About Me

header ads

မြုပ် လောင် မျော ထောင်


၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက် 

မြုပ် လောင် မျော ထောင် 

ကချင်ပြည်နယ် ရွှေကူမြို့တဝိုက် တို-က်ပွဲတွေကတော့ အ ပြင်းထန်ဆုံး အနေအထားမှာ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန္တ လေး ဂေါဝိန်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ စ-စ်ရေယာဉ်အုပ်ဟာ စင်းခန်းတံတား ဖြတ်ကျော်နိုင်ဖို့ မဖြစ်သေးတာကြောင့် ရွှေကူဆိပ်ကမ်းမှာ သောင်တင်နေခဲ့ရပါသေးတယ် ။ စက်တင်ဘာလ ၂ ရက်နေ့ မှာတော့ ရွှေကူဆိပ်ကမ်းကနေ ဆက်လက်ဆန်တက်လာခဲ့တာကို တွေ့ရပြီး ကီယာ နဲ့ ပူး ပေါင်းတ-ပ်တွေရဲ့ ပ-စ်ခ-တ်တို-က်ခို-က်မှုကြောင့် ရေယာဉ် ၅ စီးခန့် ဟာ ကြီးကြီးမားမား ပျက်စီးခဲ့ရပါတယ် ။ စတက်လာတဲ့ မနက်ပိုင်းမှာဘဲ ရေယာဉ် တစ်စီးကို ပစ်ခတ်နှစ်မြုပ်နိုင်ခဲ့သလို တစ်စီးဟာလဲ မြစ်အတွင်းမှာ မီးလောင်နေခဲ့တာကို ကီယာတို့ဘက်က အတည်ပြုလာတာကို တွေ့ရပါတယ် ။ကမ်းကပ်တဲ့ စ-စ်ရေယာဉ်တချို့လဲရှိနေပြီး အသင့်စောင့် ဆိုင်းနေတဲ့ ပူးပေါင်းတ-ပ်တွေ နဲ့ ထိတွေ့မှု ပြင်းထန်ခဲ့တာလဲ ရှိပါတယ် ။ စ-စ်သင်္ဘောအချို့က စ-စ်သည် နဲ့ မိသားစုဝင်များဟာ ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေထံမှာ အလံဖြူထောင်ပြီး အညံ့ခံ လ-က်န-က်ချခဲ့ကြာတာကို တွေ့ရပါတယ်။အချို့တွေက အမျိုးသမီး နဲ့ ကလေးငယ် တွေပါဝင်နေကြတာ ကို မှတ်ချက်ပေးနေကြတာတွေ ရှိပါတယ်။ ဂေါ ဝိန်ဆိပ်ကမ်းကနေ စပြီး ထွက်လာတည်းက ဗန်းမော်မှာ စ-စ်အနိုင်ရနေသယောင် ဝါဒဖြန့်ထားမှုကြောင့် စကခ ၂၁ က မှီခိုသူ မိသားစုဝင်တွေ လိုက်ပါလာကြတာ ရှိတယ်လို့ ရေ ကြောင်း ခရီးစဉ်အစက ပြောထားခဲ့ပြီး ဖြစ်ပါတယ် ။

