About Me

header ads

စက်တင်ဘာ ၂၄ ရက်​နေ့ ကုလသမဂ္ဂ အ​ထွေ​​​ထွေညီလာခံ

  ■ မ​နေ့က စက်တင်ဘာ ၂၄ ရက်​နေ့ ကုလသမဂ္ဂ အ​ထွေ​​​ထွေညီလာခံမှာ အစ္စ​ရေးဝန်ကြီးချုပ် နေတန်ယာဟု မိန့်ခွန်း​ပြောသည့်အခါ နိုင်ငံပါင်း ၇၇ နိုင်ငံက ကိုယ်စားလှယ်​တွေ ထိုင်ရာကထ၍ ထွက်သွားခဲ့ကြတယ်။ ​ဂါဇာအ​ရေးတွင် နေတန်ယာဟု တုန့်ပြန်မှုဟာ လက်လွန်​​​ခြေလွန် ရမ်းကားသည့်အဆင့်ကို​ရောက်​​နေတာ​ကြောင့် ကန့်ကွက်သည့်အ​​နေဖြင့် ​ကျောခိုင်းမှုပြုကြရာမှာ အစ္စလာမ်နိုင်ငံများနှင့် လက်ဝဲနိုင်ငံ​ရေး အား​ကောင်းသည့် လက်တင်နိုင်ငံ​တွေက အများစုပါ။

အစုအဖွဲ့ဖြင့် အက်ရှင်ယူကြခြင်းရှိသလို ပြည်တွင်းနိုင်ငံ​​ရေး လိုအပ်ချက်အရလည်း ​ရွေးချယ်ရပ်တည်ကြတယ်။ စပိန်အစိုးရသည် ဆိုရှယ်လစ်ဝါဒီဖြစ်​နေသဖြင့် ယင်းအစုကို ပူး​ပေါင်းသလို ချီလီတွင် လက်ယာယိမ်းသမ္မတ​ဖြစ်​သော်လည်း အာရပ်ကမ္ဘာပြင်ပတွင် ပါလက်စတိုင်းလူမျိုး ၅ သိန်းခန့် ​​​နေထိုင်သည့်နိုင်ငံဖြစ်တာ​ကြောင့် ပါလက်စတိုင်းအ​ရေးကို အ​လေး​ထားလေ့ရှိတယ်။

■ အာရှနိုင်ငံများထဲက အစ္စလာမ်ဘာသာဝင်လူများစု မဟုတ်ဘဲ ​နေတန်ယာဟုမိန့်ခွန်းကို ​ဆန့်ကျင်​ကျောခိုင်းခဲ့သည်က ​မြောက်ကိုရီးယားနှင့် မြန်မာတို့ဖြစ်​နေကြတယ်။ ​မြောက်ကိုရီးယားသည် အီရန်နှင့် နျူကလီးယားနည်းပညာ , တိုက်ချင်းပစ်ဒုံးနည်းစနစ်များ ဖလှယ်​နေကြသည့် မိတ်​ဆွေရင်းဖြစ်​နေရာ အီရန်နှင့်ရန်စစ်ဖြစ်​နေ​သော အစ္စ​ရေး၏ ဆန့်ကျင်ဘက်တွင်​နေခြင်းသည် အထူးတလည်မဟုတ်ပါ။

ထူးဆန်းသည်က အစ္စလာမ်နိုင်ငံလည်း မဟုတ်သဖြင့် ညီအကို​တော်များနှင့် ​သွေးစည်းညီညွတ်​​ကြောင်း ပြစရာမလိုဘဲ ​နေတန်ယာဟု မိန့်ခွန်း​​ခြွေသည့် အချိန်တွင် ​ကျောခိုင်းခဲ့သူက မြန်မာကိုယ်စားလှယ်အဖွဲ့ဖြစ်ပါ၏။ ယင်းလုပ်ရပ်က​နေ မည်သည့်အကျိုးရနိုင်မလဲ။

■ မြန်မာသံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဖိနိုပ်သူစစ်အစိုးရကိုတွန်းလှန်​နေရ​သော NUG အစိုးရကို ကိုယ်စားပြုထားသည်ဖြစ်ရာ ကိုယ်ကျင့်တရား တသမတ်တည်းဖြစ်မှု​ထောင်​ချောက် ( Moral Consistency Trap ) တွင် ပိတ်မိ​နေတယ်။ ပါလက်စတိုင်းတို့ကို ဖိနိုပ်သူဟု ရှုမြင်ခံထား​သော ​နေတန်ယာဟုကို ဆန့်ကျင်ဖို့ရာသည် နိုင်ငံ​ရေးသီလအရ ငြင်းပယ်လို့ မရသည့် ဖိအားဖြစ်လာတယ်။

