၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်
ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့ကို ဦးတည်နေတဲ့ တ-ပ်မ ၇၇ ရဲ့ နည်းဗျူဟာတစ်ခုဟာ မဆာတွီးကျေးရွာကို ခြေကုပ်ယူပြီး မောချောင်းကျေးရွာသို့ ရှေ့ပြေးတ-ပ်တွေ ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ် ။မဆာတွီတို-က်ပွဲမှာ အ ထိနာခဲ့ပေမယ့် အတွဲလိုက် -ဒုံး- တွေရဲ့ ပ-စ်အားကို ရယူပြီး အဆင့်ဆင့် ရွေ့လျားချဉ်းကပ်လာခဲ့ခြင်း ဖြစ်ပါတယ်။ကျင်ဒွေးမြို့ နဲ့ မောချောင်းကျေးရွာဟာ ၁၄ ကီလိုမီတာ (၉ မိုင် ) ဝန်းကျင်မျှသာ ဝေးကွာတော့တာ ဖြစ်ပါတယ်။မင်းတ-ပ် နဲ့ ကန်ပက်လက် မြို့ တို-က်ပွဲများမှာလဲ အကြ-မ်းဖ-က်တ-ပ် ရဲ့ စ-စ်ကြောင်းတွေဟာ အထိနာ ရပ်တန့်နေဆဲ ရှိနေတာမို့ ကျင်ဒွေး မြို့သိမ်း တို-က်ပွဲ ကို ပုံဖော်လာနေခြင်း ဖြစ်ပါတယ် ။ မင်းတ-ပ် မတူပီလမ်းကြောင်းကိုတော့ တော်-လှ-န်ရေးတ-ပ်တွေ နဲ့ ဒေသခံတွေဟာ အလွယ်တကူ ကူးသန်းသွားလာနေကြတာကို တွေ့ရပါတယ် ။ ယခုနှစ် မိုးရာသီကစလို့ ချင်းတောင်ပိုင်း စ-စ်ရေးသတင်းတွေဟာ သိသိသာသာ သိုသိပ်လာခဲ့ပါတယ်။ယောဒေသခံတွေရဲ့ သတင်းရင်းမြစ် နဲ့ စ-စ်ထောက်လှမ်းရေး ကွန်ယက် တွေ ဆီက သာ ပြန်ပြီး ခြေရာခံနေရခြင်းမျှသာ ရှိလာရပါတော့တယ် ။ ချင်းတောင်ပိုင်း နဲ့ မကွေး ယောဒေသ နယ်မြေတွေမှာ အကြ-မ်းဖ-က် တ-ပ်ရဲ့ တို-က်ခို-က်ရေး တ-ပ်မ ၃ မ လောက် ပို့ဆောင်ထားခြင်း ဖြစ်ပါတယ် ။မင်းတပ် နဲ့ ကန်ပက်လက်မှာ တ-ပ်မ ၉၉ နဲ့ စကခ ၁၄ ယခု လောင်းရှည် ကျင်ဒွေး ဒေသ မှာ တ-ပ်မ ၇၇ ပါ ရောက်ရှိနေတာ ဖြစ်ပါတယ် ။ကျင်ဒွေးနယ်မြေဟာ အမှန်တကယ်တမ်း စ-စ်ရေးအရ အရေးမပါလှပါဘူး။ သို့ သော် မင်းတ-ပ် ကန်ပက်လက်ဘက်မှာ အရေးနိမ့်နေတာကြောင့် စ-စ်ရေးသိက္ခာ ပြန်လည် ဆည်တင် လိုခြင်းမျှသာ ဖြစ်ပါလိမ့်မယ် ။ ကျင်ဒွေးလို နယ်မြေခံတပ် မရှိတဲ့နေရာမျိုးကို ပြန်လည် ထိန်းချု-ပ်နိုင်ခဲ့မယ်ဆိုရင်လဲ အကျိုးအ မြတ် အများကြီး မရနိုင်ပါဘူး ။ ရခိုင် စ-စ်မျက်နှာတွေ မှာ အရှုံးတွေ နဲ့ ကြုံတွေ့နေရတာမို့ ဆုံးရှုံးနယ်မြေ တစ်ခု ကို ပြန်လည် ရရှိတယ်ဆိုပြီး စိတ်ဓာတ်စ-စ်ဆင်ရေး ပြုလုပ်မယ့် အနေအထားမျိုးလောက်သာ ရှိပါတယ်။မကွေးတိုင်း ပေါက်မြို့နယ် လက်ပံတိုကျေးရွာ နဲ့ မြိုင်မြို့နယ် တဲကြီးကျေးရွာဝန်းကျင်တဝိုက်သို့ ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာ တို-က်ခို-က်ရေးရဟတ်ယာဉ်တွေနဲ့ အောက်တို ဘာလ ၁၁ ရက်နေ့ က အပြင်းအထန် တို-က်ခို-က်လာခဲ့ပြီး လေကြောင်းကနေ ရိက္ခာ ခဲ-ယ-မ်း ၁၀ ထုပ် ချပေးခဲ့တာကို တွေ့ရပါတယ်။မင်းတုန်းမြို့နယ် ကံကြောကျေးရွာတဝိုက်ကိုလဲ မကွေးလေတပ်က တို-က်လေယာဥ်တစ်စီးနဲ့ -ဗုံး-ချတို-က်ခို-က်မှု ပြုလုပ်ခဲ့ပါတယ်။အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ ကပစ ၁၂ ကနေတက်လာတဲ့ ပါရာမော်တာ ၂ စီး နဲ့ မဲဇလီကျေးရွာကို -ဗုံး- ၈ လုံး ကျဲချခဲ့ရာ ဒေသခံ အရပ် သား ၁ ဦး -သေ-ဆုံးပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ရပါတယ် ။ပဒါန်းတ-ပ်နယ် နတ်ရေကန် နဲ့ မင်းတုန်းမြို့ မြောက်ဘက်ကြား ပုသိမ် မုံရွာ လမ်းမကြီး အနောက်ဘက်ခြမ်းမှာလဲ မြေပြင်ထိတွေ့တို-က်ပွဲပြင်းထန်ခဲ့ပြီး တ-ပ်မ ၅၅ လက် အောက်ခံတ-ပ်ဖွဲ့ဝင်တွေ အထိနာခဲ့ပြီး အရှင်လက်ရ ဖမ်းဆီးနိုင်ခဲ့တာတွေ ရှိပါတယ်။အောင်လံမြို့နယ်အတွင်း မလေးရှားကပြန်လည်ခေါ်ဆောင်လာတဲ့ထဲက စ-စ်မှုထမ်းအကျုံး ဝင်သူများကိုတော့ မိသားစုနဲ့ တွေ့ဆုံခြင်းမပြုတော့ဘဲ အပါတ်စဉ် ၂၉ သင်တန်းသို့ တို-က်ရို-က် ပို့ဆောင်လိုက်တယ်လို့ သိရှိရပါတယ်။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ သာပေါင်းမြို့နယ် အ နောက်ခြမ်း ဘောမိကျေးရွာကို ခြေကုပ်ယူထားတဲ့ တ-ပ်မ ၆၆ ရဲ့ လက်အောက်ခံတ-ပ်တွေဟာ မကျီးဇင် ကျေးရွာဘက်သို့ ဦးတည် ရွေ့လျားနေတဲ့အတွက် မြေပြင်တို-က်ပွဲတွေ ပြင်းထန်နေခဲ့ပါတယ်။သာပေါင်း မကျီးဇင်လမ်း ကြောင်းအတိုင်း စ-စ်ကြောင်းလက်တံငယ်တွေ တ-ပ်ဖြန့်လာတာကြောင့် ဘောမိ ဂျိုင်းလယ် နဲ့ မကျီးဇင် ကျေးရွာ ဝန်းကျင် မှာ ထိတွေ့မှုတွေ နေ့စဉ် နီးပါး ရှိလာခဲ့ပါတယ် ။
NLD အစိုးရလက်ထက် ကြည်းရေလေ ပူးပေါင်း ကမ်း တက်စ-စ်ဆင်ရေးပြုလုပ်ခဲ့တဲ့ ရွှေသောင်ယံမြို့မှာ တ-ပ်မ ၆၆ ရဲ့ နည်းဗျူဟာတစ်ခု တပ်စွဲထားပြီး ဂွမြို့နယ် ကျောက်ချွန်းကျေးရွာကို ဝင်ရောက်နိုင်ရေး လေကြောင်း ရေ ကြောင်း ပ-စ်အားသုံးပြီး ချဉ်းကပ်နေခြင်း ဖြစ်ပါတယ် ။
မန္တလေး တ-ပ်နယ်အတွင်းကနေ ထွက်ခွာလာတဲ့ စ-စ်ယာဉ်တန်းတွေကတော့ ထီးချိုင့် ကသာ အင်းတော် မော်လူး မိုးညှင်း မှတဆင့် မြို့တော် မြစ်ကြီးနားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။မန္တလေး မြစ်ကြီးနား လမ်းမကြီးမှာ အရပ် သား ခရီးသည်ယာဉ်တွေဟာ ရက်ပေါင်းများစွာ စောင့်ဆိုင်းရတတ်လေ့ ရှိပေမယ့် ရာနဲ့ချီတဲ့ စ-စ်ယာဉ်တန်းတွေက