About Me

header ads

"တော်လှန်ရေးနဲ့အိမ်နီးချင်းအရေးပါမှု"


 https://www.facebook.com/photo/?fbid=28102166582768119&set=a.973153182762826

 "တော်လှန်ရေးနဲ့အိမ်နီးချင်းအရေးပါမှု"

မအလ က၊ စက်တင်ဘာ ၄ ကနေ ၆ရက်နေ့ထိ၊ ကြူကြူခေါနဲ့
ဗီယက်နမ်သွားကြမယ်။

အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊
ဘဂ်လားဒေရှ့်၊ အိမ်နီးချင်း၅ခုမှာ၊
ဘဂ်လားဒေ့ရှ်ပဲကျန်တယ်။ ၄ခုနဲ့အဆင်ပြေပြီး။

မကြာခင်၊ ကမ္ဘောဒီးယားသွားဖြစ်ရင်၊ အာဆီယံ ၁၀ နိုင်ငံမှာ၊ (ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား ၄နိုင်ငံနဲ့အဆင်ပြေပြီ။ ၆ နိုင်ငံပဲကျန်မယ်။

အတိုက်အခံတော်လှန်ရေးဘက်က၊ အိမ်နီးချင်း ၁ နိုင်ငံလောက်ပဲ၊ သံတမန်ရေးထောက်ခံမှုရရင် တောင်၊ တော်လှန်ရေးအောင်နိုင်တယ်။

တစ်နိုင်ငံမှ၊ မရရင်၊ အောင်မြင်မှုရဖို့၊ မဖြစ်နိုင်ပါ။

ပင်လယ်ရေလမ်းကြောင်း (သို့) လေကြောင်းကလာပြီး၊ ပစ္စည်းကူချပေးတဲ့နိုင်ငံတစ်ခုပေါ်လာခဲ့ရင်၊
တော့၊ အောင်မြင်ဖို့ဖြစ်နိုင်ပါလိမ့်မယ်။ ဒါက၊ အင်မတန်ခဲယဥ်း၊ မဖြစ်နိုင်တဲ့အခြေအနေဖြစ်တယ်။

တော်လှန်ရေးတိုင်းမှာ၊ Logistics (ထောက်ပံ့ပို့ဆောင်ရေး)က၊ အရေး ကြီးဆုံးဖြစ်တယ်။

ဆီးရီးယား၏အိမ်နီးချင်း၅နိုင်ငံ

တူရကီ
ဆီးရီးယားတော်လှန်ရေးမှာ၊ သူပုန်တပ်ဖွဲ့တွေကို၊ Turkey က၊ သူ့ရဲ့မြေကို၊ အသုံးပြုစခန်းချခွင့်ပြုတဲ့အပြင်၊ Logistics အတွက်၊အဓိကကူညီပေးခဲ့တယ်။

ဆီးရီးယားတော်လှန်ရေးနှင့်အ တိုက်အခံတပ်ဖွဲ့များ၏အမျိုး သားညွန့်ပေါင်းအဖွဲ့ (National Coalition of Syrian Revolutionary and Opposition Forces)ကို၊ အဓိကကူညီပေးခြင်းဖြစ်တယ်။

အမေရိကန်နှင့်အနောက်နိုင်ငံကြီးအချို့အပါအဝင်၊ ဆော်ဒီ၊ ကာတာ၊ စတဲ့နိုင်ငံတွေဆီက၊ ပစ္စည်းနှင့် ငွေ ကူညီထောက်ပံ့မှုတွေကို၊ သူနှင့် ပေါင်းစပ်ပြီး၊ သူ့မြေကိုကြားခံပြီးလုပ်ပေးခဲ့တယ်။ တော်လှန်ရေးအောင်မြင်တဲ့အထိဖြစ်တယ်။(100%သူပုန်ဘက်ကဖြစ်တယ်)။

အစ္စရေး
Israel ရဲ့ဂိုလန်ကုန်းမြင့်ဒေသအနီးဘက်မှာရှိတဲ့၊ ဒေသခံသူပုန်အဖွဲ့များအား၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်ဆေးဘက်ဆိုင်ရာ/ထောက်ပံ့ပို့ဆောင်ရေးအကူအညီများကို၊ တိတ်တ ဆိတ်ထောက်ပံ့ပေးခဲ့တယ်။(100%သူပုန်တော်လှန်ရေးဘက်ကဖြစ်တယ်)။