၎င်းရက် တစ်နေ့တည်းမှာတင် မိ-စ္ဆာလေတ-ပ်ဟာ စ-စ်လေယာဉ်မျိူးစုံ နဲ့ အကြိမ် ၃၀ နီးပါး လေကြောင်းတို-က်ခို-က်မှု ပြုလုပ်ထားခဲ့ရပါတယ် ။ဇင်းဘုံမှာ အခြေပြုနေခဲ့တဲ့ တ-ပ်မဟာ ၄ ရဲ့ စ-စ်ကြောင်းတွေဟာ စင်းခန်းတံတားဘက်သို့ ဆက်လက် ရွေ့လျားသွားခဲ့ရတာကြောင့် ကြက်တူရွေးနှုတ် သီးတဝိုက်မှာ စ-စ်ရေယာဉ်တွေကို လုံ-ခြုံ-ရေး ပေးမယ့် ခြေကုပ်နေရာကို ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေက အခိုင်အမာ နေရာယူနိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။စ-စ်ရေယာဉ်အုပ်တွေဟာ ဗန်းမော် တ-ပ်နယ်အတွင်း ဝင်ရောက်နိုင်ဖို့အတွက် စင်းခန်း နဲ့ စာဝတီး မှာ ရှိတဲ့ ကီယာ တို့ ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတာကို တွေ့ရပါတယ်။စင်းခန်းတံတားကိုသာ တစ်ကန့်လောက် ချိုးဖြတ်ပြီးမြစ်ထဲမှာ ကျနေခဲ့မယ်ဆိုရင် ဗန်းမော် ကို ရေလမ်းကြောင်းကပါ လုံးဝပြတ်တောက်အောင် ဖြတ်တောက်ထားပြီး ဖြစ်ပါလိမ့်မယ်။သို့သော် တရုတ်ဘက်သို့ အဓိက သစ်ထုတ်လုပ်ရေးလမ်းကြောင်း ဖြစ်နေတာကြောင့် ဒီအခြေအနေကိုတော့ ရောက်သွားလို့ မရတဲ့ အ ခြေအနေမျိုးပါ ။ ဗန်းမော်တ-ပ်နယ်မှာကလဲ စစ်တပ်ဘက်က အကန့်အသတ် နဲ့ လှုပ်ရှားနေနိုင်တယ်ဆိုပေမယ့် ပို့ဆွမ်း ကို သာ မျှော်ကိုးပြီး အသ-က်ဆက်နေကြရခြင်း ဖြစ်ပါတယ်။ယခုနှစ် စစ်ရေယာဉ်တွေ နဲ့အတူ ပါရှိလာတဲ့ လက် ကျန် အ-င်-အား ၈၀၀ ဝန်းကျင်ဟာ ဗန်းမော် စ-စ်မျက်နှာ အတွက် အပြောင်းအလဲ ဖြစ်လာနိုင်ဖွယ် ရှိပါတယ် ။ ဒါကြောင့်လဲ စ-စ်တပ်ဘက်က ကြည်း ရေ လေ သုံးမျိုးစလုံး နဲ့ လမ်းကြောင်းဖောက်လာသလို ကီယာ တို့ဘက်လဲ ယခင်နှစ်တွေကထက် အင်အား ကို နှစ်ဆ နီးပါး သုံးထားတာကို တွေ့ရပါတယ် ။စ-စ်ရေယာဉ်အုပ်ထဲက သောင်တင်ရပ်တန့်ပြီး ချန်ရစ်ထားခဲ့တဲ့ အရပ်ရေယာဉ်တစ်စီးကိုလဲ ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေက ဖောက်ခွဲဖျက်စီးမှု ပြုလုပ်ခဲ့တာကို လဲ တွေ့ရပါတယ် ။ ၎င်းညနေပိုင်းမှာတော့ စ-စ်ရေယာဉ် အုပ်ထဲမှ လက်ကျန် ၇ စီးဟာ ဗန်းမော်တပ်နယ် ရေနီဆိပ် ကမ်းသို့ အထိနာလျက် ဆိုက်ကပ်သွားနိုင်ခဲ့ပါတယ် ။

ယခု ရေကြောင်းချီစ-စ်ကို အနှစ်ချု-ပ် ကြည့်မယ်ဆိုရင် စ-စ်ဗို-လ်ချု-ပ်တစ်သိုက်ဟာ ဖောချင်းသောချင်းရနေတဲ့ လူသစ်စ-စ်သား တွေ ကို ရည်ရွယ်ချက်ရှိရှိ စတေးနေခြင်း ဖြစ်ပါတယ်။ နောက်တစ်ချက်က အကြ-မ်းဖ-က်တ-ပ်ရဲ့ ချီစ-စ်ကဏ္ဍဟာ ဟိုးယခင်ကဲ့သို့ ဆန်နေသေးတာကိုလဲ အထင် အရှား တွေ့ရပါတယ်။နှစ်စဉ်လုပ်ရိုးလုပ်စဉ် ဖြစ်တာကြောင့် မည်သည့်နေရာတွေက ကြားဖြတ်တို-က်ခို-က်မယ်ဆိုတာ သိနေပါလျက် လေကြောင်းကနေ ဦးနှိမ်နိုင်မှု မရှိသေးခင် မြစ်အထက်ပိုင်းသို့ဆန်တက်ရမယ့် အစီအမံကို အကောင် အထည် ဖော်စေခဲ့ပါတယ် ။ ယခုနှစ်မှာ ကီယာ တို့ဘက်က ဒရု-န်းနည်းပညာ အခန်းကဏ္ဍဟာ ရင်သပ်ရှုမောဖွယ်ရာ အနေအထားသို့ ရောက်ရှိသွားတာကို တွေ့ကြရမယ် ထင်ပါတယ် ။ စ-စ်ရေယာဉ် ၁၄ စီး အနက် ၇ စီးသာ ရောက်ရှိသွားတဲ့ အတွက် အ-င်-အား ရိက္ခာခဲ-ယ-မ်း ထက်ဝက်ခန့် ပြုန်း တီးသွားခဲ့ ရခြင်းလဲ ဖြစ်ပါတယ် ။ 

