About Me

header ads

၁၂ ​အောက်တိုဘာ ၂၀၂၆ - AUGUSTUS LINN


 ■ OpenStreetMap ကိုကုမ္ပဏီတခုက​နေ ထိမ်းချုပ်ထားခြင်းမဟုတ်ဘဲ Non-Profit အဖွဲ့အစည်းပိုင်ဖြစ်ကာ အချက်အလက်များအတွက် သန်းနှင့်ချီ​သော ဗော်လံတီယာ​တွေက ဖြည့်တင်း​ပေးထားကြပါတယ်။ ဝီကီပီဒီယား ကမ္ဘာ့​မြေပုံ ဗားရှင်းဖြစ်ပါ၏။ သည့်အပြင် ​လေဘယ်များကို ​​နိုင်ငံသုံးစကားဖြင့်သာ ​ရေးထိုးပါတယ်။ ဂရိ​​မြေပုံ​ပေါ်မှာ ဂရိစာဖြင့်သာ​ရေးထားပြီး ထိုင်းနိုင်ငံက မြို့ရွာများကို ထိုင်းဘာသာဖြင့်သာ​ ​တွေ့ရမယ်။ Google က​တော့ ၂ မျိုးလုံးဖြင့် ပြ​လေ့ရှိပါတယ်။

လက်ရှိ OpenStreetMap မြန်မာ့​မြေပုံကို ကြည့်သည့်အခါ ​​မြောက်ပိုင်း ဝ ပြည်နယ်၊ ​ဝပြည်နယ်​တောင်ပိုင်း ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ ၊ တ​အောဝ်းပြည်နယ် နှင့် 掸邦东部第四特区 ဆိုတဲ့ Entity ၅ ခုကို ​တွေ့ရတယ်။ 掸邦东部第四特区 ဆိုတာ " ရှမ်းပြည်နယ်အ​ရှေ့ပိုင်း အထူး​ဒေသ ၄ " ပါ။ မိုင်းလားလို့ အတို​ကောက် သိကြတယ်။

■ ​အထက်ပါ Entites တို့၏ နယ်နိမိတ်မျဥ်း​တွေကို သတ်မှတ်ထားခဲ့ကြသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ မြို့နယ်နယ်နိမိတ်များနှင့် လူမျိုးအရ ပြန့်နှံ့​နေထိုင်ကြသည့် ဧရိယာတို့ကို အ​​ခြေမခံ​တော့ပဲ မြေပြင်​ပေါ်က ထိမ်းချုပ်နယ်​​မြေအတိုင်း ရေးဆွဲထားတယ်​။ တိုက်သိမ်း၍ ရသမျှကို Right of Conquest ​လော့ဂျစ်နှင့် ကိုယ်ပိုင်ပြုထားသည့် သ​ဘောပါ။ ​OSM တွင် မြေပုံဝင်ပြင်ထားသူ/အဖွဲ့အစည်းသည် ရှမ်း​မြောက်ရှိ အဆိုပါ အဖွဲ့အစည်းများကို ကိုယ်စားပြုသည့်သူများလား သို့မဟုတ် 3rd Party ​​ဗော်လံတီယာတဦးဦးကပဲ ​မြေပြင် De Facto ထိမ်းချုပ်​မြေအတိုင်း လိုက်နာပြီး ​ရေးဆွဲထားသလား​တော့ မ​ပြောတတ်ပါ။

( အညာ , ကချင် , ချင်း , ရက္ခိုင် , နှင့် ​တောင်ပိုင်း​ဒေသများတွင် ​နေပြည်​တော်စစ်အစိုးရ လက်လွှတ်ထား​ရ​သော နယ်​မြေများလည်း မနည်းလှ​ပေမယ့် ​မြေပုံတွင် ပြင်မထားသည်မို့ ရှမ်း​​မြောက်-အ​ရှေ့နှင့် အကျွမ်းဝင်​သော , ပတ်သတ်​သော အဖွဲ့အစည်း/ပုဂ္ဂိုလ်က ပြင်ဆင်ထားခြင်းကသာ ဖြစ်နိုင်ပါ၏ )

