About Me

header ads

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၈ရက်


 ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၈ရက်

ကချင်ပြည်နယ် ဗန်းမော်တပ်နယ်အတွင်းမှာ ထိတွေ့ တို-က်ပွဲတွေ ပြင်းထန်လာခဲ့ပြန်ပါတယ်။ဗန်းမော်မြို့ရဲ့ တောင်ပိုင်းရော မြောက်ပိုင်းမှာပါ မြေပြင်တို-က်ပွဲတွေ ဖြစ်ပေါ်နေခဲ့တာပါ ။ကီယာပြောရေးဆိုခွင့်ရဘက်ကတော့ ခလရ ၄၇ နဲ့ နမ့်ဖားအင်း တဝိုက်မှာ တို-က်ပွဲတွေ နေ့စဉ်ရှိနေတယ်လို့ဆိုပါတယ် ။ စ-စ်လော်ဘီတွေဘက်မှာလဲ လွယ်ဂျယ်နယ်စပ်ကုန် သွယ်ရေး စခန်းဘက်မှာပါ တို-က်ပွဲရှိသယောင် လုပ်ကြံ ဝါ ဒဖြန့်လာခဲ့တာကို တွေ့ရပါတယ် ။ မံစီ နဲ့ မိုးမောက်ဘက်ကို စ-စ်ကြောင်းတွေ တ-ပ်ဖြန့် နိုင်ဖို့ ကြိုးစားနေပေမယ့် သမိုင်း ဝင် စိန်လုံဗျူဟာစခန်းကုန်းကိုတောင် ပြန်လည်ခြေကုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။နောက်ဆုံးအခြေအနေ အ ရ ဗန်းမော်မြို့နဲ့ ၃ မိုင် ဝန်းကျင်အကွာ နမ့်ဖနောင်းကျေး ရွာအထိ တ-ပ်မ ၈၈ လက်အောက်ခံ စ-စ်ကြောင်းတွေ ရောက်ရှိလာပြီး ကေဘီစီ ဘုရားကျောင်းတစ်ခုကို -မီး-ရှို့ဖျက်ဆီး နေခဲ့တာကို တွေ့ရပါတယ် ။

