About Me

header ads

၁၄ ​အောက်တိုဘာ ၂၀၂၆ - AUGUSTUS LINN


 ■ ​စေတုတ္တရာမြို့ကို အ​​​​လောင်းစည်သူမင်းလက်ထက်တွင် ၄င်း၏ဦးရီး​တော် ( ကျန်စစ်သားသား​တော် မင်းသီရိ​ခေတ္တရာ ) တည်ခဲ့သည်ဆို၏။ ပုဂံ​ခေတ်က​နေ ကုန်း​ဘောင်​ခေတ်အထိ ​စေတုတ္တရာသည် စလင်းမြို့၏ မြို့ရံ ၅ မြို့ စာရင်းထဲပါသည်ဟု ​တွေ့ရသည်။ အခြား ​လေးမြို့မှာ ကျပင်း , ​​ကျောက်စစ် , ​ဘောင်းလင်း, နှင့် ဘားအိုင်တို့ ဖြစ်ကြ၏။

စမ္ဗူ့ဒီပဥ​ဆောင်းကျမ်းတွင်မူ ​စေတုတ္တရာ , စလင်းနှင့် ​ဘောင်းလင်းကို သီးခြားပြသည်။ စလင်းမြို့ရံ ၃ မြို့ဆိုရာ ​စေတုတ္တရာနှင့် ​ဘောင်းလင်းကို ထည့်မတွက်​တော့။ ရာစုနှစ်ရှည်လား​ထွေပြား မင်းဆက်အ​ပြောင်းများတွင် အုပ်ချုပ်​ရေးစီရင်စုများသည် တသမတ်တည်း​တော့ ဖြစ်​နေစရာ မရှိပါ။

ယင်းကျမ်းအရမူ
စေတုတ္တရာ မြို့နယ်ကား အရှေ့ကို လားသော် ဧရာဝတီ။ တောင်ကို လားသော် မုန်းချောင်း။ အနောက်ကို လားသော် ရှမ်းရွာကြီး။ ရခိုင် မြေနှင့် ကျောက်ခင်း။ မြောက်ကို လားသော် နတ်ရေကန်။ ၎င်းနယ် (အ) တွင်း ချင်း ၆၇ ရွာ မြန်မာ ၂၄ သူကြီးပေါင်း ၈၀ ချောင်းကြီး ၂ ချောင်းရှိသည်။

​နရပတိစည်သူ လက်ထက် စလင်း မြို့ သမုတ်ရာတွင် သတ်သည့် နယ်ကား အရှေ့ကို လားသော် ဧရာဝတီ။ တောင်ကို လားသော် မုန်းချောင်း ရခိုင် မြေစပ်။ မြောက်ကို လားသော် ကျပင်း အနောက် နတ်ရေကန်။ ၎င်းအတွင်း ချင်း (ရွာ) ၆၀ မြန်မာ ၆၀ မြို့ရံ ၃ မြို့ သူကြီး ၆၂ ပြည်စိုး ပိုင်စား ဝင်မနား ၃ ရှိသည်။

■ စလင်္ဂသမန္တဝိ​သောဓနီကျမ်းက​တော့ စလင်း နယ်နိမိတ်မှာ
အနောက်မှ အရှေ့သို့ လားသော် ဧရာဝတီရေကြောထက်ဝက် တောင်ဘလူရွာနှင့် ကျောက်ရဲမြို့ ရေနံချောင်းမြို့နယ်မြေနှင့်အစပ်။
အရှေ့တောင်သို့လားသော် မုန်းဝတဖက်၊ ဝက်မစွတ်မြို့၊ စကုမြို့နယ်မြေနှင့်အစပ်။
တောင်သို့လားသော် မုန်းကောက်ကောက်စင်းစင်း လယ်ကိုင်းမြို့နယ်မြေနှင့်အစပ်။
အရှေ့မှအနောက်သို့လားသော် နဂရာဇ်တောင်တန်း ဓညဝတီ ရခိုင်ပြည်နယ်မြေနှင့်အစပ်။
အနောက်မြောက်သို့လားသော် ကြာအင်းနတ်ရေကန် ယခုပခုက္ကူခရိုင် လောင်းရှေမြို့နယ်မြေနှင့်အစပ်။
အရှေ့မြောက်သို့လားသော် ကန့်မဖြူရွာ စလေမြို့နယ်မြေနှင့်အစပ်။
တောင်မှမြောက်သို့လားသော် ဧရာဝတီမြစ်ရေကြောထက်ဝယ် ပခန်းငယ်မြို့နယ်မြေနှင့်အစပ်။

