About Me

header ads

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ပင်လုံ အချက် (၉) ချက်


  

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာရွာမှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဂျိန်ဖော့ (ကချင်) ကိုယ်စားလှယ်များက တိုင်းပြည်အရေးဖြစ်သည့် ပင်လုံစည်းလုံးညီညွတ်ရေး အစည်းအဝေးသို့သွားရောက်စဉ်၊ ဂျိန်ဖော့ (ကချင်) လူမျိုးများက အခိုင်အမာ လွတ်လပ်သော ဗမာပြည်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်အတွက် အချက် (၉) ချက်ကို တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

၁။ ကချင်များသည် ဗမာများနှင့်အတူ လွတ်လပ်ရေးရရှိရမည်။

၂။ ကချင်အမျိုးသားပြည်ထောင် တည်ဆောက်ရန်၊ ကချင်အမျိုးသားအားလုံး၏ တိကျသေချာ သဘောထားအရ လွတ်လပ်၍ သီးခြားကချင်ပြည်တည်ဆောက်ရမည်။

၃။ လွတ်လပ်သော ကချင်ပြည်မှာ ဗန်းမော် နှင့် မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်ပိုင်းနှင့် ကသာမြို့အပေါ်ပိုင်းရှိ လွင်ပြင် ဒေသများ ပါဝင်ရမည်။

၄။ ဗမာနှင့် ကချင်တို့အနှစ်သက်အောင် စနစ်တကျ စည်းမျဉ်းချပြီး၊ သီးခြားကချင်ပြည်၏ နယ်နိမိတ်များကို အမြန်ဆုံး သတ်မှတ်ရမည်။

၅။ နယ်နိမိတ်သတ်မှတ်မှုပြီးဆုံးပြီးနောက်တွင်၊ ကချင်လူမျိုးတို့သည် ဗမာများကဲ့သို့ အခွန်အခများနှင့် အခွင့်အရေးများကို ချက်ချင်းရရှိစေရန်၊ သက်မှတ်အုပ်ချုပ်ရေး အာဏာများကို ဗမာပြည် အစိုးရအကြား ချက်ချင်းလက်ခံစေရန်၊ ယာယီအစိုးရတွင် ကချင်ဝန်ကြီးတစ်ဦး ထည့်သွင်းရမည်။

(က) ယင်းဝန်ကြီးသည် သီးခြားကချင်ပြည်၏ ပြည်ထဲရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ရမည်။

(ခ) ယင်းဝန်ကြီးသည် နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေး အလုပ်များတွင် ပါဝင်ရမည်။

(ဂ) ကာကွယ်ရေးဌာနတွင် ကချင်တဦးကို အကြံပေးအဖြစ် သတ်မှတ်ရမည်။

၆။ သီးခြားကချင်ပြည်နှင့် သီးခြားရှမ်းပြည်တို့သည် အမြန်ဆုံး လွတ်လပ်ရေးရရှိရန် ပြည်ထောင်စုရေးရာ လွှတ်တော်တွင် အချိန်မီ ပါဝင်ရမည်။

၇။ ဗမာပြည်ရှိ မူလတိုင်းရင်းသားအားလုံး လွတ်လပ်လာသောအခါ၊ သီးခြားကချင်ပြည်ပါဝင်သည့် ဖက်ဒရယ်အစိုးရ တည်ဆောက်ရမည်။

အထူးသက်ဆိုင်ချက်။

(က) ကချင်ပြည်သည် ဖက်ဒရယ်ထဲ ဝင်မဝင်ကို အစိုးရမဟုတ်ဘဲ၊ ပြည်သူများသာဆုံးဖြတ်ရမည်။

(ခ) ဖက်ဒရယ် တည်ထောင်ပြီးနောက်၊ ကချင်များသည် လိုသလို အတားအဆီးမရှိဘဲ ဖက်ဒရယ်မှ ထွက်ခွာခွင့်ရှိရမည်။

(ဂ) ဗမာပြည် အစိုးရမှ ကချင်ပြည် ပြန်လည်ထူထောင်ရေးနှင့် တိုးတက်ရေးအတွက် လိုအပ်သလို ငွေကြေးအထောက်အပံ့ပေးရမည်။

(ဃ) ဤအချက်များအား နယ်စပ်ဒေသရှိ တိုင်းရင်းသားများလည်း သဘောတူပါရန် ကြိုးပမ်းရမည်။

မူရင်းရေးသားသူ GSA
Credittophoto
Awng Nan Hpau Yawng

#နမ့်ဖတ်ကာရွာ
#ကွတ်ခိုင်မြို့
#ရှမ်းပြည်မြောက်ပိုင်း
#ဗမာပြည်ဖက်ဒရယ်
#ကချင်ခေါင်းဆောင်များ
#အချက်၉ချက်
#ထုတ်ပြန်ကြေညာ

Post a Comment

0 Comments