About Me

header ads

ရုရှား၊ တရုတ်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ၃ ယောက်

 


အိန္ဒိယမှာ ကျင်းပနေတဲ့ BRICS ထိပ်သီးအစည်းအဝေးပွဲကြားမှာ ရုရှား၊ တရုတ်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ၃ ယောက် စကားလက်ဆုံကျနေကြရင်း ပေါ့ပေါ့ပါးပါးနဲ့ မြင်ကွင်းလေးတစ်ခု ​တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အီရန်နိုင်ငံခြားရေးဝန်ကြီး အာရာချီ ရဲ့ ကုတ်အင်္ကျီပေါ်မှာ တပ်ထားတဲ့ ရင်ထိုးတံဆိပ်လေးကို စပ်စုချင်စိတ်နဲ့ သေချာ လက်နဲ့ကိုင်ပြီး ကြည့်နေတာပါ။ ဒီလို စပ်စုနေတာကို ဘေးက ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ် ကလည်း ပြုံးပြုံးကြီး ကြည့်ရှုအားပေးနေတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ သံတမန်ရေးရာ တင်းမာမှုတွေကြားမှာ သူတို့ ၃ ယောက်ရဲ့ သဘာဝကျကျနဲ့ရင်းနှီး စနောက် နေကြတဲ့ ဒီဗီဒီယိုဖိုင်လေးကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ မြင်ကွင်းအား ဖော်ပြပေးလိုက်ပါတယ် ။ #MwoGoldWTICurrency #BRICS_Summit2026_India

 

 

Post a Comment

0 Comments