About Me

header ads

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၄ ရက်

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၄ ရက်

ကချင် စ-စ်မျက်နှာလို့ပဲ ပြောရမှာပါ ။ ဘာကြောင့်လဲဆိုတော့ မိုးမိတ် နဲ့ မဘိမ်းမြို့နယ် တွေဟာ မပခ (မြောက်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) ရဲ့ စ-စ်ဒေသ အတွင်းမှာ ပါဝင်နေပါတယ် ။ မိုးမိတ်မြို့ နဲ့ အနီးတဝိုက် ၂ မိုင် ဝန်းကျင် အထိ တို-က်ပွဲတွေ ပြင်းထန်လာခဲ့ပြီး အကြ-မ်းဖ-က်တ-ပ်ဟာ ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ညောင်နီကျေးရွာ အနီးက ရွှေမင်းတင်ခြေကုပ်စခန်းကို ပြန်လည်တို-က်စ-စ်ဆင်လာခဲ့ပါတယ် ။

မန္တလေးတ-ပ်နယ်အတွင်းက အင်အား ၅၀၀ ဝန်းကျင် ပါတဲ့ စ-စ်ယာဉ်တန်း ၃၆ စီးဟာ မတ္တရာ စဉ့်ကူး နယ်များကိုဖြတ် ၍ သပိတ်ကျ-ဉ်းမြို့နယ် တွင်းငယ် လမ်းခွဲမှ တဆင့် မိုးမိတ်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ် ။ မိုးမိတ် မဘိမ်း မြစ်ဆုံနယ်မြေဟာ ရှမ်းမန်း စ-စ်ဒေသက တော်-လှ-န် ရေးအင်အားစုတွေ ရွှေ့ပြောင်း စုဖွဲ့နေတဲ့ ဒေသ ဖြစ်လို့နေပါတယ် ။အင်အား ၇၀၀၀ ဝန်းကျင် ခန့် ရှိခဲ့ပါတယ် ဆိုတဲ့ တော်-လှ-န်ရေး အစုအဖွဲ့ဟာ တအာန်းတ-ပ်တွေ ဟိုင်ဂင် အပ-စ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီးနောက်ပိုင်း အကြ-မ်းဖ-က်တ-ပ် ရဲ့ စစ်အင်အား ၂၀၀၀ ဝန်းကျင် ဝင်ရောက်လာချိန်မှာတော့ အဆင့်ဆင့် ခံစ-စ်ဆင်ရင်း တ-ပ်ဖျောက် ဆုတ်ခွာသွားခဲ့ရတာ ယနေ့ အချိန်ထိ ဖြစ်ပါတယ် ။ တ-ပ်ဖွဲ့တွင်း ဘဏ္ဍာငွေ အရှုပ်အရှင်းများကိုသာ ဇောင်းပေးနေပေမယ့် နောက်ဆုံး လက်ကျန်အင်အားကို အတည်ပြုနိုင်ခြင်း မရှိသေးဘူး ဖြစ်ပါတယ် ။

စ-စ်တောင်းမြစ်ဝှမ်း ‌အရှေ့ခြမ်းဖြစ်စဉ်ကစလို့ တ-ပ်ပြေး ဘက်ပြောင်း နဲ့ ဖမ်းဆီးရမိသူများထံမှ တော်-လှ-န်ရေး သ တင်းအချက်အလက်တွေ ရရှိနေတယ်ဆိုတာကို ဝန်ခံသွားကြပြီ ဖြစ်ပါတယ် ။ ဒီနေရာမှာ မင်းသားမလုပ်ရရင် ပတ် မကြီးကို ထိုးဖောက်မယ်ဆိုတဲ့ လုပ်ရပ်​တွေကိုလဲ ပီပီပြင်ပြင် မြင်တွေ့လာရပါတယ် ။ စစ်တပ်ကိုလဲ မုန်းတယ် တော်-လှ-န်ရေးအင်အားစု​တွေကိုလဲ (လက်ခလယ်ပဲ) ဆိုပြီး လုပ်နေကြတာကလည်း စိတ်မသ-က်မသာ ဖြစ်ရလွန်းပါတယ် ။

တစ်ခေတ်တစ်ခါက စ-စ်တ-ပ်ကိုဆဲရင် သူရဲကောင်းလို့ သ-တ်မှတ်ခဲ့ကြပါတယ် ။ တစ်တိုင်းပြည်လုံးက စ-စ်တ-ပ်ကို ဝိုင်းကလော်တုတ်ချိန်မှာတော့ ဝေဖန်တယ်ဆိုတဲ့ စကားလုံးလှလှ​သုံးပြီး မြေပြင်အရှိတရားနဲ့ ကင်းကွာစွာ မိမိထင်ရာ မြင်ရာ​ကို အသံကောင်းဟစ်လာ​ကြတာကိုလည်း ​စိတ်ပျက်ဖွယ်ရာ တွေ့ရပါတယ် ။