ဂျော်ဒန်
Jordan က၊ တော်လှန်ရေးအစပိုင်းနှစ်တွေမှာ၊ သူပုန်တွေဘက်က၊ ထောက်ခံခဲ့ပေမယ့်၊ နောက်ပိုင်းနှစ် တွေမှာ၊ သူ့မြေကို၊Logisticsဖြတ်ခွင့်၊ အသုံးပြုခွင့်မပေးတော့ပါ။(50%သူပုန်တော်လှန်ရေးဘက်ကဖြစ်တယ်)။

လက်ဘနွန်
လက်ဘနွန်က၊ ကြားနေပုံစံနေပြပီး၊ အာဏာရှင်အာဆတ်အစိုးရ
နှင့်အတူတိုက်ပွဲဝင်ပေးတဲ့၊ လက်ဘနွန်အခြေစိုက်ဟစ္စဘိုလာတွေကိုလည်း၊ သူ့မြေမှာလက်ခံထားသလို၊
အချို့နေရာတွေမှာ၊ အာဆတ်ကို
ဆန့်ကျင်နေတဲ့၊ သူပုန်တော်လှန် ရေးအဖွဲ့အချို့ကိုလည်း၊ လက်ခံထားခဲ့တယ်။(50%သူပုန်တော် လှန်ရေးဘက်ကဖြစ်တယ်)။

အီရတ်
အီရတ်က၊ အာဏာရှင်အာဆတ်ဘက်ကနေ၊ ရပ်တည်ထောက်ပံ့ပေးခဲ့တယ်။
(100%အာဆတ်အာဏာ ရှင်အစိုးရဘက်ကဖြစ်တယ်)။

အထက်ပါ၊ နမူနာကိုကြည့်ရင်၊ Logistics အတွက်၊ အိမ်နီးချင်းရဲ့ထောက်ခံမှုရဖို့၊ ဘယ်လောက်အရေးကြီးသလဲဆိုတာ၊ တွေ့ရမှာဖြစ်တယ်။

အစိုးရပဲလုပ်ချင်၊ မုသားပြော၊
ဖြီးဖြန်း၊ ကိုယ်လွတ်ရုန်းတစ်ကိုယ် ကောင်းဆန်လုပ်စားနေကြတဲ့ CRPH/NUG တာဝန်ရှိသူတွေအနေနဲ့၊ ဒါကိုနမူနာကြည့်ရမှာဖြစ်တယ်။

ဆီးရီးယားသူပုန်တွေ၊ တော်လှန်သူတွေဟာ၊ ညွန့်ပေါင်းဖွဲ့ကြတယ်။ အစိုးရနေရာလက်ဦးမှုအရင်ဖွဲ့ဖို့မလုပ်ကြဖူး။ ဦးဆောင်သူတွေဟာ၊ အမေရိကန်နှင့်အနောက်နိုင်ငံတွေမှာ၊ သွားမနေကြဖူး။ အမေရိကန်မှာ၊ ရုံးခန်းသွားမဖွင့်ဖူး။ နယ်စပ်နိုင်ငံတွေ၊ သူပုန်စခန်းတွေမှာပဲနေကြတယ်။ ပြည်သူတွေဆီကအလှူမခံဖူး။ လိမ်လည်လှည့်ဖျားပြီး Bond (စာချုပ်)မရောင်းဖူး။ ဘယ်တော့ပြီးမလဲ၊ လိမ်ပီးမကြေငြာဖူး။ ဘာမျှော်လင့်ချက်မှမပေးဖူး။ ယှဥ်ပြိုင် online ကျောင်းလဲမဖွင့်ဖူး။

ပြည်သူက၊ ပုံမှန်သူ့ဟာသူနေတယ်။ အာဏာရှင်အာဆတ်ရဲ့ကျောင်းတက်တယ်။ ပျော်ပါးသူ ပျော်ပါးတယ်။ ပြသနာမရှိဖူး။ သူတို့လည်းသူတို့တော်လှန်ရေးအလုပ်ကိုပဲ၊ တစိုက်မတ်မတ်လုပ်တယ်။ဘယ်သူ့ကိုမှအပြစ်မတင်ဖူး။

ကိုယ့်စိုးမိုးနယ်မြေဆီက၊ လုပ်ငန်းအခွန်ကောက်တယ်။ စီးပွားရေးကိစ္စမှာဖြတ်သန်းခအခွန်ကောက်တယ်။