မန္တလေးတ-ပ်နယ်အတွင်းက ရာနဲ့ချီတဲ့ စ-စ်ယာဉ်တန်းတွေမှာ အင်အားအများအပြား ပါဝင်ခြင်းမရှိဘဲ ယာဉ်ပေါ်လိုက် အစောင့်အရှောက်မျှသာ ပါရှိခြင်းဖြစ်ပါတယ် ။ ရိက္ခာ နဲ့ ခဲ-ယ-မ်းများ ဖြည့်တင်းခြင်းဖြစ်ပြီး အပြန်လမ်းကြောင်းမှာတော့ ဖားကန့် က ကျောက်စိမ်းတွေ ပြန်လည်တင်ဆောင်လာကြပါလိမ့်မယ်။စ-စ်လော်ဘီတွေကတော့ လိုင်ဇာ တံခါးဝ ဆီသို့ လိုလို ၊ ဗန်းမော် မြစ်ကြီးနားလမ်းကြောင်း ထိုးစ-စ် လိုလို ပုံဖော် ဝါဒဖြန့်လာနေကြပါတယ်။ကချင်ပြည်နယ် အ တွင်းက စ-စ်ပွဲတွေကို နှစ်ဖက်တ-ပ်တွေက အကန့်အသ-တ် နဲ့ သာ ပုံဖော်နေကြခြင်း ဖြစ်ပါတယ် ။ လိုင်ဇာဌာနချု-ပ် နဲ့ မြေရှားသတ္ထုတွင်း လုပ်ကွက်နေရာတွေကို စ-စ်တ-ပ်ဟာ လေကြောင်းတို-က်ခို-က်မှု ပြုလုပ်ဝံ့ခြင်း မရှိတာကြောင့် ဖြစ်ပါတယ် ။ဗန်းမော် မြစ်ကြီးနား လမ်းကြောင်း မဆိုထားနဲ့ ဝိုင်းမော်အထွက် ရွှေညောင်ပင်ဘက်ကိုတောင် စ-စ်ကြောင်း ထိုးလို့မရပါဘူး။သို့သော် ကီယာထိန်းချု-ပ်ထားတဲ့ ကန်ပိုက်တီးကုန်သွယ်ရေးစခန်းကနေ ဝင်လာတဲ့ တရုတ်ပို့ကုန်တွေကိုတော့ စ-စ်အစိုးရဟာ မြစ်ကြီးနားကနေ တရား ဝင် အခွန်ကောက်ခံနေပြီ ဖြစ်ပါတယ် ။ ထိုနည်းအတူ မြန်မာပြည်ဘက်က ပို့ကုန်တွေဟာလဲ အဆိုပါလမ်းကြောင်းကနေ ယူနန်ပြည်နယ်သို့ ဝင်ရောက်လျက် ရှိနေမြဲ ဖြစ်ပါတယ် ။ ဘောလုံး စကား နဲ့ ပြောရရင် နှစ်ဖက်အသင်းတွေ သရေရ လဒ်ဖြစ်နေပြီး လောင်းကြေးရှုံးကာ ဒိုင်က အကောက်စားတဲ့ အနေအထားမျိုး ဖြစ်နေပါတယ် ။လောင်းကြေး အ တွက် နှစ်ဖက်သော လော်ဘီတွေက -သွေး-ဆောင်နေကြပြီး ဒိုင်က မည်သူ ဖြစ်မည်ဆိုတာတော့ နားလည်နေကြလောက်ပြီ ထင်ပါတယ် ။ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာလဲ စ-စ်ရေးတစ်ဖန် တင်းမာလာသယောင် ရှိခဲ့ပေမယ့် ရှမ်းနီတ-ပ်တွေ နေပူတော် ဒုတိယ ခရီးစဉ် အပြန်မှာတော့ ခေတ္တ ငြိမ်သ-က် သွားခဲ့ပြန်ပါတယ် ။ ဖားကန့်နယ် တဝိုက်ဟာလဲ မိုးအကုန်ကာလကိုရောက်ရင် တို-က်ပွဲသံတွေ ရပ်စဲလေ့ ရှိတာကတော့ သဘာဝပဲ ဖြစ်ပါတယ်။စ-စ်လော်ဘီတွေဘက် ကတော့ တ-ပ်မဟာ ၉ ရင်း ၆ နယ်မြေမှာ တ-ပ်တွင်း ပြဿ နာ တက်ခဲ့တယ်လို့ ဝါဒဖြန့် လာကြပါတယ်။ရင်း ၆ ဆိုတာ ကီယာတို့ရဲ့ တ-ပ်တွေထဲမှာ စည်းကမ်း အကောင်းဆုံး နဲ့ အမာကြောဆုံး တ-ပ်ရင်းတစ်ခုဖြစ်ပြီး ဗို-လ်ချု-ပ်ကြီး ဂွမ်မော် တ-ပ်ရေးဗို-လ်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ တ-ပ်လဲ ဖြစ်ပါတယ် ။တ-ပ်မဟာ ၉ ဟာ လုံးခင်းအထက် ကံစီးမှာ အခြေချခဲ့ပြီး ယခုအခါမှာတော့ အနန့်ပါ မြောက်ဘက်သို့ ပြောင်းရွှေ့ထားခဲ့ပြီး ဖြစ်ပါတယ် ။ ရင်း ၆ ဟာလဲ တ-ပ်မဟာ ၉ ရဲ့ အရှေ့ဘက်မှာ ကပ်လျက် တည်ရှိနေပါတယ် ။ အဆိုပါတ-ပ်ရင်းဟာလဲ လုံးခင်း ရဲ့ မြောက်ဘက် ၉ မိုင် အ ကွာ ကံဆီး ဆိုင်းရာဘက်ကနေ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၀ ၂၀၁၁ ဝန်းကျင် အပ-စ်ရပ် ငြိမ်းချမ်းရေးကာလမှာ ကံစီး အောင်ဘာလေ ကြိုးတံတားကို ကီယာတို့ ဘက်က တည်ဆောက်လာခဲ့ပါတယ်။ရင်း ၆ အတွက် ဝင် လမ်း ထွက်လမ်းဖြစ်ပြီး တ-ပ်ဧရိယာရဲ့ ဗဟိုတည့်တည့်ကနေ ကံစီး ဟော်နန်း အောင်ဘာလေသို့ ယာဉ်ငယ်များ သွား လာလို့ရတဲ့ တံတားငယ်လေးဖြစ်ပြီး ယနေ့အထိ အများပြည်သူ အသုံးပြုနေကြဆဲ ဖြစ်ပါတယ် ။ ရင်း ၆ ဟာ တစ်ချိန်က တနိုင်း အခြေစိုက် တ-ပ်မဟာ ၂ ရဲ့ လက်အောက်ခံ ဖြစ်ခဲ့ ဖူးပါတယ် ။ တ-ပ်မဟာ ၂ သည်လဲ အောင်လွတ်မှာ အခြေစိုက်ခဲ့ပြီး ၂၀၁၇ ဝန်းကျင်မှာ တ-ပ်မ ၁၀၁ နဲ့ စကခ ၃ ရဲ့ လက်အောက်ခံတပ်တွေက တို-က်ခို-က်ခဲ့တာကြောင့် လွတ်အောင်နယ်မြေသို့ ပြောင်းရွှေ့ ထားခဲ့ရတာ ဖြစ်ပါတယ် ။ အောင်လွတ် နယ်မြေဟာ တနိုင်းမြို့ အရှေ့ဘက် အောင်စိုးမိုးကနေ ဖြတ်ပြီးသွားကြရတာပါ။ယခုပြောတဲ့လွတ်အောင်ဆိုတာကတော့ တနိုင်း ရဲ့ တောင်ဘက် တိန်ကောက်မှတဆင့် မဂျီဘွမ် ရင်း ၄၃ နေရာကိုဖြတ်ပြီး တနိုင်းချောင်းကို ကြိုးတံတား နဲ့ ဖြတ်သန်းသွားလာရခြင်း ဖြစ်ပါတယ် ။မပခ (မြောက်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) နယ်မြေ အ တွင်းမှာတော့ ရဲမာန်အောင် စ-စ်ဆင်ရေးအမည် နဲ့ ခေါ်ဝေါ်သုံးစွဲနေခြင်း ဖြစ်ပါတယ် ။
အနှစ်ချု-ပ်ရရင် မြေရှားလုပ်ငန်းကို သာမန် စီးပွားရေးလုပ် ငန်းရှင်တွေ မလုပ်ကိုင်နိုင်ကြဘဲ တရုတ် အစိုးရကျော ထောက်နောက်ခံ ရှိသူများသာ လုပ်ကိုင်ကြတာမျိုးဘဲ ဖြစ်ပါတယ် ။ ခေါင်လန်ဖူးဒေသ နယ်စပ်မှတ်တိုင် ၃၀ အနီး မှာ မပခ ရဲ့ စ-စ်ဗျူဟာတစ်ခုကို ကီယာ နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ဗျူဟာမှူး ဖြစ်သူအပြင်းအထန် ဒ-ဏ်ရာရရှိခဲ့တာကြောင့် ရဟတ်ယာဉ် နဲ့ လူနာပြန်ကောက်သွားရပြီး G1 စ-စ်ဦးစီးမှူး (ပထမတန်း) (စ-စ်ဆင်ရေး) ကို ခေတ္တစ-စ်ဗျူဟာမှူးအဖြစ် ပို့ဆောင်ထားရခြင်း ဖြစ်ပါတယ်။ ဒဏ် ရာ အပြင်းအထန် ရရှိသွားသူမှာ ပူတာအို အခြေချ စ-စ်ဗျူဟာမှူး ကာနယ် နေမျိုးဟိန်း မဟုတ်ဘဲ မပခ လက် အောက်ခံ စ-စ်ဗျူဟာမှူး ၃ဦး အနက်တစ်ဦးသာ ဖြစ်ပါတယ် ။စ-စ်တ-ပ် ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း ကမ်းလှမ်းချက်ကိုတော့ ကီယာ ပြန်ကြားရေးတာဝန်ခံ ဗို-လ်မှူးကြီး နော်ဘူ ကတော့ " နေပူတော် မှာ မတွေ့ဘူး " လို့ အကြောင်း ပြန်ထားတယ်လို့ သိရတယ်လို့ ဆိုလာပါတယ် ။ စ-စ်အစိုးရ နဲ့ မတွေ့ဘူးလို့ အဓိပ္ပါယ်မရဘဲ နေပူတော် ဆိုတဲ့နေရာမှာ မတွေ့ဘဲ တရုတ်နိုင်ငံဘက်ခြမ်းမှာသာ တွေ့ဆုံနိုင်မယ်လို့ ခပ်တင်းတင်း တုန့်ပြန်ခဲ့ခြင်းမျိုး ဖြစ်ပါတယ် ။