ကချင်ပြည်နယ် ဖြစ်စဉ်တစ်ရပ်လုံးကို ကြည့်ရရင် အကြ-မ်းဖ-က်တ-ပ်ဟာ ကီယာတို့ ဆီမှာပါ စ-စ်ရှုံးသွားပြီလို့ ဆိုရတော့မှာပါ။လိုင်ဇာဟာ No Fly Zone ဖြစ်နေတာကြောင့် စ-စ်အုပ်စုဟာ ကီယာတို့ကို အောက်ကနေ လှန်တို-က်နေရတဲ့ အခြေအနေသို့လုံးလုံး လျားလျား ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ စစ်-ဗိုလ်-ချု-ပ်တွေ ရဲ့ ဗန်းမော် စ-စ်ဆင်ရေးဟာ လုံးဝ အထမမြောက်ခဲ့ဘူးလို့ ပြောရမှာပါ ။ စင်းခန်းတံတားကို ထိန်းချု-ပ်နိုင်ခြင်း မရှိတဲ့အပြင် သင်္ဘောအစီးလိုက် အ လံဖြူထောင်ရတဲ့ အဆင့်ထိ ဖြစ်ပေါ်လာခဲ့ရပါတယ် ။ လူသစ်စ-စ်သားတွေ အများအပြားစုဆောင်းရရှိထားပြီးကာ လမှာ ယခုတဖန် ပြန်ပြီး အစုလိုက်အပြုံလိုက် အလံဖြူ
ထောင်ဖြစ်စဉ် စတင် ပေါ်ပေါက်လာခဲ့ရပြီ ဖြစ်ပါတယ် ။ 

မြစ်ကြီးနား မိုးညှင်း မီးရထားလမ်းကို အစုန်အဆန် ပြေးဆွဲ နေရာကနေ နန့်စီးအောင်အထိ တိုးချဲ့ ပြေးဆွဲဖို့ ကြိုးစားလာနေကြပြီ ဖြစ်ပါတယ် ။ နန့်စီးအောင် အထိသာ ပြေးဆွဲနိုင်ခဲ့မယ်ဆိုရင် ကချင်ပြည်နယ် မီးရထားလမ်းပိုင်း အစအဆုံး ကို ပြန်လည်အသုံးပြုနိုင်သွားပြီလို့ ဆိုရတော့မှာပါ ။ ရွှေဘို မြစ်ကြီးနား လမ်းပိုင်း နဲ့ မိုးညှင်း တကောင်း မန္တလေးလမ်းပိုင်းတွေ မှာ ခရီးသည်နဲ့ ကုန်စည်တင်ဆောင်ထားတဲ့ အရပ်ယာဉ်တွေဟာ ရှောင်ကွင်းလမ်းတွေကနေ သွားနေကြရတာမို့ ရက်ကာလကြာရှည်တဲ့ အပြင် မြစ်ကြီးနား မန္တလေး လေ ယာဉ်လက်မှတ်တွေကလဲ ဈေးအဆမတန် မြင့်တက်နေတာကြောင့် ကချင်ပြည်နယ်အတွင်းက ဒေသခံတွေဟာ အခက်တွေ့နေရပါတယ်။ကီယာထိန်းချု-ပ်ထားတဲ့ ကန်ပိုက်တီးနယ်စပ်စခန်းကနေ တရုတ်ကုန်စည်တွေ ဝင်ရောက်နေသေး တာကြောင့် သက်သာရာရနေသေးတာ ဖြစ်တယ်လို့ ဆိုရပါ့မယ် ။ခေါင်လန်ဖူးနယ်မြေမှာတော့ ကီယာ နဲ့ ပူးပေါင်းတ-ပ်များ ဟာ စက်တင်ဘာ ၃ ရက်နေ့ မှာ အ-င်-အားသုံး ပြီး တို-က်စ-စ်ဆင်လာခဲ့ပြီ ဖြစ်တာကြောင့် မကြာမီ စခန်းတွေ သိမ်းပိုက်ရရှိတဲ့ သတင်းများ တွေ့မြင်လာရဖွယ် ရှိနေပါတယ် ။

