ရှမ်းမြောက်ပြသနာကို နိုင်ငံရေးအရ ထောက်ပြခြင်း..
MNDAA ရဲ့ နိုင်ငံရေးအမှားများ..
ယခုလက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေထဲမှာ
MNDAA ရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေဟာ
ပြည်ထောင်စုမြန်မာနိုင်ငံအတွက် အန္တရယ်အရှိဆုံးလုပ်ဆောင်ချက်ဖြစ်နေပါတယ်…
နိုင်ငံတော်အချုပ်အခြာအာဏာ၊
နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့
နိုင်ငံခြားဩဇာလွှမ်းမိုးမှု ဆိုတဲ့ အရေးကြီးတဲ့
မဟာဗျူဟာပြသနာ၃ခု ပါဝင်နေပါတယ်…
MNDAA ဟာ ကိုးကန့်ဒေသ အခြေပြုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး တရူတ်ယဉ်ကျေးမှု၊ ဘာသာစကား၊ ငွေကြေးစနစ် လက်ခံကျင့်သုံး ဆက်နွယ်မှု
၁၀၀% ဖြစ်ပါတယ်..
သူ့ဒေသ သူ့နေရာမှာ ကျင့်သုံးရင်တောင် ???
နိုင်ငံတော်အချုပ်အခြာအာဏာစည်းဘောင်က ကျော်လွန်နေလို့ ခွင့်ပြုမရပါ..
အခုဟာက သူ့ဒေသထက်ကျော်လွန်ပြီး
ဒေသတွင်း မျိုးနွယ်စုအာဏာလုပွဲ… ကျားဖျန့်နိုမ်နင်းရေးနဲ့
စစ်အာဏာရှင် တော်လှန်ရေးဆိုပြီး အကြောင်းပြကာ
သံလွင်မြစ်အနောက်ဘက် ကွမ်းလုံတံတားကို ကျော်လာပြီး
ရှမ်းတို့ရဲ့ သမိုင်းဝင်သိန္နီအပါအဝင် ကွတ်ခိုင် မုန်းကိုး ကချင် ရှမ်း ပလောင် ဒေသခံ
တိုင်းရင်သားနယ်မြေတွေပေါ် စစ်ရေးအနိုင်ရထားတဲ့ဒေသ
တွေမှာ …
၁။ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ အုပ်ချုပ်ရေးစနစ် တွေကို လုံးဝဖယ်ရှားခြင်း
၂။ ဒေသခံတွေရဲ့ နိုင်ငံသားဖြစ်မှုနဲ့ အခွင့်အရေးတွေကို ထိခိုက်စေခြင်း
၃။ သီးခြားအုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့စီးပွါးရေးစနစ်တွေကို ပြင်ပနိုင်ငံတစ်ခုအပေါ် မှိီခိုလာစေခြင်း
၄။ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာအပေါ် လက်တွေ့ကျကျအားနည်းစေခြင်း
၅။ ဒေသခံတိုင်းရင်းသားတို့ရဲ့ မြေပိုင်ဆိုင်မှုကို ပြင်ပနိုင်ငံသားတို့ပိုင်ဆိုင်ခွင့်ရအောင် ပြောင်းလဲတည်ဆောက်
ခြင်း စတဲ့ နိုင်ငံရေးအမှားတွေ ဆက်တိုက် ကျူးလွန်
ဆောင်ရွက်လာပါတယ်..
MNDAA ရဲ့ တရုတ်ယဉ်ကျေးမှုရှိနေခြင်းနဲ့
တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအချုပ်အခြာအာဏာကို တိုးချဲ့ခြင်းဟာ မတူပါ.. သေချာခွဲခြားဆန်းစစ်ဖို့လိုပါ့မယ်..
ဒါပေမဲ့ ၁၀၂၇ လိုစစ်ဆင်ရေးကြီးမျိုးမှာ
အောင်မြင်အောင်တိုက်ဖို့
ငွေကြေး..
လက်နက်ကြီးနဲ့ကျည် ….
အဆင့်မြင့်ဒရုန်းများ….
လူအင်အား demographic …
ထောက်ပို့စနစ်…
ဒါတွေဘယ်ကရလဲ ??? ဘယ်ကလာလဲ ????