တော့ အဆင်းအတက် ပြုလုပ်နိုင်နေတာကို တွေ့ရပါတယ် ။ အဆိုပါ ယာဉ်တန်းတွေ စတင်ထွက်ခွာလာခဲ့တဲ့ နေ့မှာပဲ ထီးချိုင့် ကသာ အမှတ် ၃ လမ်းမကြီး ကို ပိတ်လိုက်တယ်ဆိုတဲ့ တရားဝင်စာတွေ ထုတ်ပြန်ခဲ့ပေမယ့် စ-စ်ယာဉ်တန်းကိုတော့ ထိရောက်စွာ ဟန့်တားနိုင်ခဲ့ခြင်း မရှိဘူး ဖြစ်ပါတယ် ။ကသာမြို့အထွက်မှာတော့ စစ်ယာဉ် ၂ စီးကို ဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုပါတယ် ။
ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေဟာ ရွှေကူ ငါးအိုးလမ်း ၊ အင်းတော်ကြီး ဟိုပင်လမ်းများကို နယ်မြေခံတပ်ရင်းတွေက တ ရားဝင်ပိတ်ထားကြောင်း ထုတ်ပြန်ထားပေမယ့် စစ်ယာဉ်တန်းတွေကတော့ ၎င်းတို့ရဲ့ ရည်မှန်းချက်အတိုင်း အသွား အပြန် ပြုလုပ်နိုင်နေတဲ့ အနေအထားမျိုးသာ ရှိနေပါသေးတယ်။
ရှမ်းနီ ကိုယ်စားလှယ် အဖွဲ့တွေဟာ နေပူတော်မှာ ဗိုလ်ချု-ပ်ကြီး ရာပြည့် ဦးဆောင်တဲ့ NSPNC နဲ့ အောက်တိုဘာ လ ၉ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ် ။ယခုတစ်ကြိမ်မှာတော့ ရှမ်းနီ (တိုင်းလျန် တိုင်းလိုင်) အမျိုးသားများ ညီညွတ်ရေးကောင် စီ SNUC /SNA ကို နိုင်ငံရေးအရ တ ရားဝင် အသိအမှတ်ပြုရေး မှတ်ပုံတင်အရ လူမျိုးအမည်အသုံးအနှုန်းဒေသ အသိအမှတ်ပြုလိုမှုတို့ကို လွှတ် တော်မှာ တင်ပြမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွှတ် တော် ဆိုတာကလဲ မအလ ရဲ့ ရုပ်သေးရုပ်တွေပဲ ဖြစ်နေကြပါတယ် ။ NSPNC သို့မဟုတ် NCA တံခါးပေါက် မှတဆင့် လွှတ် တော်တွင်းသို့ သွတ်သွင်းပေးပြီး သိဒ္ဓိတင်ပေးနေခြင်း ဖြစ်တယ်လို့လဲ ပြောခဲ့ဖူးပါတယ်။မအလကိုယ်တိုင် လူမျိုးကို ဖက်ဒရယ်ပေးခြင်း မဟုတ်ဘဲ ဒေသကို ပေးခြင်းမျိုးသာဖြစ်တယ်ဆိုတဲ့ ဝေ့လည်ကြောင်ပတ် စကားဦး သမ်းထားတယ်လို့လဲ သတိပေးခဲ့ဖူးပါတယ် ။ရာပြည့် နဲ့ သဘောတူပြီးသား ကိစ္စ မှန်သမျှ ကို လွှတ်တော်ကနေ အတည်ပြုပေးကြရမှာပဲ ဖြစ်ပါတယ် ။
ရှမ်းနီ ပြီးရင်လဲ အခြားသော တိုင်းရင်းသားအဖွဲ့တွေ အ လှည့်ကျ အစဉ်လိုက် ထိုနည်းအတိုင်း ဖြစ်လာပါလိမ့်မယ် ။ ကရင် ငြိမ်းချမ်းရေး စကားဝိုင်းမှာလဲ ဝမျိုးနွယ်စုတွေဟာ ကရင်လူမျိူးတွေလိုတောင် ပြည်နယ် အဆင့် မရရှိသေးတာကြောင့် အဆင့်နိမ့်နေသေးတယ် ဆိုတဲ့ စကားရပ်ကို နိဒါန်းပျိုးလာခဲ့တာကို တွေ့ရပါတယ်။စစ်ရှုံးနေတဲ့ စစ်တပ်ဟာ ငြိမ်းချမ်းရေးဆိုတဲ့ စကားရပ် ၊ ယောင်ပြ လွှတ်တော်တွေကို အသုံးချပြီး တိုင်းရင်းသားတွေကို