လွန်ခဲ့တဲ့ ၅ နှစ် (၂၀၂၁ စက်တင်ဘာမှာ) ကုလသမဂ္ဂကိုယ်စားပြုခွင့်(ထိုင်ခုံ) စီစစ်တဲ့ Credential Committee မှာ မြန်မာထိုင်ခုံအတွက် ၂ဘက်အပြိုင်အမည်တင်သွင်းမှုတွေလုပ်ခဲ့ကြတယ်
- မြန်မာစစ်အစိုးရက (UN မှာလက် ၃ ချောင်းထောင်ခဲ့တဲ့) အယင်အစိုးရကိုယ်စားလှယ် (သံအမတ်ကြီး) ဦးကျော်မိုးထွန်းကိုဖြုတ်ချပြီးဖြစ်တာမို့ လူသစ်လဲပေးပါဆိုပြီးအမည်သစ်တင်သွင်းတယ်
- NUG ကတော့ လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်းဟာသူတို့လူဖြစ်သွားပြီ ဒါ့ကြောင့် ဦးကျော်မိုးထွန်းကိုဘဲဆက်ခန့်ပြီး NUG ကို မြန်မာအစိုးရအဖြစ် UN မှာအသိအမှတ်ပြုပါလို့ (၂ ကောင်စားကင်းဝင်) ကျားကွက်ဖန်တယ်..
အဆိုပြုချက် ၂ခုလုံးမအောင်မြင်ခဲ့ဘူး
၁- Credential committe အနေနဲ့ အစောပိုင်း (၁၈ ဇွန်လ ၂၀၂၁) ကထဲက ကုလသမဂ္ဂအဖွဲ့ဝင်တွေအကြား မဲခွဲပြီးအတည်ပြုထားတဲ့ ကုလအထွေထွေညီလာခံဆုံးဖြတ်ချက် UNGA Resolution A/RES/75/287 ကိုကျော်လွန်ပြီး စစ်အာဏာသိမ်းအစိုးရရဲ့ကိုယ်စားလှယ်ကိုလက်ခံလို့မရဘူး..
ဒီအခြေအနေကိုသိလို့ ရုရှားနဲ့တရုတ်ကလဲမတွန်းဘူး..
၂- NUG ကိုလဲ ဘယ်နိုင်ငံတကာအစိုးရကမှထောက်ခံအသိအမှတ်ပြုထားတာမရှိတော့ ဦးကျော်မိုးထွန်းကို NUG ကိုယ်စားပြု သံအမတ်ကြီးအဖြစ် တင်ပေးလိုက်ဘို့လဲမဖြစ်နိုင်ဘူး..
တင်ပေးလိုက်ရင်လဲ UNGA မှာ ကန့်ကွက်မှုတွေနဲ့ အပြန်အလှန်အငြင်းပွါးပြီးသံတမန်ရေးအရရှုပ်ထွေးမှုတွေဖြစ်လာမယ်
Debate လုပ်ပြီးမဲခွဲတဲ့အခါလဲ ရှုံးမှာသေချာတယ်..
ကုလသမဂ္ဂမှာမြန်မာထိုင်ခုံပျောက်သွားမယ်
၃- အခြေအနေအရ ကုလသမဂ္ဂမှာမြန်မာထိုင်ခုံဆက်ရှိဘို့လိုနေသေးတယ်လို့ယူဆခဲ့ကြတာကြောင့် Credential Committee ဟာ Deferral option ဆိုတဲ့ "ဆိုင်းငံ့ထားခြင်းနည်းလမ်း"ကိုရွေးချယ်ခဲ့တယ်
ကုလ UNGA လုပ်ထုံးစည်းမျဉ်း ၂၉ အရ"အဲဒီလို (Credential Challenge တခုကို) ဆိုင်းငံ့ထားလိုက်ရင် မူလ အယင်နှစ် UNGA မှာအတည်ပြုလက်ခံထားပြီးသားကိုယ်စားလှယ်ကိုဘဲ(နောက်ထပ်ဆုံးဖြတ်ချက်တခုမကျမချင်း) ဆက်လက်ထားရှိရမယ်"လို့ဆိုတယ်..