သူပုန်ညွန့်ပေါင်းအဖွဲ့၏သဘောတူချမှတ်ထားတဲ့နိုင်ငံရေးမူဝါဒ၊ Plan၊ Roadmap တွေချပြတယ်။ အိမ်နီးချင်းတွေရဲ့ထောက်ခံမှုရဖို့အရင်ကြိုးစားတယ်။ နောက်တ
ဆင့်မှာ၊ အမေရိကန်အပါအဝင်၊ အနောက်နိုင်ငံနှင့်ဒေသတွင်းမိတ်ဖက်နိုင်ငံတွေကို၊ စည်းရုံးရေးဝင်တယ်။

အဓိက၊ တူရကီက၊ သူပုန်ညွန့် ပေါင်းအဖွဲ့ရဲ့ချမှတ်ထားတဲ့နိုင်ငံ ရေးမူဝါဒ၊ Road map ကို၊ လက်ခံလို့ဖြစ်တယ်။

"တာဝန်ခံမှု၊ တာဝန်ယူမှု"

အခု ၅နှစ်မှာ၊ မြန်မာ့အိမ်နီးချင်းတွေလက်မခံဖူးဆိုတာက၊တော်လှန် ရေးဘက်မှာ၊ *အားကောင်းတဲ့ညွန့်ပေါင်းအဖွဲ့မရှိ၊ *ဦးဆောင်သူတွေရဲ့ရှင်းလင်းတဲ့နိုင်ငံရေးမူဝါဒမရှိ၊ *Roadmap (လမ်းပြမြေပုံ)မရှိတဲ့အခြေအနေဖြစ်တဲ့အပြင်၊

ဦးဆောင်တာဝန်ခံထားသူတွေရဲ့ (တာဝန်မဲ့မှု)တတိယနိုင်ငံထွက်ကြကာ၊ အမေရိကန်နှင့်ဥရောပမှာ၊
လှည့်လည်နေထိုင်၊ NGO အဆင့်သဖွယ်၊ လုပ်စားနေကြတဲ့အခြေနေကိုမြင်ပီး၊ ဒီလိုလူတွေဟာ၊ အလုပ်မဖြစ်နိုင်တော့ဟု၊ ကောက် ချက်ချကာ၊ မအလနှင့်လက်ပွန်း တတီးတွက်ချက်လုပ်ကိုင်လာကြတော့တာဖြစ်တယ်။

အမှန်တကယ်တော့၊ အိမ်နီးချင်းဟာ၊ တော်လှန်ရေးအောင်မြင်ဖို့အခြေနေကိုဖန်တီးပေးနိုင်တယ်ဆိုတာ၊ ဆီးရီးယားက၊ လက်တွေ့ပြခဲ့ပြီးဖြစ်တယ်။

အိမ်နီးချင်းတစ်ခုနဲ့မဟာမိတ်ဖြစ်မှုက၊ အမေရိကန်မှာ၊ ကွမ်းယာဆိုင်လောက်ရုံးခန်း၊ သွားဖွင့်နိုင်တာထက်၊ ပိုအရေးကြီးတယ်။

နိုင်ငံခြားရေးမူဝါဒကိုတာဝန်ခံလုပ်ကိုင်နေသူ၊ ဇင်မာအောင်အနေနဲ့ရှက်တတ်ရင်၊ ၅နှစ်တာရလာဒ် (Outcome) အပေါ်၊ (Responsibility) တာဝန်ယူမှုရှိရင်၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်နဲ့ ရည်မွန် ၃ ယောက်ရဲ့လုံခြည်တွေချွတ်ယူ, ပတ်ပြီး၊ အမေရိကန်၊ နိုင်ယာဂရာရေတံခွန်ထိပ်ကနေ၊ ကိုယ့်ဟာကိုယ်၊ ခုန်ချသင့်ပြီ။

အဲဒီ၃ယောက်ကို၊ ရေတံခွန်တောင်ထိပ်မှာ၊ လန်ကွတ်တီနဲ့၊ မထားခဲ့ချင်ရင်လည်း၊ တစ်ခါထဲရစ်ပတ်ပီး၊ အတူခုန်ချခဲ့ဖို့၊ အကြံ ပြုပါတယ်။

မေတ္တာကြီးစွာဖြင့်

TMA

Post a Comment

0 Comments