ဖက်ဒရယ် ဆိုပြီး အောက်ဈေး နဲ့ အာ-ဏာတွေကို လွှဲ ပြောင်းပေးရဖို့ နီးကပ်လာနေပြီ ဖြစ်ပါတယ်။နှစ်ပေါင်း တစ်ရာလောက် အညာမိခဲ့တဲ့ တိုင်းရင်းသားတွေအဖို့ ဒီတစ်ချီကတော့ အခွင့်အခါကောင်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ မအလတို့ဘက်ကလဲ ခေတ်အဆက်ဆက် မလုပ်နိုင်ခဲ့တဲ့ တစ်နိုင်ငံလုံး အ တိုင်းအတာ နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခဲ့ပြီဆိုတဲ့ ပြ ယုဂ် နဲ့ တိုင်းရင်းသားတွေထံ လ-က် န-က်ချလိုက်တော့မှာ ဖြစ်ပါတယ် ။ တစ်ဖက်မှာလဲ စ-စ်အာ-ဏာရှင်ပြုတ်ကျရေး နဲ့ ဒီမိုကရေစီ ရရှိရေး အတွက် လ-က်န-က်စွဲကိုင် တော်-လှ-န်နေကြတဲ့ အဖွဲ့တွေခမျာ ဘယ်သူ့ကို တော်-လှ-န်လို့ တော်-လှ-န်ရမှန်း မသိအောင် ဖြစ်သွားပါလိမ့်မယ် ။ တိုင်းရင်းသားတွေအားလုံး တစ်ဖွဲ့ မကျန် အပ-စ် ရပ်သွားနိုင်လားဆိုတော့ အဲဒီလိုလဲ မဟုတ်နိုင်ပြန်သေးပါဘူး ။ သို့သော် ဖြစ်လာခဲ့မယ် ဆိုရင်လဲ နွေဦးတော်-လှ-န်ရေး ကို တိုင်းရင်းသားတွေက ဥပေက္ခာ ပြုထားမှာ မဟုတ်တာကတော့ -သေ-ချာပါတယ် ။
ရုရှား ယူကရိန်း စ-စ်ပွဲလို ဥရောပ က ငွေစိုက်ပြီး ယူကရိန်းက အသ-က်စိုက်ဆိုသလို အလုပ်ပေးတရားလေး ဟော ကြားနေမှာပဲ ဖြစ်ပါတယ် ။ကျွန်တော်တို့တွေကတော့ ခဲတံတွေအစား ကျ-ည်ဆံတွေပေးပါ ဆိုပြီး တဆာဆာ တောင်းခံနေကြရဦးမှာ ဖြစ်ပါတယ် ။ တိုင်းရင်းသား အဖွဲ့တွေ ညှိနှိုင်းမှုဟာ အနေအထား တစ်ရပ်အထိ အောင်မြင်နေပုံရပါတယ် ။ ငြိမ်းချမ်းရေးတာဝန်ခံ ရာပြည့်ကို ကာ-ကွ-ယ်ရေးဝန်ဂျီး အဖြစ်ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ် ။တ-ပ်ချု-ပ်ထက် လုပ်သ-က် ၈ နှစ်ခန့် စီနီယာကျသူကို ဝန်ဂျီး ခန့်အပ်လိုက်တာဟာ ချု-ပ်ကွက်လို့ ဆိုရမှာပါ ။ လစ်လပ်နေတဲ့ ညှိနှိုင်းကွ-ပ်-ကဲရေးမှူး နေရာကို စ-စ်ဦးစီးချု-ပ် (ကြည်း) တာဝန်ယူထားတဲ့ ဒုတိယဗို-လ်ချု-ပ်ကြီး သန်းထိုက်ကို ခန့်အပ်လိုက်ပါတယ် ။ နေရာတစ်နေရာ လစ်လပ်သွားတာ ဖြစ်တဲ့အတွက် စ-စ်တိုင်းမှူးတွေ နဲ့ အရာရှိချု-ပ်နေရာတွေ အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ် ။ ရန်ကုန်တိုင်း စ-စ်တိုင်းမှူး တင်မင်းလတ်ကလဲ လကခချု-ပ် (လေ့ကျင့်ရေးအရာရှိချု-ပ်) အ ဖြစ် တိုးမြှင့်ခံခဲ့သလို တသခ (တြိဂံဒေသတိုင်းစ-စ်ဌာနချု-ပ်) စစ်တိုင်းမှူး စိုးမြတ်ထွဋ်ဟာလဲ ကစထ ၂ မှူး (စ-စ်ဆင်ရေးအထူးအဖွဲ့မှူး ) အဖြစ်ရာထူး တိုးမြှင့်ပေးခံရပါတယ် ။ မင်းတုန်း စ-စ်မျက်နှာ မှာ အခြေအနေမလှ ဖြစ်နေတဲ့ တ-ပ် မ ၅၅ တပ်မမှူးကို စတသ (စ-စ်တက္ကသိုလ်) ကျောင်းအုပ် ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ် ။ မင်းတပ် ကန်ပက်လက် နယ်မြေမှာ တို-က်စ-စ်ဆင်နေတဲ့ တ-ပ်မ ၉၉ ရဲ့ ဒုတ-ပ်မမှူး နဲ့ တ-ပ်မမှူးကိုလဲ အတွဲလိုက် ရာထူးတိုးပေးလိုက်တဲ့အချက်ကတော့ အံ့ဩစရာ ကောင်းနေပါတယ် ။ တပ်မမှူး စိုးဝင်းထွန်း ကို တော့ နမခ (အနောက်မြောက်တိုင်းစ-စ်ဌာနချု-ပ်) စ-စ်တိုင်းမှူး အဖြစ် ခန့်အပ်ခဲ့ပြီး ယခင်တိုင်းမှူးဟောင်း ကျော်သူရကတော့ နကတ (နိုင်ငံတော်ကာ-ကွ-ယ်ရေးတက္က သိုလ်) ကျောင်းအု-ပ်ကြီးအဖြစ် ရာထူးကျသွားခဲ့ရပါတယ် ။ တ-ပ်မ ၉၉ ဒုတ-ပ်မမှူး အောင်စည်ဖြိုးကို ၎င်းတ-ပ်မမှာ ဘဲ တ-ပ်မမှူး ခန့်အပ်ထားတယ် ဆိုတော့ မင်းတ-ပ် ကန်ပက်လက် အခြေအနေကို စိုးရိမ်ရမယ့် အနေအထားလို့ ခန့် မှန်းရပါတယ် ။ အဆိုပါ နယ်မြေ တွေရဲ့ စ-စ်ရေးသတင်းရင်းမြစ်တွေကလဲ ပျောက်ဆုံး ငြိမ်သ-က်နေခဲ့ တာ ကြာမြင့်နေတာကြောင့်လဲ ဖြစ်ပါတယ် ။ယမန်နေ့ က ရာထူးခန့်အပ်မှုတွေထဲ မှာ ရပခ (အရှေ့ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) စ-စ်တိုင်း မှူး ရာထူးတစ်နေရာ လစ်လပ်နေဆဲဖြစ်ပြီး တ-ပ်မ ၇၇ တ-ပ်မမှူး နေဝန်း ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ် ။
ရခိုင်ပြည်နယ် စ-စ်တွေမြို့ကို အခြေပြုလို့ စက်တင်ဘာလ ၄ ရက်နေ့ က စလို့ ပုဏ္ဏားကျွန်း နဲ့ ပေါက်တောမြို့တွေကို ကြည်း ရေ လေ အင်အားသုံး တို-က်စ-စ်လာခဲ့ပါတယ် ။ သို့သော် မြေပြင်စ-စ်ကြောင်းတွေဟာ အထိနာ ပြီး တ-ပ်ပျက် နောက်ဆုတ်ခဲ့ရတာမို့ ကျောက်တော် အိန္ဒိယဈေးဖြစ်စဉ် အပါ ရခိုင်တစ်ပြည်လုံး မှာရှိတဲ့ အရပ်ဘက်ပ-စ်မှတ်များကို လေကြောင်းတို-က်ခို-က်မှုတွေ ဆက်တို-က် ပြုလုပ်လာခဲ့ပါတယ် ။ အဆိုပါဖြစ်စဉ်တွေ အပြီးမှာတော့ ရခိုင်သစ္စာဖောက်လို့ အမည်တပ်ထားတဲ့ ဒေါက်တာ အေးမောင် ဟာ စ-စ်တ-ပ် နဲ့ ရခိုင် တို့ အညှိုးအတေးတွေ စွန့် လွှတ်ပြီး ဆွေးနွေးကြစေလိုကြောင်း စကားဦးသမ်းလာခဲ့ပါတယ် ။ စောမြရာဇာလင်း ဦးဆောင်တဲ့ ALP ပါတီဟာ ကျောက်တော် နဲ့ ပုဏ္ဏားကျွန်း လေကြောင်းအကြ-မ်းဖ-က်မှုများ ပြုလုပ်ပြီး စ-စ်ရာ-ဇဝ-တ်မှု ကျူးလွန်နေတဲ့ အပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း ယခုထိ မရှိသေးဘူး ဖြစ်ပါတယ် ။ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကလဲ ရခိုင်နယ်စပ်တွေမှာ စ-စ်အခြေစိုက်စခန်း တိုးချဲ့ ဖွင့်လှစ်လာခဲ့တာကို တွေ့ရပါတယ် ။ အောက်တိုဘာလ ၉ ရက်နေ့မှာလဲ အစွန်း ရောက် အကြ-မ်းဖ-က် ARSA အဖွဲ့ဟာ ရိုဟင်ဂျာကာ-ကွ-ယ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။သို့ပေမယ့် အခမ်းအ နားကျင်းပခဲ့တဲ့ နေရာ၊ ပါဝင်တက်ရောက်သူ အရေအတွက် ၊ ရည်ရွယ်ချက် နဲ့ အခြားသော အသေးစိတ် အချက်အလက်များမပါဝင်တာကြောင့် အတည်ပြုရန် လိုအပ်နေဆဲ ဖြစ်ပါတယ် ။ကျောက်ဖြူ နဲ့ စ-စ်တွေဟာ ဘင်္ဂလားပင်လယ်အော် ရဲ့ ပင်လယ်ထွက်ပေါက် ဖြစ်တာကြောင့် အိန္ဒိယ တရုတ် နဲ့ အိမ်နီးချင်းနိုင်ငံတွေ ရဲ့ စိတ်ဝင်စားမှု မြင့်တက်လာနေကြချိန် လဲ ဖြစ်ပါတယ်။အကြ-မ်းဖ-က်တ-ပ်ဟာ ရခိုင် နဲ့ ဆက် စပ်ဒေသတွေကို ခြေလျင်တ-ပ်အင်အား ထက်ဝက်နီးပါး ရေကြောင်း လေကြောင်း အပြည့်သုံးပြီး မြေပြင် တို-က်စ-စ်ဆင်နေပေမယ့် အထိနာနေဆဲ ဖြစ်ပါတယ် ။ ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်ညီနောင်တွေ ဖြစ်တဲ့ တရုတ် နဲ့ ကိုးကန့် ကို တရုတ်ဖိအား နဲ့ အပ-စ်ရပ်ခိုင်းရန် မဖြစ်လာတဲ့ အ တွက် လေကြောင်းကနေ အကြ-မ်းဖ-က်ပြီး အပ-စ်ရပ်ဖို့ အ သံထွက်လာစေရန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ် ။ အာရက္ခတ-ပ်ဘက်ကလဲ ၂၀၂၇ ခုနှစ် မကုန်မီ လက်ကျန် မြို့တွေကို အပြီးသ-တ်သိမ်းပိုက်ရရှိရေး ရည်မှန်းချက်ထားပြီး ဖြစ်ပါတယ် ။ အာရက္ခခေါင်းဆောင်တွေ ရဲ့ နေပူတော်ခရီးစဉ်ဆိုတာ ရှိလာနိုင်စရာ အကြောင်းမရှိသေးပါဘူး ။ ဝီရဌာနီ (ပေါက်တော) မြို့နယ် အတွင်းက ငပြီကျွန်း နောက်ဆုံး အ ခြေအနေကတော့ ခမရ ၃၅၄ ဟာ ခံစ-စ် ၊အာရက္ခတပ်ဘက်က တို-က်စ-စ် အနေအထား ရှိနေသေးတာကို တွေ့ရပါတယ် ။ စ-စ်ရေယာဉ်တွေ နဲ့ စ-စ်ကူအင်အား ဖြည့်တင်းဖို့ ကြိုးစားနေပေမယ့် စ-စ်သင်္ဘောတစ်စီး -မီး-လောင်ပျက်စီးနေတဲ့ ရုပ်သံ မှတ်တမ်းတစ်ခုလဲ ထွက်ပေါ်လာခဲ့ပါတယ် ။
တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသ ထားဝယ်ခရိုင် ပုလောကျေးရွာအတွင်းရှိ မကျည်းကုန်းကျေးရွာအပြင်မှာ တ-ပ်စွဲထားတဲ့ ခြေကုပ်စခန်းငယ်တစ်ခုကို တ-ပ်မဟာ ၄ နဲ့ ပူး ပေါင်းတ-ပ်တွေက စီးနင်းတို-က်ခို-က် နိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ တို-က်ခို-က်ခဲ့တာဖြစ်ပြီး ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း အပါ လ-က်န-က်ငယ် အချို့သိမ်းဆည်း ရရှိခဲ့ပါတယ်။ထိတွေ့ဖြစ်စဉ် ပြင်း