About Me

header ads

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက် 
                 ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့နယ် အတွင်း မှာ ရှိတဲ့ ကျင်ဒွေးမြို့ အနီး သို့ တ-ပ်မ ၇၇ ရဲ့ နည်းဗျူဟာ တစ်ခု ဟာ လ-က်န-က်ကြီး လေကြောင်း ပ-စ်အား ရယူပြီး ချဉ်းကပ်ရွေ့လျားနေဆဲ ဖြစ်ပါတယ် ။ မဆာတွီ ကျေးရွာ တို-က်ပွဲ မှာ အထိနာ ခဲ့ သလို မောချောင်း ကျေးရွာ ဖြစ်စဉ် မှာလဲ ချင်းတော်-လှ-န်ရေးတ-ပ်တွေ ရဲ့ ပြင်းပြင်းထန်ထန် ခုခံမှုအောက်မှာ မရှုမလှ ဖြစ်ခဲ့ရပါတယ် ။ သို့သော် နဗဟ ၇၇၁ ရဲ့ စ-စ်ကြောင်းလက်တံ တွေကတော့ မောချောင်း ကျေးရွာ ကို ကျော်လွန်ကာ ကျင်ဒွေး နဲ့ ၁၃ ကီလိုမီတာ (၈ မိုင် ) ဝန်းကျင် လှိုင်ဒုတ် ကျေးရွာ အထိ ရောက်ရှိလာခဲ့ တာကို တွေ့ရပါတယ် ။ မင်းတ-ပ် နဲ့ ကန်ပက်လက် စ-စ်မျက်နှာ က တော့ တ-ပ်မ ၉၉ နဲ့ စကခ ၁၄ ရဲ့ လက်အောက်ခံတ-ပ်တွေဟာ ရှေ့ ဆက်မတိုးနိုင်တော့တဲ့ အခြေအနေ မျိုး ကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ် ။ ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့ ကို လဲ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ စတင် လုပ်ဆောင်လာသလို စ-စ်ဘေးရှောင် ပြည်သူတွေ ဝင်ရောက်နိုင်ရေး -သွေး-ဆောင် လှုံ့ဆော် နေပြီ ဖြစ်ပါတယ် ။အကြ-မ်းဖ-က်တ-ပ်ဟာ ချင်းပြည်နယ် မြောက်ပိုင်း တစ်ခုလုံးကို နယ်မြေခံတ-ပ်တွေ သာ ထားရှိတော့တာဖြစ်ပြီး တို-က်ခို-က်ရေးရဲတ-ပ်ရင်း တွေ နဲ့သာ နယ်မြေတွေကို စိုးမိုးထားနိုင် တဲ့ အနေအထား ကို တွေ့ရပါတယ် ။ မအလ ဟာ စ-စ်ဘက်ရာထူး တွေကို အပြောင်းအလဲ တွေ ပြုလုပ်နေဆဲ သာ ဖြစ်ပါတယ် ။ကာ-ကွ-ယ်ရေးဝန်ဂျီးခန့်အပ်ထားတဲ့ လေချု-ပ်ဟောင်း ထွန်းအောင် ကို အရပ်ဘက်ပြောင်းပြီး ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ဂျီး ဆိုပြီး ပြောင်းလဲ ခန့်အပ်လိုက်ပါတယ် ။ ဒါ့အပြင် ထားဝယ် ခရီးစဉ် အပြီး ကရခ (ကမ်းရိုးတန်းဒေသတိုင်းစ-စ်ဌာနချု-ပ်) စ-စ်တိုင်းမှူး ကျော်ကျော်ဟန် ကိုလဲ နယ်စပ်ရေးရာ ဒုဝန်ဂျီး အဖြစ် ပြောင်းရွှေ့ခဲ့ပါသေးတယ် ။ ယခင် ဒုဝနဂျီး ဖြစ်တဲ့ နပခ (အနောက်ပိုင်းတိုင်းစ-စ်ဌာနချုပ်) စ-စ်တိုင်းမှူးဟောင်း ကျော်စွာဦး ကို ဘယ်ပို့ခံလိုက်ရသလဲ ဆိုတာတော့ မသိရှိရသေးပါဘူး ။ လွိုင်ကော် ဒကစမှူး (ဒေသကွ-ပ်ကဲရေးမှူး) ကိုလဲ တွဲဘက်စ-စ်ရေးချု-ပ် အဖြစ် ခန့်အပ်ခဲ့ပါတယ် ။ ရလခ (အရှေ့အလယ်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) ကို မြို့တော် လွိုင်ကော် သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ် ဆိုတဲ့ သတင်းရင်းမြစ် တွေထဲ မှာ ကျွန်တော် လဲ ပါဝင်ပါတယ် ။ သို့သော် အကြ-မ်းဖ-က်တ-ပ်ဘက်ကတော့ ခိုလန် ရှေ့တန်းပြန် အခမ်းအနားတွေမှာ ရလခ လက်မောင်းတံဆိပ်တွေတပ်ဆင်ထားမြဲ ဖြစ်သလို ကရင်နီဒေသ အတွင်းက တ-ပ်တွေဟာလဲ ရပခ (အရှေ့ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) တံဆိပ်တွေကိုသာ အသုံးပြုနေဆဲ ဖြစ်တာကို တွေ့ရပါတယ် ။ အနှစ်ချု-ပ်ရမယ်ဆိုရင် လွိုင်ကော် ကို တိုင်းစ-စ်ဌာနချုပ် ရွှေ့ပြောင်းတယ်ဆိုတာ သတင်းအမှားကြီး ဖြစ်နေပါတယ် ။ စ-စ်ထောက်လှမ်းရေးတွေဟာ အဆိုပါ သတင်းကို ဗို-လ်ချု-ပ် အဆင့် လောက်ကနေ စတင် ဖြန့်ဖြူးလာခဲ့ခြင်း ဖြစ်ပါတယ် ။ သတင်းမှားတစ်ရပ်ကို နေရာပေါင်းစုံသို့ ဖြန့်ဝေပြီး ၎င်းတို့ ရဲ့ တ-ပ်တွင်းသတင်းပေးများကို ရှာဖွေလာခြင်း ဖြစ်ပါတယ် ။ ထို့အပြင် တော်-လှန်ရေးဘက် အသိုင်းအဝိုင်း ကို မဟုတ်မမှန်လုပ်ကြံ သတင်းဖြန့်ချီသူများ အဖြစ်သို့ ရောက်ရှိစေရန် ကြိုးပမ်းပုံဖော်လာခြင်း ဖြစ်တာမို့ အထူးသတိချပ်ရန် လိုအပ်လာပြီဘဲ ဖြစ်ပါတယ် ။ ၎င်းသတင်းရင်းမြစ် ကို စတင်ခဲ့သူ ဟာ ကျွန်တော် အစောဆုံး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခြားသော သတင်း မီဒီယာ များကိုလဲ တပြိုင်နက် ပေးပို့ခဲ့ တာကို တွေ့ရပါတယ် ။ထိပ်တန်းလျှို့ဝှက် အဆင့် ရှိတဲ့ သတင်းပေါက်ကြားသွားလို့ အချိန်ဆွဲလိုက်တာမျိုးလဲ ဖြစ်နိုင်ပါတယ် ။တစ်ဆက်တည်းဆိုသလို နောက်ရက်ထဲမှာ လဲ စ-စ်ဘက်ဆိုင်ရာ ရာထူး အပြောင်းအလဲ သတင်းများကိုလဲ အမှန် နဲ့ အမှား ရောသမမွှေပြီး ထပ်မံ ဖြန့်ချိ လာခဲ့ပါသေးတယ် ။ပြန်ဆက်ရရရင် အမျိုးသားလွှတ်တော်ထဲကို ပို့ထားတဲ့ ကြည်း ၂၃၇၅၀ မှူးချု-ပ် အောင်အောင် ကို တ-ပ်ထိန်းချု-ပ် အဖြစ် ခန့်အပ်ခဲ့သလို မူလ တ-ပ်ထိန်းချု-ပ် ကိုတော့ ကကပြန် (ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူး) အဖြစ် ပြောင်းလဲလိုက်ပါသေးတယ် ။ ဥစတ (စ-စ်ဦးစီးတက္ကသိုလ်) ဒုကျောင်းအုပ်ကြီးကို တော့ ကကထူး (စ-စ်ရာထူးခန့်ချု-ပ်ရုံး) ဒုရာထူးခန့်ချု-ပ် အဖြစ် ခန့်အပ်ခဲ့တာကို တွေ့ရပါတယ် ။ တွဲဘက်စ-စ်ရေးချု-ပ် နဲ့ ကကပြန် ညွှန်မှူး အဟောင်းတွေကို တော့ အရ-န်အင်အား သို့ ပို့ဆောင်ထားတယ် လို့ သိရှိရပါတယ် ။ချင်းပြည်နယ်မြောက်ပိုင်းမှာ စ-စ်ရေးအခြေအနေ ပြောင်းလဲ အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တ-ပ်မ ၇၇ တ-ပ်မမှူး နေဝန်း (စတသ ၄၂ ) ကိုလဲ ဥစတ (စ-စ်ဦးစီးတက္ကသိုလ်) ကျောင်းအုပ်ကြီး အဖြစ် ရာထူးတိုးပေးခဲ့တာကို တွေ့ရပါတယ် ။အကြ-မ်းဖ-က် စ-စ်တ-ပ် ရဲ့ အနေအထားဟာ စ-စ်မှုထမ်းဥပဒေကြောင့် ပစ လူသစ်စ-စ်သားတွေ လိုသလောက် ရနေပေမယ့် အရာရှိ မြေပြင်စ-စ်ခေါင်းဆောင်မျိုးဆက်သစ် ခါးဆက်ပြတ်တော့ မယ့် အခြေအနေ ကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ် ။ တစ်ချိန်က ထောင်နဲ့ချီတဲ့ စ-စ်ဗို-လ်တွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ စ-စ်တက္ကသိုလ် တွေ မှာ အာ-ဏာသိမ်းကာလ အလွန် အပါတ်စဉ် တစ်ခုကို တစ်ရာတောင် မပြည့်တော့တာကို တွေ့ရပါတယ် ။ ထို့အပြင် ပြင်ပ အင်အား အသားတင် ရရှိလေ့ရှိတဲ့ ‌အမျိုးသမီး ဗို-လ်သင်တန်းကျောင်း(မှော်ဘီ) မှာလဲ ဆယ်ဂဏန်းမျှသာ ရှိပါတော့တယ် ။ အနာဂတ်ရဲ့ စ-စ်ခေါင်းဆောင် လို့ ကြွေးကြော်ထားတဲ့ ဗထူး ဗိုလ်သင်တန်းကျောင်း ကတော့ ပုံမှန် အတိုင်း ၂၀၀ ဝန်းကျင် လောက် ကျောင်းဆင်းပေးနေနိုင်ဆဲ ဖြစ်ပါတယ် ။ ဒါကြောင့် စ-စ်တ-ပ်ဟာ ဆဌမမျိုးဆက် စ-စ်ခေါင်းဆောင်ငယ် တွေ လိုအပ်နေတာကို တွေ့ရပါတယ် ။ ဒါကြောင့် ၁၉၉၉ ခုနှစ် မှာ ရပ်နားလိုက်တဲ့ တေဇ ခေါ် အလုပ်သင်ဗို-လ်လောင်းသင်တန်း တွေ ပြန်လည် ဖွင့်လှစ်လာရပြီ ဖြစ်ပါတယ် ။ ဘယ်လို သ-တ်မှတ်ချက် အရည်အချင်း တွေ နဲ့ ရွေးချယ်ပြီး အင်အား ဘယ်လောက် ခေါ်ဆောင်နေသလဲ ဆိုတာကို တော့ စိစ-စ်နေဆဲ ဖြစ်ပါတယ် ။ ယခင် နောက်ဆုံး အပါတ်စဉ်ဟာ ၃၀ ဖြစ်ပြီး မူလ သ-တ်မှတ်ချက်အရ တက္ကသိုလ်ဝင်တန်း ခ အဆင့် (B List) နဲ့ အောင်မြင်သူများ ဖြစ်ပြီး စ-စ်တက္ကသိုလ် ဝင်ခွင့် မမှီသူတွေ သာ တက်ရောက်ကြရခြင်း ဖြစ်ပါတယ် ။ အလုပ်သင်ဗို-လ်လောင်း သင်တန်းသား တွေဟာ စခတ (စ-စ်အေခြခံလေ့ကျင့်ရေးတ-ပ်) တစ်ခုခု မှာ အခြေခံစ-စ်သင်တန်း ၂၄ ပါတ် တက်ရောက်ရပါတယ် ။ ပြီးရင် ရကသ (အရာခံအကြပ်ကြီးသင်ကျောင်း) မှာ တ-ပ်စုအဆင့် အကြပ်ကြီး သင်တန်း ကို ထပ်မံတက်ရောက်ရပါတယ် ။ ထိုမှ တဖန် ဗသက (ဗို-လ်သင်တန်းကျောင်း) မှာ ၃၆ ပါတ် တက်ရောက်ရပေမယ့် သင်တန်းဆင်းတဲ့ အခါမှာတော့ အရာရှိ (တ-ပ်စုမှူး) အဖြစ် ခန့်အပ်လေ့ မရှိဘဲ အလုပ်သင်ဗို-လ် (ဗို-လ်လေး) အဖြစ် ရှေ့တန်းစ-စ်ဆင်ရေးတာဝန်တွေကို တစ်နှစ်တိတိ ထပ်မံ ထမ်းဆောင်ရပါတယ် ။တစ်နှစ်ပြည့်မြောက်လို့ မကျိုးမ-သေ-ခဲ့ရင် တခရ (တို-က်ခို-က်ရေးကျောင်း) တွေ မှာ တ-ပ်စုမှူး ( Platoon Commander) သင်တန်း တက်ရောက်အောင်မြင်ပြီးမှသာ ဒုတိယဗို-လ် (တစ်ပွင့်) အဖြစ် ခန့်အပ်ခြင်း ခံရတာ ဖြစ်ပါတယ် ။ ဟိုးယခင် ကာ-ကွယ်ရေးဦးစီးချု-ပ် (ကြည်း) မောင်အေး ဟာ အလုပ်သင်ဗို-လ် နဲ့ အရပ်ဘက်ဘွဲ့ရဗို-လ် တွေ ကို ရာထူးကြီးကြီးမားမား ပေးအပ်လို့ မရအောင် ကန့်သ-တ်ချက် တွေ ပြုလုပ်ခဲ့ပေမယ့် မအလ လက်ထက်မှာတော့ တ-ပ်ချု-ပ်နေရာကို စ-စ်တက္ကသိုလ်ကျောင်းဆင်းတွေကို မရွေးချယ်ခဲ့ဘဲ ရဲဝင်းဦး ကို သာ ခန့်အပ်ခဲ့သလို တေဇကျောင်းဆင်းတွေကိုလဲ စ-စ်ဘက်ဆိုင်ရာ အဆင့်မြင့်ရာထူးတွေ ပေးအပ်လာခဲ့တာကို တွေ့ရပါတယ် ။ အဓိက ပြောချင်တာက တိုင်းရင်းသား အဖွဲ့အစည်းတွေ မှာ နောင်လာမယ့် မျိုးဆက်သစ်ခေါင်းဆောင်တွေ အရန်သင့် မွေးမြူထားတာရှိသလို စ-စ်တ-ပ်ဘက်မှာတော့ ခါးဆက်ပြတ်တော့မယ့် အနေအထားမျိုး ရှိလာနေပါတယ် ။ ကျွန်တော်တို့ နွေဦးတော်-လှ-န်ရေးဘက်မှာရော အနာဂတ်ခေါင်းဆောင်တွေကို လေ့ကျင့် မွေးထုတ်နိုင်နေပြီလား ❓ ဆိုတဲ့ မေးခွန်း ကို တော့ မေးရဲကြပြီလားလို့ ဆိုရမှာပါ ။ 
          မကွေးတိုင်း ယောဒေသ ဆောမြို့နယ် ပုပ္ပကိုင်း လယ်ဖြူ ဝက္ကု လမ်းပိုင်း ကို ဒေသခံပြည်သူများ အောက်တိုဘာလ ၁၇ ရက်နေ့ က အသုံးမပြုရန် နယ်မြေခံ တော်-လှ-န်ရေးတ-ပ်တွေက တရားဝင် ထုတ်ပြန်လာခဲ့ပြီ ဖြစ်ပါတယ် ။အဆိုပါ လမ်းပိုင်းဟာ လောင်းရှည် နဲ့ ဆော အကြား မှာပါဝင်ပြီး စ-စ်တ-ပ်ဘက်က အပြည့်အဝ ထိန်းချု-ပ်ထားနိုင်ပြီး ဖြစ်နေပါတယ် ။ ရေစကြိုမြို့နယ် မြောက်ခြမ်း သစ်ကြီးတောကျေးရွာ စတားလင့်ခ် ဝိုင်ဖိုင်ဆိုင် ကို ပခုက္ကူအခြေစိုက် ခလရ ၂၅၉ မှ ဒရု-န်းတွေ နဲ့ ဦးစွာ ပ-စ်ခတ်တို-က်ခို-က်လာခဲ့ပါတယ် ။ အဲဒီနောက်ပိုင်းမှာတော့ မကွေး မိတ္ထီလာ လေတ-ပ် တွေ နဲ့ ညောင်ဦး လေဆိပ်တွေ ကတက်လာတဲ့‌ လေယာဉ် ရဟတ်ယာဉ် များဖြင့် အပြင်းအထန်တို-က်ခို-က်ခဲ့တာကြောင့် လ-က်န-က်မဲ့ အရပ်သားပြည်သူများ ထိခိုက်-သေ-ဆုံးရမှုတွေ ဖြစ်ပေါ်လာခဲ့ ရပါတယ် ။ အောက်တိုဘာလ ၁၇ ရက်နေ့မှာတော့ သရက်မြို့တွင်းကနေ ထွက်ခွာလာတဲ့ အင်အား ၁၅၀ ဝန်းကျင် စ-စ်ယာဉ်တန်း ၈ စီးဟာ မင်းတုန်းမြို့ မီးသ-တ်ဝန်း အတွင်း ရောက်ရှိ အခြေပြုလာခဲ့တာကို တွေ့ရပါတယ် ။ ကပစ ၁၂ (ကာ-ကွ-ယ်ရေးပစ္စည်းစက်ရုံ) မှာ အခြေပြုထားတဲ့ ပါရာမော်တာ စ-က်တ-ပ်လေထီး ၂ စီး နဲ့ ချင်းနစ် ကျေးရွာကို ဒုတိယအကြိမ် လေကြောင်းတို-က်ခို-က်မှု ပြုလုပ်ခဲ့ရာမှာတော့ နေအိမ် အဆောက်အဦး ၄ လုံး -မီး-လောင်ပျက်စီးခဲ့ရပေမယ့် ဒေသခံပြည်သူတွေ အထိအခိုက် မရှိခဲ့ဘူး ဖြစ်ပါတယ် ။ပဒါန်းတ-ပ်နယ် နတ်ရေကန် စ-စ်မျက်နှာ ဆုံကုန်း အခြေစိုက် မစခ ၉၀၅ (အမြောက်စ-စ်ဆင်ရေးကွ-ပ်ကဲမှုဌာနချု-ပ်) သို့ အင်အား တ-ပ်အမှတ် စိစ-စ်ဆဲ စ-စ်ယာဉ်တန်း ၆ စီး ဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ပိုင်းမှာ ဝင်ရောက်လာခဲ့တာ ရှိပါတယ် ။ အကြ-မ်းဖ-က်တ-ပ်ရဲ့ ကပစ စက်ရုံတွေတိုင်းမှာ ဂျိုင်ရိုကော်ပတာ ပါရာမော်တာ တွေ ဖြန့်ကျက်ထားပြီး ဖြစ်တယ်ဆိုတဲ့အချက် ဟာ ပိုမို ထင်ရှားလာခဲ့ပြီ ဖြစ်ပါတယ် ။
              ရခိုင်ပြည်နယ် မြို့တော် စ-စ်တွေ ရဲ့ စ-စ်ရေးအခြေအနေ တွေကတော့ အချိန်နဲ့ အမျှ ပြင်းထန်လာခဲ့ပြီ ဖြစ်ပါတယ် ။ပုဏ္ဏားကျွန်း ကို တို-က်စ-စ်ဆင်ခဲ့တဲ့ တ-ပ်မ ၁၀၁ ရဲ့ စ-စ်ကြောင်းတွေ အထိနာပြီး ဆုတ်ခွာသွားရစဉ် နောက်ပိုင်း အာရက္ခတ-ပ် ရဲ့ ထပ်ချပ်လို-က်စ-စ်ဟာ စ-စ်တွေ တ-ပ်နယ် အနီး အထိ အလျင်အမြန် ချဉ်းကပ်လာနိုင်ခဲ့တာကို တွေ့ရပါတယ် ။ရေချမ်းပြင် ရင်းစု ရဲ့ အစွန်ဆုံး ဖြစ်တဲ့ ခလရ ၂၇၀ အတွင်းသို့ပါ လ-က်န-က်ကြီး တွေ ကျရောက်ပေါက်ကွဲမှုတွေ ရှိလာခဲ့ပါတယ် ။ မင်းချောင်း တံတား ကို အာရက္ခတ-ပ် အလံလွှင့်ထားတဲ့ သံချပ်ကာတို-က်ခို-က်ရေးယာဉ် ဖြတ်သန်းမောင်းနှင်လာတဲ့ ရုပ်သံမှတ်တမ်းတစ်ခု ပျံ့နှံ့လာခဲ့ပေမယ့် အမြင့်ကျွန်းကျေးရွာ အတွင်းမှာ တ-ပ်မ ၁၀၁ ရဲ့ နည်းဗျူဟာတစ်ခုဟာ အခိုင်အမာ ခြေကုပ်ယူထားဆဲ ရှိနေပါသေးတယ် ။ ပါရမီရင်းစုမှူး တာဝန်ယူထားရတဲ့ ကျားမသောက် အခြေစိုက် စအရ ၉၀၈ (စ-စ်မြေပြင်အင်ဂျင်နီယာတ-ပ်ရင်း) ကို အာရက္ခတ-ပ်ဘက်က သိမ်းပိုက်လိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြေပြင်အခြေအနေ နဲ့ လွဲမှားနေတယ်လို့ ဆိုရမှာပါ ။ စ-စ်တွေမြို့နဲ့ ရွှေမင်းဂံ အခြေစိုက် ရခစ ၁၇ (ရေတ-ပ်အခြေစိုက်စခန်း) ကို အဆက်အသွယ် မပြတ်တောက်သွားစေဖို့ ဆတ်ရိုးကျတံတား တဝိုက်မှာ အင်အား တွေ ထပ်မံ ဖြန့်ကျက်ထားတာကို တွေ့ရပါတယ် ။ ဘင်္ဂလားပင်လယ်အော် အဝ မှာ ရှိနေတဲ့ ငပြီကျွန်း ကို ခြေကုပ်ရရှိသွားတဲ့ ခမရ ၃၅၄ နဲ့ ပူးပေါင်းတ-ပ်တွေကတော့ ကျွန်း ရဲ့ အရှေ့ဘက်အစွန် နယ်မြေများသို့ အောင်မြေချဲ့ အမြတ်ထုတ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ် ။ ငပြီကျွန်း မှာ စ-စ်အာ-ဏာသိမ်းကာလ အထိ ပြည်ထဲရေး အမည်ပေါက် ကျေးရွာ နှစ်ခုသာ တည်ရှိနေခဲ့တာ ဖြစ်ပါတယ် ။စ-စ်ရေးသတင်း အခြေအနေ တွေ မျိုးစုံ ပေါ်ထွက်လာခဲ့ပေမယ့် အာရက္ခတ-ပ် ရဲ့ ထုတ်ပြန်ချက်ကို သာ စောင့်ဆိုင်း အတည်ပြုရန် လိုအပ်နေပါတယ် ။ငတောက်တဲ့ ရွာ သင်္ခ်ျုငးကနေ အမြင့်ကျွန်းကျေးရွာသို့ ဧည့်စာရင်းစစ်ဆေးမယ့် ကိုလှရွှေတို့ ကို လုံခြုံရေး လိုက်ပေးရတဲ့ အကြောင်းကိုတော့ နောင်များမှပေါ့ဗျာ ။ စ-စ်တွေ စ-စ်မျက်နှာ ကိုကြည့်ရင် ကြည်းတ-ပ် ရော ရေတ-ပ်ပါ အာရက္ခတ-ပ်ဘက်က အချိုးညီညီ ချေမှုန်းနေတာကို တွေ့ရပါတယ် ။
                 နတခ (အနောက်တောင်တိုင်းစ-စ်ဌာနချုပ် ) အတွင်းသို့ ရန်ကုန်တ-ပ်နယ် အတွင်း က တ-ပ်အမှတ် အင်အား စိစ-စ်ဆဲ စ-စ်ယာဉ်တန်း ၂၀ ဝန်းကျင်ဟာ ဗို-လ်မြတ်ထွန်း တံတား ကို ဖြတ်သန်းပြီး မြို့တော် ပုသိမ် သို့ ဝင်ရောက်လာခဲ့တာ ရှိပါတယ် ။ သာပေါင်းမြို့နယ် ရွှေသောင်ယံကမ်းခြေ ကို အခြေပြု ထားတဲ့ တ-ပ်မ ၆၆ ရဲ့ နည်းဗျူဟာတစ်ခုဟာ မကျီးစဉ်ကျေးရွာ မှ တဆင့် ဂွမြို့နယ် အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် ကြိုးစားနေဆဲ ဖြစ်ပါတယ် ။ 
                ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် စ-စ်ပွဲတွေ ဖြစ်လာနိုင်ချေ နည်းပါးလာခဲ့ပြီ ဖြစ်ပါတယ် ။ မကြာမီ ကာလ မှာ စ-စ်အု-ပ်စု ရဲ့ ငြိမ်းချမ်‌းရေး အမည်ခံ ကိုယ်စားလှယ် အဖွဲ့တွေဟာ နမ့်ဆန်မြို့သို့ ဝင်ရောက်လာတော့ မယ် လို့ သိရှိထားရပါတယ် ။ယခုနောက်ပိုင်း စ-စ်အုပ်စု နဲ့ ထိတွေ့ဆက်ဆံရာမှာ ဒုတိယ ဥက္ကဌ အဆင့်ထိ ပါဝင်လာတာမို့ တဖြည်းဖြည်းချင်း ပိုမို နီးကပ်လာနေခဲ့တယ်လို့ ဆိုရတော့မှာပါ ။နောက်ဆုံးအဆင့် ဥက္ကဌ အဆင့်ထိ ပါဝင်လာခဲ့ပြီ ဆိုရင်တော့ လုံးဝ နီးကပ်ပြေလည်သွားကြပါလိမ့်မယ် ။တိုင်းရင်းသား အဖွဲ့အစည်းတွေဘက်မှာလဲ Political Dialogue တွေကို နှစ်လတစ်ကြိမ် ပုံမှန် ဆောင်ရွက်လာကြတာကို တွေ့ရပါတယ် ။ သံလွင် (တရုတ်ရွာ) မှာ ကိုးကန့်တပ် နဲ့ ဝတပ်တွေ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ် ။ လေ့လာသူ အချို့ကတော့ တရုတ်ဘက်ကနေ စ-စ်အု-ပ်စု ကို တိုက်ခိုက်ဖို့ အချက်ပေးလိုက်သယောင် တွေးဆချက် တွေ ရှိနေပါတယ် ။ NCA နှစ်ပတ်လည်အခမ်းအနားမှာ တရုတ်ကိုယ်စားလှယ် ပြောကြားသွားတဲ့ စကားရပ်ဟာ စ-စ်တ-ပ် ကနေ တိုင်းရင်းသား အဖွဲ့အစည်းများထံသို့ အာ-ဏာ နဲ့ နယ်မြေ အချိုးညီညီ ခွဲဝေလွှဲပြောင်းပေးရမယ့် သဘောမျိုးမျှသာ ဖြစ်ပါတယ် ။
                ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် အမတ်ပေါ်ဒေသ ရှိန်းဇွတ်ဒမ်း ကျေးရွာ အနီး တဝိုက် မှာ စ-စ်တ-ပ်လက်အောက်ခံ ပျူသူ့စ-စ် အဖွဲ့တွေ အင်အား အများအပြား နဲ့ ဝင်ရောက်လာခဲ့တာ ရှိပါတယ် ။ဖားကန့်မြို့နယ် အတွင်း မှာတော့ တ-ပ်မဟာ ၃ (စကခ ၃ ) ရဲ့ လက်အောက်ခံတ-ပ်တွေဟာ လုံးခင်းဆေးရုံ မှာ အင်အား ၂၀၀ ၊ မှော်စီဆာ ဘုန်းကြီးကျောင်း မှာ အင်အား ၁၀၀ ဝန်းကျင် နဲ့ တ-ပ်ဖြန့်လှုပ်ရှားလာပြီး လမောင်းကုန်း ဗျူဟာစခန်းကုန်းကို ပြန်လည်သိမ်းပိုက်ရရှိရေး ပြင်ဆင်လာခဲ့ပြီ ဖြစ်ပါတယ် ။
                 စ-စ်ကိုင်းတိုင်း အင်းတော်မြို့တောင်ပိုင်း ပိန်းအင်းဖြစ်စဉ် မှာ တ-ပ်မ ၃၃ ရဲ့ လက်အောက်ခံတ-ပ်တွေဟာ တော်-လှ-န်ရေးတ-ပ်တွေရဲ့ ချေမှုန်းတိုက်ခိုက်မှု ကို အပြင်းအထန် ခံခဲ့ရပါတယ် ။သို့သော် အဆိုပါ ခလရ ၁၁၁ နဲ့ ခလရ ၁၂၀ တို့ရဲ့ စ-စ်ကြောင်းတွေဟာ ဆုတ်ခွာသွားခြင်း မရှိဘဲ ညောင်ကိုင်း မှတဆင့် နမ်းခမ်း သို့ ဝင်ရောက်လာခဲ့ ခြင်းဘဲ ဖြစ်ပါတယ် ။ယင်းမာပင် ခရိုင် အတွင်းမှ မကြာခင် ပျူသူ့စ-စ် အဖွဲ့တစ်ဖွဲ့ ထပ်မံ ပေါ်ပေါက်လာနိုင်ချေ ရှိနေပါတယ် ။သို့သော် မျှော်လင့်ခဲ့ဖူးကြတဲ့ လူစွမ်းကောင်းကြီး ကို လ-က်န-က်တ-ပ်ဆင်ပေးဖို့လောက် အထိတော့ အကြ-မ်းဖ-က်စ-စ်-တပ်ဟာ နုံအ မနေဘူးဆိုတာကိုတော့ သတိထားရမယ့် အချက်ဘဲ ဖြစ်ပါတယ် ။ကီယာ တ-ပ်မဟာ ၉ နယ်မြေ နဲ့ ထိစပ်နေတဲ့ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာအုပ်စု တာမယ်ပုတ်ရွာ မှာ အခြေပြုထားတဲ့ ရှမ်းနီတ-ပ် စခန်းကို တို-က်ခို-က်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကချင်ပြည်နယ် နဲ့ စ-စ်ကိုင်းတိုင်း အထက်ပိုင်းမှာတော့ ရှမ်းနီ နဲ့ ကီယာ‌ပူးပေါင်းတ-ပ်တွေဟာ လက်ကျန်ဖြတ် တို-က်ပွဲငယ်လေး တွေ ထပ်မံပြင်းထန်လာမယ့် အနေအထားမျိုး ဖြစ်နေပါတယ် ။