သည်လိုပဲ မြန်မာ့အ​ရေးတွင် Global South နှင့် Progressive အုပ်စု၏ ​ကိုယ်ချင်းစာ​ထောက်ခံမှုကိုလည်း ဆက်လက်၍ လိုလားလို့ဖြစ်မယ်။

■ ​ဘေးထွက်အ​နေနဲ့က​တော့ ဂျူး​လော်ဘီတို့သည် အ​မေရိကန်နိုင်ငံ​ရေး အသိုင်းအဝိုင်းတွင် အင်အားအ​ကောင်းဆုံး အစုအဖွဲ့ဖြစ်ရာ ​အ​မေရိကန်အစိုးရတို့၏ ဂရုစိုက်မှုကို လိုလား​သော် ၄င်းတို့၏ ဆန့်ကျင်ဘက်တွင် မ​နေ​​စကောင်းပါ။

ယ​နေ့ မြန်မာ့​နွေဦး Context အပြင်က ထွက်ကြည့်​သော် မြန်မာ-အစ္စ​ရေးဆက်ဆံ​ရေးသည် အစဥ်အလာအရ အလွန်ပင်အား​ကောင်းပါတယ်။ အ​ရှေ့​တောင်အာရှနိုင်ငံများတွင် အစ္စ​ရေးကို ပထမဆုံးအသိအမှတ်ပြုခဲ့သည့်နိုင်ငံဖြစ်သလို မြန်မာဝန်ကြီးချုပ်ဦးနုနှင့် အစ္စ​ရေးဝန်ကြီးချုပ်ဘန်​နဂူအင်တို့၏ မိတ်​ရင်း​ဆွေသဟာရင်းနှီးမှုသည် ထင်ရှားလှတယ်။ ဦးနုသည် အစ္စ​ရေးနိုင်ငံကို ပထမဆုံး နိုင်ငံ​တော်ခရီးစဥ် သွား​ရောက်ခဲ့​သော အာရှ​​နိုင်ငံခေါင်း​ဆောင်လည်း ဖြစ်ပြန်တယ်။ ယင်းကစလို့ ကဏ္ဍ​ပေါင်းစုံတွင် ပူး​ပေါင်းနိုင်မှု မလစ်လပ်ခဲ့ပါ။ မြန်မာစစ်ဘက်နှင့်​ထောက်လှမ်း​ရေးကို အ​​စ္စ​ရေးဘက်က မွမ်းမံ​ပေးတာမျိုး​တွေလည်း ရှိခဲ့တယ်။

■ အာဏာသိမ်းစစ်တပ်နှင့် ဆက်ဆံ​ရေး အမျှင်တန်းမှု​ကြောင့် အစ္စ​ရေးအစိုးရကို ​​ပြောစရာဖြစ်​​နေ​ပေမယ့် မြန်မာတွင် ဒီမိုကရက်တစ်နိုင်ငံ​ရေးစနစ် ပေါ်ထွန်းလာပြီးလျှင်လည်း အစ္စ​ရေးနှင့် ဆက်ဆံ​ရေး ဆက်လက်​ကောင်းမွန်​မှုက​နေ အကျိုးအမြတ် များပြားစရာရှိပါတယ်။ နျူကလီးယားနည်းပညာပိုင် နိုင်ငံတနိုင်ငံနှင့် ယခင်ကတည်းက အမြစ်ခိုင်ပြီးသား၊ ရှားရှားပါးပါး ကိုယ့်ဘက်က ​ကျေးဇူးရှိခဲ့​သော ဆက်ဆံ​ရေးကို ထိမ်းထား​သော် အကျိုးမယုတ်ပါ။

ခန့်မှန်းရခက်​သော ကမ္ဘာ့အ​ခြေအ​နေတွင် ​ရှေ့​ပြေးနည်းပညာပိုင်း ရ​ပေါက်ရလမ်း များများစားစား မရှိ​နေပါ။ အ​မေရိကန်နှင့် တရုတ်တို့၏ ​ဂေဟစနစ်တို့မှအပ အခြားစွမ်း​ဆောင်နိုင်​သော နိုင်ငံများကို Diversify လုပ်ကာလမ်း​ကြောင်းဖွင့်ထားမယ်ဆိုလျှင် ဂျပန် , အိန္ဒိယနှင့် အ​စ္စ​ရေးတို့သာရှိတယ်။ ဥ​ရောပနှင့် အ​ပေးအယူလုပ်ဖို့က စံနှုန်းဘားမြင့်လွန်းတယ်။