စ-စ်ရဲ့ သ ဘောသဘာဝအရ တရားတဲ့ဘက်က စ-စ်နိုင်တယ် ဆိုတာ မဟုတ်ရေးချ မဟုတ်ပါဘူး ။ အင်အားကြီးတဲ့ ဘက်ကသာ နိုင်စမြဲ ဖြစ်ပါတယ် ။ ရုရှား နဲ့ ယူကရိန်း လို့ မမြင်ပါနဲ့ ရုရှား နဲ့ ဥရောပတို-က် စ-စ်ဆင်နေကြခြင်းဖြစ်ပြီး ယူကရိန်း က အသ-က်စိုက်ပြီး ကမ္ဘာတစ်ခြမ်း က ငွေကြေး လ-က်န-က် နည်းပညာ ပံ့ပိုးနေကြခြင်း ဖြစ်ပါတယ် ။ တရုတ် နဲ့ ထိုင်ဝမ် လို့ ရိုးရှင်းစွာ ထင်မှတ်မနေပါနဲ့ ။ တရုတ် နဲ့ အမေရိကန် ဟာ ထိုင်ဝမ် ကို ကြားခံထားပြီး အား ပြိုင်နေကြခြင်း ဖြစ်ပါတယ် ။ အီရန် အစ္စရေး အမေရိကန် စစ်ပွဲ ဆီက ဘာတွေများ မျှော်လင့်နေကြပါသနည်း ❓ နိုင်ငံတကာစ-စ်ပွဲတွေဆိုတာ အမျိုးသား အကျိုးစီးပွားကိုသာ အခြေခံကြပါတယ် ။ သမိုင်းဆိုတာကွက်ပြီး ကြည့်လို့ မရပါဘူး ။ ဆိုဗီယက်ယူနီယံကြီး ဘာကြောင့် ပြိုကွဲခဲ့သလဲ ❓ တရုတ်တွေကို ဘိန်းကျွံ ဖြစ်အောင် ဘယ်သူတွေ လုပ်ခဲ့သလဲ ❓ကိုးရီးယား လှပျိုဖြူတွေဟာ ဖက်ဆစ်တွေရဲ့ လိင်ကျွန် ဖြစ်ခဲ့ရတာ ကင်ဂျုံအန်းက ဘယ်မေ့မလဲ ။ အိန္ဒိယတို-က်ငယ်လေးဟာ အိန္ဒိယ ပါကစ္စတန် ဘင်္ဂလားဒေ့ခ်ျ ဆိုပြီး အစိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်ခဲ့တာ ကိုလိုနီနယ်ချဲ့တွေဆိုတာ သတိချပ်စရာ အချက်ကြီးတွေဘဲ ဖြစ်ပါတယ် ။ ဒါပေမယ့် မြန်မာပြည်မှာ တကယ့် အာဇာနည် သူရဲ ကောင်းတွေ အများကြီး ရှိကြပါတယ် ။ ကျူးဘားအထိ ရုရှလေတ-ပ် အခြေစိုက်လာချိန် တတိယ ကမ္ဘာစ-စ်ဖြစ်မယ့် အရေးကို အထွေထွေအတွင်းရေးမှူးချု-ပ် ဦးသန့် ဟာ တည်တည်ငြိမ်ငြိမ် နဲ့ ကိုင်တွယ်နိုင်ခဲ့ပါတယ် ။ သို့သော် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလတွေမှာတော့ နိုင်ငံတကာစင်မြင့်တွေမှာ အရှေ့အလယ်ပိုင်းက တိတ်တဆိတ် ကြိုးကိုင်လာခဲ့တာကို တွေ့ရပါတယ် ။ ပြန်ပြီးဆက်ရရင် အင်အားကြီးမားအောင် တည်ဆောက်ရမယ့် အစား အင်အားကို ချိနဲ့ပြီး အစိတ်စိတ် အမွှာမွှာ ကွဲပြားသွားအောင် အကြ-မ်းဖ-က်တ-ပ် နဲ့ အပေါင်းအပါ တွေဟာ အင်တို-က်အားတို-က် လုပ် ဆောင်နေကြတယ်ဆိုတာကို အထူးသတိချပ်ကြရပါလိမ့်မယ် ။

စ-စ်ရေးအခြေအနေ ဘက်ကို ပြန်ဆက်ရရင် မိုးမိတ်ဟာ မြို့သိမ်း တို-က်ပွဲအထိ ဖြစ်မလာနိုင်ပေမယ့် မန္တလေးသားတွေ ရဲ့ နောက်ဆုံးတို-က်ပွဲကြီး ဖြစ်သွားနိုင်ပါတယ် ။ မိုးမိတ်မြို့ နယ် အတွင်းသို့ တ-ပ်အမှတ် စိစ-စ်ဆဲ စ-စ်ယာဉ်တန်းတွေ ရောက်ရှိလာပြီးနောက်ပိုင်းမှာတော့ ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေဟာ ညောင်နီကျေးရွာ ရွှေမင်းတင် စခန်းကနေ ပြန် လည်ဆုတ်ခွာသွားပြီး မြစ်ဆုံဒေသ တစ်ဝိုက်မှာ ပြန်လည် ဖြန့်ကျက်နေရာယူလာခဲ့တာကို တွေ့ရပါတယ် ။ အကြ-မ်းဖ-က်တ-ပ်ရဲ့ မဘိမ်း တို-က်စ-စ် စတင်ဖို့ နိဒါန်း ပျိုးခြင်းပေလား ❓မိုးမိတ် ဒေသခံတွေကတော့ စိုးထိတ် နေကြမယ် ဆိုတာကတော့ -သေ-ချာနေပါတယ် ။စက်တင်ဘာလ ၂ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင် မှာတော့ အင်အား ၁၀၀၀ ဝန်းကျင် ရှိတဲ့ စ-စ်ကြောင်းတစ်ခုဟာ မိုးမိတ်မြို့ မှာ ၄ မိုင် အကွာ အုံးချောတစ်ဝိုက်ကို ရောက်ရှိလာတာပြီး မြေပြင် ထိတွေ့တို-က်ပွဲ ပြင်းထန်လာခဲ့ ရပြီ ဖြစ်ပါတယ် ။

