About Me

header ads

၂၀၂‌၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်

  


၂၀၂‌၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်

မြောက်ပိုင်း မဟာမိတ်ညီနောင် အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်တ-ပ်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ နေပူတော်သို့ စက် တင်ဘာလ ၂၂ ရက်နေ့တည်းက ရောက်ရှိနေခဲ့ပြီး ဖြစ်ပါတယ် ။ စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ ရာပြည့် ဦးစီးတဲ့ NSPNC အဖွဲ့ အပြင် သံပုရာသီး နဲ့ ပါ တွေ့ဆုံခဲ့တာကို တွေ့ရပါတယ် ။ တအာန်းတ-ပ် တွေတုန်းကလို သဘောတူညီချက် စာရွက်စာတမ်း ပေါက်ကြားလာခြင်းမျိူး မတွေ့ရသေးပါဘူး ။အဓိက အချက် ၅ ချက် ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ် ။

( ၁) ပြည်ထောင်စုမပြိုကွဲရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး
(၂)ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည် ထောင်စုတည်ဆောက်ရေး
(၃)အားလုံးပါဝင်ပြီးဆွေးနွေးပွဲများမှတဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး
(၄)ဒေသတွင်းဆိုင်ရာကိစ္စရပ်များ
(၅)နယ်စပ်ကုန်သွယ်ရေးဂိတ်များပြန်လည်ဖွင့်လှစ်နိုင်ရေး တို့ပဲ ဖြစ်ပါတယ် ။ဆွေးနွေးမှု အနှစ်ချုပ်ကိုကြည့်ရင် ဒီမိုကရေစီ ဆိုတဲ့ စကားရပ်တစ်ခုသာတွေ့ရပြီး နွေဦးတော်-လှ-န်ရေးဆိုတဲ့ အသုံးအနှုန်းကို ထည့်မသုံးဝံ့ကြဘူးဆိုတာကို မြင်နေရပါတယ် ။ ကိုးကန့်တ-ပ်နဲ့ နီးစပ်သူများကတော့ တရုတ်အစိုးရ ရဲ့ ဖိအားကြောင့် သွားရောက်ရခြင်း ဖြစ်ပြီး စိတ်မပူကြပါနဲ့လို့ ဆိုပါတယ် ။ နေပူတော်သွားတဲ့ ကိစ္စကိုတော့ စိတ်ပူစရာ ဘာအကြောင်းတရားများ ရှိနေပါအံ့နည်း ။သိန္နီ ကွတ်ခိုင် မြို့များကို အလျင်စလို တောင်းခံတော့မှာ မဟုတ်ဘူးလို့ ယူဆရပါတယ် ။ဘာကြောင့်လဲဆိုတော့ မြို့နှစ်မြို့ကို ပြန်လည်ရရှိမယ်ဆိုပါက တ-ပ်နေရာချထားရမှာကြောင့် ဖြစ်ပါတယ် ။၁၀၂၇ စ-စ်ဆင်ရေးမတိုင်မီ သိန္နီမြို့မှာ တ-ပ်မဟာ ၁၆ ခလရ ၆၉ ခလရ ၂၄၀ ခလရ ၃၂၃ တို့ အခြေစိုက်ခဲ့သလို ကွတ်ခိုင်မြို့မှာတော့ အခြေချစ-စ်ဗျူ ဟာ ခလရ ၄၅ ခလရ ၂၄၁ ခလရ ၂၄၂ အမတ ၃၄၇ (အမြောက်တ-ပ်ရင်း) တို့ တည်ရှိခဲ့ကြတာ ဖြစ်ပါတယ် ။၁၀၂၇ စ-စ်ဆင်ရေးမှာ အစောဆုံး အပ-စ်ရပ်ခဲ့တဲ့ အဖွဲ့ဖြစ်သလို လားရှိုးမြိုကို ပြည်လည်ပေးအပ်ထားခဲ့ပေမယ့် ဆွေး နွေးပွဲကို လာရောက်ရန်အချိန်ကိုရသလောက် ဆွဲဆန့် ထားနိုင်ခဲ့ပေမယ့် နောက်ဆုံးတော့ နေပူတော်ရဲ့လမ်းမတွေ ပေါ်သို့ ခြေချခဲ့ရပြီ ဖြစ်ပါတယ် ။သီပေါ နဲ့ ကျောက်မဲ မြို့တွေ မှာတော့ လျှ-ပ်စ-စ်မီး ပြန်လည်ရရှိဖို့ နီးကပ်လာနေတာကို တွေ့ရပါတယ် ။သီပေါမြို့နယ် ကုန်းသာ အတွင်းပိုင်းက ပိန်လုံ ဆိုတဲ့ ရှမ်းရွာလေးကို ရွှေတူးဖော်ရန်ဆိုပြီး ရွာလုံးကျွတ် ရွှေ့ပြောင်းခိုင်းနေတယ်လို့ သိရပါတယ် ။ရွာနေရာသစ်ကိုလဲ အိမ်ထောင်စုတစ်စုလျင် ပေ ၂၀၀ ပတ်လည်သာ အ စားထိုးရရှိမှာကြောင့် ဒေသခံတွေဟာ အခက်ကြုံနေရပါတယ်။

