတော့ အိုင်စီဂျေ အမိန့်ချပြီး တကယ် ကျူးလွန်သော
တရားခံကိုယ်တိုင် သမ္မတဖြစ်နေတဲ့ အချိန်ဖြစ်တဲ့ အတွက်
မကောင်းတာကို ပြုခဲ့သမျှ မင်းတို့သာ ခံပေတော့...
ဒေါ်အောင်ဆန်း စုကြည် အစိုးရကျဆုံးအောင်
အစိုးရတခု ထောင်ခဲ့သော NUG လည်း ခံဖို့ အချိန်လေး
တခုတော့ လိုနေပြီး မကြာခင်ရောက်လာမည်
ဘယ်ဘက်ကလဲလို့ မေးလျင် တရားဝင် ဒေါ်အောင်ဆန်းစုကြည်
ဉီးဆောင်သော အစိုးရကို တရား မဝင်အောင်
လုပ်ခဲ့သော စစ်ကောင်စီနှင့် NUG တို့ နှစ်ဖွဲ့ သည်
သခ်ျိိုင်းကုန်းနှင့် သုဿန် ဖြစ်နေလို့
ကျနော်က မည်သည့်ဘက်မှ မလိုက်ပါ...
သမိုင်းမှာ အထူး ရှင်းလင်းကြရပါမယ်
NUG နှင့် စစ်ကောင်စီ နှစ်ဖက်လုံး သူခိုးများသာ ဖြစ်သည်
ပြည်သူများ ဆင်းရဲ့ချိန်တွင် ချမ်းသာကြီးပွားသူများဖြစ်ကြသည်...
ဂိုလ်ရှယ်လေး
ယခုပုံသည် လွန်ခဲ့သော ၃ နာရီက ရုံးက ပြန်လာချိန်က ပုံ ဖြစ်သည်
Nov 27,2026>>>https://www.facebook.com/photo?fbid=1505113161722739&set=a.240867374813997


0 Comments