ကချင်ပြည်နယ် ဗန်းမော်မြို့မှာတော့ တ-ပ်မ ၈၈ ရဲ့ လက် အောက်ခံတ-ပ်တွေဟာ မံစီဘက်ကို ဦးတည် ရွေ့လျားနေသလို စကခ ၂၁ ရဲ့ စ-စ်ကြောင်း အချို့ဟာလဲ မြို့ရဲ့ မြောက်ဘက် ဆင်ကုန်းရပ်ကွက် အတွင်းထိ အောင်မြေချဲ့ အမြတ်ထုတ်လာ‌တာကြောင့် ထိတွေ့တို-က်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ် ။ လိုင်ဇာမြို့ အနီးလေကြောင်းတို-က်ခို-က်မှု အပြီးမှာတော့ ကချင်စ-စ်မျက်နှာဟာ စ-စ်ရေးတင်းမာနေသယောင်ရှိပေမယ့် နှစ်ဘက်လုံးဟာ အဆုံးအဖြတ် တို-က်ပွဲကြီးတွေ ဖော်ဆောင် နိုင်ခြင်း မရှိသေးတာကို တွေ့ရပါတယ် ။ ရဲတ-ပ်ဖွဲ့နေ့ အခမ်းအနား ကိုတော့ မအလ တ-ပ်ချု-ပ် ပြည်ထဲရေးဝန်ဂျီး နဲ့ ရဲချု-ပ် တို့ အစုံအလင် တက်ရောက် လာခဲ့ပြီး ဗန်းမော်စ-စ်မျက်နှာက ဒုတိယရဲမှူးကြီး ရဲဝင်း အား ရဲသူရိန်တံဆိပ် စွန့်ကြဲ ခံခဲ့ရတာကိုလဲ တွေ့ရပါတယ် ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ထိန်းချု-ပ် ထားတဲ့ ကွတ်ခိုင်မြို့ အတွင်းမှာတော့ တရုတ်ယဉ်ကျေးမှုတွေ ကျယ်ပြန့်လာနေခဲ့ပြီ ဖြစ်ပါတယ် ။ အခြေချစ-စ်ဗျူဟာ ရုံးစိုက်ခဲ့တဲ့ နေရာမျိုးမှာတောင် တရုတ်စာတန်းတွေ နဲ့ လွန်စွာ ပနံရ‌နေတာကို တွေ့ကြရမှာပါ ။ သိန္နီ နဲ့ ကွတ်ခိုင် ဟာ ရှမ်းစော်ဘွားတွေ အစဉ်အဆက် အု-ပ်စိုးခဲ့ပေမယ့် ယခုအခါမှာတော့ တရုတ်အင်ပါယာ အတွင်းသို့ သွတ်သွင်းခံနေပြီ ဖြစ်ပါတယ် ။တရုတ်အားကိုး နဲ့ ထောင်လွှား မောက်မာလာတဲ့ ကိုးကန့်တ-ပ်တွေကို ရှမ်းတ-ပ်တွေနဲ့ တည်ပေးထားတဲ့ အနေနဲ့ တိုင်းစ-စ်ဌာနချု-ပ်တစ်ခုကိုတောင် ရွှေ့ပြောင်းပေးခဲ့ ခြင်းလဲဖြစ်ပါတယ် ။ ကိုးကန့်တ-ပ်တွေ ထိန်းချု-ပ်နယ်မြေ အ တွင်းမှာ စတားလင့်ခ် စက်တွေကို တရုတ်ကုန်သည်တွေက ဈေးကောင်းပေးပြီး ဝယ်ယူနေတာကို တွေ့ရပါတယ် ။ အဆိုပါ နယ်မြေတွေမှာ တရုတ်ဖုန်းလိုင်း နဲ့ အင်တာနက် ရရှိနေတာကြောင့် စတားလင့်ခ် စက်တွေ အသုံးမလိုတော့တာကြောင့် ဖြစ်ပါတယ် ။ကိုးကန့်တပ်တွေကတော့ သိန္နီမြို့ကိုတောင် မူပန် လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့မယ်ဆိုရင်တော့ ချယ်ရီတွေငိုနေပြန် နန်းရယ်လို့ပဲ ဆိုကြရတော့မှာပါ........

စ-စ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် မူးမြစ်ဝှမ်း မှာ တည်ရှိတဲ့ သဖန်းဆိပ် ရေလှောင်တမံကနေ ဆည်ရေတွေ ထပ်မံဖောက်ချနေပြန်ပြီ ဖြစ်ပါတယ် ။ စ-စ်ကိုင်း အ နောက်ခြမ်း နဲ့ မြင်းမူမြို့နယ် အရှေ့ခြမ်းကိုလဲ စ-စ်ကြောင်းလက်တံငယ်လေးတွေ ဖြန့်ကျက်လာခဲ့တာကို တွေ့ရပါတယ် ။ အဓိကကတော့ မန္တလေး ရွှေဘို မုံရွာ ပြည်ထောင်စုလမ်းမကြီး ကို အပြည့်အဝ ထိန်းချု-ပ်နိုင်ရေးကြိုးစားလာခြင်း ဖြစ်ပါတယ် ။စ-စ်ကိုင်း တ-ပ်မ ၃၃ အတွင်းက အင် အား ၁၅၀ ဝန်းကျင်ရှိ စ-စ်ကြောင်းတစ်ခု ရွှေဘို စခတ ၈ (စ-စ်အေခြခံလေ့ကျင့်ရေးတ-ပ်) က အင်အား ၃၀၀ ဝန်း ကျင် စ-စ်ကြောင်းတစ်ခု နဲ့ နှစ်ဘက်ညှပ်ပြီး နယ်မြေရှင်း လင်းမယ့် အနေအထားမျိုး ကို တွေ့နေရပါတယ် ။