ကချင်ပြည်နယ် ရွှေကူ ဝဲမ နယ်မြေအတွင်းက တ-ပ်မ ၃၃ ရဲ့ လက်အောက်ခံ စ-စ်ကြောင်းတွေဟာ စ-စ်ယာဉ်တန်း ၃၇ စီး နဲ့ ငါးအိုး လမ်းအတိုင်း ပြန်လည် ဆုတ်ခွာလာခဲ့တာ တွေ့ရပါတယ် ။ ရွှေကူ ငါးအိုး လမ်းပိုင်းကို ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေဟာ အချိန်ပြည့် ထိန်းချု-ပ်ထားနိုင်ပုံ မရပါဘူး။တ-ပ်မ ၃၃ ရဲ့ နည်းဗျူဟာ တစ်ခုဟာ မန္တလေးကနေ စတင်ထွက်ခွာလာစဉ် တုန်းကလဲ အဆိုပါလမ်းကြောင်းကနေ နေ့ ချင်းပေါက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။စ-စ်ယာဉ်တန်း ၁၂ စီး ဖြင့် ချီတက်လာခဲ့ခြင်းဖြစ်ပြီး တကောင်းဝန်းကျင်မှာ စ-စ်ယာဉ်တစ်စီးကို တော်-လှ-န်ရေးတ-ပ်တွေက FPV ဒရု-န်း နဲ့ တို-က်ခို-က်နိုင်ခဲ့တယ်ဆိုတာ မှတ်မိကြဦးမယ် ထင်ပါတယ် ။ ယခု ရွှေကူတ-ပ်နယ် အတွင်းက ပြန်လည် ထွက်ခွာလာချိန်မှာ စ-စ်ယာဉ်တန်းဟာ ၃ ဆ ခန့် များပြားလာတဲ့ အချက်ဟာ ထူးဆန်းနေပါတယ် ။ တ-ပ်မဟာ ၄ ရဲ့ စ-စ်ကြောင်းတစ်ချို့ ပါလာလေသလား ထောက်လှမ်းရမယ့် အချက်တွေ ရှိလာခဲ့ပါတယ် ။ ဒေသခံတွေကတော့ ဒ-ဏ်ရာရ စ-စ်သည်တွေ ပြန်လည်ခေါ်ဆောင်လာကြတယ် ဆိုပေမယ့် စ-စ်ယာဉ်တန်းတွေဟာ ထီးချိုင့်ကို ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ် ။ ဒ-ဏ်ရာရ လူနာတွေ ဆိုပါလျင် မြတောင် ကနေ ‌တကောင်း လမ်းအတိုင်း မန္တလေးတ-ပ်နယ် သို့ ပို့ဆောင်ရမှာ ဖြစ်ပါတယ် ။ အဆိုပါ စ-စ်ကြောင်းတွေ ဝင်ရောက်မလာခင် အင်းတော် ကွင်းလမ်း မှာ ရှိနေတဲ့ ယာဉ်တန်းကို လေကြောင်းတို-က်ခိုက်မှု ပြုလုပ်ခဲ့ရာ ဆီသယ်ယာဉ်ပေါ် တို-က်ရို-က်ထိမှန် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်-သေ-ဆုံးမှုတွေ များပြားခဲ့ရပါတယ် ။

ဗန်းမော်တ-ပ်နယ် အတွင်းမှာတော့ ဝက်ကုန်း ဟန်တဲ နဲ့ နန့်ဖားအင်း နယ်မြေတွေမှာ ထိတွေ့ဖြစ်စဉ်တွေ ရှိခဲ့တာကို တွေ့ရပါတယ် ။ စ-စ်ရေယာဉ်တွေ ဆိုက်ကပ်လာစဉ်အတွင်း ဂျုံ မှုန့် အကြွင်းအကျန်တချို့လဲ ပါလာခဲ့ပုံ ရပါတယ် ။ တ-ပ်မ ၈၈ ကတော့ ဆေးလိပ်ဖက်ကြမ်း နဲ့ ပဲပလာတာလိပ်ခုတ် ၂ ယောက် ၁ခုနှုန်း နဲ့ စားပြီး စ-စ်သွေး ကြွလာစေရန် ဆောင် ရွက်နေတာကိုလဲ တွေ့ရပါတယ် ။ မိုးညှင်းမြို့ အေးမြ သာယာ ရပ်ကွက်မှာ စက်တင်ဘာလ ၂၃ ရက်နေ့ ည လ-က်န-က်ငယ် ပ-စ်ခတ်မှုရှိခဲ့ပြီး အတင်း အ-ဓ-မ္မလူသစ်စု ဆောင်းနေခြင်း ဖြစ်ပါတယ် ။ လိုင်ဇာမြို့တဝိုက်ကို ကင်း ထောက်လေယာဉ်တွေ ပျံဝဲလာခဲ့ပြီဆိုတော့ ကချင်ဒေသ နဲ့ စ-စ်ကိုင်းတိုင်း အထက်ပိုင်းနယ်မြေတွေမှာ ထိတွေ့တို-က်ပွဲတွေ ထပ်မံပြင်းထန်လာနိုင်ချေ ရှိပါတယ် ။ ပူတာအိုခရိုင်အတွင်းမှာတော့ ဒေသ နဲ့ ကိုက်ညီတဲ့ ဒီဂရီကောလိပ်တစ်ခု ဖွင့်လှစ်ဖို့ ပြောကြားလာတာတွေ့ရပြီး ဘယ်နေ့ ဘယ်ရက် ဆိုတာ မသိရသေးပါဘူး ။