အခုလဲ သိန္နီကို မူဘန်လို့ မိုက်မဲစွာပြောင်းသလဲ ???
သမိုင်းကြောင်းအရ တရားဝင်မှုနဲ့
စစ်ရေးအရ ထိန်းချုပ်နိုင်မှုဟာ မတူပါ…
စစ်ရေးအသာရထားမှုက နိုင်ငံရေးတရားဝင်မှု ကို
မပေးနိုင်ပါဘူး…
သူတို့ကွမ်းလုံတံတားကျော်လာတာ ၂ချက်ပဲရှိတယ်..
၁။အနာဂတ်ဖက်ဒရယ်နိုင်ငံရေးအခင်းအကျင်းမှာ
ညှိုနှိုင်းနိုင်စွမ်းတိုးမြင့်ဖို့ ကြိုးပမ်းမှုနဲ့
၂။ တရုတ်နယ်စပ်လိုင်းမှာ ဩဇာရှိတဲ့လက်နက်ကိုင်အဖွဲ့ရှိခြင်းဟာ တရုတ်ရဲ့အကျိုးစီးပွါးအတွက် ကောင်းတယ်ဆိုတဲ့ မိမိဩဇာကိုအသုံးချနိုင်တဲ့ အနေအထား Strategic Leverage မဟာဗျူဟာမြောက်ဩဇာလွှမ်းမိုးမှု ။
အဆိုးဆုံးပုံရိပ်က???
ရှမ်းစော်ဘွားအဆက်ဆက်ရဲ့ သမိုင်းဝင် သိန္နီကို
မူဘန်အဖြစ် အုပ်ချုပ်ရေးအမည်ပြောင်းလဲမှုက
သမိုင်းဆိုင်ရာ အမည်သက်သက်မဟုတ်ပဲ နိုင်ငံရေးရည်ရွယ်ချက်ဖြစ်တဲ့ သမိုင်းကိုအသုံးချပြီး နယ်မြေအုပ်ချုပ်မှုအတွက် တရားဝင်မှုကို တည်ဆောက်ခြင်း ( Historical Legitimization) လို့ပြောရမှာပါ..
MNDAA တွေလုပ်တာကြည့်ရင်
၁။ စစ်ရေးနယ်မြေထိန်းချုပ်မယ်
၂။ အုပ်ချုပ်ရေးယန္တရားဝင်မယ်
၃။ သမိုင်းဝင်အမည်နဲ့ ဘာသာစကားကို ပြောင်းမယ်
၄။ အုပ်ချုပ်ရေးကို ပုံမှန်ဖြစ်အောင် လုပ်မယ်
၅။ အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲမှာ အဲဒီနယ်မြေကို အုပ်ချုပ်ခွင့်တောင်းမယ်…
အခုအဲဒီအတိုင်း အစီအစဉ်တကျ လုပ်နေတာပါ..
MNDAA ရဲ့ သံလွင်အနောက်ဘက်နယ်မြေချဲ့ထွင်မှုလုပ်ဆောင်ချက်တွေဟာ ဒေသခံ ရှမ်ူ တအောင်းပလောင် ကချင် လူ့အဖွဲ့အစည်းတွေနဲ့ အခြားမြန်မာနိုင်ငံတွင်း နိုင်ငံရေးအင်အားစုတွေရဲ့ ဘုံအချုပ်အခြာအာဏာ ပြသနာ
အဖြစ် မြင်ဖို့လိုပါမယ်…
ဖြေရှင်းနည်း ၃ချက် …
၁။ ဒေသခံ လုထုသဘောထားပေးခြင်းနဲ့ နိုင်ငံရေးအင်အားစုများအားလုံး ကန့်ကွက်ဆန့်ကျင်ခြင်း
၂။ သံတမန်ရေးနည်းလမ်းများ ကျင့်သုံးခြင်း
၃။ နိူင်ငံရေးတိုက်ရိုက်ဆွေးနွေးခြင်း ( Direct Political Dialogue)
အနာတော့ရှိနေပြီ..
အိုင်းနာအဖြစ် မလှိုက်စားမီ အမြန်ကုသဖို့တော့ လိုပြီ..
M Kawn La
25.10.2026
( SUN)
https://www.facebook.com/photo/?fbid=2356777281756994&set=a.123325508435527


0 Comments