စ-စ်ကိုင်းက ထွက်လာတဲ့ စ-စ်ကြောင်းဟာ ဆားတောင်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသလို ရွှေဘိုက ထွက်လာတဲ့ စ-စ်ကြောင်းဟာလဲ ချီပါကျေးရွာ သို့ ရောက်ရှိလာတာကြောင့် ဒေသခံတွေဟာ ထွက်ပြေးနေကြရပြီ ဖြစ်ပါတယ် ။အဆိုပါ စ-စ်ကြောင်း နဲ့ အတူ ပြီးခဲ့တဲ့ ရက်ပိုင်းက အမှောင်ဝင် လ-က်န-က်ချ ပူးပေါင်းသွားခဲ့တဲ့ ဆားတောင်နယ်မြေခံ တော်-လှ-န်ရေးတ-ပ်ဖွဲ့ဝင်ဟောင်းတွေက ဦးဆောင်လမ်းပြမှု ပြု လုပ်နေတယ်လို့ ဒေသခံတွေက သိရှိရပါတယ်။အကြ-မ်းဖ-က်တ-ပ် ရဲ့ အမှောင်ဝင် အခမ်းအနားတွေကို လှောင် ပြောင်ခဲ့ပေမယ့် လက်တွေ့မှာတော့ ဘက်ပြောင်းသူတွေ တဖွဲဖွဲ ရှိနေ​သေးတယ်‌ဆိုတာကို နားလည်မြင်တွေ့နေကြရပြီလို့ ဆိုရတော့မှာပါ ။ ချောင်းဦးမြိုနယ် အတွင်းက တော်-လှ-န်ရေးတ-ပ်ဖွဲ့ တ-ပ်ရင်းမှူးဟောင်း (တ-ပ်ရေးဗို-လ်ကြီး) အ ဆင့်ရှိသူ တစ်ဦးဟာလဲ ငွေကျပ် သိန်းတစ်ရာ လ-က်န-က်ငယ် တစ်လ-က် နဲ့ အတူ အကြ-မ်းဖ-က်တ-ပ်ထံသို့ ပူးပေါင်းသွားခဲ့ပြန်ပါတယ် ။ ၎င်း မုံရွာတ-ပ်နယ်သို့ ရောက်ရှိသွားပြီးနောက်ပိုင်း ချောင်းဦးမြို့နယ် ထန်းတောကုန်း နဲ့ အရာတော်မြို့နယ် ကံရင်းကျေးရွာ တွေကို လေကြောင်း တို-က်ခို-က်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၈ ဦး -သေ-ဆုံးပြီး ၇ ဦး ဒ-ဏ်ရာရရှိခဲ့ တဲ့ အနက် ၅ ဦး ဟာ စိုးရိမ်ရတယ်လို့ သိရှိရပါတယ် ။အဆိုပါ အမှောင်ဝင်သွားသူ ဝေဇင်အောင် (ခ) ပျံလွှားဟာ ထောက်ပို့လုပ်‌သူများကိုပါ အမှန်အတိုင်းထွက်ဆိုထားပြီး ၎င်းရဲ့ စစ်ကြောထွက်ဆိုချက်ကို ရရှိခဲ့ပါက တင်ပြပေးပါ့မယ် ။

မန္တလေးတ-ပ်နယ် အတွင်းကနေ ထွက်ခွာလာတဲ့ စ-စ်ယာဉ်တန်းကြီးဟာလဲ ကသာမြို့သို့ ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ် ။ ထီးချိုင့် နဲ့ ကသာ အကြားမှာလဲ တ-ပ်မ ၃၃ ရဲ့ လက်အောက်ခံစ-စ်ကြောင်းတစ်ခု ကို ဒေသခံတော်-လှ-န်ရေးတ-ပ်တွေ က ကြားဖြတ်တို-က်ခို-က်နိုင်ခဲ့တာ ရှိပါတယ် ။ကသာမြို့ ကို ရောက်ရှိနေတဲ့ အင်အား ၁၀၀၀ ဝန်းကျင် ရှိတဲ့ စ-စ်ယာဉ်တန်းဟာ ‌အင်းတော် မော်လူး တစ်ဝိုက် အထိတင်ဘဲလား ကချင်ပြည်နယ် အတွင်းသို့ ထပ်မံဝင်ရောက်ရန် ရှိနေတာလား ဆိုတာကတော့ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ် ။ မြင်းခြံ ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စ-စ်ရေယာဉ်အုပ်ဟာ ချင်းတွင်းမြစ်ကြောင်း အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ကမ်းနံဘေးမှာရှိတဲ့ ကျေးရွာတွေကို ပ-စ်ခ-တ်တို-က်ခို-က်ပြီး ရွေ့လျားနေဆဲ ရှိနေပါသေးတယ် ။