ကေအိုင်အို နဲ့ ပူးပေါင်းတ-ပ်တွေဟာ ကချင်ပြည်နယ်အ တွင်းမှာ ရူနူဒန် အမည် နဲ့ စ-စ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေခြင်း ဖြစ်ပါတယ် ။" ရူ "ဆိုတာက အမြစ် ၊" နူ "ဆိုတာက ပင်မ ၊ "ဒန်" ဆိုတာက ခုတ်ထွင်ခြင်း အမြစ်ကနေစပြီးခုတ် ထွင်ရှင်းလင်းမယ်လို့ အဓိပ္ပါယ်ရပါတယ် ။ကေအိုင်အို အဖွဲ့ချု-ပ်ဟာ လိုင်ဇာအပါ ခရိုင်အားလုံးကို အချက် ၄ ချက် ပါ ဝင်တဲ့ သတိပေးစာတစ်ချက် ထုတ်ပြန် လာခဲ့တာကို တွေ့ရပါတယ် ။စက်တင်ဘာလ ၂၄ ရက်နေ့ နေ့ မွန်းလွဲပိုင်းမှာတော့ လိုင်ဇာနယ်မြေကို သယ်ယူပို့ဆောင်ရေးလေ ယာဉ်တစ်စီး နဲ့ -ဗုံး-ချတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ် ။ တရုတ်နယ်စပ်မြို့ဖြစ်တဲ့ လိုင်ဇုမြို့ အနီးတဝိုက်မှာ မိနစ် ၂၀ ဝန်း ကျင်အကြာ ပျံသန်းမှု ပြုလုပ်ခဲ့တာကြောင့် တရုတ်နိုင်ငံဘက်ခြမ်းက လေကြောင်းအချက်ပေး-မီး-ကျ-ည် တွေ ပစ်လွှတ်ခဲ့တာကိုလဲ တွေ့ရပါတယ် ။ တို-က်လေယာဉ်တစ်စီးပါ ထပ်မံရောက်ရှိလာခဲ့ပြီး မုန်းဆန်ယန် ဘက်အထိ ပျံ သန်းခဲ့ကာ လိုင်ဇာမြို့ နဲ့ အတန်ငယ်လှမ်းတဲ့ အာလော့ဘွမ် တောင် ကြောဘက်ကို တို-က်ခို-က်ခဲ့ခြင်း ဖြစ်ပါတယ် ။ တ-ပ်ချု-ပ်အသစ် ရဲဝင်းဦးကတော့ မရဲဘဲ နဲ့ ကျွဲမည်း စီးလေပြီ လို့ဆိုရပါတော့မယ် ။တစ်ရက်တည်းဆိုသလို တ-ပ်မဟာ ၉ နယ် မြေ ဖားကန့်ဒေသက ကီယာ တ-ပ်ရင်းနေရာတွေကို -ဗုံး-ချ တို-က်ခို-က်ခဲ့တာကို တွေ့ရပါတယ် ။

စ-စ်ကိုင်းတိုင်း အင်းတော် ကသာ ထီးချိုင့် နယ်မြေတွေမှာ ခရီးသွားပြည်သူတွေဟာ ပြည်ထောင်စုလမ်းမကြီးကို နှစ်ဘက်တ-ပ်တွေက အပြန်အလှန် ပိတ်ဆို့ထားတာကြောင့် ရှောင်ကွင်းလမ်းတွေကနေ သွားလာနေကြရပြီး ဇက်ရေ ယာဉ်အပြင် သင့်ရာ စက်လှေငယ်တွေ နဲ့ အသ-က်အ-န္တ-ရာယ်တွေကြားကနေ သွားလာနေကြရပါတယ် ။ ဇက်ရေယာဉ်ကူးခကတော့ ၁၂ ဘီးကုန်တင်ယာဉ် တစ်စီးလျင် ၁၆ သိန်း အထိ လျှော့ချပေးလိုက်ပြီလို့ သိရှိရပါတယ် ။ အင်းတော်နယ်မြေဟာ ရှေးအစဉ်အဆက် ကဒူးမျိုးနွယ်စု ရှမ်း နဲ့ ဗမာ တိုင်းရင်းသားတွေ နေထိုင်ကြတာဖြစ်ပါတယ် ။ လက်ဝဲသုန္ဒရအမတ်ကြီး ကို ပို့တယ်ဆိုတဲ့ မဲဇာဆိုတာက ထီးချိုင့်မြို့ နယ် အတွင်းက မဲဇာလေး ကျေးရွာ ဖြစ်ပါတယ် ။

အခုပြောမှာက အင်းတော်မြို့နယ်ထဲက မဲဇာစံပြကျေးရွာ အ ကြောင်းပါ ။မဲဇာ အစ ဘူးတောင်းကဆိုတဲ့ စကားအ တိုင်း မဲဇာချောင်း(မြစ်)ဟာ ဗန်းမောက်မြို့နယ် မြောက်ဖျား နဲ့ က ချင်ပြည်နယ်အစပ် ရေတံခွန်တွေကနေ မြစ်ဖျားခံပြီး ဘူး တောင်းရွာ ကနေတဆင့် ဗန်းမောက်မြို့နယ်ထဲသို့ ပင်မ ရေစီးကြောင်း အဖြစ်ဝင်ရောက်လာခဲ့ပါတယ် ။ မဲဇာချောင်းကို ယခင် မလည်ချောင်းလို့ ခေါ်တွင်ကြပြီး စုစု ပေါင်း ကီလိုမီတာ ၅၀ (မိုင် ၈၀) ခန့် ရှည်လျားပြီး ဧရာဝတီမြစ်ရဲ့ မြစ်လက်တက် တစ်ခု ဖြစ်ပါတယ် ။မဲဇာချောင်း ဖြတ်သန်းရာ ကျေးရွာပေါင်း တစ်ရာဝန်းကျင်ရှိပြီး မြစ်ဝှမ်းလွင်ပြင်တလျှောက် စိုက်ပျိုးမြေဧက တစ်သောင်းကျော် မှာ သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ပြီး ၎င်းဒေသထွက် ပဲ နဲ့ နေကြာကတော့ တရုတ်ပြည်နယ်အထိ နာမည်‌ကျော်ကြားပါတယ် ။အလောင်းစည်သူမင်းကြီး လက်ထက်ကနေ သီပေါမင်းလက်ထက်အထိ ရေလမ်းသွားလာရေး နဲ့ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောအကြမ်င်းတစ်ခု ဖြစ်ပါတယ် ။ ပုဂံခေတ်ကနေ ယနေ့ ခေတ်အတွင်း မြစ်ချောင်းတွေရဲ့ ရေစီးကြောင်းတွေဟာ ကြီးကြီးမားမား ပြောင်းလဲခဲ့‌တဲ့ ‌ဒေသတွေ ရှိတယ်ဆိုတာ သတိထားမိခဲ့ပါတယ် ။ အ လောင်းစည်သူမင်းကြီး လက်ထက်က တည်ထားခဲ့တဲ့ ဖောင်တော်ဦးဘုရားတစ်ချို့ဟာ ယခု အခါ ကုန်းခေါင်ခေါင်မှာ တည်ရှိနေတာကို တွေ့မိကြမယ် ထင်ပါတယ် ။ သွားပြီး ငြင်းလို့တော့ မရပြန်ပါဘူး ။ အလောင်းစည်သူမင်းကြီးဟာ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်လို့ ဆိုကြသလို ဖောင်ထိပ်မှာ ပြဒါးရှင်လုံး ရှိနေတာကြောင့်လို့လဲ ဆိုကြပါတယ် ။