ကာကွယ်​​​ရေးနှင့် ဒုံးခွင်းနည်းပညာများတွက် ​ရှေ့တန်း​ရောက်​နေသည့် အစ္စ​ရေးက​နေ နည်းပညာဖလှယ်ခွင့်ရ​သော် အမြတ်ကြီးမယ်။ အာရပ်​စော်ဘွားများပြည်​ထောင်စုပင် ယင်းကဏ္ဍမှာ အားကိုးထားတယ်။ မြန်မာသည် မိတ်​ဆွေနည်းသည့် အစ္စ​ရေးအတွက် " Natural ပါတနာ " ဖြစ်နိုင်သဖြင့် ကိုယ့်ဘက်ကလည်း ​အောက်အလွန်ကျို့စရာမလိုသည့် အ​နေအထားရှိ​နေနိုင်တယ်။

အချုပ်အခြာအာဏာပိုင်နိုင်ငံပင် တင်းပြည့်ဖြစ်မလာ​သေးသည့် ပါလက်စတိုင်းသည် မြန်မာတို့အတွက် ​ပေးစရာ မရှိ​နေပါ။ ဤအ​ရေးတွင် စာနာမှုယိုဖိတ်၍ လက်ဝင်မလျှိုသင့်။

■ မြန်မာတို့နှင့် ဆက်ဆံ​ရေး​ကောင်းမွန်ဖို့ လိုအပ်သည့် အခြား​သော အစ္စလာမ်ဘာသာဝင်နိုင်ငံများက အမြင်​စောင်းမှာကိုလည်း ​ကြောင့်ကြစရာ​တော့မများပါ။ ပါလက်စတိုင်း-အစ္စ​ရေး အ​ရေးသည် ၄င်းတို့နိုင်ငံများ၏ အကျိုးစီးပွား​ကို တိုက်ရိုက်ထိခိုက်ခြင်းမဟုတ်ပဲ ပြည်တွင်း​နေ အစ္စလာမ်လူထု၏ စာနာမှု​ကြောင့်သာ ​သွေးစည်းမှုပြ​နေရခြင်းက အဓိကအ​ကြောင်းရင်းပါ။ အာရဗ်ညီ​နောင်သားချင်းဖြစ်​​သော အီဂျစ်နှင့် ​ဂျော်ဒန်တို့သည်ပင် ကိုယ့်အကျိုးနှင့် ပွတ်တိုက်လာ​သည့်အခါ ပါလက်စတိုင်းတို့ကို မျက်နှာလွှဲလိုက်ကြ​​​တော့တယ်။

ယူ​အေအီး , ​မော်ရိုကို , အလ်​ဘေးနီးယား , အဇာဘိုင်ဂျန်နှင့် ကာဇက်စတန်တို့လို အစ္စလာမ်လူများစုနိုင်ငံများပင် အစ္စ​ရေးနှင့် မိတ်မပျက် ရောင်းဝယ်​ဖောက်ကားနေချိန်တွင် မြန်မာသည် အစ္စ​ရေး-ပါလက်စတိုင်းအ​ရေးတွင် ကြားညပ်မခံဘဲ အစ္စ​ရေးနှင့်လည်း​ကောင်း ၊ ကိုယ့်အတွက် အကျိုးရှိမည့် အစ္စလာမ်နိုင်ငံများနှင့်လည်း​ကောင်း ဆက်ဆံ​ရေး ​ကောင်းမွန်​အောင် ​နေထိုင်နိုင်တယ်။

​နေတန်ယာဟုက ညီရင်းအကိုလို့ ​ခေါ်ဆိုထားသည့် ဝန်ကြီးချုပ်မိုဒီ၏ အိန္ဒိယအစိုးရသည် အီရန်ထံက​နေလည်း ​ပဋိပက္ခကာလအ​တောတွင်းမှာပင် ရေနံနှင့် သဘာဝဓါတ်​ငွေ့ကို ဝယ်ယူပါ၏။

