About Me

header ads

အပိုင်း- ၂

အပိုင်း- ၂

ချင်းလက်နက်ကိုင်တွေ စုစည်းခဲ့တဲ့ CJDC ကို ချင်းလူထုက အများကြီး မျော်လင့် ခဲ့ကြတယ်။ CJDC ဟာ လက်နက်ကိုင် စုစည်းမှု ဆိုပေမယ့် လူထုအတွက် လိုအပ်နေတဲ့ အစိုးရ တစ်ရပ်ကို ဖွဲ့သင့်ကြောင်းလည်း ပြောဆိုသူတွေ ရှိခဲ့တယ်။ CJDC အဖွဲ့ဝင်တွေ စုစည်း Council လိုမျိုး ဖွဲ့သင့်ကြောင်းလည်း ပြောဆိုသံတွေ ရှိခဲ့တယ်။

ULA/AA ဥက္ကဌ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း CJDC ကို စိတ်ဝင် တစား စောင့်ကြည့်တယ်လို့ လေသံတွေလည်း ထွက်ခဲ့တယ်။ 

ဒါပေမဲ့... CJDC ဟာ လူထု ထင်သလို မျော်လင့်သလို အလုပ် မဖြစ်ခဲ့ပါဘူး။ ဘာလို့ မဖြစ်တာလဲ....။ 
- CJDC အဖွဲ့ဝင်အချို့ဟာ CJDC မှာ CNA အကြီးပိုင်းမှာ ပါတာကို မနှစ်ကြိုက်ခဲ့ကြဘူး။ 
- အဖွဲ့ဝင် အားလုံးက သတ်မှတ် ထားတဲ့ အတိုင်း တပ်ဖွဲ့ဝင်တွေကို စေလွှတ်တာ နည်းတယ်။ 
- CJDC အတွင်း ရုံး လည်ပတ်မှု မရှိခဲ့ဘူး။ သူတို့ရဲ့ ဖွဲ့စည်းပုံမှာ တော့သေချာ ရေးထားတယ်။
- မြို့နယ်/ဒေသ အချိုး မညီခဲ့ဘူး။ ဒါက နိုင်ငံရေး အထိ ကြီးကြီးမားမား ရိုက်ခတ်လာတယ်။ 
- ရုံးလုပ်ငန်း မလည်ပတ်တော့ CJDC ရဲဘော်တွေ အခက် အခဲပို များ ခဲ့တယ်။ 
- စစ်တိုက်ကြတော့ ဒဏ်ရာရဲဘော်တွေ အတွက် တာဝန်ယူ/တာဝန်ခံ ဆောင်ရွက်မယ့်သူ တိတိကျကျ မရှိလာဘူး။ 
- CJDC အထဲက ခေါင်းဆောင်တွေမှာ တောင်ပိုင်း မြောက်ပိုင်း စိတ်ဓာတ် ၊ အတွေးအခေါ် ရှိလာတယ်။ 
- ရုံးချုပ်မှာတောင် ရုံးလည်ပတ်မှု မရှိဘဲ ရုံးခွဲ ထပ် ဖွဲ့ ခဲ့ကြတယ်။
- CJDC ရဲဘော်တွေ ဟာ မတူညီတဲ့ အမိန့်တွေကို နာပူ၊ ခေါင်းပူ နာခံရတယ်။ (ဥပမာ... နောက်မဆုတ်နဲ့ တိုက်လို့ စစ်မြေပြင်က အမိန့်ပေးတယ်။ နောက်တန်းက မိခင် အဖွဲ့က ဆုတ်မိန့် ပေးတယ်..စသည်ဖြင့်....)
- CJDC လည်း One Command နဲ့ မသွားနိုင်ခဲ့ဘူး။ သွားမယ့် လမ်းကြောင်းလည်း မဖော် ခဲ့ကြဘူး။ ဒီအဆင့်ကို လုပ်လိုက်ရင် ခေါင်းဆောင်အချိူ့ရဲ့ အမှူး နေရာတွေ လျေ့ရမှာ ဖြစ်တယ်။ နေရာတွေ ထိလာမှာ ဖြစ်တယ်။
- CNA က ပေးတဲ့ အမိန့်ကို နာမခံချင်တဲ့ သူတွေ၊ အဖွဲ့ မတူတဲ့ CDF က ပေးတဲ့ အမိန့်မို့ နာမခံချင်တာတွေဟာ လက်တွေ့မှာ တကယ် ဖြစ်ခဲ့ ရှိခဲ့တယ်။

CC ပေါ်လာတယ်။ စစ်ရေးမှာ ဒီအခြေနေတွေကို အခုထိ မဖြေရှင်း နိုင်သေးဘူး။ မဖြေလျော့ နိုင်သေးဘူး။
CB ပေါ်လာတယ်။ အတူတူပါပဲ။ CB နာမည် ကောင်းအောင် ထိန်းနေတာက မင်းတပ်၊ မတူပီ၊ ကန်ပက်လက် နောက်ပိုင်း Daai တွေပါပဲ။ 
CB က ပြီးတော့ CPA ဖြစ်လာတယ်။ CPA ဟာ နိုင်ငံရေး မှာ CPU လို့ platform တည်ဆောက်ချင်ရင် ICNCC ကနေ ထွက်မှ မြင်သာတဲ့ ရလဒ်ကို ရမှာ ပါ။
ဒီနေရာမှာ Mara လည်း ICNCC ကို နိုင်ငံရေး အရ အားကိုးရဲ့လား။ CPU မှာ ပေါင်းစည်းမလား ဆိုတာ လည်း စိန်ခေါ်မှု ဖြစ်လာပါမယ်။ 

ဒီအချက်တွေ ဟာ ချင်း နိုင်ငံရေး ကို အများကြီး ရိုက်ခတ်ပါတယ်။ ချင်း စုစည်းရေး လုပ်ရင် CC နှင့် ICNCC တွေ့ဆုံ ခြင်းဟာ တစ်ခုတည်းသော အဖြေ မဟုတ်တော့ပါဘူး။ 

လက်ရှိ စုစည်းတယ်လို့ ပြောနေကြတဲ့ CC, CB စတာတွေဟာ CJDC တုန်းကလို ဘယ်တစ်ဖွဲ့မှ One Command အဆင့် မရောက်ကြသေးပါဘူး။ 

နောက်အပိုင်းမှာတော့ CC ဖြစ်လာတဲ့ ဖြစ်စဥ် နှင့် ICNCC ပြန်လည် အသက်ဝင်လာတဲ့ အကြောင်းကို သုံးသပ်မှာပါ။ 

ဆလိုင်းဇီးကွက်

Post a Comment

0 Comments