မကွေးတိုင်း မင်းတုန်း အနောက်ဘက်ခြမ်းမှာ ရှိတဲ့ တ-ပ်မ ၅၅ ဟာ ပြောင်းရွာ ကို အခိုင်အမာခြေကုပ်ယူထားကြတာကို တွေ့ရပါတယ် ။အောက်တိုဘာလဆန်းပိုင်းမှာတော့ ဝက်ကော်ကျေးရွာဘက်သို့ ရိက္ခာခဲ-ယ-မ်းများကို ဘိုကြီးဆည် ကို စက်လှေတွေနဲ့ တဆင့် ၊ထိုမှတဆင့် ရှေ့တန်းစ-စ်ကြောင်းတွေထံသို့ နွားလှည်းတွေ နဲ့ ပို့ဆောင်ပေးနေကြရပါတယ် ။ မြေပြင်ထိတွေ့တို-က်ပွဲ မရှိပေမယ့် လ-က်န-က်ကြီး ဒရု-န်း တွေ နဲ့ ပ-စ်ခတ်မှုကတော့ နေ့စဉ် နီးပါး ပြုလုပ်နေတယ်လို့ သိရှိရပါတယ် ။မြစ်အရှေ့ဘက်ကမ်း အောင်လံမြို့မှ ဇက်ရေယာဉ်တစ်စီး နဲ့ အင်အားအချို့ ဟာ ခလရ ၄၄ အတွင်းသို့ လျှို့ဝှက်စွာ ဝင်ရောက်လာခဲ့တာကိုလဲ တွေ့ရပါတယ် ။ အောက်တိုဘာလ ၂ ရက်နေ့ အစောပိုင်းမှာတော့ ရေစကြိုမြို့နယ် ဂွေးချို ပျူသူ့စ-စ်‌စခန်းကို ဒေသခံတော်-လှ-န်ရေးတ-ပ်တွေက သွားရောက်တို-က်ခို-က်ခဲ့ပါတယ် ။ ပျူသူ့စ-စ်တွေဘက်ကကြိုတင် လက်ဦးမှုယူပြီး စတင်ပ-စ်ခတ်လာခဲ့ တဲ့အပြငိ မကွေး တံတားဦး လေတ-ပ် နဲ့ ညောင်ဦးလေဆိပ် မှ တို-က်ခို-က်ရေး လေယာဉ် ရဟတ်ယာဉ် များ နဲ့သာ မက ပခုက္ကူ တ-ပ်မ ၁၀၁ မှ ဂျိုင်ရိုကော်ပတာ များဖြင့်ပါ တို-က်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ဆင်မရဲရွာကို ပါ လေ ကြောင်းတို-က်ခို-က်မှု အပြင်းအထန်ပြုလုပ်ခဲ့ပါတယ် ။ ထို့အပြင် ရေစကြိုတ-ပ်နယ် အတွင်းက ခလရ ၂၅၆ ၂၅၇ ၂၅၈ တို့ကနေ လက်နက်ကြီး ဆူဆိုက်ဒရု-န်းတွေ တရစပ် ပ-စ်ခ-တ်တို-က်ခို-က်ခဲ့တာကြောင့် တော်-လှ-န်ရေးတ-ပ်ဘက်မှ ၂ ဦး မစိုးရိမ်ရ ဒ+ဏ်ရာရရှိခဲ့ပါတယ် ။ ဆင်မရဲကျေးရွာဟာ သာသနာရေးဝန်ဂျီးဟောင်း သူရမြင့်မောင် ရဲ့ ဇာတိဖြစ်ပြီး ဆင်ချောင်းကျေးရွာကတော့ သမ္မတရုံး ဝန်ဂျီးဟောင်း စိုးမောင် ရဲ့ ဇာတိ ဖြစ်ပါတယ် ။

မန္တလေးတိုင်း မိတ္ထီလာခရိုင် ရွေပန်းတိုင်ကျေးရွာအုပ်စု အောင်ပင်သာကျေးရွာ ရဲ့ မြောက်ပိုင်း စားကျက် နဲ့ စိုက်ပျိုးမြေတွေကို တဆရ ၁/၇၀၀ (တမာတောဆေးရုံ) နဲ့ တကရ ၅၀၀၂ (တင့်ကားတ-ပ်ရင်း) တို့ကတ-ပ်ပိုင်မြေ အဖြစ် သိမ်း ဆည်းဖို့ ကြိုးစားနေပါတယ် ။ ကျေးရွာရဲ့ မြောက်ပိုင်းနယ် မြေတွေမှာ အလံနီတွေ စိုက်ထူထားပြီး ဖြစ်တယ်လို့ သိရှိရပါတယ် ။ အပြီးအပိုင် သိမ်းဆည်းရန်လား ရပ်ရွာလူထုထံ မှ ငွေညှစ်ရန်လားဆိုတာကတော့ မသိရသေးဘူး ဖြစ်ပါတယ် ။ သို့ပေမယ့် တစ်ခါတစ်ရံ မုန်တိုင်ဆည်အနီးက မသက (အမြောက်သင်တန်းကျောင်း) ရဲ့ ပ-စ်ခတ်လေ့ကျင့်မှုတွေ ရှိခဲ့ရင်လဲ ယခုလို အ-န္တ-ရာယ်နယ်မြေတွေမှာ အလံနီတွေ စိုက်ထူလေ့ရှိတတ်ပါတယ် ။

ကရင်ပြည်နယ် တ-ပ်မဟာ ၅ နယ်မြေ ဖာပွန်ဒေသမှာ အ ကြ-မ်းဖ-က်တ-ပ် ရဲ့ စ-စ်ကြောင်းတွေဟာ ဆင်စွယ်ကျေး ရွာအထိ ‌ရောက်ရှိလာခဲ့ပြီ လို့ ထုတ်ပြန်ပြီးနောက်ပိုင်း ကရင်တော်-လှ-န်ရေးတ-ပ်တွေဘက်ကလဲ တုန့်ပြန် ပြောဆိုမှုတွေ လဲ ရှိလာခဲ့ပါတယ် ။ဖာပွန်တ-ပ်နယ်အတွင်းမှာ အကြ-မ်းဖ-က်တ-ပ် ရဲ့ စ-စ်အခြေစိုက်စခန်း ၁၂ ခု သာ ကျန်ရှိနေတော့တယ်လို့ ဆိုပါတယ် ။လူသောမြို့နယ် အတွင်း ကနဲကျိုး ဝပလာ့ခို ဒွဲ့သွိကျိုး ပေါ်ခေးခို့ဗျုဟာ ကဲဒဲဂျိုး ကူခို့ ဖလာခို့ ဖားဂေါ်လိုး ဝကလာတူ ကဆယ်တကွီး တို့ ဖြစ်ကြပြီး ဘူးသို့ မြို့နယ် ဖာပွန်ဗျူဟာ နဲ့ ဒွဲ့လိုးမြို့နယ် က‌မမောင်း ဗျူဟာ စခန်း တို့ ဘဲဖြစ်ကြပါတယ် ။ အဆိုပါ တ-ပ်စခန်းများသို့ စကခ ၁၂ နဲ့ စကခ ၂၀ ရဲ့ နည်းဗျူဟာတစ်ခုဟာ အင်အား ၂၀၀၀ ဝန်းကျင် နဲ့ အင်အားဖြည့်တင်းရန် ချီတက်လာနေတာဟာ ၅ လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဖာပွန်မြို့သို့ ရောက် ရှိရန် ၂၇ မိုင်ဝန်းကျင် ကျန်ရှိနေပါသေးတယ် ။ အဆိုပါ စ-စ်ကြောင်းဝင်ရောက်လာမှုကြောင့် ဒေသခံတွေရဲ့ကျေးရွာတွေဟာ လ-က်န-က်ကြီး လေကြောင်း တို-က်ခို-က်မှုတွေကြောင့် -သေ-ကြေပျက်စီးကြရပြီး ထောင်နဲ့ချီ တိမ်းရှောင် ထွက်ပြေးမှုတွေ ရှိလာခဲ့ရပါတယ် ။အကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းတွေဟာ ဖာပွန်တ-ပ်နယ် အတွင်းသို့ ဝင်ရောက်ပူးပေါင်းနိုင်ခဲ့မယ်ဆိုလျင်တောင် ခေါပုတ် ထီးမူထ ကျောက်ညှပ် ဒါးကွင်း သော်လဲထ မယ်ပေါ်မူထ မဲသ လောက် မာနယ်ပလော ယင်းပိုင် ဖားကျော် မဲသဝေါ စတဲ့ သမိုင်းဝင်ခံစ-စ်စခန်းကြီးတွေကို လက်လွှတ်ထားရဦးမှာဘဲ ဖြစ်ပါတယ် ။ 