ဒါကြောင့် ဦးကျော်မိုးထွန်းဟာ သူ့မူလထိုင်ခုံမှာဆက်ရှိနေတာ..
ဒါတောင်မှဘဲ Credential cmtt အဖွဲ့ဝင် အမေရိကန်နဲ့တရုတ်ညှိပြီး ဦးကျော်မိုးထွန်းအပေါ် informal restrictions "အလွတ်သဘောကန့်သတ်ထားမှု"တွေလုပ်ခဲ့တယ် ..
တရားဝင်ကြေငြာချက်မထုတ်ဘဲ အဓိက ကန့်သတ်ခဲ့တဲ့အချက်တွေကတော့-
၁။ အထွေထွေညီလာခံမိန့်ခွန်းပြောကြားခွင့်ကို ကန့်သတ်ခြင်း
- နှစ်စဉ် ကျင်းပမြဲဖြစ်သော နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်သည့် အထွေထွေညီလာခံ၏ အဆင့်မြင့် မိန့်ခွန်းပြောကြားပွဲ အခမ်းအနားတွင် ပါဝင်ပြောကြားခြင်း မပြုရန် အလွတ်သဘော သဘောတူထားရသည်။
၂။ စကားလုံး အသုံးအနှုန်း ကန့်သတ်ခြင်း
- ကော်မတီ အစည်းအဝေးများတွင် ပါဝင်ခွင့်ရသော်လည်း ၂၀၂၁ ဖေဖော်ဝါရီလကဲ့သို့ "လက်သုံးချောင်းထောင် ထောက်ခံပြသခြင်း"သို့မဟုတ် ပြည်ပ စစ်ရေးစွက်ဖက်မှု တောင်းဆိုခြင်းကဲ့သို့သော ပြင်းထန်သည့် နိုင်ငံရေး ရိုက်ခတ်မှုရှိသော စကားလုံးနှင့် အပြုအမူများကို ရှောင်ရှားရန် တောင်းဆိုခံရသည်။
၃။ နယူးယောက်ပြင်ပ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကန့်သတ်ခြင်း
- ဂျနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UNHRC) သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကဲ့သို့သော နယူးယောက်ပြင်ပရှိအထူးပြု ကုလသမဂ္ဂအဖွဲ့အစည်းများတွင် တရားဝင်ကိုယ်စားပြုခွင့်မရှိ။
၄။ NUG ကိုအစိုးရအဖြစ်တ ရားဝင်အသိအမှတ်ပြုမှုမဟုတ်ခြင်း
- ဦးကျော်မိုးထွန်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်နေသော်လည်း၊ ကုလသမဂ္ဂက ၎င်းကို NUG ၏ တရားဝင် အစိုးရကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ဘဲ အာဏာမသိမ်းမီ ၂၀၂၀ UNGA တွင်လက်ခံအတည်ပြုပေးထားသည့် နဂိုမူလသံအမတ်ကြီးအဖြစ်သာဆက်လက်အသိအမှတ်ပြုထားခြင်းဖြစ်သည်။
ရှင်းလောက်ပါပြီနော်..
ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ NUG ရဲ့အနေအထားဟာတစုံတရာတိုးတက်လာခြင်းမရှိပါဘူး
ဂုဏ်သိက္ခာကျဆင်းဆုတ်ယုတ်မှုတွေပိုများလာပြီး ပြည်တွင်းထောက်ခံမှုတွေပါလျော့ကျလာတဲ့ NUG ဟာနိုင်ငံတကာအသိအမှတ်ပြုထောက်ခံမှုတွေနဲ့ဝေးသထက်ဝေးကွာလာနေပါတယ်..