ထန်ခဲ့ပြီး အ-ကြ-မ်းဖ-က်တ-ပ်ဖွဲ့ဝင်များဟာ ၎င်းတို့ရဲ့ ဌာနချု-ပ် ဖြစ်တဲ့ ခလရ ၂၈၅ အတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားကြရပါတယ် ။ မအလ ရဲ့ ထားဝယ်သို့ ရောက်ရှိနေချိန် အချိန်ကိုက် တိုက်ကွက် ဖော်ဆောင်နိုင်ခဲ့တာဖြစ်တဲ့ အ တွက် စ-စ်ရေး နိုင်ငံရေးအရ သိက္ခာ ထပ်မံကျဆင်းရပြန်ပြီ ဖြစ်ပါတယ် ။ ခရီးစဉ်အတွင်းမှာတော့ ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်လေဆိပ်ကို အဆင့်မြှင့်တင်ရခြင်းဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ် ။ ခရီးစဉ်တိုင်းလိုလို မှာ တ-ပ်ချု-ပ် နဲ့ တ-ပ်အသိုင်းအဝိုင်းတွေ တပြုံတမကြီး လိုက်ပါလေ့ရှိပေမယ့် ယခု အခေါက်မှာတော့ များများစားစား ပါလာတာကို မတွေ့ရပါဘူး ။
စ-စ်ကိုင်းတိုင်း တမူးမြို့နယ် အတွင်းမှာတော့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အတွင်းက ကသည်းလ-က်န-က်ကိုင်အဖွဲ့တွေဟာ စ-စ်ထောက်လှမ်းရေး အဖွဲ့တွေ နဲ့ ဆက်ဆံရေး ကောင်းမွန်နေတာကို တွေ့ရပါတယ်။နာဂမျိုးနွယ်စု လ-က်န-က်ကိုင် အဖွဲ့တစ်ခုဟာ မင်းသာရွာမှာ ပူးပေါင်း အခြေပြု နေတာလဲ ရှိပါတယ် ။ ကသည်းလ-က်န-က်ကိုင် အဖွဲ့တွေဟာ ဟိုးလွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် ဝန်းကျင်ခန့်တည်းက မဏိပူရပြည်နယ် နဲ့ ထိစပ်နေတဲ့ ကဘော်ချိုင့်ဝှမ်း အတွင်းသို့ စိမ့်ဝင်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ် ။ ထိုစဉ်တည်းက စ-စ်ထောက်လှမ်းရေးများ နဲ့ နိုင်ငံရေးခိုလှုံခွင့်ပုံစံမျိူး နဲ့ ခြေကုပ်ရယူလာခြင်း ဖြစ်ပါတယ်။အစောပိုင်းကာလတွေမှာ ပြ ဿနာ မရှိခဲ့ပေမယ့် စ-စ်အာ-ဏာသိမ်းပြီးနောက်ပိုင်း စ-စ်တ-ပ် နဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံလာခဲ့ပြီး ဒေသခံတော်-လှ-န်ရေးတ-ပ်တွေကို ပြန်လည် တို-က်ခို-က်လာခဲ့ပြီ ဖြစ်ပါတယ် ။ အကြ-မ်းဖ-က်တ-ပ် ရဲ့ တမူး ကလေး လမ်းကြောင်း ထိန်းမယ့် အစီအမံမှာ ကသည်း နဲ့ နာဂ လ-က်န-က်ကိုင်တွေကို နယ်မြေခံ အဖြစ် အသုံးချသွားရန် ဖြစ်ပါတယ်။