ဖာပွန်ဗျူဟာ တဝိုက်မှာ အင်အားဖြည့်စ-စ်ကြောင်းတွေ တ-ပ်ဖြန့်ရောက်ရှိလာခဲ့မယ် ဆိုရင်တော့ စ-စ်‌တောင်းမြစ်ဝှမ်း အရှေ့ခြမ်းဒေသ နဲ့ တ-ပ်မဟာ နယ်မြေ ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း မှာ ကန့်သ-တ်ချက်အချို့ ရှိလာနိုင်ပါတယ် ။မြဝတီတောင်ပိုင်း ဖလူး မင်းလက်ပံဒေသသို့ လေးကေကော် အနောက်ဘက်တောင်ကြော က နေ ဝင်ရောက်လာတဲ့ စကခ ၁၃ လက်အောက်ခံတ-ပ်တွေဟာ သဲဖြူချောင်း အနီး မှာ ကရင်တော်-လှ-န်ရေးတ-ပ်တွေရဲ့ ပိတ်ဆို့ တို-က်ခို-က်မှုကြောင့် အထိနာပြီး ရပ်တန့်နေရဆဲ ဖြစ်ပါတယ် ။အကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းတွေ ဟာ ဝေါလေ ဖလူး မင်းလက်ပံ နယ်မြေများသို့ ဇူလိုင်လ နှောင်းပိုင်းမှစ၍ လ-က်န-က်ကြီး လေကြောင်းအရေးသာမှုတို့ကို အပြည့်အဝ အသုံးချပြီး သာလွန်အင်အား သုံးကာ မြေပြင်စ-စ်ကြောင်းထိုး တို-က်စ-စ်ဆင်လာခဲ့ပေမယ့် စ-စ်ရေးရည် မှန်းချက် မပြည့်ဝသေးတာကို တွေ့ရပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ကရင်ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုမှာ ကရင်အမျိုးသမီး ခေါင်းဆောင်တစ်ဦး က မအလကို ပြုံးလိုက်ရင် ချောလာတယ်ဆိုပြီး အသားလွတ် ပြောဆိုသွားတာကိုလဲအံ့ဩဖယ် ကြားလိုက်ရပါသေးတယ် ။

တိုင်းစ-စ်ဌာနချု-ပ်တစ်ခု လျှို့ဝှက်စွာ ဖွင့်လှစ်ခဲ့တဲ့ ကရင်နီဒေသမှာတော့ ဖရူးဆိုး မြို့နယ် ကို လေကြောင်းတို-က်ခို-က်မှု ပြုလုပ်ခဲ့ပါတယ် ။ မြေပြင်ထိတွေ့ ဖြစ်စဉ် မရှိဘဲ စ-စ်ဘေးရှောင်စခန်း နဲ့ စာသင်ကျောင်းတွေ ကို ဦးတည် တို-က်ခို-က်နေခြင်း ဖြစ်ပါတယ်။ကရင်နီလူထုဟာ လေကြောင်းအကြ-မ်းဖ-က်မှုဒ-ဏ်ကို ကြောက်လန့်တကြား ဖြစ်နေရပါတယ် ။ လေယာဉ်ဟာ အနီးကပ်နိမ့်ဆင်းပြီး မျက်မြင်ပ-စ်ခတ်မှု ပြုလုပ်လာတာမို့ ဆေးရုံတစ်ခု လူနာတစ်ယောက်ဟာ အောက်ဆီဂျင်ပိုက် နဲ့ ဒရစ်ပိုက်တွေ ဖြုတ်ပြီး ထွက် ပြေးတာမို့ နှလုံးရပ်ပြီး အသ-က်ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေတောင် ရှိလာခဲ့ရပါတယ် ။ လွိုင်ကော် ဒီးမော့ဆိုး ဖရူးဆိုး ထားလဲ နန်းဖဲ ဘော်လခဲ လမ်းကြောင်းကို လုံ-ခြုံ-ရေးတင်းကြပ်ထားပြီး ထားလဲ နဲ့ နန်းဖဲ အကြား မယ်စလောင်း စခန်းကုန်း တစ်ဝိုက် မှာလဲ ကရင်နီတော်-လှ-န်ရေးတ-ပ်တွေ စုဖွဲ့နေတယ်ဆိုပြီး စ-စ်ထောက်လှမ်းရေး အစီရင်ခံစာတွေ မှာ ဖော်ပြထားကြပါတယ် ။ ဘော်လခဲမြို့နယ် ဝမ်မလန်းစခန်း ကိုလဲ စက်တင်ဘာလ ၂၂ ရက်နေ့တုန်းက တို-က်ခိုက်ခံရပြီး လ-က်န-က်ခဲ-ယ-မ်း အချို့ ဆုံးရှုံးခဲ့ရပါတယ် ။ဖယ်ခုံ အနောက်ဘက်ခြမ်း လပင်နွဲ့ ပီကင်း ဟဲ့ကွီ ကျေးရွာတွေမှာ ကရင်နီတော်-လှ-န်ရေးတ-ပ်တွေ လှုပ်ရှားနေတယ်လို့ ဖော်ပြထားတာကြောင့် လေကြောင်းတို-က်ခို-က်မှုတွေ အချိန်မရွေး ပြုလုပ်လာနိုင်ချေ ရှိပါတယ် ။

