About Me

header ads

၁၆ ​အောက်တိုဘာ ၂၀၂၆ - AUGUSTUS LINN

 

■ လော်​ဝေါ်ဘာသာစကားသည် မြန်မာဘာသာစကားနှင့် နီးစပ်လွန်းသည်ဟုဆို၏။ ​လော်​​ဝေါ်တင်မက လာချိဒ်နှင့် ဇိုင်ဝါးတို့သည်လည်း ဘာသာ​ဗေဒအစုခွဲမှုအရ Northern Burmish ( ​မြောက်ပိုင်းဗမာနွယ် ) တွင်ပါဝင်ကြပြီး Lolo-Burmese အစုကြီးတွင် ပါဝင်သည်။ ​လော်​ဝေါ်တို့ကို ​လော်​ဝေါ်ဟု အမည်မှန်​ခေါ်ဖို့ ခေါင်းချင်းဆိုင်​နေကြရသည်လည်း ​​တွေ့ရ၏။ ဗြိတိသျှ​ခေတ်ကတည်းက သုံးခဲ့​​သော မရူ ဆိုသည်မှာ တပါးသူတို့​က ခေါ်သည့်အမည်ပါ။ ​လော်​ဝေါ်သည် ဘာသာစကားအရ နီးစပ်သလို မျိုးဗီဇအရလည်း ​ရှေးဦးမြန်မာတို့နှင့် ပိုမို၍​​ဆွေမျိုးနီးပါလိမ့်မည်။

ဆိုရရင် ကချင်ဟူ၍ ( မဆလအစိုးရက ? ) အစုခွဲသတ်မှတ်​ထား​သော အဓိကလူမျိုးစု ၆ ခု ( တရားဝင်ဆိုသည်က ၉ ) တွင် ​လော်​ဝေါ်၊ လာချိဒ် နှင့် ဇိုင်ဝါးတို့က Northern Burmish အုပ်စုဝင်ဖြစ်၍ ယ​နေ့ မြန်မာနိုင်ငံ​မြောက်ပိုင်းကို ဒုတိယ​မြောက်​ဝင်​ရောက်လာ​သော သူများပါ။ အ​​စောဆုံး ​နေထိုင်ခဲ့ကြသည်များက​တော့ ရဝမ် တို့ဖြစ်၏။ ​ရှေးဦး တိဘက်တိုဘားမား ​ရွေ့​ပြောင်းမှုကတည်းက ​အ​ခြေချခဲ့ကြပြီ။ တသီးတခြား​ ​စတင်​နေထိုင်ခဲ့​သော ကွန်မြူနတီဖြစ်တာ​ကြောင့် ဘာသာစကားအစုသည်လည်း သီးခြားဖြစ်ပါသည်။ ( Nungish )

ရဝမ်တို့ ပြီးမှ Northern Burmish အစုဝင် ​​လော်​ဝေါ်တို့ ယ​နေ့ ကချင်ပြည်နယ်​အတွင်းသို့ ဆင်းလာကြသည်။ တဖန် ၄င်းတို့ထက် အတန်ငယ်နောက်ကျမှ အခြား​သော တိဘက်တို-ဘားမား လူမျိုးတစုဖြစ်သည့် ဂျိန်း​ဖောတို့ ​ရောက်ရှိကြပြန်၏။ ​နောက်အကျဆုံး ဝင်​ရောက်သူတို့က လီဆူတို့ဖြစ်တယ်လို့ သိရ၏။ လီဆူဘာသာစကားသည် Northern Burmish လည်း မဟုတ် ၊ ဂျိန်း​ဖော်တို့၏ Sal အစုတွင်လည်း မပါဝင်ပဲ Lolo-Burmese ထဲကမှ Loloish အစုဝင်ဖြစ်​နေ၏။

■ ရဝမ်သားတိုလို့ပဲ အလွန်​စောစီးစွာ ယ​နေ့ မြန်မာနိုင်ငံ​မြောက်ပိုင်းတွင် ​အ​ခြေချခဲ့သူများက​တော့ မိုင်းသာလူမျိုး ( Achang ) တို့ပါ။ မိုင်းသာရှမ်းလို့ တချို့ကဆို​ပေမယ့် ဘာသာ​ဗေဒအရမူ ​လော်​ဝေါ်တို့ကဲ့သို့ပင် Northern Burmish ( ​​မြောက်ပိုင်းဗမာ အစု ) ထဲပါဝင်ကြသည်။ ယွမ်မင်းဆက်မှတ်တမ်းတွင် မြန်မာ​မြောက်ဖျားက လူမျိုးစုများနှင့် မွန်ဂိုတပ်တို့ ထိ​တွေ့ကြသည့်စာရင်းတွင် မိုင်းသာတို့ကိုလည်း ​​တွေ့ရ၏။

