အမေရိကန်ကို ကမ္ဘာ့ထိပ်တင်ပေးနေသည့် ပြည်ပမွေး နည်းပညာဘုရင်များ
မနေ့က အောက်တိုဘာလ ၈ ရက်နေ့က အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် အမေရိကန်ရဲ့ အမြင့်ဆုံး သိပ္ပံနဲ့ နည်းပညာ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆုတွေကို ချီးမြှင့်ခဲ့တဲ့ ပွဲကြီးမှာ ထူးခြားတဲ့ အမှန်တရားကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ခင်ဗျားတို့ ပုံထဲမှာ မြင်တွေ့နေရတဲ့ စင်မြင့်ထက်က နည်းပညာ ဘုရင်ကြီး ၆ ယောက်ကို သေချာ ကြည့်လိုက်ကြပါဦး။
အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ ကာကွယ်ရေးကို ကျားကန်ပေးနေတဲ့ ဒီ ပါရမီရှင်ကြီး ၆ ယောက်ထဲကမှ ၅ ယောက်တိတိဟာ အမေရိကန်မြေပေါ်မှာ မွေးဖွားခဲ့ကြသူတွေ လုံးဝ မဟုတ်ပါဘူး။ အမေရိကန် ဇာတိအစစ်ဆိုလို့ Michael Dell တစ်ဦးတည်းသာ ပါဝင်ပြီး ကျန်တဲ့ ၅ ယောက်စလုံးဟာ ပြည်ပကနေ အမေရိကန်မြေဆီ ရွှေ့ပြောင်းအခြေချလာကြတဲ့ နိုင်ငံခြားသား အင်မီဂရန့် (Immigrants) တွေချည်း ဖြစ်နေတာပါ။
အမေရိကန်ကို AI နဲ့ စူပါပါဝါ နယ်ပယ်မှာ ဦးဆောင်ခွင့် ရစေခဲ့တဲ့ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ သမိုင်းကြောင်းကို လှန်ကြည့်ရင်၊
1.Elon Musk (အီလွန်မတ်စ်) SpaceX & Tesla
မွေးရပ်ဇာတိ၊ တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့။
အမေရိကန် ရောက်ရှိပုံ၊ တောင်အာဖရိကကနေ ကနေဒါကို အရင်သွားပြီးမှ ၁၉၉၂ ခုနှစ်မှာ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် (UPenn) မှာ ပညာသင်ဖို့ အမေရိကန်ကို တရားဝင် ကျောင်းသားဗီဇာနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
2.Jensen Huang (ဂျန်ဆန် ဟွမ်) NVIDIA
မွေးရပ်ဇာတိ၊ ထိုင်ဝမ်နိုင်ငံ၊ ထိုင်နန်မြို့။
အမေရိကန် ရောက်ရှိပုံ၊ ၁၉၇၃ ခုနှစ်၊ အသက် ၉ နှစ်သားအရွယ်မှာ မိဘတွေက ထိုင်ဝမ်ကနေ အမေရိကန် အိုရီဂွန်ပြည်နယ်ဆီ တရားဝင် ပညာသင်ကြားဖို့ ကလေးဘဝနဲ့ ရွှေ့ပြောင်းစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
3.Lisa Su (လီဆာ ဆူး) AMD
မွေးရပ်ဇာတိ၊ ထိုင်ဝမ်နိုင်ငံ၊ ထိုင်နန်မြို့။
အမေရိကန် ရောက်ရှိပုံ၊ ၁၉၆၉ ခုနှစ်ဖွားဖြစ်ပြီး အသက် ၃ နှစ်အရွယ် ၁၉၇၂ ခုနှစ်မှာ မိဘတွေနဲ့အတူ အမေရိကန်ဆီ တရားဝင် အခြေချ ရွှေ့ပြောင်းလာခဲ့ကာ MIT တက္ကသိုလ်ကနေ ပါရဂူဘွဲ့အထိ ထူးချွန်စွာ ရယူခဲ့သူပါ။
4.Satya Nadella (ဆတ်တရာ နာဒယ်လာ) Microsoft
မွေးရပ်ဇာတိ၊ အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့။
အမေရိကန် ရောက်ရှိပုံ၊ အိန္ဒိယမှာ အင်ဂျင်နီယာဘွဲ့ ယူပြီးနောက် ၁၉၈၈ ခုနှစ်မှာ University of Wisconsin–Milwaukee မှာ မာစတာတက်ဖို့ ကျောင်းသားဗီဇာနဲ့ အမေရိကန်ကို တရားဝင် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