ပဲခူးတိုင်း အရှေ့ခြမ်း ထန်းတစ်ပင်မြို့နယ် အတွင်းသို့ ဂျိုင်ရိုကော်ပတာတွေ နဲ့ လေကြောင်း တို-က်ခို-က်မှု ပြုလုပ်လာခဲ့တာ ရှိပါတယ် ။ တောင်ငူ တက္ကသိုလ် အတွင်းက တကသ ၈ (တက္ကသိုလ်လေ့ကျင့်ရေးတ-ပ်) မှာလဲ မိုးရာသီ စခန်းချ လေ့ကျင့်ခန်း ဖွင့်ပွဲ အခမ်းအနားသို့ စ-စ်တိုင်းမှူး ကိုယ်တိုင် တက်ရောက်လာခဲ့တာကို တွေ့ရပါတယ် ။ အကြ-မ်းဖ-က်တပ်ဟာ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ် အစပ် ကို နေ့စဉ်နီးပါး လေကြောင်းတို-က်ခို-က်မှု ပြုလုပ်လျက် ရှိပါတယ် ။ စ-စ်တောင်းမြစ်ဝှမ်း အရှေ့ခြမ်း နယ်မြေ စောမူပလောဒေ သအထိ ထိန်းချု-ပ်နိုင်ဖို့ အာရုံစိုက်လာခဲ့တာကို တွေ့ရပါတယ် ။ လွိုင်ကော်မြို့သို့ တိုင်းစ-စ်ဌာနချု-ပ် ရွှေ့ပြောင်းရခြင်းဟာ အဆိုပါ နယ်မြေ အနီးသို့ ချဉ်းကပ်လာခဲ့ခြင်း ဘဲ ဖြစ်ပါတယ် ။ စ-စ်တောင်းမြစ်ဝှမ်း အရှေ့ခြမ်းနယ်မြေ ဟာ ကရင်နီ မယ်စဲ့ မော်ချီး သံလွင်မြစ်တစ်ဘက်ကမ်း မှသည် ဖာပွန် တ-ပ်မဟာ ၅ နယ်မြေ မှတဆင့် ထိုင်းနိုင်ငံ အထိ ဆက်သွယ်ရေးလမ်းကြောင်း ရှိနေခဲ့တာကိုတွေ့ရပါတယ် ။ ရှမ်းပြည်တောင်ပိုင်း အယ်လ်ဖာ စ-စ်ဒေသ ကို အနီးကပ် တန်ပြန် တို-က်စ-စ်ဆင်လာမယ့် အခြေအနေမျိုး ရှိနေပါတယ် ။ တိုင်းစ-စ်ဌာနချု-ပ်နယ်မြေ ပိုင်းခြားမှု ရှုပ်ထွေးခြင်း မရှိစေရန် ဒကစ လွိုင်ကော် ကွ-ပ်ကဲမှု ဧရိယာ အ တိုင်း ဖြစ်သလို ရလခ (အရှေ့အလယ်ပိုင်းပိုင်းတိုင်းစ-စ်ဌာနချု-ပ်) နယ်မြေ တစ်ခုလုံးကတော့ ရပခ(အရှေ့ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) ဧရိယာ အတွင်းသို့ ရောက်ရှိသွားခဲ့ခြင်းဘဲ ဖြစ်ပါတယ် ။ တိုင်းစ-စ်ဌာနချုပ်အဆင့်တိုးမြှင့်လိုက်တဲ့ အ တွက် လက်ရုံးဝန်ထမ်းတ-ပ်တွေ ထပ်မံ တိုးချဲ့မှုတွေ ‌လုပ်ဆောင်လာနိုင်ဖွယ် ရှိပါတယ် ။ စ-စ်တောင်းမြစ်ဝှမ်းဒေသသို့ လတ်တလော ထိုးစ-စ်ဆင်ရန် အရ-န်တ-ပ် ရှိမနေသေးတာကို တွေ့ရပြီး ဖာပွန်တပ်နယ် အတွင်းသို့ စ-စ်ကြောင်းတွေ ပူးပေါင်းပြီး နောက်ပိုင်းမှသာ ဖြစ်လာနိုင်ချေ ရှိနေပါတယ် ။

