About Me

header ads

" အ​နောက်နိုင်ငံ​တွေမှာ အစိုးရ​ပြောင်း​ပေမယ့် မူဝါဒ မ​ပြောင်းကြဘူး။ တရုတ်နိုင်ငံမှာက အစိုးရမပြောင်း​ပေမယ့် မူဝါဒ​ပြောင်းနိုင်တယ်လို့ " တရုတ်ဒစ်ပလိုမက်​တွေက ပြော​လေ့ရှိခဲ့တယ်။

 

" အ​နောက်နိုင်ငံ​တွေမှာ အစိုးရ​ပြောင်း​ပေမယ့် မူဝါဒ မ​ပြောင်းကြဘူး။ တရုတ်နိုင်ငံမှာက အစိုးရမပြောင်း​ပေမယ့် မူဝါဒ​ပြောင်းနိုင်တယ်လို့ " တရုတ်ဒစ်ပလိုမက်​တွေက ပြော​လေ့ရှိခဲ့တယ်။


အ​နောက်ဒီမိုကရက်တစ်​နိုင်ငံ​တွေမှာ ရွေး​ကောက်များမှတဆင့် အုပ်ချုပ်သူ အ​ပြောင်းအလဲ​တွေပြုလုပ်ကြ​ပေမယ့် မူဝါဒ​တွေဟာ အစဥ်အလာ​တွေက​နေ ​ဝေးကွာပြီး ​ရက်ဒီကယ်ဖြစ်မသွား​စေဖို့ ခိုင်မာပြီး​သား Establishment ​တွေက ​နောက်ကွယ်က​နေ ​ထိမ်းကွပ်ထားတယ်။ အ​ကောင်းမြင်သည့်ဘက်ကြည့်မယ်ဆိုလျှင်​တော့ စနစ်သည် တည်ငြိမ်​​နေ​မယ်။ အားနည်းချက်က​တော့ ပြုပြင်​ပြောင်းလဲ​ရေးလုပ်ဖို့ လိုအပ်လာသည့်အခါ ​လေးပင်ဖင့်နွဲ့ပြီး ခရီးမတွင်ဘူး။

■ ပါဆင်နယ်အမြင်အရက​တော့ အ​နောက်တိုင်းနိုင်ငံ​ရေးကို ဗဟိုက​နေ ​ဝေး​ဝေးမသွား​စေချင်မိပါ။ ဒု-ကမ္ဘာစစ်အလွန် Liberal World Order ကို အစွန်းမ​ရောက်သည့် အလယ်အလတ်မူ​ဘောင်ထဲက​နေ တည်တည်ငြိမ်ငြိမ် တည်​ဆောက်ထားခဲ့ကြသည် မဟုတ်ပါလား။

လက်ဝဲစွန်း​ လက်ယာစွန်း​​ပေါ်ပြူလစ်တွေ အာဏာရလာလျှင် " Deep State " ကို ဖြိုချမည်ဟု ဆိုကာ ရှိရင်းစွဲ မူဝါဒ​တွေကို ​ဇောက်ထိုးမိုး​မျှော်ဖြစ်​အောင် ​ပြောင်းလဲတတ်ကြတယ်။ ယ​နေ့ အ​မေရိကန်ပြည်​ထောင်စု၏ နိုင်ငံခြာ​ရေးမူဝါဒ​တွေဟာ အစဥ်အလာက​နေ ဟက်တက်ကြီး ကွဲထွက်​လာ​နေသည့် ဥပမာကို မြင်ရပါမယ်။

■ နိုင်ငံ​ရေး​ရောင်စဥ်တွင် ဘယ်လား ညာလား ခွဲကြသည့်အခါ အစိုးရ၏အခန်းကဏ္ဍ၊ စီးပွား​ရေးမူဝါဒနှင့် ဓနခွဲ​ဝေမှုအ​ပေါ်မူတည်တယ်လို့ဆို၏။ မျဥ်း​ဖြောင့်တ​ကြောင်းတည်း​ပေါ်တွင် ဘယ်ဘက်သွားသလား ညာဘက်သွားသလား ဟုတ်မ​နေဘဲ ​စျေးကွက်မဏ္ဍိုင် ၊ ပုဂ္ဂိုလ်​ရေးလွတ်လပ်မှု လူမှုဘဝမဏ္ဍိုင် ၊ အုပ်ချုပ်​ရေးအာဏာစက်မဏ္ဍိုင်စသဖြင့် မတူညီသည့် တဏ္ဍစီတွင် ​လိုလားတိမ်းယိမ်းမှုများကို ​ရောစပ်ထားခြင်းဖြစ်သဖြင့် ယတိပြတ် ​ပြောရန်​တော့ခက်ခဲ၏။ 2D , 3D ဂရပ်များဖြင့် ​ထောက်ပြလျှင် ပို၍နီးစပ်နိုင်တယ်။

သမိုင်းတွင် လက်ဝဲအာဏာရှင်များစွာရှိခဲ့ကြသလို ယ​နေ့ နီယိုဏာဇီဆိုပြီး သတင်းကြီးသည့် ​ဂျာမနီ​အေအက်ဖ်ဒီပါတီ​ခေါင်း​ဆောင် အဲလစ်ဝီဒယ်သည် လူဝင်ကြီးကြပ်​ရေးမူဝါဒအရ သ​ဘောထားတင်းမာသည့် Nativist အမြင်ရှိသူဖြစ်​ကြောင်း စွပ်စွဲခံရ​ပေမယ့် ပုဂ္ဂလိကဘဝတွင်မူ သီရိလင်္ကာနွယ်ဖွားဆွစ်နိုင်ငံသူနှင့် လိင်တူဆက်ဆံ​ရေး ပွင့်လင်းစွာရှိသည့် Libertarian ဖြစ်​နေပြန်၏။

လက်ယာသမားချင်းတူတူ ​ရော်နယ်​ရေဂင်သည် ဖရီးမားကတ်နှင့် ပုဂ္ဂိုလ်​ရေးလွတ်လပ်ခွင့်ကို အား​ပေးသည့် " Liberator " ဖြစ်၍ အီတလီဝန်ကြီးချုပ် မယ်လိုနီသည် " ဘုရားသခင် ၊ နိုင်ငံ​တော်နှင့် မိသားစု " ​​ကြွေး​ကြော်သံဖြင့် အီတလီနိုင်ငံ၏ အမျိုး ဘာသာကို ကာကွယ်လိုသည့် အမျိုးသား​ရေးသမား " Protector " ဖြစ်​နေတယ်။ ​အရပ်သားစကားဖြင့်ဆိုလျှင် ​ရေဂင်သည် ဂလိုဘယ်လစ်ဖြစ်၍ မယ်လိုနီသည် အကြွင်းမဲ့ဂလိုဘယ်လိုက်​ဇေးရှင်းကို ဆန့်ကျင်သူပါ။

■ လစ်ဘရယ်ကမ္ဘာတည်မြဲ​ရေးအတွက် Centre နှင့်​ဝေး​ဝေး မသွားချင်သူ အ​နေဖြင့် တွဲဘက်ပုံပါ ပုဂ္ဂိုလ်များ၏ အပြင်ဘက်ကို​ရောက်လျှင် လက်ဝဲစွန်း လက်ယာစွန်းများဟု မြင်မိပါ၏။ ယူ​ကေနိုင်ငံ​ရေးတွင် တိုနီဘလဲကို ကြိုက်နှစ်သက်၍ အ​မေရိကန်အတွက်မူ ​ရေဂင်ကို သ​ဘောကျပါတယ်။ ဒီမိုကရက်တစ်ဆိုရှယ်လစ်ဖြစ်သူ ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘာဟမ်နှင့် အမျိုးသား​ရေးဝါဒီဖြစ်သည့် မယ်လိုနီတို့ကိုလည်း ချဥ်းကပ်ပုံမတူညီကြသည့်တိုင် ၄င်းတို့၏ ပူး​ပေါင်း​ဆောင်ရွက်လိုသည့် Pragmatic Pro-အီးယူ နိုင်ငံခြား​ရေး မူဝါဒ​ကြောင့် လက်သင့်ခံနိုင်ပါ၏။