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းမှာလဲ ထိတွေ့ တို-က်ပွဲတွေ ပြင်းထန်နေဆဲ ရှိပါသေးတယ် ။မိုးမိတ်မြို့ကနေ ထွက်ခွာလာတဲ့ စကခ ၁ လက်အောက်ခံတ-ပ်တွေကတော့ မြို့နဲ့ ၁၁ ကီလိုမီတာ (၇ မိုင်) အကွာ ဥကင်းတောင်တဝိုက်မှာ ရောက်ရှိရပ်တန့်လျက်ရှိပြီး တွင်းငယ်ကနေ ထွက်ခွာလာတဲ့ နပတ (နေပူတော်တိုင်းစ-စ်ဌာနချု-ပ်) ရဲ့ စစ်ဗျူဟာ တစ်ခုကတော့ ဆင်တဲကုန်းတဝိုက်မှာ အခြေပြုလျက်ရှိနေခဲ့ပါတယ်။အဆိုပါနယ်မြေအတွင်းမှာ မန္တလေးသားတွေပါ တို-က်ပွဲ ဖော်ဆောင်နေကြတာဖြစ်ပြီး သစ်ဆိမ့်ကုန်း စခန်းကို ပြန်လည်သိမ်းပိုက်ရရှိထားခဲ့တာကို တွေ့ရပါတယ် ။မိုးမိတ်မြို့အနီး ၂မိုင် အကွာဝန်းကျင်မှာရှိတဲ့ ညောင်နီ ရွှေမြင်တင် စ-စ်အခြေစိုက်စခန်း ကို ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေက စတင် တို-က်ခို-က်ခဲ့တာကြောင့် တို-က်ပွဲတွေ ဖြစ်ပေါ်လာခဲ့ ရပါတယ် ။ မိုးမိတ်မြို့ကို ရွှေမြင်တင် အ ထက်ညောင်နီ အောက်ညောင်နီ အလယ်ရွာ သရက်ချို စဉ့်ကင် အုန်းကြော ရွှေဇာလီ စတဲ့ ‌ကျေးရွာတွေမှာ ခြေကုပ်စ ခန်းတွေ အခိုင်အမာရယူပြီး မြို့ကို ခံစ-စ်ဆင်ထားတာဖြစ်ပါတယ် ။ အဆိုပါ နယ်မြေတွေဟာ မိုးမိတ် နဲ့ မဘိမ်းကြား မှာရှိပြီး ယူတီအမ် စ-စ်သုံးမြေပုံတွေ နဲ့ စေ့စေ့ငုငု မကြာခ ဏ တင်ပြခဲ့ဖူးပြီး ဖြစ်ပါတယ် ။မြစ်ဆုံတံတားဟာ မြို့ရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပြီး အရှေ့မြောက် မိုးလိုဘက်ကို သွားမယ်ဆိုရင်တော့ ရေပုံး တုံးကြီး စတဲ့ ပလောင်ကျေးရွာတွေ ရှိသလို မန်ယွန်း မန်ပိန်း စတဲ့ ကချင်ရွာတွေ ရှိပြီး ခတ်ချယ်ရွာကတော့ လီဆူးရွာ ဖြစ်ပါတယ်။ ခတ်ချယ်ကျေးရွာကို မိုးကုတ်ဒေသခံတွေ အများဆုံးလာရောက်လေ့ရှိကြတာကတော့ ဖရဲအူကျောက် အမျိုးအစားကောင်း တွေ ထွက်ရှိလို့ဘဲ ဖြစ်ပါတယ် ။မိုးမိတ်မြို့ရဲအနောက်ဘက် ၁၃ ကီလိုမီတာ (၈ မိုင် ) ဝန်းကျင် အကွာမှာတော့ မကျီးပင်ကျေးရွာတည်ရှိပြီး မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ နဲ့ ဆက်သွယ်ထားတဲ့ လမ်းမကြီး ဖြစ်ပါတယ် ။ တွင်းငယ်ဘက်ကနေ သွားမယ်ဆိုရင် ကျောက်ဖြူ တောင်လယ် သစ်ခွဲပင် အောင်မြေ ကျောက်မော သစ်ဆိမ့်ကုန်း ပေကုန်း ကင်းချောင်း နဘူး ဆင်တဲကုန်း ဆာဒေ ဘော်ဒေ မိုးဟောက် ဆိုပြီး အစဉ်လိုက် တည်ရှိနေပါတယ်။ သစ် ဆိမ့်ကုန်းကျေးရွာကို ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေက ထိန်းချု-ပ်ထားပြီး ဖြစ်တာကြောင့် ဆင်တဲကုန်းမှာ ရောက်နေတဲ့ စ-စ်ဗျူဟာသည် ဖြတ်တောက်ခံလိုက်ရပြီပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ တုန်းကလဲ တကောင်းမြို့ ပေါ်တော်မူ ဘုရားအရှေ့ဘက်မှာရှိတဲ့ ‌ဒေါမကြီး လက်ပံကုန်း နဲ့ ကျွန်းတော ရွာမတဝိုက်မှာ အင်အား ၂၀၀ ဝန်းကျင် ရှိတဲ့ တော်-လှ-န်ရေးတ-ပ်တွေ နဲ့ အကြ-မ်းဖ-က်စ-စ်ကြောင်းတွေ ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ စ-စ်ထောက်လှမ်းရေးတွေက အစီရင်ခံနေတာကို တွေ့ရပါတယ် ။ ထိတွေ့ဖြစ်စဉ် ရဲ့ အပေါင်းအနှုတ်ကို မသိရသေးပေမယ့် ၎င်းနေ့ တစ်ရက်တည်းမှာဘဲ ဝဲပေါင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ် ။ဝဲပေါင်းကျေးရွာဟာ ရွှေလီမြစ်ဆုံ တံ တား နဲ့ ဒေသဆက်သွယ်ရေး‌လမ်းကြောင်းရှိပြီး ကျောက်မော ရွာ ရဲ့ တောင်ဘက် ၁၆ ကီလိုမီတာ (‌၁၀ မိုင်) ဝန်းကျင် အကွာအဝေး မှာ တည်ရှိပါတယ် ။ ၎င်းကျေးရွာတဝိုက်မှာ ရှိတဲ့ ရွှေလုပ်ကွက်တွေ အတွင်းမှာ ဒေသခံတော်-လှ-န်‌ရေးတ-ပ်တွေ အခိုင်အမာ ခြေကုပ်ရရှိထားတယ်ဆိုတဲ့ ထောက် လှမ်းရေးသတင်းကြောင့် တတက ၁၃ (တမာတောတန်းမြင့်လေ့ကျင့်ရေးကျောင်း) က အင်အားစိစ-စ်ဆဲ စ-စ်ကြောင်းတစ်ခုဟာလဲ ကျောက်မော ရွာ မှ တဆင့် ဝဲပေါင်းကျေးရွာဘက်သို့ ဦးတည်ရွေ့လျားနေတာ ရှိခဲ့ပါတယ် ။ဝဲပေါင်း ဆင်တဲကုန်း နဲ့ မြစ်ဆုံ တစ်ဝိုက်မှာ ဒေသခံတော်-လှ-န်ရေးတ-ပ်တွေ ဟာ အင်အား ၅၀၀ ဝန်းကျင် အထက် မှာ ရှိနေတယ်လို့ စ-စ်ထောက်လှမ်းရေး တွေ သုံးသပ်နေကြတဲ့ အခြေအ နေပဲ ဖြစ်ပါတယ် ။