ရခိုင်ပြည်နယ် ကျောက်တော် အိန္ဒိယဈေး လေကြောင်း အ ကြ-မ်းဖ-က်မှူဟာ ရခိုင်ပြည်သူ ၅၀ ဦး -သေ-ဆုံးပြီး ၅၇ ဦး ဒ-ဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နောက်ပိုင်းမှာလဲ ရသေ့တောင် ပုဏ္ဏားကျွန်း ဝီရဌာနီ ကျောက်တော် နှင့် သံတွဲမြို့တို့ရှိ စ-စ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို တို-က်လေယာဉ်များဖြင့် အုပ်ဖွဲ့ တို-က်ခို-က်မှုပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ တချို့ ထပ်မံ-သေ-ဆုံး ဒ-ဏ်ရာရရှိခဲ့ရကြောင်း အာရက္ခတ-ပ်ဘက်က ထုတ်ပြန် ကြေငြာလာခဲ့ပါတယ် ။ကျောက်တော် လေကြောင်း အကြ-မ်းဖ-က်မှု ကို အားလုံးက စ-စ်ရာ-ဇဝ-တ်မှုအဖြစ် သ-တ်မှတ်ထားချိန်မှာ စ-စ်လော်ဘီတွေက ကျောက်တော် မှီခိုသူ မိသားစုဝင် ၉၁၂ ဦးကို ကုလားတန်မြစ်အတွင်းမှာ သ-တ်ဖြတ်ခံခဲ့ရတယ် ဆိုတဲ့ ဇာတ်လမ်း ကို ပြန်ပြီး အသ-က်သွင်းလာကြပါတယ် ။ ဖမ်းဆီးခံထားရတဲ့ စ-စ်သုံ့ပန်းတွေကို လက်စားချေ သ-တ်ဖြတ်ဖို့ ရခိုင်ပြည်သူတွေက တောင်းဆိုတယ် ဆိုတဲ့ လူမျိုးရေး ပ-ဋိ]ပ-က္ခ ဖြစ်ပေါ်လာစေရန် လဲ မဟုတ်မမှန် ဝါဒဖြန့်နေတာကိုလဲ တွေ့ရပါတယ် ။တစ်ဆက်တည်း ဆိုသလို အာရက္ခတပ်တော်ဟာ ပြည်သူ့စ-စ်မဟာဗျူဟာ ကို အသုံးပြုနေတယ်လို့ လဲ ဆိုလာကြပါတယ် ။ ရခိုင်ပြည်နယ် အတွင်းက မြို့သိမ်း စခန်းသိမ်းတို-က်ပွဲတွေမှာ ရခိုင်လူထုဟာ အစွမ်းကုန် ပူးပေါင်းပါဝင်လာခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေပါ ‌ထွက်ပေါ်လာခဲ့ပါတယ် ။ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ တ-ပ်စခန်းဌာနချု-ပ် ၈၇ ခု အနက် နပခ (အနောက်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) အ ပါအဝင် ၅၆ တပ် ဟာ ပျက်စီးခဲ့ရပြီး ယခုအခါ စ-စ်တွေ နှင့် ကျောက်ဖြူတ-ပ်နယ် အတွင်းရှိ တ-ပ်ရင်းဌာနချု-ပ် ၃၁ ခု သာ ကျန်ရှိနေပါတော့တယ် ။ကြည်းတ-ပ် ၂၁ တ-ပ်နဲ့ ဓညဝတီရေတ-ပ်စခန်းဌာနချု-ပ် အပါ ရေတ-ပ် ၁၀ တ-ပ် သာ ကျန်ရှိနေခြင်း ဖြစ်ပါတယ် ။

စက်တင်ဘာလ ၄ ရက်နေ့ကနေစတင်ခဲ့တဲ့ ပုဏ္ဏားကျွန်းတိုက်စစ်ဟာ ယနေ့ ၁လတင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် တို-က်ပွဲတွေဟာ စ-စ်တွေမြို့ အတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ရပြီ ဖြစ်ပါတယ် ။ နောက်ဆုံးအခြေအနေအရ အကြ-မ်းဖ-က်တပ်-ဟာ ပုဏ္ဏားကျွန်းမြို့ နယ် အတွင်း သို့ တို-က်ခို-က်ရေးတ-ပ်မ တ-ပ်မ ၁၀၁ အပြင် နယ်မြေခံတပ်ရင်းများ နဲ့ အပြင်းအထန် တို-က်ခို-က်နေပေမယ့် စ-စ်ဦးကျိုး အထိနာနေဆဲ ဖြစ်ပါတယ် ။ ရွှေမင်းဂံ ဝါဘို နဲ့ မင်းချောင်းတံတား တစ်ဘက်ကမ်းက ခြေကုပ် စခန်းများကို လက်လွှတ်လိုက်ရတာကို တွေ့ရပါတယ် ။ ပါဒလိတ်ကျေးရွာ ပညရ ၁၀(ပညာရေးကျောင်း) ကနေ ကွ-ပ်ကဲနေတဲ့ တ-ပ်မ ၁၀၁ တ-ပ်မမှူး ကို နပခ စ-စ်တိုင်းမှူး မှူးချု-ပ် ကျော်ဇော (စတသ ၄၃) ဟာ အမြင့်ကျွန်းကျေးရွာအထိ ရှေ့တန်းကျကျ ဦးစီးဖို့ စေလွှတ်နေတယ်လို့ သိရှိရပါတယ် ။ အာရက္ခတ-ပ်ဟာ ခေါင်ထိ အကုန်စား ဗျူဟာ နဲ့ တို-က်စ-စ်ဆင်လေ့ ရှိတာအပြင် ကျောက်တော် -သွေး-ကြွေးကို ဆာ လောင်နေချိန် ဖြစ်တာမို့ ဗို-လ်မှူးချု-ပ် အဆင့်ရှိတဲ့ တ-ပ်မမှူး တစ်ယောက်ကို ဒူးထောက် အနေအထား နဲ့ တွေ့မြင်ရလေမလား ပက်လက်အနေအထား နဲ့ တွေ့မြင်ရမလား ဆိုတာကို စောင့်မျှော်ရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ခင်ဗျာ ။

ဇင်ယော်
၂၀၂၆ အောက် ၀၄ ၀၉၃၀

Post a Comment

0 Comments