ကရင်နီဒေသမှာတော့ လွိုင်လင်လေးမှာ မြေပြင်ထိတွေ့ တို-က်ပွဲပြင်းထန်နေသလို မော်ချီးဒေသကိုပါ လေကြောင်းတို-က်ခို-က်မှု ပြုလုပ်လာခဲ့ပါတယ်။တို-က်ပွဲဖြစ်ပွားခြင်း မရှိတဲ့ နောက်ပိုင်းနယ်မြေကိုပါ အကြောင်းမဲ့ တို-က်ခို-က်ခဲ့တာကြောင့် ဒေသခံနဲ့ စ-စ်ဘေးရှောင်တွေ အသ-က်ဆုံးရှုံး ခဲ့ရပါတယ်။အကြ-မ်းဖ-က်တ-ပ်ဟာ ကရင်နီတော်လှန်ရေးတပ်တွေကို နားရွက်တံတွေးဆွတ်လိုက်ခြင်း ဖြစ်ပါတယ် ။ မိုးဗြဲ ဖယ်ခုံ နယ်မြေ မှာ အကြ-မ်းဖ-က်တ-ပ်ဘက်က တို-က်စ-စ်ဆင်ခြင်း ဖြစ်ပြီး လွိုင်‌လင်လေးဒေသကတော့ ကရင်နီတော်-လှ-န်ရေးတ-ပ်တွေက ထိုးစ-စ်ဆင်ခဲ့တာကြောင့် လွယ်ထယ် စခန်းကုန်းကို လက်လွှတ်ထားရပါတယ် ။ မိုးဗြဲ မှာ အထိနာခဲ့တာကြောင့် နွားလဝိုးနယ်မြေမှာ တန်ပြန်တို-က်စ-စ်ဆင်လာခဲ့ခြင်း ဖြစ်ပါတယ် ။ ၈၄ မမ ကာဂူးစကပ် နဲ့ ပွိုင့်ဖိုက် လေယာဉ်ပစ်စက်-သေ-န-တ်ကြီးတွေ ဖောဖောသီးသီး အသုံးပြုနေသလို နမ့်စန် တောင်ငူ အေလာ လေတ-ပ် က နေ စ-စ်လေယာဉ်တွေ နဲ့ အပြင်းအထန် တို-က်ခို-က်လာခဲ့တာ ကို တွေ့ရပါတယ် ။ ဒကစ (လွိုင်ကော်)နဲ့ စဗခ (ဘော်လခဲ) လက်အောက်ခံ နယ်မြေခံ တ-ပ်ရင်းတွေ သာ ကျန်ရှိနေတော့ချိန်မှာ ကရင်နီတော်-လှ-န်ရေးတ-ပ်တွေဘက်က လက်ဦးမှု ရယူပြီး တို-က်စ-စ်ဆင်ခဲ့ခြင်း ဖြစ်ပါတယ် ။ မော်ချီးနယ်မြေကို လေကြောင်းကနေ တို-က်ခို-က်မှု ပြုလုပ်ထားပေမယ့် မြေပြင်ထိုးစစ်ဆင်နိုင်မယ့် အစုအဖွဲ့ အခင်းအ ကျင်းမျိုး ရှိမနေသေးတာကို တွေ့မြင်နေရပါတယ် ။