                     မန္တလေးတိုင်း မတ္တရာ အနောက်ဘက်ခြမ်း က ခြေကုပ်စခန်းတွေ ကတော့ ရှင်လှကျေးရွာ မှာ ဒေသခံတော်-လှ-န်ရေးတ-ပ်တွေ စိမ့်ဝင်လှုပ်ရှားနေတယ် ဆိုတဲ့ ထောက်လှမ်းရေးသတင်း ရရှိထားတာကြောင့် တ-ပ်အသင့်ပြင်ဆင်ထားကြရပါတယ် ။မန္တလေးမြောက်ခြမ်း နယ်မြေတွေ မှာ စ-စ်ကြေငြာထားပေမယ့် ယောင်ပြတို-က်စ-စ် နဲ့ အဓိကတို-က်စ-စ် အသွင် နဲ့ အချိန်ယူထားခြင်း ဖြစ်ပါလိမ့်မယ် ။စ-စ်တ-ပ်ဘက်ကလဲ တစ်ကျော့ပြန် တို-က်စ-စ်ဆင်လာပါက အနာခံပြီး မတိုက်ဘဲ ဆုတ်ခွာထွက်ပြေးမယ် ဆိုတဲ့ သတင်းတွေ ထုတ်လွှင့်ထားပါတယ် ။ အမှန်တကယ် လက်တွေ့မကျဘဲ ထောင်ချောက်ဆင်ထားတဲ့ ဝါဒဖြန့်သတင်းမျိုး ဖြစ်နေနိုင်ပါတယ် ။ယမန်နေ့ တုန်းကတော့ ဘုန်းကြီးကျောင်း အတွင်းမှာ ရပ်တန့်ထားတဲ့ စ-စ်မော်တော်ယာဉ် တစ်စီးကို ဒရု-န်း နဲ့ ပ-စ်ခတ်ခဲ့ပေမယ့် လူ အထိအခိုက် မရှိခဲ့ဘူး ဖြစ်ပါတယ် ။
        ကရင်ပြည်နယ် ကော့ကရိတ် မြဝတီ နဲ့ ဒေါနတကြော မှာ ပြည်သူ့ အလှုငွေ နဲ့ ကြည်ညိုလေးစားမှုတွေ ရရှိခဲ့တဲ့ စောကျော်‌သက် ဟာ စ-စ်အုပ်စု ရဲ့ NCA နှစ်ပတ်လည်နေ့ကို တက်ရောက်လာခဲ့တာကလဲ အောင့်သ-က်သ-က် ဖြစ်ကြရမယ် ထင်ပါတယ် ။ မြဝတီ တောင်ပိုင်း ဖလူး မင်းလက်ပံ နယ်မြေ များ ကို စေလွှတ်ခံထားရတဲ့ စကခ ၁၃ စကခမှူး ရဲဝင်းအောင် (တေဇ ၂၈ ) ကို ကရခ (ကမ်းရိုးတန်းဒေသတိုင်းစ-စ်ဌာနချု-ပ် ) စ-စ်တိုင်းမှူး အဖြစ် ရာထူးတိုးပေးခဲ့တာကို တွေ့ရပါတယ် ။မအလ ရဲ့ ထားဝယ် ခရီးစဉ် အပြီး စ-စ်တိုင်းမှူး အပြောင်းအလဲ ကို ချက်ချင်း ဆိုသလို ပြုလုပ်ခဲ့ပါတယ် ။ တ-ပ်မ ၂၂ ရဲ့ တ-ပ်မမှူး အသစ်ဟာလဲ လှိုင်းဘွဲ့ စ-စ်ဗျူဟာမှူး စိုးမင်းအောင် ကို ပြောင်းလဲ ခန့်အပ်ထားခဲ့ပါသေးတယ် ။မကြာခင် ရက်ပိုင်း အတွင်း မအလ ဟာ ကရင် နဲ့ မွန်ပြည်နယ်များသို့ လာရောက်ရန် ရှိနေသလို ညိုစော ဟာလဲ တနင်္သာရီဒေသသို့ ထပ်မံလာရောက်ခဲ့ပြန်ပါတယ် ။ စ-စ်အု-ပ်စု ဟာ ထားဝယ်ရေနက်ဆိပ်ကမ်း ကို အထူး အာရုံစိုက်နေတယ် ဆိုတာ -သေ-ချာနေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ခင်ဗျာ ။

စာကြွင်း ။ ခေတ္တမျှ နား ပါ ဦး မည် ။
ဇင်ယော်
၂၀၂၆ အောက် ၂၀ ၀၉၃၀

#အိုင်အမ်ဇင်ယော်
#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
#WeLoveZinYaw
#CaptainSeagull

Post a Comment

0 Comments