About Me

header ads

အပိုင်း (၁)

အပိုင်း (၁)

ချင်းနိုင်ငံရေး စုစည်း ညီညွတ်ရေး၊ ပေါင်းစည်းရေးအတွက် CC နှင့် ICNCC ပေါင်းစည်းရေးဟာ အဖြေမှန် မဟုတ်တော့ဘူး။ 

၂၀၂၄ လောက်မှာဆိုရင် အဓိက ကျခဲ့ပေမယ့် အခုဆို ဒီ နှစ်ဖွဲ့ထက် ထည့်တွက် စရာတွေ ပိုများလာပါတယ်။  

CJDC, ICNCC, CC, CB, CPU , NLD တို့ အခြေနေ တွေ ကို ပြန်သုံးသပ်ရင်လည်း CC နှင့် ICNCC တို့ရဲ့ တွေ့ဆုံမှုဟာ အဖြေမှန်ကို ဖော်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ စိတ်သဘောထား တွေဟာလည်း CC နှင့် ICNCC ထက် တခြား အကြောင်းအရာတွေ၊ ခံစားချက်တွေ ရှိကြပါတယ်။ 

 ဒီအချက်တွေ ကို လျိုနေကြလို့တာ CC,  ICNCC လို့ လူထုက မြင်နေကြတာပါ။ 

ဒါကြောင့် ချင်းတွေ စုစည်းဖို့က  အတိတ်ရော၊ လက်ရှိရော ပွင့်ပွင့်လင်းလင်းနဲ့ ချပြ ၊ ဖော်ထုတ် ကြမှ  ချင်းနိုင်ငံရေး မှာ အဖြေ ရှာတွေ့မှာပါ။ 

အဓိက ထည့်သွင်း စဥ်းစားရမယ့် အရာတွေက....

၁။ အဖွဲ့အစည်းဆိုင်ရာ ရှုမြင်မှုများ
၂။ ပထဝီအရ ခံစားချက်များ 
၃။ မျိုးနွယ်စု အချင်းချင်း ကြား ခံစားချက်များ
၄။ မြို့နယ် များ လိုအင်ဆန္ဒ များ
၅။ ဘာသာစကား 
၆။ ပညာရေး အဆင့်
၇။ လူမှုဗေဒ 
၈။ ဂျင်ဒါ (Gender)

ဒီအချက်တွေ ကို ထည့်တွက် အဖြေရှာမှ ချင်း နိုင်ငံရေး ရဲ့ အဖြေကို ရမှာပါ။ 

ချင်းနိုင်ငံရေး ပြဿနာ ၊ သဘောထား ကွဲလွဲမှုဟာ CC, ICNCC ထက် ရှုပ်ထွေး များပြား လျက် ရှိနေပါတယ်။ 

ဆလိုင်းဇီးကွက်

Post a Comment

0 Comments