ဒီနေရာမှာ သမိုင်း ရာဇဝင် ဒဏ္ဍာရီ နဲ့ ဇာတ်နိပါတ်တော် ဆိုတာ မတူကွဲပြား ကြတယ်ဆိုတာ သတိပြုဖို့ လိုအပ်လှပါတယ် ။ မန်လည်ဆရာတော်ဘုရားကြီး ရဲ့ ရုပ်ကလပ်တော် ထားရှိရာ ဘုန်းကြီးကျောင်း မှ ကုန်းဘောင်ခေတ် မှတ်တမ်းများအရ မဲဇာချောင်း(မြစ်)ဟာ မင်းနေပြည်တော်ဆီသို့ လှေကြီးများဖြင့် ရွှေခွန်ဆက်သခြင်း နဲ့ ကုန်ရောင်းကုန်ဝယ်ပြု လုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရပါတယ် ။ မဲဇာ ၇ ရွာ ဆိုတာကတော့ ခွန်နန်း တံခွန်တိုင် အောင်သာကုန်း တဲကြီးကုန်း ကွမ်းချောင်း ကျောင်းကုန်း နဲ့ နွယ်ချိုတို့ဖြစ်ပြီး နောက်ပိုင်းမှာတော့ ကျောက်တလုံး ကျောက်မှော် သစ်လှတော ပင်သချေ ဆိုပြီး ၄ ရွာ ထပ်မံ တိုးချဲ့လာခဲ့ပါတယ် ။မဲဇာနယ်မြေ ဟာ ရှည်လျားတဲ့ သမိုင်းကြောင်းတည်ရှိပြီး ရှေးမြန်မာမင်းတွေ အပိုင်စား ပေးခဲ့ရာ ဒေသလဲ ဖြစ်ပါတယ် ။ရတနာပုံခေတ်မတိုင်မီ လူနေထူထပ်လာတာကြောင့် ကွမ်းချောင်း အိုက်မ စက်တောကုန်း ဓါးရိုးကုန်း နဲ့ ကုန်းသာ ရွာ တို့ကို ထပ်မံ တည်ထောင်လာခဲ့ကြပါတယ် ။ ယခု လေ ကြောင်းတို-က်ခို-က်မှုပြုလုပ်ခဲ့တာကတော့ ၁၀၈၇ ခုနှစ် မှာ တည်ထောင်ခဲ့တဲ့ စက်တောကုန်းကျေးရွာတဝိုက်ကိုပဲ ဖြစ်ပါတယ် ။အကြ-မ်းဖ-က်တ-ပ်ဟာ ဗန်းမော် အင်းတော် ကသာ မြို့များကို ပြန်လည်ထိန်းချု-ပ်ထားပေမယ့် ထီးချိုင့် က သာ အင်းတော် နန့်စီးအောင် လမ်းကြောင်း တွေ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘူး ဖြစ်ပါတယ် ။ ရှောင်ကွင်းလမ်းတွေ နဲ့ ပြည်ထောင်စုလမ်းမကြီးကို မည်သည့်ဘက်က ထိန်းချု-ပ်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်မပြကြပေမယ့် ပြည်သူတွေကတော့ ဒုက္ခရောက်နေရတယ်ဆိုတာက တော့ ပကတိ အခြေအနေမှန်ပဲ ဖြစ်ပါတယ် ။ယခု ထီးချိုင့် သို့ ရောက်ရှိလာတဲ့ တ-ပ်မ ၃၃ ရဲ့ လက်အောက်ခံတ-ပ်တွေရဲ့ စ-စ်ရေးရည်မှန်းကိုတော့ မသိရှိရသေးဘူး ဖြစ်ပါတယ် ။