ရလခ(အရှေ့အလယ်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) လက် အောက်ခံ ကျေးသီးအခြေစိုက် ခလရ ၁၃၁ ဟာလဲ နောက် တန်းဌာနချု-ပ် သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မို-င်းနောင် တ-ပ်နယ်မှူး က လာရောက်ကြိုဆိုခဲ့ပါတယ် ။ အဆိုပါ တ-ပ်ရင်းဟာ ဇွဲမာန်ဟိန်းစ-စ်ဆင်ရေးအမည်ဖြင့် ပန်ပိ ပန်တဝိဒေသ၊ ဝမ်ဆင်း နားပွဲဒေသ ၊မို-င်းပွန်ဒေသ ၊ပန်ကေတု ဆားတော တုန်လောဒေသ နဲ့ မို-င်းကိုင် ဒေသတို့မှာ ၄နှစ်ခွဲနီးပါး ကြာမြင့်စွာ သွားရောက်ခဲ့ကြရခြင်း ဖြစ်ပါတယ် ။အဆိုပါနယ်မြေတွေဟာ SSPP/SSA တို့ အုပ်ချုပ်ရာ ဒေသဖြစ်ပြီး မိုင်းပွန် အနောက်ဘက် နဲ့ ပန်ကေတု ဆားတော တုံလော မိုင်းကိုင် ဘက်မှာတော့ ဝ တပ်တွေ လဲ ရှိနေတာကို တွေ့ရပါတယ်။အကြ-မ်းဖ-က်တ-ပ်ဟာ ရှမ်းပြည်နယ် အ တွင်းက တို-က်ခို-က်ရေးတ-ပ်မတွေကို ပြင်ပ သို့ ပို့ဆောင်ပြီး နောက်ပိုင်း တိုင်းလက်အောက်ခံတ-ပ်တွေကို ပြန်လည်စုဖွဲ့မှု ဆက်တိုက် ဆိုသလို ပြုလုပ်လာခဲ့တာကို တွေ့ရပါတယ် ။ကျေးသီးမြို့ဟာ ရမခ (အရှေ့မြောက်တိုင်းစ-စ်ဌာနချု-ပ်) နဲ့ ရလခ အစပ်မှာ တည်ရှိပြီး မြောက်ဘက် မှာ တော့ မို-င်းရယ်မြို့ တည်ရှိနေပါတယ် ။

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့နယ် ဒုတ်ထက် ကျေး ရွာသို့ ခွင့်ပြန်လာတဲ့ CNA မှ အကြ-ပ်အဆင့်ရှိသူ တစ်ဦးကို အကြ-မ်းဖ-က်စ-စ်တ-ပ်ဘက် ဖမ်းဆီးခံလိုက်ရတာ ရှိပါတယ် ။ ၎င်း အကြ-ပ် မှာ တောင်ယာတဲ မှ ရွာတွင်းသို့ဝင်ရောက်လာစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး စဗခ (အခြေချစ-စ်ဗျူဟာ) သို့ ပို့ဆောင်၍ စ-စ်ကြောရေး ပြုလုပ်နေတယ်လို့ သိရှိရပါတယ် ။ထန်တလန်မြို့နယ် နဲ့ တွန်းဇံ မှ ရိဒ်ခေါဒါရ်အကြား တော်-လှ-န်ရေးတ-ပ်တွေရဲ့ တည်နေရာ နဲ့ ဆက်သွယ်ရေးလမ်းကြောင်းနေရာတွေကို အဓိကထား မေးမြန်းနေတယ်လို့ သိရှိရပါတယ် ။