5.Sergey Brin (ဆာဂေး ဘရင်) Google
မွေးရပ်ဇာတိ၊ ဆိုဗီယက်ယူနီယံ (လက်ရှိ ရုရှားနိုင်ငံ၊ မော်စကိုမြို့)။
အမေရိကန် ရောက်ရှိပုံ၊ ဂျူးဆန့်ကျင်ရေး ဖိနှိပ်မှုတွေကြောင့် ၁၉၇၉ ခုနှစ်၊ အသက် ၆ နှစ်အရွယ်မှာ မိဘတွေနဲ့အတူ ဒုက္ခသည်အဖြစ် အမေရိကန်နိုင်ငံဆီ တရားဝင် ခိုလှုံပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်မှာ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုတွေ လုပ်ဆောင်နေတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လက်ရှိ ဇနီးသည် မယ်လန်နီယာ ထရမ့် (Melania Trump) ကိုယ်တိုင်ဟာလည်း အမေရိကန်မှာ မွေးဖွားခဲ့သူ မဟုတ်ပါဘူး။
သူမဟာ ဥရောပ အရှေ့ပိုင်းက ဆလိုဗေးနီးယား (Slovenia) နိုင်ငံဖွားတစ်ဦး ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ မော်ဒယ်လုပ်ကိုင်ဖို့ ဗီဇာနဲ့ အမေရိကန်ကို ရောက်လာခဲ့ပြီး၊ နောက်ပိုင်း ထူးချွန်သူများအတွက် ပေးအပ်သည့် EB-1 ဗီဇာ (Einstein Visa ဟု အလွတ်သဘောခေါ်သည့် ဗီဇာ) ဖြင့် အမြဲတမ်းနေထိုင်ခွင့်ရကာ ၂၀၀၆ ခုနှစ်ကျမှ အမေရိကန် နိုင်ငံသားအဖြစ် တရားဝင် ခံယူခဲ့သူ ဖြစ်ပါတယ်။
လက်ရှိ အမေရိကန်နိုင်ငံရေး စင်မြင့်ထက်မှာ နယ်စပ်ဖြတ်ကျော် တရားမဝင် ခိုးဝင်တာကို နိုင်ငံတော် လုံခြုံရေးအရ ဥပဒေနဲ့အညီ တားဆီးဖမ်းဆီးတာကတော့ မည်သည့်နိုင်ငံမဆို လုပ်ဆောင်ရမည့် သဘာဝကျသော လုပ်ငန်းစဉ် ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန် အစိုးရက သတ်မှတ်ထားတဲ့ တရားဥပဒေဘောင်အတွင်းကနေ ကျောင်းတက်၊ အလုပ်လုပ်၊ အခွန်ဆောင်ပြီး ဥပဒေအတိုင်း နေထိုင်နေကြတဲ့ တရားဝင် ရွှေ့ပြောင်းနေထိုင်သူတွေ (Legal Immigrants) ပါ အထိတ်တလန့် ဖြစ်လာရတဲ့ ပေါ်လစီတွေအထိ လွန်ကဲလာတာကတော့ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။
အမေရိကန်ပြည်ထောင်စုဆိုတာ မူလကတည်းက ကမ္ဘာတစ်ဝန်းက ထူးချွန်ထက်မြက်သူတွေ၊ အလုပ်ကြိုးစားသူတွေကို ဥပဒေဘောင်အတွင်းကနေ တရားဝင် လက်ခံပြီး ကမ္ဘာ့နံပါတ် (၁) စူပါပါဝါအဖြစ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
အခု စင်ပေါ်မှာ ရပ်နေကြတဲ့ Google, Microsoft, Tesla, Nvidia နဲ့ AMD တို့လို ထရီလီယံတန် ကုမ္ပဏီကြီးတွေဟာ အဲဒီ ပြည်ပက လာရောက်ခဲ့ကြတဲ့ အင်မီဂရန့်တွေရဲ့ ဦးနှောက်နဲ့ ချွေးစက်တွေကြောင့်သာ ပေါ်ထွန်းလာခဲ့တာပါ။
ဥပဒေအောက်မှာ ရိုးသားစွာ နေထိုင်နေကြတဲ့သူတွေကိုပါ မလိုမုန်းထား ဖိနှိပ်လိုက်မယ်ဆိုရင် အမေရိကန်ရဲ့ အနာဂတ် တီထွင်ဆန်းသစ်နိုင်စွမ်းပါ အလိုလို ပြိုလဲသွားနိုင်ပါတယ်။
ကဲ... အိမ်ဖြူတော်က သိပ္ပံဆုရတဲ့ နည်းပညာဘီလူးကြီး ၆ ယောက်ထဲမှာ ၅ ယောက်တောင် ပြည်ပမွေး အင်မီဂရန့်တွေ ဖြစ်နေတဲ့ ဒီအရှိတရားကြီးအပေါ် ခင်ဗျားတို့ရော ဘယ်လို မြင်ကြပါသလဲ?