အ​နောက်ရိုးမက​နေ ဧရာဝတီမြစ်အထိ ဖြစ်၏။ ဧရာဝတီမြစ် အ​နောက်ဘက်ကမ်းတွင် မင်း​နေပြည်​တော်မရှိခဲ့ပါ။ သို့​သော် မင်းသားများနှင့် အင်အားကြီးနယ်စားများ အပိုင်စားရ​​သော မြို့ကြီးများရှိ၏။ ပခန်း , စလင်း နှင့် စကုစားတို့သည် ရံဖန်ရံခါ မင်း​နေပြည်​တော်ကို အန်တုနိုင်​ကြသည်။ ဧရာဝတီ အ​​နောက်ခြမ်းတ​ကြောလုံး သုနာပရန္တတိုင်းကို တဦးတည်း အုပ်ချုပ်ဖူးသည်က​တော့ အင်းဝမင်းသီဟသူရ၏ ဒုတိယသား​တော် ဒုတိယမင်း​ခေါင်၏ညီ သတိုး​ကျော်သာဖြစ်၏။

၁၇၈၄ ခုနှစ် ဘိုး​တော်ဗဒုံမင်းလက်ထက် ရက္ခိုင်သို့ ချီသည့်အခါ သတိုင်းမင်း​စောနှင့်​ခြောက်တပ်သည် မင်းဘူးဆိပ်က တက်၍ ဘားအိုင်​ကြောင်းချီရသည်။ ဒလက်ကို ဦးတည်၍ ​ရောက်၏။ ဘားအိုင်သည် ယခုအခါ ဖအိုင်းရွာ ဖြစ်၏။

■ ​မြောက်ဘက် မြို့နီးချင်းဖြစ်သည့် လောင်းရှည်နှင့် ​စေတုတ္တရာတို့မှာ ကပ်လျက်ဖြစ်ရာ မြို့သူကြီးများ အချင်းများသဖြင့် ​မင်းတုန်းမင်းလက်ထက် နေပြည်​တော်အထိ အမှု​ရောက်၏။ ထိုစဥ်က ​စေတုတ္တရာပိုင်နက်မှာ ​မြောက်ဘက်တွင် ကြာအင်းအိုင် အထိသာဖြစ်ရာ ယ​နေ့ ​စေတုတ္တရာမြို့နယ်​မြောက်ပိုင်းသည် ​လောင်းရှည်အပိုင် ဖြစ်ခဲ့သည်။

လောင်းရှည်မြို့သက်ကိုမူ နှစ် ၁၀၀၀ ပြည့်ပြီဟုဆို၏။ ပွဲပင်လုပ်ခဲ့ကြ​သေးသည်။ မြို့တည် ​​ကောဇာသက္ကရာဇ် ၃၈၀ ကို ၆၂၈ ​ပေါင်းသည့်အခါ ( ခရစ်နှစ် ၁၀၁၈ ) ရပါသည်။ အ​နော်ရထာမင်းလက်ထက်တည်တယ်ဟုလည်း အခိုင်အမာဆိုပြန်၏။ အ​နော်ရထာနန်းတက်နှစ်ကို ခရစ် ၁၀၄၄ ဟု ယူဆလက်ခံထားကြ​ပေမယ့် အခြား​သောနှစ်များကို လိုလားသည်လည်းရှိကြသည်။ ​အ​နော်ရထာနန်းတက်နှစ်ကိုမှ သ​ဘောမတူနိုင်ကြရာ ​လောင်းရှည်မြို့တည်နှစ်သည်လည်း နှစ်အနည်းငယ်​တော့ အ​လျော့အတင်းရှိနိုင်၏။

ယုတ္တိတန်သည်က​တော့ အ​နော်ရထာမင်းလက်ထက်တွင် အ​နောက်ဘက်ခြမ်း လုံခြုံ​ရေးအတွက် မြို့တည်ထားခြင်းလို့သာ ယူဆရပါမယ်။ ရှမ်းကုန်းမြင့်ကပ်လျက်တွင် တပ်မြို့​တွေ တည်ထား​သော အ​နော်ရထာသည် အ​နောက်ဘက်တွင်လည်း အလံဦးကင်းဖျား ခံမြို့​တွေ တည်ပါလိမ့်မည်။ ​လောင်းရှည်ကိုတည်စဥ်က အမတိ သိစ္ဇည်းနှင့်ဘယ​တေဇဘွဲ့ခံ ငကာတို့ကို စစ်သည်သူရဲ ၁၀၀ နှင့်ထားသည်ဆိုကတည်းက ရည်ရွယ်ချက်ကို မြင်နိုင်၏။

■ ​စေတုတ္တရာမြို့နယ် ၂၀၁၄ ​ထွေအုပ်စာရင်းအရ ဗမာနှင့် ချင်းလူဦး​ရေ မကွာလှပါ။ ချင်း ၂၃၃၆၃ , ​ဗမာ ၂၁၇၅၇ စာရင်းရှိသည်။ ​အထက်စမ္ဗူ့ဒီပဦး​ဆောင်းကျမ်းအပါတွင်လည်း ​စေတုတ္တရာနယ်တွင် ချင်းရွာ အ​ရေအတွက်ပို၍များပါ၏။ ဗဒုံမင်းလက်ထက် စစ်တမ်းတွင်လည်း ​မြေလတ်ချင်း ၁၅ ရွာ အထက်​တောင်ရိုး​နေ ၈ ရွာ ဆို၏။ ပုဂံ​ခေတ် မြို့တည်စကပင် ချင်း ၁၉ ရွာ ၊ မြန်မာ ၁၀ ရွာခန့်ဟု ဆိုရာ နှစ်​​ပေါင်းများစွာအတွင်း လူဦး​ရေ အချိုးအစားအ​ပြောင်းအလဲ သိပ်မရှိလှပါ။

စေတုတ္တရာနယ်တွင် ချင်းပုံ ( အူးပူးချင်း ) , ​စေတုတ္တရာချင်း , မင်းကျချင်း , မရင်းချင်း , လုံးပေါချင်း , အရှိုချင်း စသဖြင့် ချင်းအနွယ်အမျိုးမျိုးရှိရာ ပုဂံ​ခေတ်ကတည်းက မြန်မာမင်းအုပ်ချုပ်​ရေးအတွင်း ပါဝင်ခဲ့ပြီးဖြစ်​နေသည်။ ​​ချင်းရွာများသည် သက်ဆိုင်ရာ မြို့စားမြို့သူကြီးတို့ကတဆင့် ဝါ , ချင်း​စောင်နှင့် ငရုတ်​ကောင်း အခွန်ဆက်ကြပါသည်။ ​
( ချင်း လူမျိုးတို့၏ Classification ကို ယခုတိုင် လည်ပတ်​နေ​သေးသဖြင့် ခွင့်လွှတ်ပါရန် )

ကုန်း​ဘောင်​ခေတ်တွင် ​စလင်းမြို့စီရင်စု ​စေတုတ္တရာမြို့နယ်အတွင်း ချင်းလူမျိုးစုရွာများ၏ အ​ထွေ​ထွေနှင့်မင်းမှုမင်း​ရေးတို့ကို စီရင်ဖို့ ချင်းအုပ် ရာထူးလည်း ခန့်ထားဖူးပါသည်။ ဆင်ဖြူရှင်လက်ထက် တရုတ်-မြန်မာစစ်တွင် ​စလင်း ​, စေတုတ္တရာ , ဘားအိုင်အရပ်က​နေ စစ်မှုထမ်း ၁၀၉၁ ဦး ဆင့်​ခေါ်ခံရရာ ​စေတုတ္တရာ​ကျေးမှ ၇၀ , ( မုရင်း ) မရင်း ၁၈၄ စာရင်းရှိပါသည်​။ ကိုယ်တိုင်မလိုက်လို​သော် လူငှားထည့်ကြပါ၏။ ငချင်းပျံပုန်ကန်စစ် , မ​ဏိပူရပူရစစ်နှင့် အင်္ဂလိပ်-မြန်မာစစ်များတွင်လည်း ​စေတုတ္တရာမှ ချင်းလူမျိုးများ အမှုထမ်းကြပါသည်။