ကွတ်ခိုင်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသထဲကို အပြီးတိုင်​ရောက်​နေပြီမို့ ​မြေပုံသည် Update ​တော့ဖြစ်ပါ၏။ အံ့သြစရာက​တော့ မိုးမိတ်ကို TNLA က​နေ စစ်အစိုးရထံကို လွှဲ​ပေးခဲ့ပြီး​နောက် မြို့နယ်တွင်း လက်ရှိလှုပ်ရှား​နေသည်ကလည်း PDF နှင့် KIA တပ်များ​ပေမယ့် တ​အာဝ်းပြည်နယ် နယ်နိမိတ်ထဲ​ ထည့်ထားဆဲပါ။ ပြင်ဆင်ဖို့ပဲ ကျန်ခဲ့​လေသလား၊ ရည်မှန်းချက်ထား​​နေပါ​သေးသလား။

အဆမတန် ကျယ်ဝန်းသွား​သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသကြီးထဲတွင် ကွက်ကွက်ကျန်​နေ​သော Exclave ​တွေ ရှိ​နေတာ မြင်ရတယ်။ လားရှိုးနှင့် မူဆယ် ( စစ်အစိုးရ ထိမ်းချုပ် ) နှင့် နမ့်ဖက်ကာနှင့် ​ကောင်းခါး ( ​ကေအိုင်​အေ ထိမ်းချုပ် ) တို့ပါ။ မိုင်းလားနယ်ထဲတွင်လည်း Exclave ဖြစ်​နေသည့် မိုင်းယန်းရှိ​နေတယ်​။

■ ​ တ​လောက လူ​ပြောများကြသလို တရုတ်စာလုံး​တွေ ​ပြောင်းလာတာလည်း ​တွေ့ရပါမယ်။ တရုတ်နိုင်ငံဘက်က ဆစ်​ဆောင်ပနားလို သျှမ်းကိုယ်ပိုင်ခွင့်ရ​​ဒေသက ​လေဘယ်မှလည်း တရုတ်နှင့်သျှမ်းစာလုံး​များကို ပူးတွဲ​ရေးထိုးထားတယ်။

မြန်မာဘက်က​တော့ ဝ , ကိုးကန့်နှင့် မိုင်းလားတို့ထဲက ( အကုန်မဟုတ်​သော်လည်း ) မြို့ကြီးများ၊ အ​ရေးပါသည့်​နေရာများကို မြန်မာစာအပြင် တရုတ်စာဖြင့် ​လေဘယ်ထိုးထားပါပြီ။ တ​အောဝ်းပြည်နယ်ဆိုသည်အထဲတွင်​တော့ တရုတ်စာလုံးများ မ​တွေ့ရပါ။ ဒါသည်လည်း ​OSM ၏ ​မြေပြင်ကို အ​ခြေခံသည်ဆို​သော သ​ဘောတရားအတိုင်း တရုတ်လုပ်ငန်း , တရုတ်​ငွေ​ကြေး , တရုတ်နိုင်ငံအ​ခြေပြု တယ်လီကွန်မြူနီ​ကေးရှင်း , တရုတ်နှင့်သာ အဓိကကုန်သွယ်​ရေး ပြုလုပ်​နေကြပြီဖြစ်တဲ့ အ​နေအထား​ကြောင့် ဖြစ်နိုင်ပါတယ်။

၂၀၂၁ အာဏာသိမ်းမှု​နောက်ပိုင်း ​အ​ပြောင်းလဲကြီး​ပြောင်းလဲသွားသည့် ( သို့ အရှိန်ပိုမြန်သွား​သော ) ​မြေပြင်က ပကတိ နိုင်ငံ​ရေးအင်အားချိန်ခွင် အ​နေအထားကို ဤ OpenStreetMap က​နေ တ​​စေ့တ​စောင်း​ မြင်တွေ့ရပါ၏။

ပုံ - OSM ​ပေါ်က နယ်​မြေများအ​ပေါ် ၄င်းတို့ဆွဲထားသည့် နယ်ခြားမျဥ်းအတိုင်း ထပ်၍ဆွဲထားကာ ၄င်းတို့တပ်ထားသည့် အမည်အတိုင်း တပ်ထားပါသည်။

#Augustus_Linn
၁၂ ​အောက်တိုဘာ ၂၀၂၆ 

https://www.facebook.com/photo/?fbid=122300561012154075&set=a.122103012782154075 

Post a Comment

0 Comments