■ ယင်းအ​ရေးကို ချုပ်ရ​သော် ​အစ္စ​ရေးဝန်ကြီးချုပ်ကို ​ကျောခိုင်းကန့်ကွက်ခြင်းသည် ​မြန်မာကိုယ်စားလှယ်ကြီးတို့၏ နိုင်ငံ​ရေးစာရိတ္တ သမာသမတ်ဖြစ်မှု ဝိ​ရောဓိကို ​ဖြေရှင်းဖို့ရာနှင့် Global South ​ထံက မြန်မာ့အ​ရေးကို ထောက်ခံစာနာမှုလိုအပ်​နေသည့် ပစ္စုပ္ပန်ကာလအတွက် သင့်တင့်​သော ရွေးချယ်မှု ဖြစ်​​ကောင်းဖြစ်နိုင်ပါတယ်။

​ရေရှည်အမျိုးသားအကျိုးစီးပွားအတွက်က​တော့ မြန်မာ-အစ္စ​ရေး ဆက်ဆံ​ရေးက​နေ အကျိုးအမြတ် ရယူနိုင်စရာများသဖြင့် မပယ်သင့်ပါ။ အကယ်လို့ အစ္စ​ရေးနိုင်ငံ ဗုန်းဗုန်းလဲလို့ အင်အားအခင်းအကျင်း​ ပြောင်းလဲလျှင်​တော့ မြန်မာတို့၏ မူဝါဒကို အလိုက်​သင့်ပြောင်းလို့ရပါ၏။

■ စက်တင်ဘာ ၂၄ တရက်တည်းမှာပင် တရုတ်သမ္မတရှီ အိမ်ဖြူ​တော်ကို ​ရောက်ရှိစဥ် ဆန့်ကျင်ဆန္ဒပြမှုတချို့ ပြုလုပ်ကြတာ​တွေ မြင်ရတယ်။ ယင်းသို့ Rally ပြုကြရာမှာ တိဘက် , ဝီဂါ , ဟောင်​ကောင်အ​ရေး တက်ကြွလှုပ်ရှားသူများ စု​ဝေးကြခြင်းဖြစ်သဖြင့် တရုတ်နိုင်ငံ ပြည်တွင်းရှိ အမျိုးသား​ရေးလွတ်​မြောက်​ရေး ၊ ​ဒေသတွင်းဒီမိုက​ရေစီအ​ရေးများအတွက်လို့ ဆိုရပါမယ်။ ၄င်းတို့၏ ဟစ်​ကြွေးသံများ ကျယ်​လောင်​လောင်ဖြင့် အိမ်ဖြူ​တော်သို့တိုင် လွင့်ပျံလာသဖြင့် သမ္မတကြီးထွမ့်ပင် မျက်နှာအ​တော်ပျက်၏။ ကြီး ၂ ကြီး​ ( ၄င်းအမြင် စကြာမင်း ၂ ပါး ) မင်းပွဲခင်းနေချိန်တွင် မိမိ၏မြို့​တော်ကိုမှ ငြိမ်ဝပ်​အောင် ဖြစ်​မ​နေသည်ကို ရှက်ဟန်တူတယ်။

​ပြောရမည်က မြန်မာ့အ​ရေးတက်ကြွလှုပ်ရှားကြသူအချို့ပါ ယင်းဆန္ဒထုတ်​​ဖော်ကြသည့်အစုတွင် ပူး​ပေါင်းခြင်းကို ​တွေ့ရပြန်တယ်။ တရုတ်အစိုးရအ​နေဖြင့် အကဲဆတ်၍ အထိမခံ​သော ပြည်တွင်းရေးများတွင် မြန်မာ့အ​ရေးကို ဝင်​ရောက်ယှက်နွယ်ထားသည်ကလည်း နိုင်ငံ​ရေးအရ ​အ​န္တရာယ်ကြီးလှတယ်။

■ ​ဘာသာစကားအုပ်စုတူ တိဘက်တို့ကို စာနာနိုင်လှ​သော်လည်း တိဘက်နှင့် ဝီဂါအ​ရေး ​ဆောင်ရွက်သူများသည် မြန်မာ​နွေဦးတွင် ကျည်တ​တောင့် ၊ ယမ်းတမှုန်မျှ အကူအညီ​ပေးနိုင်ဖို့ မစွမ်းနိုင်ပါ။ အင်အားချိန်ခွင်ကိုလည်း ​ရွေးတသားမျှ မရွေ့​စေနိုင်ပါ။ ယင်းတို့ကိုယ်တိုင်လည်း မစွမ်းသလို မြန်မာသည်လည်း မိမိကိုယ်ကမှ တိုင်းပြည်မပျက်ဖို့ ရုန်းကန်​နေရသဖြင့် တိဘက်တို-ဘားမား ဘရာသားများကို ​စောင်မနိုင်စွမ်း ကင်းမဲ့တယ်။ စာနာ​လိုသော် တိတ်တိတ်​လေးသာ အ​ဝေးက​နေ စာနာလို့ဖြစ်နိုင်တယ်။

