တော်လှန်ရေးကာလတောက်လျောက် NUG ဆိုတဲ့နာမည် ဖြစ်ပေါ်မလာသေးခင်ကရော၊ NUG ပေါ်ပေါက်လာပြီးကတည်းကရော ဒီနေ့အထိ NUG ကို မထောက်ခံခဲ့တဲ့နေ့၊ ဆန့်ကျင်ခဲ့တဲ့နေ့ဆိုတာ တစ်ရက်မှကို မရှိခဲ့ဘူး။
ဘောမတွေ သဒ်ခွေးတွေကတောင် NUG လော်ဘီမလို့ သတ်မှတ်ထားကြတာ။ အောင်မယ်… စစ်တပ်က နိုင်ငံသားပယ်ဖျက်တုန်းက NUG လူကြီးများနဲ့ အိုင့်ကို တစ်ရက်တည်း ပယ်ဖျက်ခဲ့တာ။ နင့်ကိုလည်း NUGကလူတွေလိုပဲ အသေရရ အရှင်ရရဆိုတာမျိုး။
NUG ကို ပါးစပ်နဲ့ ထောက်ခံတာ မဟုတ်ဘူးနော်။ NUG က ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း၊ ငွေတိုက်စာချုပ်ဆို အမေရိကန်တလွှား ပြဲပြဲစင်အောင် ပတ်ရောင်းပြီး ငွေပို့ခဲ့တာ ဒေါ်လာသန်းဂဏန်း။ ပရော့ဂျက်တွေလုပ် NUG ဆီပို့ခဲ့တာ ဒေါ်လာသန်းဂဏန်း။
အရင်ကရော အခုအချိန်ထိရော NUG Hater တွေ၊ ဘောမပေါင်းစုံတွေနဲ့ ထမိန်စွန်တောင်စွဲ ရန်ဖြစ်ရတဲ့ ပွဲပေါင်းများစွာ ကိုယ့်ဖာသာတောင် မမှတ်ထားနိုင်တော့ဘူး။ စစ်တပ်ကဆို သတင်းစာမှာတောင် အိုင့်ကို ပုံဆိုးပန်းဆိုး ကာတွန်းဆွဲပြီး NUG ကလူတွေကို ကာကွယ်လို့ဆိုပြီး ပေးစားတဲ့အထိ။
ပန်ဆယ်လို NUG ကို ထောက်ခံလား မထောက်ခံလားဆိုတာ အထွေအထူး ပြောပြနေစရာတောင် မရှိ။ ဘာပဲဖြစ်ဖြစ် တော်လှန်ရေးတပ်ဦးဆိုတော့ ကိုယ်တွေက တပ်ဦးကို ကာကွယ်ရင်ကာကွယ်၊ မကာကွယ်ရင်တောင် မထိပါးခဲ့ဘူး။
အခုရင်ဆိုင်နေရတဲ့ ဒီဘက်က စောက်ပေါအုပ်စုနဲ့ တွေ့မှ အိုင်က NUG ကို ဝင်ရောက်စီးနင်းမယ့် တော်လှန်ရေးအဖျက်သမားကြီး ဖြစ်ရပုံများဆိုတာ။
“NUG ကို စီးနင်းကြလိမ့်မယ်” ဆိုတဲ့ ရဲရဲတောက် မြွက်ကြားသံကြီးကြား ကြက်သီးတွေတောင် ထတယ်။
စောက်ပေါရယ်… ငါသေးပေါက်ချင်လို့။
ခိခိ

0 Comments