ခိုးဝင်တာကို ဖမ်းတာ လက်ခံနိုင်ပေမယ့်၊ တရားဝင် ဥပဒေအောက်မှာ နေထိုင်နေကြတဲ့ ရွှေ့ပြောင်းပြည်သူတွေကိုပါ ဝိုင်းရိုက်ခတ်လာတဲ့ နိုင်ငံရေးလှိုင်းတွေကြားမှာ အမေရိကန်ရဲ့ နည်းပညာခေါင်းဆောင်မှုဟာ ရှေ့လျှောက် ဘယ်လိုပုံစံ ဆက်ဖြစ်သွားမယ် ထင်ပါသလဲ?
အနာဂတ်မှာရော ဘာဖြစ်မလဲဆိုတာ ကွန်မင့်ရေးနိုင်ပါတယ်။ သင့်ရဲ့ ရင်တွင်းအမြင်နဲ့ အတွေးစလေးတွေကို အောက်က ကွန်မင့် (Comment) မှာ လွတ်လွတ်လပ်လပ် ဝင်ရောက် ဆွေးနွေး ရေးသားသွားကြပါဦးခင်ဗျာ
--------
Foreign-born technology kings making America world top
At big ceremony yesterday Oct 8 at White House where President Donald Trump himself awarded highest science and technology honor gold medals, a strange big truth emerged. Please take close look at 6 technology kings on stage you see in picture.
Among these 6 geniuses supporting America's national interest and defense, exactly 5 are absolutely not born on American soil. As real American native only Michael Dell is included and remaining 5 all are foreign immigrants who moved and settled from abroad to American soil.
Looking at history of these persons who made America lead in AI and superpower field,
1.Elon Musk SpaceX & Tesla
Birthplace, Pretoria city, South Africa.
How arrived US, from South Africa first went to Canada then in 1992 arrived US officially with student visa to study at University of Pennsylvania (UPenn).
2.Jensen Huang NVIDIA
Birthplace, Tainan city, Taiwan.
How arrived US, in 1973, at age 9 parents sent from Taiwan to US Oregon state officially to study as child.
3.Lisa Su AMD
Birthplace, Tainan city, Taiwan.
How arrived US, born 1969 and at age 3 in 1972 moved and settled officially to US with parents and got doctorate outstandingly from MIT University.
4.Satya Nadella Microsoft
Birthplace, Hyderabad city, India.
How arrived US, after taking engineering degree in India in 1988 arrived US officially with student visa to do master at University of Wisconsin–Milwaukee.
5.Sergey Brin Google
Birthplace, Soviet Union (current Russia, Moscow city).
How arrived US, due to anti-Jewish repression in 1979, at age 6 with parents as refugee officially moved seeking asylum to US.
Even current wife of President Donald Trump who is implementing strict immigration in US, Melania Trump herself is not born in America.
She is from Eastern Europe Slovenia country. In 1996 arrived US with visa to work as model, later got permanent residence with EB-1 visa (informally called Einstein Visa given to outstanding persons) and in 2006 officially received as US citizen.
On current US political stage, preventing illegal sneaking crossing border according to law for national security is natural process any country must do.
But it is absolutely not should be case to go excessive to policies where even legal immigrants (Legal Immigrants) who are studying, working, paying tax and living according to law within legal framework set by US government become frightened.
United States originally built as world number (1) superpower by legally accepting within legal framework outstanding brilliant people, hard workers from around world. Now trillion companies like Google, Microsoft, Tesla, Nvidia and AMD standing on stage emerged only because of brains and sweat drops of those immigrants who came from abroad. If even those living honestly under law are hated and oppressed, America's future innovation ability can automatically collapse.
Well... what do you think about this reality where among 6 tech giants who got science award at White House, 5 are foreign-born immigrants?
While accepting catching illegal entrants, among political waves that beat around even legal immigrants living under legal law, how do you think America's technology leadership will continue going forward?
What will happen in future can write comment. Please freely enter discussing writing your inner view and thoughts in below Comment
--------
ASO

0 Comments