မကွေးတိုင်း မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ မြေပြင်ထိတွေ့တို-က်ပွဲ ပြင်းထန်ခဲ့ပြီး အကြ-မ်းဖ-က်တ-ပ်ဘက်မှ အထိနာ ကာ ဒ-ဏ်ရာရလူနာတွေကို သရက် မှ တဆင့် ပြည်မြို့သို့ အရပ်ယာဉ်တွေ နဲ့ ပို့ဆောင်ထားခဲ့ရပါတယ် ။ အကြ-မ်းဖ-က်တ-ပ်ဟာ တ-ပ်မ ၅၅ ရဲ့ စ-စ်ကြောင်းတွေကို မအီ သို့ ချီတက်မယ့် အစီအစဉ်မျိုး မဟုတ်တာကို တွေ့လာရပြန်ပါတယ် ။ မင်းတုန်းနယ်မြေဟာ မအီ တလိုင်းဒေါင် နဲ့ အမ်းမြို့နယ် အတွင်းသို့ ဝင်ရောက်နိုင်တဲ့ ဒေသန္တရလမ်းကြောင်းငယ်လေး တွေ ရှိပါတယ် ။ ရခိုင်ပြည်နယ်ကနေ စ-စ်ဘေးရှောင်လာသူများဟာ အဆိုပါ လမ်းကြောင်းငယ်တွေကို အသုံးပြုပြီး ပြည်မထဲသို့ ဝင်ရောက်လာမှုတွေ ရှိနေတာကြောင့် ၎င်းလမ်းပိုင်းတွေကို အသုံးမပြုတော့ရန် ဒေသခံတော်-လှ-န်ရေးတ-ပ်တွေ သတိပေးတားမြစ်လာခဲ့ရပြီ ဖြစ်ပါတယ် ။ နတ်ရေကန် စ-စ်မျက်နှာ မှာ အာရက္ခတ-ပ်တွေ ဘက်က ပိတ်ဆို့ထားတာကြောင့် အမ်း ပဒါန်း လမ်း ကြောင်းကနေ တို-က်စ-စ်ဆင်လို့ မရဖြစ်နေတာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့ကြောင့် မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်း ကနေ ဟိုဖျားကျေးရွာ မှတဆင့် အမ်းမြို့နယ် အတွင်းသို့ နောက်ထပ် ချီစ-စ်လမ်း ကြောင်း ရွေးချယ်လိုက်ခြင်း ဖြစ်ပါလိမ့်မယ် ။ ထို့အပြင် နတ်ရေကန် နဲ့ မင်းတုန်းမြို့နယ် အတွင်းမှာ လှုပ်ရှားနေတဲ့ ဒေသခံတော်-လှ-န်ရေးတပ်တွေကိုပါ ဖြတ်တောက်ပြီး ဖြစ်စေရန် ရည်ရွယ်တာလဲ ဖြစ်ပါလိမ့်မယ် ။ အရ-န်လက်ကျန်တ-ပ်သာ ရှိနေခဲ့သေးရင် မကြာခင် သရက် အထက်မင်းလှ ခရိုင်ချင်းဆက်လမ်းကိုပါ စ-စ်ကြောင်းတွေ တပ်ဖြန့်လာနိုင်ချေ ရှိနေပါတယ် ။ အမ်း ပဒါန်း လမ်းဟောင်းကနေ ကမြင်းကန် ဂုတ်စည်းရိုး ခံစ-စ်စခန်းတွေကို ကျော်ဖြတ်နိုင်ခြင်း မရှိတဲ့ အတွက် လမ်းကြောင်း အသစ် ထပ်မံ ရှာဖွေခြင်းမျှသာ ဖြစ်ပြီး ရခိုင်ရိုးပေါ်သို့ ရောက်လာနိုင်စရာ နည်းပါးပါတယ် ။မြစ်အရှေ့ဘက်ကမ်း ဆင်ပေါင်ဝဲမြို့နယ် ရန်ကုန် မန္တလေး အမှတ် ၂ လမ်းမကြီး ဖုတ်ကုန်း (လှေဝန်း)ကျေးရွာ အနီး မှာ အကြမ်းဖက်တပ် ရဲ့ စစ်ကြောင်း နဲ့ ဒေသခံတော်-လှ-န်ရေးတ-ပ်တို့ ထိတွေ့တို-က်ပွဲ ပြင်းထန်ခဲ့ပြီး အပေါင်းအနှုတ်ကိုတော့ စုံစမ်းနေဆဲသာ ဖြစ်ပါတယ် ။

အညာဒူဘိုင်းနယ်မြေမှာတော့ အကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းတွေဟာ တဲကြီး ကျေးရွာ တဝိုက်မှာဘဲ ယာယီခြေကုပ်ယူထားခဲ့တာကို တွေ့ရပါတယ် ။

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာတော့ တ-ပ်မ ၁၀၁ ရဲ့ စ-စ်ကြောင်းတွေဟာ တပ်တည်တပ်လှုပ် သတင်း အမှောင်ချထားပါတယ် ။ သာပေါင်းမြို့နယ် ရွှေသောင်ယံ ဝက်-သေ-ဘက်ကို တပ်ဖြန့်လာတဲ့ စ-စ်ကြောင်းတွေရဲ့ သ တင်းဟာ ရုတ်တရက် ပျောက်ဆုံးနေပါသေးတယ် ။ ဂျိတ်လတ် မကျီးဇင် ဘောမိ နယ်မြေ တွေ အထိ ကြိုတင် ခံစ-စ်ပြင်ဆင်ထားတဲ့ အာရက္ခတ-ပ်တွေ နဲ့ လဲ ထိတွေ့ဖြစ်စဉ် ကြီးကြီးမားမား ဖြစ်ပွားခြင်း မရှိသေးပါဘူး။