မိုးမိတ်မြို့နယ် အတွင်းက လီဆူးတ-ပ်ဖွဲ့ဝင် ၅၁ ဦးဟာ လ-က်န-က်င-ယ်ကိုယ်စီနဲ့ အတူ အောက်တို ဘာလ ၁၁ ရက်နေ့ မှာ ကျောက်မဲတ-ပ်နယ်မှူးထံသို့ အမှောင်ဝင်ပူးပေါင်းသွားခဲ့ပါတယ် ။ အဆိုပါ ဂူစီး ဦးစီးတဲ့ အဖွဲ့ ၁၀၂၇ စ-စ်ဆင်ရေး ဒုတိယလှိုင်း မှာ တအာန်းတ-ပ်များထံသို့ ပူးပေါင်းလာကြသူများ ဖြစ်ပြီး မိုးကုတ် ပျူသူ့စ-စ် အဖြစ် ပြောင်းလဲတော့မှာ ဖြစ်ပါတယ် ။တအာန်းတ-ပ် တ-ပ်မဟာ ၃ နယ်မြေ ခချယ်စခန်းမှ တ-ပ်မဟာ ၇ နမ့်စန်သို့ ပြောင်းရွှေ့စဉ် ဘက်ပြောင်းသွားခြင်း ဖြစ်ပါတယ် ။ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်း နယ်မြေများမှာလဲ ခြေကုပ်စခန်းအားလုံး တ-ပ်လှန့်ထားတယ် လို့ သိရှိရပါတယ် ။ရှမ်းပြည်နယ်မြောက်ပိုင်း တအာန်းတ-ပ်တွေ လက်ထဲ ကျရောက်ခဲ့ရတဲ့ ကျောက်မဲ နဲ့ သီပေါမြို့တွေကိုတော့ စ-စ်အု-ပ်ချု-ပ်ရေးကနေ ပယ် ဖျက်လိုက် ပြီ ဖြစ်ပါတယ် ။ ကိုးကန့်တ-ပ်ဘက်ကလဲ ၎င်းတို့ ထိန်းချု-ပ်နယ်မြေများမှာ မြေယာလက်မှတ် (ဂရမ်) လျှောက်ထားခြင်း နဲ့ ထုတ်ယူခြင်းဆိုင်ရာ လုပ်ထုံးလုပ် နည်း တွေ ပြဌာန်းလာခဲ့ပါတယ် ။အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျောက်မဲ သီပေါ နဲ့ မန္တလေးတိုင်းအတွင်းက ငါန်းဇွန်မြို့နယ်များကို ရက်ပေါင်း ၉၀ မပြည့်မီ စ-စ်အု-ပ်ချု-ပ်ရေး မှ ဖယ်ရှားခဲ့ခြင်း ဖြစ်ပါတယ် ။ ရမခ (အရှေ့မြောက်တိုင်းစ-စ်ဌာနချု-ပ်) အခြေစိုက်ရာ လားရှိုးမြို့ဟာလဲ စ-စ်အု-ပ်ချု-ပ်ရေး သ-တ်မှတ်ထားရဆဲ ဖြစ်သလို နောင်ချို မြို့ပေါ်မှာလဲ ဓားမြတို-က်မှုတွေ ဆက်တို-က် ဖြစ်ပွားနေတာကို တွေ့ရပါတယ် ။ ကိုးကန့်တ-ပ် ထိန်းချု-ပ်ထားတဲ့ ချင်းရွေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းကိုတော့ ပြန်လည် ဖွင့်လှစ်လာခဲ့ပြီ ဖြစ်ပါတယ် ။