အကြ-မ်းဖ-က်တ-ပ်ဟာ ကလေးဝ ယာကြီး မုံရွာ မန္တလေးလမ်းကြောင်းကို အသုံးပြုနိုင်ရေး အလျင်စလို ဆောင်ရွက်နေတာကို တွေ့ရပါတယ် ။စက်တင်ဘာလ ၂၃ ရက်နေ့မှာတော့ စ-စ်ကိုင်း နမခ (အနောက်မြောက်တိုင်းစ-စ်ဌာနချု-ပ်) သို့ တော်-လှ-န်ရေးတ-ပ်ဖွဲ့ဝင် ၃၈ ဦးဟာ လ-က်န-က်ငယ် ၁၃ လ-က် နဲ့ အမှောင်ဝင်ရောက်လာခဲ့တာကို အခမ်း အနား နဲ့ ဝါဒဖြန့်လာခဲ့ပါတယ် ။ အဆိုပါ ၃၈ ဦးထဲမှာ မြောင်မြို့နယ်က တော်-လှ-န်ရေးခေါင်းဆောင် လင်မယား ကိုပါ ထည့်သွင်းထားခဲ့တယ် လို့ သိရှိရပါတယ် ။စက်တင် ဘာ လ၂၄ ရက်နေ့ မနက်ပိုင်းမှာတော့ တကောင်းဘက်ကနေ ထွက်ခွာလာတဲ့ စ-စ်ယာဉ်တန်း ၂၆ စီးဟာ တွင်းငယ် ဇရပ်ကွင်းတို့ကိုဖြတ်ပြီး မန္တလေး တ-ပ်နယ်အတွင်းသို့ ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ် ။ ရွှေကူ အထက်ဘက် က စ-စ်ကြောင်းတွေ အားလုံး ပြန်လည် ဆုတ်ခွာရပြီလား ဆိုတာကိုတော့ အတိအကျပြောရန် ခက်ခဲနေပါသေးတယ် ။တွင်းငယ် တတက ၁၃ (တမာတောတန်းမြင့်လေ့ကျင့်ရေးကျောင်း) က နေ ရွှေကူပြန် တ-ပ်မ ၃၃ စ-စ်ကြောင်းတွေကို သယ်ယူပို့ဆောင်ရေး စ-စ်ရဟတ်ယာဉ်တွေ နဲ့ ရွှေဘို စခတ ၈ (စ-စ်အခြေခံလေ့ကျင့်ရေးတ-ပ်) သို့ ပို့်ဆောင်နေခဲ့တာ ရှိပါတယ် ။ကန့်ဘလူမြို့နယ် ကစရ (ကြံစိုက်ပျိုးရေးတ-ပ်) အနီး ချောင်းကန် ပျဉ်းတော် လမ်းဆုံမှာ ရှိတဲ့ ပျူသူ့စစ်စခန်းကို ဒေသခံတော်-လှ-န်ရေးတ-ပ်တွေက စီးနင်းတို-က်ခို-က်နိုင်ခဲ့ပါတယ် ။ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်က အဆိုပါ ဖြစ်စဉ်မှာ ပျူစောထီး ၇ ယောက် မတ်စိကိုက်ပြီး ပွိုင့် ၃၀ ကာဘိုင် ၅ လ-က် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရှိရပါတယ် ။

မကွေးတိုင်း ပဒါန်းတ-ပ်နယ် နတ်ရေကန် ကမ္ဘာလုံး ဗျူဟာစခန်းကုန်း ကိုတော့ လေကြောင်းကနေ ရိက္ခာ ခဲ-ယ-မ်း ချပေးကြရပြန်ပြီ ဖြစ်ပါတယ် ။ အမ်း ပဒါန်း လမ်းဟောင်း လမ်းသစ် နှစ်ခုစလုံးကို အပြည့်အဝ ထိန်းချု-ပ်နိုင်ခြင်း မရှိတော့တာကို ပေါ်လွင်ထင်ရှားစေပါတယ် ။ လောင်းရှည်မြို့ ကို အရပ်ဘက် အု-ပ်ချု-ပ်ရေး ယန္တရား ပြန်လည် လည်ပတ်နိုင်ရေးစတင်လုပ်ဆောင်လာခဲ့တာကို တွေ့ရပါတယ်။တပ်မ ၇၇ ရဲ့ လက်အောက်ခံတပ်တွေဟာ ကျင်ဒွေး ဘက်သို့ တ-ပ်ဖြန့်မယ့် အနေအထားမျိုးလဲ တွေ့ရပြီး ယောင်ပြစ-စ်ကြောင်းတွေ ဖြစ်နိုင်မယ်လို့ ခန့်မှန်းရပါတယ် ။ လောင်းရှည် နဲ့ ငှက်ပြာဝ စေတုတ္တရာ ခရိုင်ချင်းဆက်လမ်းကြောင်းမှာလဲ လမ်းလုံ-ခြုံ-ရေး အဖွဲ့တွေ တ-ပ်ဖြန့် ထားဆဲ ရှိသလို ဆော မြို့ တဝိုက်မှာလဲ စ-စ်ကြောင်းတွေ တ-ပ်ဖြန့် ထားတာကိုလဲ တွေ့ရပါတယ် ။စက်တင်ဘာလ ၂၄ ရက်နေ့ မှာတော့ လောင်းရှည်အထက်တန်းကျောင်း ၊ ပြည်သူ့ဆေးရုံ နဲ့ မိုးကုတ်ရိပ်သာ တွေ မှာ တ-ပ်ဖြန့်ထားပြီး ဘောလုံးကွင်း အ တွင်းမှာ လ-က်န-က်ကြီးစခန်း ချထားတယ်လို့သိရှိရပါတယ် ။နေ့ခင်းပိုင်းမှာတော့ အ-င်-အား စိစ-စ်ဆဲ စ-စ်ကြောင်းတစ်ခုဟာ အင်ဘူး ကျေးရွာဘက်သို့ ဦးတည် ထွက်ခွာလာခဲ့တာကို တွေ့ရပါတယ် ။ စ-စ်ယာဥ်‌တန်း‌တွေက တော့ စေတုတ္တရာ စလင်း လမ်းကြောင်းအတိုင်း ယာဉ်ပေါ်လိုက်အစောင့်အရှောက် အနည်းငယ် နဲ့ ပွင့်ဖြူဘက်သို့ ထွက်ခွာလာခဲ့ပြီ ဖြစ်ပါတယ် ။ကျောက်ထု နဲ့ ပေါက်မြို့နယ် လမ်းကြောင်းကိုလဲ စ-စ်ကြောင်းတွေ ဟာ အတားအဆီး မရှိ ရွေ့လျားမှု ပြုလုပ်လာနိုင်တာကိုလဲ တွေ့ရပါတယ် ။