တဖက်တွင် ​ဘေဂျင်းသည် မြန်မာ့အ​ရေး၏ ပင်မ ပြင်ပ Actor ဖြစ်ပါတယ်။ မြန်မာ့​နွေဦး စစ်​ရေးအ​နေအထား ၊ နိုင်ငံ​ရေးတရားဝင်မှု အခန်းကဏ္ဍအများစုကို ယူနန်ပြည်နယ်အစိုးရ​လောက် တဆင့်ခံဖြင့်ပင် သွန်လိုသွန် ၊ ​မှောက်လို​မှောက် လုပ်နိုင်ပါ၏။ အဆုံးအဖြတ်​ ဖြစ်​စေနိုင်တယ်။

ကြိုက်သည်ဖြစ်​စေ ၊ မကြိုက်သည်ဖြစ်​စေ ဂလိုဘယ်စူပါပါဝါ ဖြစ်​နေသည့် ​တရုတ်ကို အိမ်နီးချင်းကပ်ရက်က​နေ လျစ်လျူရှုဖို့ လုံးဝ ( လုံးဝ ) မဖြစ်နိုင်ပါ။ မြန်မာအများစု၏ အ​မြင်တွင် ပြည်တွင်းစစ်ကြီးကာလ ဆင်းရဲနိမ့်ပါး​ခေတ်ပျက်​ကြုံ​နေ​သော ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူး​ကျော်ခံရသည့် တရုတ်နိုင်ငံမျှဟု ရှုမြင်ကြ​သေးဟန်တူတယ်။ ယ​နေ့တရုတ်သည် အ​ရှေ့တိုင်း၏ မူလ Hegemon ​နေရာကို ပြန်​ရောက်​နေပြီမို့ စီးပွား​ရေး၊ နည်းပညာနှင့် စွက်ဖွက်နိုင်စွမ်း Hard Power ခိုင်ဖြီးမှုအရ နားရွက်တံ​တွေးသွားဆွတ်၍ ​သင့်​​တော်သည့်​ အပြုအမူ မဟုတ်​လေဘူး။

■ ကုလသမဂ္ဂရှိ မြန်မာကိုယ်စားလှယ်ကြီးတို့၏ အ​နေအထားသည်ပင် အ​မေရိကန်နှင့် တရုတ်တို့အကြား နားလည်မှုဟု ယုံကြည်ရပါတယ်။ UN ၏ Credentials ​ကော်မတီတွင် အဖွဲ့ဝင် ၉ နိုင်ငံ ထားရှိ​သော်လည်း ​အ​မေရိကန် , တရုတ်နှင့် ရုရှားတို့သည် အမြဲတမ်း​နေရာယူထားပြီး ၄င်းတို့၏ သ​ဘောထားကို ကျန်အလှည့်ကျ ၆ ထိုင်ခုံမှ နိုင်ငံများက စိန်​ခေါ်နိုင်စွမ်းမရှိပါ။

အ​မေရိကန်သည် မြန်မာ့အ​ရေးတွင် ကိုယ်ထိလက်​ရောက် မကူညီ​သော်လည်း အရပ်သားအစိုးရခန့်အပ်ထား​သော သံအမတ်ကြီး၏ ​နေရာကို ဆက်လက် Honour လုပ်​ထားတယ်။ သည်လိုဘဲ စစ်အစိုးရတဘက်တည်းကိုသာ ရာနှုန်းပြည့် ​​ထောက်ခံမှုမ​ပေးဘဲ ​ဘက်​ပေါင်းစုံကို လွှမ်းမိုးဖို့ အခင်းအကျင်းဖန်တီးထား​သော ​ဘေဂျင်းကလည်း စစ်တပ်ကိုယ်စားလှယ်ကို ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် မ​ပေး​သေးပါ။ ဤသို့ NUG အစိုးရ၏ ကိုယ်စားလှယ်ကြီးအတွက် မီးစိမ်းပြ လမ်း​ကြောင်းဖွင့်ထားသည့်နည်းဖြင့် စစ်အစိုးရအ​ပေါ် Leverage အထက်စီးတခု ထပ်ယူထားတယ်။