ရှမ်းပြည်နယ်တောင်ပိုင်း အယ်လ်ဖာ စ-စ်ဒေသ မိုးဗြဲမြို့ နယ် အနောက်ဘက်ခြမ်း နယ်မြေတွေကိုတော့ လေကြောင်းကနေ အပြင်းအထန် တို-က်ခို-က်နေပြန်ပြီ ဖြစ်ပါတယ် ။ စကခ ၇ ရဲ့ နည်းဗျူဟာ တစ်ခု ဟာ နန့်မယ်ခုံ မြို့သစ် ဘက်သို့ ဦးတည်ရွေ့လျားရန် ကြိုးစားလာခဲ့တာကြောင့် ကရင်နီတော်-လှ-န်ရေးတ-ပ်တွေရဲ့ တန်ပြန်တို-က်စ-စ်ကြောင့် အထိနာနေနေဆဲ ဖြစ်ပါတယ် ။

စ-စ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ် တောင်ပိုင်းမှာတော့ တ-ပ်မ ၃၃ ရဲ့ ဒုတ-ပ်မမှူး ဦးစီးတဲ့ လက်အောက်ခံစ-စ်ကြောင်းတွေဟာ မဲဇာကျေးရွာ မှ တဆင့် ဘုံချောင်း နန်းခမ်း ဂျိုးတောင် ကင်း စတဲ့ -မီး-ရထားလမ်း အတိုင်း ဝန်းသို သို့ စ-စ်ကြောင်းတစ်ကြောင်း ၊ နမ့်သဲ လမ်းဆုံ မှ တဆင့် ကျောင်းကုန်း ကျောက်တန်း ပြည်ထောင်စုလမ်းမကြီး အ တိုင်း စ-စ်ကြောင်းတစ်ကြောင်း ဖြင့် ဖြန့်ခွဲ ရွေ့လျားနေကြခြင်း ဖြစ်ပါတယ် ။ ဒေသခံတွေကတော့ ကျောင်းကုန်းလမ်းဆုံမှတဆင့် ထီးချိုင့်မြို့နယ် အတွင်းက ရွှေလုပ်ကွက်ရှိရာနယ်မြေများကို ပြန်လည်ထိန်းချု-ပ်ရန် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးနေကြပါတယ် ။အောက်တိုဘာလ ၁၇ ရက်နေ့မှာတော့ ဝန်းသိုမြို့နယ် အတွင်းက ဆင်ကုန်း ထန်းတပင်‌ ကျေးရွာများသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ ကသုံးလုံး လို့ ခေါ်တဲ့ ကောလင်း ကသာ ကန့်ဘလူ စတဲ့ နယ်မြေ နဲ့ ကီယာတို့ ရဲ့စ-စ်ကြောင်းတွေ အင်အားလျှော့ချထားပြီး အာရက္ခတ-ပ် ၊ ABSDF နဲ့ ‌ဒေသခံတော်လှန်ရေးတပ်တွေကိုသာ တွေ့ရ‌ပါတော့တယ် ။ယင်းမာပင် နဲ့ ပုလဲ မြို့နယ်အတွင်းက ဆက်သွယ်ရေးလမ်းကြောင်း တော်တော်များများကိုလဲ အ ကြ-မ်းဖ-က်စ-စ်တ-ပ်ဘက်က ပြန်လည် ထိန်းချု-ပ်နိုင်သွားခဲ့တာကို တွေ့ရပါတယ် ။ပုလဲ ဂန့်ဂေါ လမ်းပိုင်းကိုတော့ အ ပြည့်အဝ ထိန်းချု-ပ်နိုင်ခြင်း မရှိသေးဘဲ ကျော နဲ့ ရေမျက်နီတဝိုက် မှာ တော့ ဒေသခံ‌တော်-လှ-န်ရေးတ-ပ်တွေ က စိုးမိုးထားနိုင်ဆဲ ရှိနေပါသေးတယ် ။ သို့သော် ယခု မိုးတွင်းကုန် ဆုံးသွားရင်တော့ ပုလဲ ယင်းမာပင် နဲ့ ပုလဲ ဂန့်ဂေါ လမ်း ကြောင်းပေါ်မှာ ရှိတဲ့ ကျေးရွာတွေကို အတင်း အ-ဓ-မ္မ လူသစ်စုဆောင်းမယ့် အစီအမံတွေ ရှိလာခဲ့ပါပြီ ။ပြီးခဲ့တဲ့ ရက်ပိုင်းက ယင်းမာပင်မြို့နယ် လယ်ငေါက်ကျေးရွာမှာ အင်အား စိစစ်ဆဲ စ-စ်ကြောင်းတစ်ခုဟာ ယာယီခြေကုပ်ယူတ-ပ်စွဲထားပြီး တမာပင်ခွ ငါးမောင်း သရက်ကန် နှောရိုး ရွာသာယာ စတဲ့ ကျေးရွာတွေ ဘက်သို့ စ-စ်ကြောင်း လက် တံငယ်လေးတွေ တ-ပ်ဖြန့် လှုပ်ရှားပြီး နယ်မြေစိုးမိုးမှု ရယူထားတာကို တွေ့ရပါတယ် ။ ယင်းမာပင်ခရိုင် အတွင်းမှာ လွန်ခဲ့တဲ့ ၃ လ လောက်ကစလို့ အကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းတွေဟာ စိတ်တိုင်းကျ လှုပ်ရှားလာနိုင်ခဲ့တာ ဖြစ်ပြီး တိကျတဲ့ လေကြောင်းတို-က်ခို-က်မှု တွေကိုလဲ မကြာ ခဏ ပြုလုပ်လေ့ ရှိပါတယ် ။ ဒါ့အပြင် ကနီမြို့နယ် အတွင်းမှာလဲ မုံရွာ ယာကြီး ကလေးဝ လမ်းကြောင်းကြီးကိုလဲ အ
ကြ-မ်းဖ-က်တ-ပ်ဟာ အပြည့်အဝ ထိန်းချု-ပ်ထားတာကြောင့် ဒေသခံတွေ အနေနဲ့ ‌သွားလာရခက်ခဲနေတယ် လို့ သိရှိရပါတယ် ။ ယင်းမာပင် ပုလဲ ကနီ ချောင်းဦး ဒီပဲယင်း ဆားလင်းကြီး မြောင် မင်းကင်း စတဲ့ မြို့နယ် တွေဟာ နွေဦးတော်-လှ-န်ရေး အစောပိုင်း ကာလတွေမှာ စစ်တပ်ရဲ့ အာ ဏာ သက်ရောက်မှု မရှိဘူးဆိုပေမယ့် ၎င်းဒေသတွေ မှာ နယ်မြေခံတ-ပ်ရင်းတွေ အခြေစိုက်ထားခြင်း မရှိဘဲ လှုပ် ရှား စ-စ်ကြောင်းငယ်များ နဲ့ နယ်မြေခံရဲကင်းစခန်းတွေလောက်သာ ရှိနေခြင်း ဖြစ်ပါတယ် ။ ၁၀၂၇ နဲ့ ၁၁၁၁ လို စ-စ်ဆင်ရေး တွေ အားကောင်းနေစဉ် မှာ အကြ-မ်းဖ-က်တ-ပ်ဟာ ၎င်းနယ်မြေများကို လုံးဝ လက်လွှတ်ထားရခြင်းမျိုး သာ ဖြစ်ပါတယ် ။ ဗမာတစ်ပြည်လုံးကို သိမ်းမယ် ဆိုတဲ့ တပ်တော်ကြီးတစ်ခု အားကောင်းခဲ့သလို ၎င်း-တပ်တော်ကြီးကို အင်အားထောင်ချီကာ ဝိုင်းဝန်းတို-က်ခို-က်ခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်ဆိုးကြီး အလွန်နောက်ပိုင်းမှာတော့ အကြ-မ်းဖ-က်တ-ပ်ရဲ့ ၈၀၀ ကျော် စ-စ်ကြောင်းတွေ ဝင်ရောက်လာချိန်မှာတော့ အခြေအနေတွေဟာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရတော့တာကို အထင်အရှား တွေ့မြင်ကြရပြီး ဖြစ်ပါတယ် ။

မွန်ပြည်နယ် ရာမညမြေ ကျိုက်ထိုမြို့ အခြေစိုက် တ-ပ်မ ၄၄ အတွင်းကနေ ဇီးကုန်းကျေးရွာဘက်သို့ လ-က်န-က်ကြီး နဲ့ ပ-စ်ခ-တ်တို-က်ခို-က်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အောက်တို ဘာလ ၁၃ ရက်နေ့တုန်းကလဲ ငှက်ပျောတောကျေးရွာ အ တွင်းသို့ ဒရု-န်း နဲ့ -ဗုံး-ချ တို-က်ခို-က်ခဲ့တာကြောင့် ဒေသခံ အရပ်သားပြည်သူ ၃ ဦး -သေ-ဆုံးပြီး ၁ဦး ဒ-ဏ်ရာ အပြင်း အထန် ရရှိခဲ့ပါတယ် ။ ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာ လေကြောင်းကနေ -ဗုံး-ချ တို-က်ခို-က်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ဦး -သေ-ဆုံးပြီး ၈ ဦး ဒ-ဏ်ရာရရှိခဲ့ပါတယ် ။ထို့အပြင် ဘီးလင်းတ-ပ်နယ် အတွင်း မှ ခမရ ၃ က နေ လ-က် န-က်ကြီး နဲ့ ပ-စ်ခတ်တို-က်ခို-က်ခဲ့‌တာကြောင့် နေအိမ် အ ဆောက်အဦး ၁၀ လုံး ဝန်းကျင် ပျက်စီးခဲ့ရတယ်လို့ သိရှိရပါတယ် ။ မအလ နဲ့ အဖွဲ့ ထားဝယ်မြို့သို့ ရောက်ရှိနေစဉ် မြို့တွင်းမြို့ပြင် စ-စ်အင်အား အများအပြား နေရာယူထားသလို မွန် ကရင် အစပ်နယ်မြေများကို လက်ဦးမှု ရယူပြီး ဦးနှိမ်တို-က်ခို-က် ထားခြင်းမျိုး ဖြစ်ပါတယ် ။ ထားဝယ် ခရီးစဉ်အတွင်း FPV ဒရု-န်း နှစ်စီး နဲ့ တို-က်ခို-က်နိုင်ခဲ့ပေမယ့် အထိအခိုက် မရှိခဲ့ပါဘူး ။သံဖြူဇရပ်မြို့နယ် အလယ်တံခွန်တိုင် နယ်မြေအတွင်းသို့ အင်အားစိစ-စ်ဆဲ စ-စ်ကြောင်းတစ်ခု ဝင်ရောက်လာတာကြောင့် KNLA ဦးစီးတဲ့ တော်-လှ-န်ရေးတ-ပ်တွေဟာ ကြားဖြတ်တို-က်ခို-က်နေခဲ့ကြတာကို တွေ့ရပါတယ် ။ အောက်တိုဘာလ ၁၂ ရက်နေ့မှာ တောင်ဒီး အဘစ်ရွာလမ်းကြောင်းပေါ်မှာရှိတဲ့ ပုလိန်ကျေး ရွာအနီးမှာ ထိတွေ့တို-က်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်ပါတယ် ။ မုဒုံ ကျိုက်ကရော ဘက်ကနေ စ-စ်ယာဉ်တန်း ၅၀ ခန့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါယာဉ်တန်းတွေဟာ ဇီးဖြူကုန်းဗျူဟာ စခန်းသို့ ရောက်ရှိနေကြပြီ လို့ သိရှိရပါတယ် ။ မြေပြင်တို-က်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်ချေ ရှိနေတာကြောင့် အဘစ် သံဖြူဇရပ်လမ်း ၊ ကြာအင်းဆိပ်ကြီး အ လယ်တံခွန်တိုင် လမ်းကြောင်းများကို ဒေသခံပြည်သူတွေ အသုံးမပြုရဲသေးဘဲ စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ် ။ ကျုံဒိုး ကော့ကရိတ် လမ်းကြောင်း တလျှောက်မှာလဲ တ-ပ်အင် အားတွေ တိုးမြှင့်ထားသလို လ-က်န-က်ကြီး ပ-စ်ခတ်မှု ပြု လုပ်နေခဲ့တာကို တွေ့ရပါတယ် ။ယခု အောက်တိုဘာလဝက်လောက်ကစပြီး ကော့ကရိတ် အခြေစိုက် ခမရ ၅၄၅ နဲ့ ခမရ ၅၄၆ အတွင်းကနေ နောင်ထပ္ပံ ကျောက်ဖျာ ကျေးရွာ ဘက်သို့ အကြောင်းမဲ့ ပ-စ်ခတ်နေခြင်း ဖြစ်ပါတယ်။ ဟောင်သရောမြစ်ကြောင်းတလျှောက်က ကျေးရွာများမှာလဲ ကင်း‌ ထောက်လေယာဉ်တွေ ညစဉ်ပျံသန်းနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ် ။ ကျုံဒိုးမြို့နယ် လှိုင်ကွယ်ရွာမှာ အခြေ ပြုထားတဲ့ စ-စ်စခန်းတစ်ခုဟာ တောင်ကြာအင်းကျေးရွာ
ဘက်သို့ ရွေ့လျားရန် ရှိလို့ ပ-စ်ကူယူနေရခြင်းမျိုးလဲ ဖြစ်နိုင်ပါတယ် ။ထို့အပြင် ကျုံဒိုး ကော့ကရိတ်လမ်းကြောင်းပေါ်ရှိ လောင်းကိုင် ဖားကျ ကျေးရွာတွေဘက်သို့ စကခ ၁၂ နဲ့ ခလရ ၂၃၀ တို့ မှ လ-က်န-က်ကြီး နဲ့ ပ-စ်ခ-တ်တို-က်ခို-က်ခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက်-သေ-ဆုံးရတာတေ ရှိခဲ့ရပါတယ်။