တန်ဆောင်မုန်း လကွယ် ဥပုသ်နေ့ ကြီးမှာတောင် ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်း ကိုလေကြောင်း တို-က်ခို-က်မှု ပြုလုပ်ခဲ့ပါတယ် ။ မဟာစည်ဆရာတော်ကြီး သီတင်းသုံး ခဲ့တဲ့ကျောင်း ဖြစ်ပြီး စစ်ဘေးရှောင်တွေ လက်ခံပေးထားတဲ့နေရာလဲ ဖြစ်ပါတယ် ။အခါကြီး ရက်ကြီး နေ့မျိုးတွေမှာ သာသာနာရေး အဆောက် ဦး တွေကို ရွေးချယ်တို-က်ခို-က်လေ့ရှိပြီး ယခုဖြစ်စဉ်မှာတော့ ရဟန်း သံဃာများကို အထိအခိုက် မရှိဘဲ စစ်-ရှောင်ပြည်သူ ၂ ဦး-သေ-ဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ် ။ စ-စ်ဘေးရှောင် အများစုဟာ ချီပါ ကျေးရွာက တိမ်းရှောင်လာကြတာဖြစ်ပါတယ် ။ အဆိုပါ လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီ ရွှေဘိုမြို့ပြင်က ပြည်ထောင်စုကားလမ်းမကြီး နံဘေးက တထပ ၂ (တမတောထောက်ပံ့နှင့်ပို့ဆောင်ရေးကျောင်း) ကို သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး နဲ့ ကိုးကြိမ် ရိက္ခာ ခဲ-ယ-မ်း ချပေးသွားခဲ့ပါတယ် ။ အာ-ဏာသိမ်းကာလ ၅ နှစ် အတွင်း ရွှေဘိုတ-ပ်နယ် ကို လေကြောင်းကနေ ထောက်ပံ့ပို့ဆောင်မှုပြုလုပ်သွားတာကတော့ အနည်းငယ် ထူးခြားနေပါတယ် ။ရွှေဘို ဝက်လက် နယ်မြေများသို့ မြေပြင်စစ်ကြောင်းတွေ တပ်ဖြန့်ရွေ့လျားမှုတွေ ရှိလာနိုင်ပါတယ် ။ဘုတလင် မြို့နယ် အနောက်ဘက်ခြမ်း မှာ ဘုန်းတော်ကြီးကျောင်း နဲ့ စာသင်ကျောင်းတွေကို လေကြောင်းတို-က်ခို-က်ဖို့ ပ-စ်မှတ်မှတ်ပုံတင်နေပြီ ဖြစ်ပါတယ် ။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ယင်းမာပင် ကနီ အစပ်က ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းတွေကိုတော့ အောက်တိုဘာလဆန်းတည်းက နေ့စဉ်လိုလို ပ-စ်ခ-တ်တို-က်ခို-က်လာခဲ့တာကို တွေ့ရပါတယ် ။ကန့်ဘလူ ကစရ (ကြံစိုက်ပျိုးရေးတ-ပ်) နဲ့ ၆ မိုင် အကွာက ဆူးဒတ် ပျုသူ့စ-စ်စခန်း ကို ဒေသခံတော်-လှ-န်ရေးတ-ပ်တွေက အင်အား ၄၀၀ ဝန်းကျင်ခန့် ဖြင့် စီးနင်းတို-က်ခို-က်ရန် ပြင် ဆင်နေတယ်လို့ စ-စ်ထောက်လှမ်းရေးတွေက အစီရင်ခံတင်ပြနေတာကို တွေ့ရပါတယ်။အင်းတော် မဲဇာ ကျောက် တန်းလမ်းပိုင်းကို မကြာမီပြန်လည် အသုံးပြုနိုင်တော့မယ်လို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ် ။ စ-စ်ကိုင်းတိုင်းရဲ့ အစပ် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာ နဲ့ ဘူတာဝန်းကျင် တဝိုက်မှာတော့ မြေပြင်တို-က်ပွဲတွေ ငြိမ်သ-က်သွားပြီး ဒေသခံ စ-စ်ဘေးရှောင်တွေ နဲ့ ပြန်လည် စည်ကားနေတာကိုတွေ့ရှိရပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ် ခင်ဗျာ ။
ဇင်ယော်
၂၀၂၆ အောက် ၁၄ ၀၈၅၅
#အိုင်အမ်ဇင်ယော်
#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
#WeLoveZinYaw
#CaptainSeagull

0 Comments