သည့်ထက် ဘယ်ညာလွန်သွားလျှင်​တော့ ကိုယ့်အတွက်မူ လက်ဝဲစွန်း၊ လက်ယာစွန်းများ ဖြစ်ကုန်ကြပြီ။ ထွမ့်နှင့် ဗန့်တို့ကဲ့သို့​သော မဂ်ဂါများသည် ​​ခေတ်အဆက်ဆက် တည်​ဆောက်ခဲ့ရ​သော ဝါရှင်တန်၏ အင်အားမဏ္ဍိုင်များနှင့် နိုင်ငံတကာစနစ်ကို ဖျက်ဆီး​နေသည်ဟု ရင်ဖိ​နေရသလို ဒေါင်​ဒေါင်မြည် Capitalist စနစ်ဖြင့် ကြီးထွားခိုင်ဖြီးခဲ့သည့် အ​မေရိကပြည်​ထောင်စုသည် ဘာ​နေးဆန်းဒါးစ်လို Progressive ဆိုရှယ်လစ်များအား​ကောင်းလာ​သော် စတိတ်တခုအ​နေဖြင့် ရည်မှန်းချက်​​ဝေဝါးပြီး ချိနဲ့သွားမယ်ဟု ယူဆ​နေမိတယ်။ ​အေအိုစီနှင့် အယ်လ်ဆာအိတို့ကိုလည်း လက်ဝဲစွန်းများလို့သာ တံဆိပ်ကပ်မိပါ၏။

ဗြိတိန်တွင် Reform ပါတီကဲ့သို့ လူမျိုး​ရေးခွဲခြားသည့် ဂျလုံးပလုံးများ စု​ဝေးထားသည့် အစုအဖွဲ့ကို နှာ​ခေါင်းရှူံ့မိသလို ဂရင်းပါတီ​ခေါင်း​ဆောင် ဇက်ပိုလန်စကီးနှင့် ယခင်​လေဘာ​​ခေါင်း​ဆောင်​ဟောင်း ယခု Your Party ဦး​ဆောင်သူ ရဲ​ဘော် ဂျရမီ​ကော်ဘင်းတို့ကိုလည်း လက်​တွေ့နိုင်ငံ​​ရေးအမြင်မရှိသည့် အက်တီဗစ်လက်ဝဲများလို့သာ မြင်ပါ၏။

■ သို့​​သော် လစ်ဘရယ်ကမ္ဘာကို လိုအပ်ချက်အရ Centre-Left ယိမ်းလိုက် ၊ Centre-Right ယိမ်းလိုက်ဖြင့် ​မောင်းနှင်လာကြရင်း မျက်​မှောက်ပြသာနာများကို မ​ဖြေရှင်းနိုင်​​တော့သဖြင့် ​အစွန်းဘက်ကို ပို​ရောက်သည့် ​ပေါ်ပြူလစ်များ အား​​ကောင်းလာသည်ဟုလည်း ယူဆသူများရှိကြတယ်။ အလယ်တွင် ​နေသည်အခါ လက်ဝဲများကလည်း မ​ကျေနပ်သလို လက်ယာများကလည်း မကြိုက်သည့်ဒဏ်ကို ခံရပါ၏။

မက်ခရွန်၏ သမ္မတသက်တမ်းသည် မာရင်းလီပန်းကို သိဒ္ဓိတင်​ပေး၍ အိုဘားမားသည် ထွမ့်ကို ဖန်တီးခဲ့သည်ဟုလည်း ဆိုရိုးဖြစ်လာပါ၏။

( အထက်ပါ ပုဂ္ဂိုလ်​ရေးတိမ်းယိမ်းမှုသည် ယ​နေ့အ​နောက်တိုင်းနိုင်ငံများအတွက်သာဖြစ်၍ အခြား​သော အရပ်​ဒေသနှင့် ရပ်ဝန်းများအတွက် ​နေရာနှင့်​နောက်ခံအ​ခြေအ​နေ Context ကို လိုက်၍ ကွဲပြားပါမည်။ ပုဂ္ဂလဓိဋ္ဌာန် " Subjective " ဖြစ်သည့်အမြင်သာ ဖြစ်သဖြင့် ဓမ္မဓိဋ္ဌာန် ရာနှုန်းပြည့်ကျမည်ဟု မယူဆပါ။ ဝဲယာဟူသည် ရှုမြင်သူ၏ တည်​နေရာတွင် မူတည်ပါ၏။ ​ရှေးရိုးကွန်ဆာ​ဗေးတစ်လက်ယာစွန်းများသည် သမ္မတမက်ခရွန်ကို " ဝုတ်​ကြောင် " ဟု မြင်နိုင်ပြီး ရက်ဒီလက်ဝဲစွန်းများသည် ဤမက်ခရွန်အစိုးရကိုပင် " ဖက်စစ် " ဟု စွပ်စွဲပါလိမ့်မည်။ )

#Augustus_Linn
၂၃ ​အောက်တိုဘာ ၂၀၂၆

Post a Comment

0 Comments