■ စေတုတ္တရာ၏ တဖက်တွင်မူ ​ရက္ခိုင်ပြည်ဖြစ်ခဲ့ရာ ယင်းနယ်ကိုဖြတ်၍ ​လေးမြို့ မြစ်ဝှမ်းအထိကို ​​ခရီးရောက်နိုင်ပါသည်။ စစ်လည်းချီခဲ့ကြသည်။ ခရစ်နှစ် ၁၇၃၇ ​မြောက်ဦးကျဆင်းချိန်တွင် ​​စေတုတ္တရာအရပ်မှ ချင်းမျိုးနွယ်စုတို့သည် လေးမြို့​ချောင်းအရပ်ကို စီးနင်းဖျက်ဆီးခဲ့ပါ​သေး၏။ ယ​နေ့တိုင် လမ်း​ပေါက်​သော​ကြောင့်ထင် မင်းပြား ကမ်းနီ တတက ၉ မှ ဆုတ်သွား​သည့် စစ်တပ်သည်ပင် စေတုတ္တရာကပစသို့ ​ရောက်လာခဲ့၏။

[ မျက်​မှောက် ​နွေဦးစစ်ကာလတွင် မြန်မာတဝှမ်းတွင် အမျိုးသားပြဌာန်းခွင့်အ​ရေးများ တက်ကြွလာကြရာ အ​နောက်ရိုးမတ​ကြော , ​စေတုတ္တရာနှင့် ငဖဲ မြို့နယ်တို့မှ အရှိုချင်းနှင့် ချင်းအမျိုးသားများသည်လည်း ဆိုင်ရာလူမျိုးစုတပ်များ စုဖွဲ့ထားကြပါ၏။ ကိုယ်ပိုင်ပြဌာန်းခွင့်ရ Asholand ယူနစ် လိုလားဆန္ဒရှိသည်ဟုလည်း ကြားလာရသည်။

လူမျိုးတိုင်း , လူမျိုး​​ရောကပြားတိုင်း , နိုင်ငံသားတိုင်းသည် နေထိုင်ရာ​နယ်​မြေက​နေတဆင့် ဒီမိုက​ရက်တစ်နည်းလမ်းဖြင့် ပြဌာန်းခွင့်နှင့် ​ဝေမျှ​ပေးထား​သော Devolved အာဏာရသင့်ပါသည်။ ယူနစ်ပြည်နယ် ဖွဲ့ဖို့ရာဆိုလျှင်​တော့ အ​နောက် ( ရက္ခိုင် ) ရိုးမ၏ အူတိုင်ကို ဗဟိုပြု၍ တဖက်တချက် ယ​နေ့မ​ကွေးတိုင်း​​ဒေသကြီးနှင့် ရက္ခိုင်ပြည်နယ်မှ ​တောင်​​ပေါ်ဧရိယာများကိုစု၍ ယူနစ်တခုဖွဲ့လျှင် သဘာဝကျပါ၏။ အမည်ကိုမူ အရှိုလန်းဆို​သည်ထက် ထောင်စုနှစ်တခုမျှ ​ရောစပ်​နေထိုင်လာခဲ့သည်မို့ ချင်းလူဦး​ရေများနိုင်သည့်တိုင် ​​ မျက်​မှောက်​ခေတ် " တောင်စဥ် ( ခုနှစ်ခရိုင် ) "ယူနစ်ဆိုသည်က ပိုမိုသင့်​တော်နိုင်ပါသည်။ ]

#Augustus_Linn
၁၄ ​အောက်တိုဘာ ၂၀၂၆

Post a Comment

0 Comments