အကြ-မ်းဖ-က်တ-ပ်ဟာ လိုသလောက်ရနေတဲ့ လူသစ်စ-စ်သား တွေကို အင် အားသုံးကာ စစ်မျက်နှာတွေ မွစာကြဲ အောင် ဖွင့်လှစ်လာနိုင်ခဲ့တာကတော့ ပကတိ အနေအထားတစ်ရပ်ဖြစ်ပါတယ် ။ စ-စ်အ-င်-အား ခြင်း ယှဉ်နေရတဲ့ အခြေအနေမျိုးဘဲ ဖြစ်ပါတယ် ။ သို့သော် စ-စ်တို့၏ သ ဘောသည် အ-င်-အား နည်းသည် များသည် မဆိုသာ လုပ် ရည်ကိုင်ရည် နဲ့ ရဲစွမ်းသတ္တိသာ အဓိကကျသည်လို့ ဆိုပါတယ် ။တစ်ဖက်မှာလဲ လူသစ်စ-စ်သား သုံးပုံနှစ်ပုံ အသုံးပြုထားတဲ့ စ-စ်ကြောင်းတွေ ဆိုပေမယ့် ထိုစ-စ်ကြောင်းတွေကြောင့်ဘဲ နေရာ တော်တော်များများ ပြန်လည် ထိန်းချု-ပ်နိုင်ခဲ့တာတွေကို လဲ တွေ့ကြရမှာပါ ။ ရ-န်သူ့အ-င်-အားကိုတော့ အထင်အရှား မည်သို့ ဖွဲ့စည်းထားရပြီ‌ဆိုတာကို သိကြပြီး ဖြစ်ပါတယ် ။ မိမိဘက်က အ-င်-အား ကို လဲ ဆန်းစ-စ်ရန် လိုအပ်လာပြီ ဖြစ်ပါတယ် ။ ရိက္ခာစားအ-င်-အား နဲ့ တို-က်ခို-က်ရေး အ-င်-အား ကို သေသေချာချာ ခွဲခြားရန် လို အပ်ပါတယ် ။ အကြ-မ်းဖ-က်တ-ပ် ဘက်ကို ကြည့်ရင် ရိက္ခာစား အ-င်-အား မှန်သမျှ တိုက်-ခို-က်ရေးအ-င်-အား အဖြစ် ချက်ချင်း ပြောင်းလဲနိုင်ပါတယ် ။ တ-ပ်ချု-ပ် ဒုချုပ် ညှိကွပ် ကစထမှုး နဲ့ စ-စ်တိုင်းမှူး တွေ ရဲ့ ခရီးစဉ်တွေ တိုင်း မှာ လက်ရုံး ဝန်ထမ်း တ-ပ်တွေကိုပါ ခြေလျင်ခြေမြန်တပ်ရင်းတွေကဲ့သို့ တိုက်ခိုက်ရေးစုဖွဲ့မှု အသင့် ရှိနေရမယ် ဆိုတဲ့ စ ကားရပ်ကိုာသာ အထပ်ထပ် ပြောကြားနေရပြီ ဖြစ်ပါတယ် ။ 

တော်-လှ-န်ရေးတ-ပ်တွေဘက်ကလဲ အကြ-မ်းဖ-က်တ-ပ်ကဲ့သို့ စ-စ်စည်းရုံးခြင်း ဘာကြောင့် အင်တို-က်အားတို-က် မပြုလုပ်နိုင်ပါသလဲ ❓ အဓိကက ဘဏ္ဍာရေး အခြေအနေ စ-စ်အသုံးစရိတ် မရှိတာကြောင့် ဖြစ်ပါ့မယ် ။ အကြ-မ်းဖ-က်တ-ပ်ဟာ လစဉ် ရရှိနေတဲ့ လူသစ်စ-စ်သားတွေကို စ-စ်ဝတ်တန်ဆာပလာ နဲ့ လ-က်န-က်ငယ် ကိုယ်စီ တ-ပ်ဆင်ပေးထားရပါတယ် ။အကြ-မ်းဖ-က်တ-ပ်ရဲ့ ထိပ်တန်းလျှို့ဝှက် အဆင့်ရှိ ရှိတွင်းစ-စ်ပြင် ဖွဲ့စည်းပုံ ဇယား စာရွက်တွေ အရ တ-ပ်သားသစ်တွေ ထံမှာ လ-က်န-က်ငယ်ကျည် အနည်း ဆုံး ၁၂၀ ကနေ ၂၄၀ အထိ ဖြည့်ဆည်းပေးထားနိုင်ဆဲ ဖြစ်တာကို တွေ့ရပါတယ် ။ယခု ခြားနားချက် ကို ကြည့်ပြီး စိတ်ဓာတ်ကျဆင်းရန် မလိုအပ်ပါဘူး ။ 