■ လွတ်လပ်သည့် ဒီမိုကရက်တစ်နိုင်ငံတွင် အခွင့်အ​ရေးဖြစ်သည့် မလိုလားသည်ကို ဆန္ဒထုတ်​ဖော်ခွင့် ရှိသဖြင့် လုပ်နိုင်ပါတယ်။ သို့​သော် တက်ကြွလှုပ်ရှားသူတို့၏ တိဘက်အ​ရေး ၊ ဝီဝါအ​ရေးသ​ဘောထားများသည် မြန်မာ ဒီမိုကရက်တစ်အစိုးရ၏ တရားဝင်ရပ်တည်မှု မဟုတ်​ကြောင်း အတိအလင်း ​ရှောင်ထားပါမှ မလိုလားအပ်သည့် ​ရိုက်ခတ်မှုမျိုးက​နေ ​​ရှောင်ကြဥ်နိုင်ပါမယ်။ ​ဘေဂျင်းသည် မြန်မာ့ဒီမိုကရက်တစ်အ​ရေးကို စာနာမကူညီသည့်တိုင် ရန်ဘက်လုံးလုံးလျားလျားဖြစ်မသွားဖို့​​စေဖို့ သတိကြီးရမယ်။

မြန်မာ့​နွေဦး၏ ပင်မရည်မှန်းချက်သည် မြန်မာတွင် ဒီမိုကရက်တစ်နိုင်ငံ​ရေးစနစ်ကို ပြန်​လည်အ​ကောင်အထည်​ဖော်နိုင်ဖို့သာ ဖြစ်ပါတယ်။ ယင်းကလွဲ၍ တရုတ်တွင် နိုင်ငံ​ရေးစနစ် ​ပြောင်းလဲဖို့အ​ရေး ၊ ပါလက်စတိုင်းလွတ်​မြောက်​ရေး ၊ ဝီဂါအ​ရေးတို့သည် ဦးစား​ပေးမဟုတ်သလို မဆိုင်​ရေးချ မဆိုင်ပါ​ချေ။ ကမ္ဘာ့​​ရေးရာအ​​ထွေ​ထွေတွင် ဂလိုဘယ်​တော်လှန်​ရေးကို မတည်လမ်းပြဖို့်လည်း မဟုတ်ပါ။

■ စစ်အစိုးရရန်ဘက်တဦးဖြင့်ပင် ရုန်းကန်​နေရရာ ၄င်းတို့ထက် လုပ်နိုင်စွမ်းကြီးမားပြီး မိမိ​၏ဘောင်အပြင်က အ​ရေးအရာများတွင် ပါးနပ်စွာ ရပ်တည်ဖို့လည်း အ​ရေးကြီးပါတယ်။ နှာ​စေး​နေနိုင်​သော် နှာ​စေးပါ။ မဖြစ်မ​နေ ​ဘက်ရွေးရ​သော် မိမိဘက်အကျိုးရှိမည့်ဘက်ကို ​ရွေးသင့်ပြီး ဘယ်ဘက်​ရွေး​ရွေး ​ချောက်ကြီးပဲဆိုလျှင်​တော့ Damage အနည်းဆုံးဖြစ်မည့်ဘက်ကို ​ရွေးချယ်ရပ်တည်လျှင် အကျနာမှုသက်သာမယ်။

ယမန်​နေ့ တရက်တည်းတွင် မြန်မာ့ဒီမို​က​ရေစီအသိုင်းအဝန်းသည် နိုင်ငံကြီးများနှင့် ပတ်သတ်​ဆက်နွယ်သော ကျွတ်ဆတ်သည့် ကမ္ဘာ့အ​​ရေးများတွင် မဖြစ်မ​နေ​အ​နေအထားကြောင့်လည်း​ကောင်း , ​ရွေး​ချယ်မှုဖြင့်လည်း​ကောင်း ရပ်တည်ကိုင်တွယ်ရပုံများကို ​မြင်​တွေ့ခဲ့ရပါတယ်။ မီးမဟတ်​ခဲ့သော် ​ကောင်းပါ၏။

ပုံ - အနီ​ရောင်ချယ်ထားသည်မှာ အစ္စ​ရေးဝန်ကြီးချုပ် နေတန်ယာဟု မိန့်ခွန်း​ပြောချိန် ​ကျောခိုင်းထွက်ခွာသွားသည့် ကုလကိုယ်စားလှယ်ကြီးများ၏ နိုင်ငံများပါ။

#Augustus_Linn
၂၅ စက်တင်ဘာ ၂၀၂၆

Post a Comment

0 Comments