About Me

header ads

Hitties ​တွေအ​ကြောင်း

■ Hitties ​တွေအ​ကြောင်း ​မြေပုံ​ပေါ်တင်ရင်းနဲ့ တဆက်စပ်တည်း မက်ဆို​ပို​တေးမီးယား ( ယ​နေ့ အီရတ် ) နှင့် Levant ​ဒေသက ခရစ်မတိုင်ခင် မြို့ပြနိုင်ငံ​တွေနှင့် အင်ပါယာ​တွေကို ​မြေပုံ​ပေါ် တင်ခဲ့မိဖူးတယ်။ ပုံ​တွေက အ​​ချောမသတ်ထားတဲ့ ဆွဲလက်စ​တွေပါ။ လွန်ခဲ့တဲ့ ၃ နှစ်​​​လောက်က ဆို​​​တော့ သိပ်မကြာ​သေး​ပေမယ့် BC ၂ ​ထောင်စုအတွက် ​မြေပုံဖိုင်တွေကို ပြန်ဖွင့်​တော့ မမှတ်မိ​တော့ဘူး။ ဆွဲတုန်းက​တော့ အ​​သေအချာ​ပေမယ့် တချို့မြို့နာမည်​တွေ​တောင် ပြန် Recall ​ခေါ်လို့မရ​တော့ဘူး။ အခု ပြန်ဖြည့်မယ်ဆို​တော့ အစကပြန်ဖတ်ရ​တော့မည်။

ဤအရပ်​ဒေသက ယဥ်​ကျေးမှုကြီး​တွေ ၊ မြို့ပြနိုင်ငံ အင်ပါယာ​တွေ ​စောသလားဆို​တော့ ​စောလွန်းလို့ ဟိုဘက်ကမ်း​တောင်လွန်​ပါ၏။ တွဲလျက်ပုံမှာ တခြမ်းက ဘီစီ ၁၄၅၀ ၊ တခြမ်းက ဘီစီ ၁၈၀၀ ဆို​တော့ လွန်ခဲ့​သော နှစ် ၃၅၀၀ ​လောက်က​တွေပါ။ အဲ့တုန်းကတည်းက တချို့​သော မြို့ကြီး​တွေဟာ နှစ်​ထောင်​ပေါင်းများစွာ သက်တမ်းရှိ​နေပြီးပြီ။ မင်းဆက်​​တွေ ပျက်ခဲ့ပြီးပြီ။ မြို့​တော်ကြီး​တွေ သုန်းပြီးပြီ။ ဒုတိယ၊ တတိယအကြိမ်​တွေ ပြန်တည်ထားရပြီ။

■ ပုံထဲကထက် နှစ် ၁၅၀၀ လောက် ထပ်​၍ ​ရှေးကျသည့် ၃၁၀၀ ဘီစီခန့်က ထိုအရပ် Uruk မြို့ပြနိုင်ငံမှာ ​နေထိုင်ခဲ့သည့် ကူရှင်း ဟူ​သော ပုဂ္ဂိုလ်သည် ယ​နေ့ရှာ​တွေ့ရသမျှ ကမ္ဘာ့သမိုင်းမှာ ​ရှေးအကျဆုံး အမည်ကျန်ခဲ့သူဖြစ်၏။ ၄င်း၏ အမည်ကို ​ရှေးဦး​ Cuneiform စာဖြင့် ​ရေးထား​​သော ရွံ​စေးပြား​ပေါ်တွင် ​တွေ့ရတယ်။ ​ရွံ့ပြား​ပေါ်တွင် မု​ယောစပါး ပမာဏကို ခွဲ​ဝေ​ပေးသည်ကို ဤပုဂ္ဂိုလ်က ပုံ/ ကူရှင်းဟု အပိတ်​ရေးထားရာ စာရင်းကိုင် သို့မဟုတ် ယ​နေ့အ​ခေါ် Accountant အလုပ်လုပ်ရ​သော တာဝန်ခံဖြစ်​ပေမယ်။

လွန်ခဲ့​သော နှစ် ၅၀၀၀ ​နှစ် ၄၀၀၀ ကာလ​တွေဆို​တော့ အင်ဒိုအာရိယန်​တွေပင် အိန္ဒိယတိုက်ငယ်ထဲ မဝင်​ရောက်လာကြ​သေးပါ။ ပျူနှင့် မြမ္မာဖြစ်လာမည့် ဘိုးဘွား​တွေလည်း ယ​​နေ့ တရုတ်ပြည်အ​နောက်ပိုင်းမှာသာ ရှိကြအုံးမည်။ အိန္ဒုမြစ်ဝှမ်းတွင်​တော့ အလွန့်အလွန်​​စော၍ Near East နှင့်​ခေတ်ပြိုင် ​Harap​pan မြို့ပြယဥ်​ကျေးမှုကြီးရှိခဲ့တယ်။ ဧရာဝတီမြစ်ဝှမ်းတွင်လည်း ​ညောင်ကန်​​ဒေသမှာ တူး​ဖော်ရရှိသလို ကြေး​ခေတ် ရှိခဲ့​သေးတယ်။ ပူအိုက်​​​​ခြောက်​သွေ့​​သော ရပ်ဝန်း​တွေချည်းကိုး။ ​ရေအရင်းအမြစ်​ပေးနိုင်သည့် မြစ်ကြီးလည်းရှိတယ်။

■ သို့​သော် မြို့ပြနိုင်ငံတည်​ထောင်နိုင်ပြီဟု​တော့ ​ပြောလို့မရ။ ​​ရာဇဝင်ပါ ဒဏ္ဍာရီ​တွေကို ဘီစီ ဘယ်နှ​ထောင်ဆိုပြီး အတည်ပြုလိုလျှင် မက်ဆိုပို​တေးမီးယား ( အီရတ် ) , Levant နှင့် အီဂျစ်တို့မှာလို လက်ညှိုးထိုးမလွဲ အ​ဆောက်အအုံ ထုထည်ကြီး​တွေ အနှံ့အပြား ကျန်ရစ်ခဲ့ရမယ်။

ပုံထဲမြင်ရမယ့် မြေထဲပင်လယ်ကမ်းရိုးတန်း​ပေါ်က Ugarit မြို့ပြနိုင်ငံက ယ​နေ့​ခေတ် စင်ကာပူလိုပဲ မက်ထရိုပိုလီတန် ကုန်သွယ်​ရေးဗဟိုချက်မပါ။ ၁၁၈၅ ဘီစီ ဝန်းကျင်​ Brozne Age Collapse ​​ခေတ်ပျက်ကြီးမှာ​တော့ Sea People ဆိုသူတွေ တိုက်ခိုက်လို့ ပျက်ဆီးသွားခဲ့တယ်။

#Augustus_Linn

 https://www.facebook.com/photo/?fbid=122300412020154075&set=a.122103012782154075 

 

Post a Comment

0 Comments