ရခိုင်ပြည်နယ် စ-စ်တွေ ပေါက်တော နဲ့ ပုဏ္ဏားကျွန်း တို-က်ပွဲ အခြေအနေ တွေ ကို လဲ စိတ်ဝင်စားကြမယ် ထင်ပါတယ် ။ မင်းချောင်းတံတား တစ်ဘက်ကမ်း အမြင့်ကျွန်း ကျေးရွာ ကို အာရက္ခတ-ပ် ဘက်က အပြင်းအထန် တို-က်စ-စ်ဆင်နေပြီ ဖြစ်ပါတယ် ။ ကံ့ကော်ကျွန်း တစ်ဘက်ကမ်း ဝါဘို ကျေး ရွာကို အာရက္ခတ-ပ်ဘက်က အပြီးအပိုင် ထိန်းချု-ပ်ထားပြီး ဖြစ်ပါတယ် ။ ငပြီကျွန်း မှာတော့ ခမရ ၃၅၄ ၊ အမတ ၃၇၃ (အမြောက်တ-ပ်ရင်း) နဲ့ ဒကစ စစ်တွေ ရဲ့ ကွန်မန်ဒို စ-စ်ကြောင်း အင်အား ၁၈၀ ဝန်းကျင် ခန့်ကို အာရက္ခတ-ပ်ဘက်က လ-က်န-က်ကြီး ပ-စ်အားရယူပြီး တိုက်စစ်ဆင်နေဆဲ ဖြစ်ပါတယ် ။ အဆိုပါ စစ်-ကြောင်းတွေကို ဝိုင်းပတ်ပိတ် ဆို့ခြင်း မခံရစေရန် ရခစ ၁၇ (ရေတ-ပ်အခြေစိုက်စခန်း) မှ ပ-စ်ကူသာပေးနိုင်ပြီး စ-စ်ကူမပို့နိုင်တော့တာကြောင့် လေကြောင်းပ-စ်အား ရယူကာ ပေါက်တောမြို့နယ် ဘက်အခြမ်းသို့ တန်ပြန်တို-က်စ-စ်ဆင်နိုင်ရေး ကြိုးစားနေဆဲ ဖြစ်ပါတယ် ။ ငပြီကျွန်းတို-က်ပွဲမှာ အကြ-မ်းဖ-က်တ-ပ်ဘက်က ၅၀ ကျော် ထိခိုက်-သေ-ဆုံးခဲ့ရသလို အာရက္ခတ-ပ်ဘက်ကလဲ အဖိတ်အစင် များခဲ့ရပါတယ် ။

မကွေးတိုင်း မြိုင်မြို့နယ် အနောက်ဘက်ခြမ်း အညာဒူဘိုင်း နယ်မြေ မှာ ရောက်နေတဲ့ အင်အား ၆၀၀ ဝန်းကျင် ရှိတဲ့ စ-စ်ကြောင်း ရဲ့ စ-စ်ရေးရည်မှန်းချက်ဟာ ယခုထိ ရေနံမှော်တွေကို အပြီးအပိုင် သိမ်းပိုက်ထိန်းချု-ပ်မယ့် အနေအထားမျိုး ရှိမနေတာကို တွေ့ရပါတယ် ။ ညောင်ဦးလေဆိပ်မှာ ရှိတဲ့ လေတ-ပ်ဆွယ် တစ်ခုရဲ့ အထောက်အပံ့ကို ရယူပြီး တဲကြီးကျေးရွာ မှာ အခိုင်အမာ ခြေကုပ်ရယူကာ ကျောက်ခွက်ရေနံမှော်ကို နှောင့်ယှက် ဖျက်ဆီးနေခြင်းမျိုးသာ ဖြစ်ပါတယ် ။ စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ခြံရံလျက် သယ်ယူပို့ဆေုာင်ရေး ရ ဟတ်ယာဉ် ၂ စီး နဲ့ ရိက္ခာ ခဲ-ယ-မ်း ချပေးနေခဲ့တာကို တွေ့ရပါတယ် ။အနီးစပ်ဆုံး တွက်ဆရမယ်ဆိုရင် ယောဒေသ နဲ့ ချင်းတောင်ပိုင်း ကို တို-က်စ-စ်ဆင်နေတဲ့ စ-စ်မျက်နှာတွေ ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို မနှောင့်ယှက်နိုင်အောင် စ-စ်မြှူထားတဲ့ ‌ယောင်ပြစ-စ်ကြောင်းတစ်ခု သာ ဖြစ်နေနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ခင်ဗျာ ။

ဇင်ယော်
၂၀၂၆ အောက် ၁၈ ၀၈၃၅

Post a Comment

0 Comments