ရခိုင်တောင်ပိုင်း ဂွ မြို့နယ်မှာတော့ မြေပြင်တို-က်ပွဲတွေဟာ မျှော်လင့်ထားတာထက် ပြင်းထန်လာနိုင်ချေ ရှိပါတယ် ။စက်တင်ဘာလ ၃ ရက်နေ့ မှာဘဲ ဂွ ကျိန္တလိ ဂျိတ်တောမြို့များ ရဲ့ အနီးတဝိုက်သို့ ပင်လယ်ပြင်အတွင်းမှာ ရှိနေတဲ့ စစ်သင်္ဘောတွေ ကနေ မနက် ၁၁ နာရီ ကနေ စတင်ပြီး ပစ် ခတ်တိုက်ခိုက်လာခဲ့တာကြောင့် ရေကြောင်း လေကြောင်း ရန် အထူးသတိထားကြဖို့ အရေးပေါ်ထုတ်ပြန်လာခဲ့ပြီ ဖြစ်ပါတယ် ။ကျောက်ဖြူ စ-စ်မျက်နှာ မှာ အကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းတွေ လှုပ်ရှားမှု မရှိတာကြောင့် ထိတွေ့ဖြစ် စဉ် ခေတ္တ ရပ်နားနေပေမယ့် စ-စ်ရေးအခြေအနေ ကတော့ တင်းမာနေဆဲ သာ ဖြစ်ပါတယ် ။မြို့တော် စ-စ်တွေကိုလဲ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ငြိမ်သ-က်ခြင်းမျိုး နဲ့ တွေ့မြင်ရပြီး အကြ-မ်းဖ-က်တ-ပ်ဘက်ကတော့ ရံဖန်ရံခါ နွားအိုလန့်လန့်ပြီး လ-က်န-က်ကြီး နဲ့ပ-စ်ခတ်မှုမျိုး ပြုလုပ်နေတာတော့ ရှိပါတယ် ။

မြဝတီတောင်ပိုင်း ဖလူး မင်းလက်ပံ နယ်မြေမှာတော့ အ ကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းတွေဟာ ကရင်တော်-လှ-န်ရေးတ-ပ်တွေရဲ့ တန်ပြန်တို-က်စ-စ် အောက်မှာ အထိနာ ပြီး တိုးမပေါက်နိုင်သေးတာကိုတွေ့ရပါတယ် ။ထိုနည်းတူစွာ ဖာပွန် တ-ပ်မဟာ ၅ နယ်မြေ မှာလဲ အကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းကြီးဟာ ကတိုင်တိ အလွန်မှာဘဲ စ-စ်ဦးကျိုး ရပ် တန့် သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ် ။ဖာပွန်နယ်မြေ အတွင်း က ကရင်တော်-လှ-န်ရေးတ-ပ်တွေ ရဲ့ စ-စ်နည်းဗျူဟာ နဲ့ လုပ်ရည်ကိုင်ရည် ကတော့ အားကျ အတုယူဖွယ်ရာ လို့ ဆိုရမှာပါ ။လ-က်န-က်ကြီး လေကြောင်း အရေးသာမှုကို အ စွမ်းကုန် အသုံးပြုထားတဲ့ အ-င်-အား ၂၀၀၀ ဝန်းကျင် စ-စ်ကြောင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်နေခြင်းဘဲ ဖြစ်ပါတယ် ။ 

ထိုင်းအစိုးရ က ဖမ်းဝရမ်း ထုတ်ထားတဲ့ BGF တ-ပ်မှူး စောမုတ်သုန် ကတော့ မြဝတီကနေ မြို့တော် ဘားအံသို့ တိမ်း ရှောင်လာရပြီလို့ သိရှိရပါတယ် ။ ၎င်းဟာ မူလက ကေနု တ-ပ်မဟာ ၁ နဲ့ တ-ပ်မဟာ ၅ နယ်မြေ အစပ် မှာ အခြေပြုနေခဲ့ခြင်း ဖြစ်ပါတယ် ။ထိုင်းအစိုးရ နဲ့ စ-စ်အု-ပ်စု ဟာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတွေ ပြုလုပ်လာတာကြောင့် ကရင် မွန် နဲ့ တနင်္သာ နယ်စပ်ဒေသတွေ မှာ အကြ-မ်းဖ-က်တ-ပ်ဘက်က ပြန်လည်ထိန်းချု-ပ်နိုင်ဖို့ အခြေအနေ တစ်ချို့ ရှိလာနိုင်တယ်လို့ မှန်းဆရပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ ။

                                            ဇင်​ယော်
                                 ၂၀၂၆ စက် ၀၄ ၀၉၁၀

#အိုင်အမ်ဇင်ယော်
#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
#WeLoveZinYaw
#CaptainSeagull

Post a Comment

0 Comments