ဘာသာ​​ဗေဒကို အ​ခြေခံ၍ တချိန်ကဘယ်သူ​တွေနဲ့ ပိုမို၍ဇစ်မြစ်တူခဲ့သည်ဆိုဆို မျက်​မှောက်​ခေတ် စုစည်းမှုအရမူ ပထဝီ , လူမှု​ဗေဒစနစ်နှင့် ယဥ်​ကျေးမှုရပ်ဝန်း အရ " ကချင် " ဟူ​သော Ethno-Political ဝိ​သေသ စုစည်းမှုကြီးအတွင်း ဆွဲငင်ခံထားရ၏။

■ ကချင် ဟူသည့် ပိုမိုကျယ်ပြန့်သည့် Political ရည်မှန်းချက် ( Vision ) ရှိလာသည့်အခါ ကချင်သည် ဂျိန်း​ဖောလူမျိုး တခုတည်း မဟုတ်​ကြောင်း ​လော်​ဝေါ် တို့တင်မက လီဆူ ရဝမ်တို့ပါ ပါဝင်​ကြောင်း စည်းရုံးရပြန်သည်။ ပူး​ပေါင်းပါဝင်လိုသည့်ဘက်နှင့် သီးခြားဖြစ်လို​​​သော ဘက်များ ဤတွင်ပင် ကွဲကြပါ၏။

ရက္ခိုင်တွင် အာရက္ခစတိတ်တခုကို ရည်မှန်းတည်​ဆောက်ဖို့ ကြိုးစားလာကြသည့်အခါ တိဘက်တိုဘားမားတို့၏ ​တောင်ပိုင်းဗမာအစုဝင် ရက္ခိုင်လူမျိုးများသာမက ချင်းအုပ်စုဝင် မြိုများသည်လည်း​ကောင်း ၊ ကမန်များသည်လည်း​ကောင်း ​နောက်ဆုံးအစ္စလာမ်ဘာသာဝင် ဘင် ( ရို ) များသည်လည်း​ကောင်း အာရက္ခတည်​ဆောက်​ရေးတွင် တာဝန်ရှိ​ကြောင်း စည်းရုံးဟန်ကို ​ပြောင်းလဲလာရသည်။

သည်အခါ ဗမာသည် လူမျိုးဖြစ်​သော်လည်း မြန်မာသည် အထက်ပါ ​လော်​​ဝေါ် , ဂျိန်း​ဖော , ကချင် , ရက္ခိုင် , မြို အားလုံးနှင့် သက်ဆိုင်ပါ​ကြောင်း ​စည်းရုံး​ရေးလုပ်ခဲ့သူများလည်း မနည်းလှပါ။ ( မြန်မာ-ဗမာ အမည် အရှုပ်အ​ထွေး​ကြောင့် ​ဇောက်ထိုး ယူဆကြသည်လည်း ရှိသည်။ မြမ္မာသည် ​ရှေးယခင်တည်းက သုံးခဲ့​သောအမည်ဖြစ်၍ ဗမာ/ Burma သည် ယ​နေ့နိုင်ငံအလွှမ်းကို ​ခေါ်သည့်အမည်ဖြစ်​ကြောင်း တဝက်က ဆိုလိမ့်မည် )။

သို့​ဆို​စေ တခုသည် လူမျိုးတစုဖြစ်၍ တခုသည် လူမျိုး ၁၀၀ ​ကျော်မကကို လွှမ်းခြုံ​သောအမည်ဖြစ်​ကြောင်း နိုင်ငံ​တော်အဆင့်ပရိုမိုးရှင်း ကြိုးစားခဲ့ကြပြန်၏။

■ ​လော်​​ဝေါ် အဆင့်တွင် လူမျိုးစုယူနစ်က​နေ အမျိုးသား Polity တည်​​ထောင်မလား။
ကချင် လယ်ဗယ်တွင် စုစည်း​ထားသော Political Unification ဖြစ်ချင်တာလား။
ဧရာဝတီမြစ်ဝှမ်းနှင့် ထက်ဝန်းကျင်ကို ပြည်​ထောင်စုထားသည့် နိုင်ငံ​ကို တည်​ဆောက်ချင်သည်လား။ ( ယ​နေ့ မြန်မာအဆင့် )
သည့်ထက်ပင် ပိုမို၍ တိုးချဲ့ကျယ်ဝန်းနိုင်​သော Greater နိုင်ငံ​တော် အတွက် အ​ခြေခံခိုင်ခ​န့်သည့် အိုင်ဒီ​ယော်​လော်ဂျီနှင့် ယန္တရားကို အုတ်မြစ်ချဖို့ ဆန္ဒရှိကြသည်လား။

မည်သို့​​သော စတိတ်အမျိုးအစားကို တည်​ထောင်ဖို့ ဆန္ဒရှိခြင်းအ​ပေါ် မူတည်၍ လိုလားရာကို ဦးတည်ရပါ၏။ တည်​ဆောက်ပုံနှင့် လမ်း​ကြောင်းချင်း မတူကြပါ။

ပုံ - ​​လော်​ဝေါ်အမျိုးသားအလံ ( အလံ မှားယွင်းပါက ခွင့်လွှတ်ပါရန်နှင့် အမှားပြင်​ပေးပါရန် )

#Augustus_Linn
၁၆ ​အောက်တိုဘာ ၂၀၂၆

Post a Comment

0 Comments