အညာဒူဘိုင်းနယ်မြေမှာလဲ အ-င်-အား ၆၀၀ ဝန်းကျင် ရှိတဲ့ စ-စ်ကြောင်းဟာ တဲကြီး ကျေးရွာ တဝိုက်မှာအခြေပြုကာ ရေနံတွင်းနယ်မြေတွေကို ပ-စ်ခ-တ်တို-က်ခို-က်လျက် ရှိနေ မြဲဖြစ်ပါတယ် ။ပခုက္ကူခရိုင်တ-ပ်ရင်းတွေနဲ့ မကွေး တိုင်း တ-ပ်ရင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲကိုတော့ ဝေဖန်မှု တစ်ချို့ ရှိနေခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကျောက်ခွက်ရေနံမှော် နဲ့ နီးကပ်စွာ တည်ရှိနေတဲ့ တ-ပ်ရင်းတစ်ခု ဖြစ်သလို ဒေသခံပြည်သူတွေဟာ စ-စ်ဘေးရှောင်တိမ်းနေရပြီး စားဝတ်နေရေးကြပ်တည်းချိန်ဖြစ်နေတာကြောင့်လို့ ဒေသခံတွေက ဆိုပါတယ် ။ စ-စ်ဆင်ရေးကြီး တစ်ရပ်ဖော်ဆောင်ခါနီး စိတ်ဓာတ်စ-စ်ဆင်ရေး ပြုလုပ်ခြင်း ဖြစ်မယ်လို့ ယူဆရပါတယ် ။ နွားထိုးကြီးနယ်မြေ အတွင်းမှာလဲ ချစ်ကြည်ရေးဘောလုံးပွဲအပြီး များမကြာမီမှာတင် တံတားဦးလေဆိပ် ကို ဒရု-န်းစ-စ်ဆင်ရေးတစ်ခု ကို ကြီးကျယ်ခမ်းနားစွာ ဖော်ဆောင်နိုင်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ဖူးတာကြောင့် ဖြစ်ပါတယ် ။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောင်ပိုင်းမှာတော့ မြေပြင်တို-က်ပွဲ အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိလာခဲ့ပြီဘဲ ဖြစ်ပါတယ် ။ စ-စ်လော်ဘီတွေကတော့ စက်တင်ဘာလ ၂၃ ရက်နေ့ ညတည်းက သိမ်းပိုက်နိုင်ခဲ့ပြီဆိုပြီး မဟုတ်မမှန် ဝါဒဖြန့်လာခဲ့တာကို တွေ့ရပါတယ် ။ အကြ-မ်းဖ-က်တ-ပ်ဟာ ပုဏ္ဏားကျွန်းမြို့သိမ်းတို-က်ပွဲကို တ-ပ်မ ၁၀၁ လက် အောက်ခံတ-ပ်ရင်း ၁၀ ရင်းအပြင် စ-စ်တွေမြို့ခံ တပ်ရင်း ၂ ရင်း စုစုပေါင်း အင်အား ၁၅၀၀ အပြင် ဒရု-န်းတွေကို အ များအပြားအသုံးပြုလာခဲ့သလို စ-စ်ရေယာဉ် လေ ကြောင်းတို-က်ခို-က်မှုတွေ နဲ့ အပြင်းအထန်တို-က်ခို-က်လာခဲ့ခြင်း ဖြစ်ပါတယ် ။ သို့ပေမယ့် အာရက္ခတ-ပ်ဘက်ကလည်း အ ကောင်းဆုံး တန်ပြန်တို-က်စ-စ်ဆင်နိုင်ခဲ့တာကြောင့် အကြ-မ်းဖ-က်တ-ပ်ဟာ ကွမ်းတောင် ကို ဖြတ်ကျော်နိုင်ခြင်း မရှိတဲ့ အပြင် မင်းချောင်းတံတား တစ်ဘက်ကမ်းအထိကိုပါ အာရက္ခတ-ပ်ဟာ ပြန်လည်ခြေကုပ်ယူသွားနိုင်ခဲ့တာကို တွေ့ရပါတယ် ။

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်းမှာတော့ နယ် မြေခံတ-ပ်ရင်းတစ်ခုကို ရှေ့တန်းပြန် အခမ်းအနား နဲ့ ကြိုဆိုပြီး စိတ်ဓာတ်စ-စ်ဆင်ရေးပြုလုပ်လာခဲ့တာ ရှိပါတယ် ။ကော့သောင်းတ-ပ်နယ်အတွင်းမှာတော့ အခြေချစ-စ်ဗျုဟာ ၊ခလရ ၂၆၂ ခမရ ၃၄၂ ခမရ ၄၃၁ နဲ့ တဆရ ၁၃/၁၀၀ (တမာတောဆေးရုံ) တို့ တည်ရှိနေတာ ဖြစ်ပါတယ် ။ကမ်း ရိုးတန်း‌ဒေသတိုင်းစ-စ်ဌာနချု-ပ် လက်အောက်ခံ တို-က်ခို-က်ရေးတ-ပ်မကြီးတွေဖြစ်တဲ့ စကခ ၈ ၊ စကခ ၁၃ နဲ့ စကခ ၂၀ တို့ဟာ တိုင်းပြင်ပနယ်မြေများသို့ ကာလရှည် စ-စ်ဆင်ရေးစေလွှတ်ထားရတာမို့ တိုင်းလက်အောက်ခံ တ-ပ်တွေကို အလှည့်ကျ ခေတ္တခဏစီ အနားပေးနေရတဲ့သဘောမျိုး ဖြစ်နေပါတယ် ။