ကုလသမဂ္ဂမှာ NUG ထိုင်ခုံရဘို့ဆိုတာ လုံးဝဖြစ်နိုင်ချေမရှိတော့ပါဘူး
ဒီလို ၅ နှစ်ကျော်ကြာကာလမှာ ဟိုမရောက်သည်မရောက် Status Quo အခြေအနေမျိုးနဲ့ ဦးကျော်မိုးထွန်းကို ထိုင်ခုံဆက်ထိုင်ခွင့်ပေးထားဘို့ဆိုတာကလဲစဉ်းစားစရာဖြစ်လာနေပါပြီ
"မြန်မာအစိုးရဟာ ၂၀၂၁ အာဏာသိမ်းအစိုးရမဟုတ်တော့ဘူး ၂၀၂၆ ရွေးကောက်ပွဲအစိုးရဖြစ်နေပြီ"ဆိုတဲ့အမြင်နဲ့ လက်ရှိအစိုးရကိုအသိအမှတ်ပြုထောက်ခံထားတဲ့ ရုရှား နဲ့ တရုတ် နိုင်ငံတွေဟာ Credential cmtt မှာ မြန်မာကိုယ်စားလှယ်အသစ်ကိုထောက်ခံတင်ပြပေးဘို့အလားအလာတွေရှိနေပါပြီ
အကယ်၍ဒီလိုထောက်ခံချက်ပါတဲ့ Credentials အစီရင်ခံစာ UNGA ကိုတင်သွင်းလာတဲ့အခါ ပြင်းထန်တဲ့ကန့်ကွက်ငြင်းခုန်မှုတွေတော့ဖြစ်လာပါလိမ့်မယ်
မဲခွဲတဲ့အခါ ကန့်ကွက်သူတွေဘက်ကအများစုဖြစ်ခဲ့ရင် ဒီနှစ်အတွက်ကုလမြန်မာထိုင်ခုံလွတ်သွားပါလိမ့်မယ်
သံတမန်ရေးစျေးဆစ်အလျှော့အတင်းတွေအကြားမြန်မာကိုယ်စားလှယ် ထိုင်ခုံရသွားနိုင်မလားလဲခပ်ရေးရေးတွေးထားလို့ရပါတယ်..
NUG အတွက်ကတော့ နဂိုထဲကသူတို့နေရာမဟုတ်တဲ့အတွက်မထူးလှပါဘူး..
ဒါပေမဲ့"မြန်မာထိုင်ခုံနေရာလွတ်"သွားမယ်ဆိုရင်ဘဲ သူတို့ရဲ့အောင်မြင်မှုလို့ကြံဖန်ကြွေးကျော်နေဦးမလားတော့မသိဘူး
စကားချပ်အနေနဲ့ပြောရရင်တော့ Credential cmt က ဒီနှစ်လဲ တခုခုကိုဆုံးဖြတ်မပေးဘဲ
Deferal option နဲ့ ဘဲ "ထပ်ပြီးဆိုင်းငံ့ထားဦးမယ်"ဆိုတာမျိုးလဲဖြစ်သွားနိုင်သေးပါတယ်..
အကြောင်းကြောင်းသောအကြောင်းကြောင်းတွေကြောင့်ပေါ့..😵💫
ကုလထိုင်ခုံနဲ့ NUG ဘယ်လိုမှသက်ဆိုင်ခြင်းမရှိခဲ့ဘူး/ ရှိလာမှာမဟုတ်ဘူးဆိုတာကတော့ခိုင်မာတဲ့အချက်အလက်ပါ
ဒါတောင်မှဘဲ ဦးကျော်မိုးထွန်းက "ကုလနှစ်စဉ်ကြေးတွေကို NUG ကပေးသွင်းနေတာပါ"လို့ပြောခဲ့သေးတယ်
နှစ်စဉ်ကြေးသွင်းဘို့ နယူးယောက်မြန်မာကုလရုံးက Bank of America မှာအပ်ထားတဲ့ နိုင်ငံပိုင်ငွေ ဒေါ်လာ ၂.၆ သန်းဟာ သူနဲ့ NUG ကြားမှာစာရင်းပျောက်သွားတယ်
သန်းလွင်ထွန်း
၁၁ စက်တင်ဘာ ၂၀၂၆

0 Comments