ကရင်နီဒေသမှာတော့ ယခု ရက်ပိုင်းအတွင်း ထိတွေ့တို-က်ပွဲတွေ မရှိပေမယ့် ရပခ (အရှေ့ပိုင်းတိုင်းစ-စ်ဌာနချု-ပ် ) ရဲ့ စ-စ်တိုင်းမှူးဟာ လွိုင်ကော် တ-ပ်နယ် သို့ စ-စ်ယာဉ်တန်း နဲ့ ရောက်ရှိလာခဲ့ပါသေးတယ် ။ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းကိုတော့ နေ့စဉ်လိုလို ကင်းထောက်ဒရု-န်းတွေ ပျံဝဲနေပြီး -ဗုံး-ချ တို-က်ခို-က်မှုတွေ ပြုလုပ်နေခဲ့တာကို တွေ့ရပါတယ် ။ အယ်လ်ဖာ စ-စ်ဒေသ မိုးဗြဲမြို့နယ် ဘုရားနီ ဘုရားဖြူဘက်ကို လ-က်န-က်ကြီး နဲ့ ဆက်တို-က်ပ-စ်ခတ်မှုတွေ ပြုလုပ်လာခဲ့ပါတယ် ။ မြေပြင်စ-စ်ကြောင်း တစ်ကျော့ပြန် ဝင်ရောက်လာနိုင်ရေး ကြိုတင်ချေမှုန်းခြင်း ပြုလုပ်တဲ့ သ ဘောတရား လို့ တွက်ဆရပါတယ် ။စ-စ်ထောက် လှမ်းရေးတွေဘက်ကတော့ ပါလောင်းနယ်မြေ မှ ကရင်နီတော်-လှ-န်ရေးတ-ပ် အ-င်-အား ၁၅၀ ဝန်းကျင်ဟာ ကြတ်ဂူ ဘက်သို့ ရွေ့လျားသွားခဲ့တယ်လို့ တင်ပြနေတာကို တွေ့ရပါတယ် ။ ကရင်နီတော်-လှ-န်ရေးတ-ပ်တွေဟာ ညဦးယံ မှာ စုဖွဲ့တယိ ၊ ညသန်းခေါင်ယံ တစ်ညလုံး ချဉ်းကပ်ပြီး မိုးလင်းခါနီး အာရုံတက်ချိန် မှာ Dawn A-t-t-a-c-k ဖော်ဆောင်လေ့ရှိပြီး လွိုင်လင်လေး နယ်မြေအတွင်းမှာ တို-က်စ-စ်ဆင်လာနိုင်တယ်လို့လဲထည့်သွင်းဖော်ပြထားပါတယ် ။

ပဲခူးတိုင်း အရှေ့ခြမ်း စ-စ်တောင်း မြစ်ဝှမ်း အရှေ့ဘက်ခြမ်း နယ်မြေ ဖြစ်စဉ် ကိုတော့ အားလုံး သိကြပြီး ဖြစ်ပါလိမ့်မယ် ။‌လေကြောင်း နဲ့ အမြောက် ကြိုတင်ဇာတ်တိုက် ကာ TOT (Target On Target) ပစ်ခတ်တိုက်ခိုက်သွားခဲ့ခြင်းမျိုးဘဲ ဖြစ်ပါတယ် ။ ဝေဖန်မှုတွေ အမျိုးမျိုးကလဲ မတွေ့ချင် မမြင်ချင် အဆုံး ဖြစ်နေပါတော့တယ် ။ အဆိုပါ နယ်မြေကို အကြ-မ်းဖ-က်တ-ပ်ဟာ ပစ်မှတ်မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်နေ့ သတင်းသုံးသပ်ချက်ထဲမှာ သိသာ​စေဖို့ ​အောက်ဆုံးစာပိုဒ်မှာ ​သေ​သေချာချာ​လေး သတိ​ပေးထည့်သွင်းဖော်ပြထားခဲ့ပြီး ဖြစ်သလို သ-က်ဆိုင်ရာ နယ်မြေခံထောက်လှမ်းရေး တာဝန်ခံ ထံသို့လဲ သ တင်းပေးပို့ထားခဲ့ပြီး ဖြစ်ပါတယ်။စခန်းဌာနချု-ပ် တည်နေ ရာ အတိအကျ သိရှိရခြင်းကို ဂြိုလ်တု အင်တာနက် စတဲ့ အကြီးကြီးတွေ ထင်ရာ မြင်ရာ ပြောဆိုနေကြတာကလဲ လွန်စွာ စိတ်ပျက်စရာ ကောင်းလှပါတယ် ။နားရွက်ကို ပတ်ကိုင်နေခြင်းမျှသာ ဖြစ်ပါတယ် ။ ဂြိုလ်တုတွေ စလောင်းတွေအပြင် သ-က်-သေ-ခံစာရွက်တစ်ခုထဲမှာပဲ ခြေရာခံစနစ် တပ်ဆင်ထား‌တော့မယ့်သတင်းယောင်ယောင် ၊ အ တွင်းလူ သတင်းပေးတာလိုလို ၊တ-ပ် စီဒီအမ် တွေ ရဲ့ ပို့စ်ကြောင့်ပဲ ဖြစ်ရသလို ပုံဖော် သုံးသပ်နေကြပါတယ် ။ တစ်တော့လို တရုတ် မီဒီယာ ပလက်ဖောင်းမှာ ဝင်ငွေရရေး လုပ်ဆောင်နေကြသူများက ပြောဆိုနေကြတာကို မြင်နေရခြင်းကလဲ တကယ့် အကုသိုလ်ပါပဲ။ အကြီးကြီးတွေ ပြောကာ တရုတ်ထုတ် ဆိုင်ကယ်စီးပြီး တော်-လှ-န်နေကြရပါတယ်ဆိုတာကိုလဲ သဘောမပေါက်ကြသေးပါ ။တစ်ခုခု ဖြစ်ပြီဆိုရင် တရုတ် ရုရှား နည်းပညာကို ပြေးမြင်တတ်ကြပါတယ် ။တကယ်တမ်းက အမှောင်ဝင်သွားတဲ့ သူတွေဆီက သတင်းအတိအကျ ရနေတယ်ဆိုတာကို လက်မခံချင်ကြတာ ဖြစ်ပါတယ် ။ဆာလောင်နေတဲ့ အောင်စိတ်ဟာ စ-စ်တ-ပ်က အမှောင်ဝင် အခမ်းအနားတွေကို လိမ်ညာဝါဒဖြန့်နေတယ်ဆိုတဲ့ စိတ်အခံကြောင့် ဖြစ်ပါတယ် ။ ကျဆုံးခဲ့ရတဲ့ ဆရာကြီး နေဝင်းအောင် နဲ့ရဲဘော်အားလုံး အတွက် စိတ်ထိ ခိုက်ရပါတယ် ။ သို့သော် ဒီဖြစ်စဉ် အပေါ် ချဲ့ကား သုံးသပ်နေမှုများကိုလဲ တွေ့နေရပါတယ် ။ မိမိတ-ပ်စခန်းကနေ စ-စ်တ-ပ်ဘက်သို့ ဘက်ပြောင်းသွားကြတဲ့ သူများရှိရင် ကြို တင်ပြင်ဆင်ထားကြဖို့ လိုအပ်ပါကြောင်း ထပ်ဆင့်သတိ ပေးပါတယ် ။လေယာဉ်ဆီတွေ ကုန်တော့မယ် ၊ -ဗုံး-သီးတွေ မကျန်တော့ဘူးလို့ ပြောနေကြတဲ့ စ-စ်တ-ပ်ဟာ လာမယ့် ပွင့်လင်းရာသီ မှာ လေကြောင်းတို-က်ခို-က်မှု နှစ်ဆ ပြုလုပ်လာမယ် ဆိုတဲ့ သတင်းကို တွေ့ကြပြီး ဖြစ်ပါလိမ့်မယ် ။

ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းတပ်နယ် အတွင်းမှာတော့ မသုန် အခြေစိုက် ကပစ ၁၆ (ကာ-ကွ-ယ်ရေးပစ္စည်းစက်ရုံ ) မှာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါတယ် ။ RDX(Research Dept E-x-p-l-o-s-i-v-e) 1 Series အလုပ်ရုံ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပညာသည်တ-ပ်ကြ-ပ်ကြီး ၁ ဦး မတ်စိ ၊၆ ဦး ဒဏ်-ရာရ ကာ ၄ ဦး မှာ စိုးရိမ်ရပြီး ပြည် စ-စ်ဆေးရုံ သို့ ပို့ဆောင်ထားရပြီး သတင်းပေါက်ကြားမှု မရှိစေရေး ကြိုးပမ်းနေကြပါတယ် ။ RDX စက်ရုံမှာ Laboratory အပါ 7 Series ရှိပြီး ခု 4 Series ရုံ အဓိက အလုပ်ရုံဖြစ်ပါတယ် ။ပေါ့ဆမှုလို့ဆိုရမှာဖြစ်ပြီး ပိုက်လိုင်း ဝရိန်ဆော်နေစဉ် ပိုက်လိုင်းအတွင်းမှာ ရှိတဲ့ လက်ကျန် ယ-မ်းမှုန့် ရှိနေတာကြောင့် ပေါက်ကွဲမှု ပြင်းထန်ခဲ့ခြင်း ဖြစ်ပါတယ် ။စက်ရုံမှူး ကာနယ် အောင်နေထွန်း လက်ထက်မှာ ယ-မ်းချက်စက်ရုံဟာ ပေါက်က်ကွဲမှု အများဆုံး ဖြစ်ပွားတယ်ဆိုတဲ့ အထက်ဌာနရဲ့ မှတ်ချက်တွေ ရှိလာခဲ့ပါတယ် ။

ကရင်ပြည်နယ် ကတိုင်တိကနေ ဖာပွန်မြို့ အတွင်းသို့ ချဉ်း ကပ်နေတဲ့ စ-စ်ကြောင်းတွေရဲ့ ချီစ-စ် အဟုန် ကတော့ ရပ် ဆိုင်းနေဆဲသာ ဖြစ်ပါတယ် ။ ဒီရက်အတွင်းမှာ ဗျူဟာလိုက် လ-က်န-က်ချခဲ့တယ် ဆိုတဲ့ သတင်းတစ်ခု ပျံ့နှံ့နေပေမယ့် အတည်ပြုရန် လိုအပ်နေဆဲ ဘဲ ဖြစ်ပါတယ် ။မြဝတီတောင်ပိုင်း ဖလူး မင်းလက်ပံ နယ်မြေမှာတော့ စကခ ၁၃ ရဲ့ လက်အောက်ခံ စ-စ်ကြောင်းတွေဟာ သုံးထပ်ကွေ့ အနီးက ဂိတ်အထိ ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ် ။ စတင်ဝင်ရောက်လာစဉ်ကလို လကိနက်ကြီး လေကြောင်းတို-က်ခို-က်မှု သတင်းတွေ သိသိသာသာကြီး လျော့နည်းလာခဲ့တာကိုလဲ သတိထားမိကြမယ် ထင်ပါတယ် ။ တ-ပ်မ ၂၂ ရဲ့ လက် အောက်ခံတ-ပ်တွေကိုတော့ နောက်တန်းဌာနချု-ပ်နယ်မြေတွေ မှာ ပြန်လည်စုဖွဲ့ထားပြီး ရခိုင်စ-စ်မျက်နှာသို့ ထပ်မံပို့ဆောင်ရန်ပြင်ဆင်နေတယ်လို့ ကနဦး သိရှိထားရပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ် ခင်ဗျာ ။

ဇင်ယော်
၂၀၂၆ စက် ၂၆ ၀၈၄၅

Post a Comment

0 Comments