About Me

header ads

၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၉ ရက် - ဇင်ယော်

 


၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၉ ရက်
စ-စ်ကိုင်းတိုင်း အိန္ဒိယ နယ်စပ် နာဂကိုယ်ပိုင်အု-ပ်ချု-ပ်ခွင့်ရဒေသ ပန်ဆောင် နန်းယွန်း နယ်စပ်ဂိတ် ပြန်လည် အသက် ဝင် လာနေခဲ့ပြီ ဖြစ်ပါတယ် ။ချင်းတွင်းမြစ်ကြောင်း အ တိုင်း ဟုမ္မလင်းတ-ပ်နယ် အတွင်းသို့ ဆန်တက်လာခဲ့တဲ့ စ-စ်ရေယာဉ်အုပ်ဟာ ယခုအခါ ပြန်လည် စုန်ဆင်းလာခဲ့ပြီး အလုံတ-ပ်နယ် အတွင်း သို့ ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ် ။အဆိုပါ စ-စ်ရေယာဉ်တွေပေါ်မှာ အိန္ဒိယနိုင်ငံကနေ မအလအတွက် ထည့်ပေးလိုက်တဲ့ လားအကောင် ၂၀ ကို ‌တင်ဆောင်လာခဲ့တယ်လို့ သိရှိရပါတယ် ။ မအလ စီးဖို့ မ ဟုတ်ပေမယ့် ဘာအတွက်ကြောင့် ထည့်ပေးလိုက်ရပါသလဲ ?တမရ ၁ (တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတ-ပ်ရင်း) ဟာ ဗထူးတ-ပ်မြို့ မှာ တည်ရှိပြီး မြင်း နှင့် မြည်း ကို သား ဖောက်ပြီး လား သတ္တဝါ တွေကို မွေးမြူလေ့ကျင့် ပေးနေတဲ့ တ-ပ်တစ်ခု ဖြစ်ပါတယ် ။ ဗထူးတ-ပ်နယ်မှာ ဖွင့်လှစ်တဲ့ ရင်း ခွဲ စု (တ-ပ်ရင်းမှူး တ-ပ်ခွဲမှူး တ-ပ်စုမှူး ) သင်တန်းသား ဗို-လ်လောင်း အရာခံအကြ-ပ်ကြီးသင်တန်းသားတွေ နဲ့ ယခု ဆိုရင် ပစ လူသစ်စ-စ်သားတွေဟာ သင်တန်းကာလ အ တွင်း သွားရောက်လေ့လာ ကြရပါတယ် ။ အိန္ဒိယကနေ တ ကူးတက ထည့်ပေးလိုက်တဲ့ လား အကောင် ၂၀ ကိစ္စဟာ အနည်းငယ်တော့ ထူးဆန်းနေပါတယ် ။ မျိုးကောင်းမျိုးသန့် လားလို့ ပြောရအောင်ကလဲ လားသတ္တဝါဟာ ပြန်ပြီး သားဖောက် မျိုးပွားလို့ မရပါဘူး ။ ဒါကြောင့် မအလ နဲ့ စ-စ်ဗို-လ်ချု-ပ် တသိုက် စီး ချင် စီးပါစေ ဆိုပြီး ပို့လိုက်တယ်လို့ ယူဆရပါတယ် ။ 
 
ပင်လည်ဘူး နယ်မြေ မှာ ဖမ်းဆီးချု-ပ်နှောင်ထားတဲ့ ပုလဲနယ်တော်-လှ-န်ရေးတ-ပ်ဖွဲ့ဝင်နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းကို တွေ့ရပါတယ် ။အကြ-မ်းဖ-က်တ-ပ် ရဲ့ လုပ်ရိုးလုပ်စဉ်ကတော့ ထွက်ပြေးသွားတယ် ဆိုပြီး လက်စဖျောက်ပစ်လေ့ ရှိပါတယ် ။ ယခု ဖြစ်စဉ်မှာတော့ ၎င်းတို့ နှစ်ဦး လွတ်မြောက်အပြီးမှာပဲ ပင်လည်ဘူးမြို့နယ် အတွင်းက ကင်းပန်းဆေးရုံ ကို အတိအကျ လေ ကြောင်းတို-က်ခို-က်မှု ပြုလုပ်ခံခဲ့ရပါတယ် ။ အဆိုပါ ထွက် ပြေးလွတ်မြောက်လာသူ နှစ်‌ယောက်ဟာ ဝန်းသို တ-ပ်နယ်အတွင်းသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်တယ်လို့လဲ ဆိုပါတယ် ။ ဒီလိုဆိုပါလျင် မူးမြစ်ဝှမ်းက ပင်လည်ဘူးမြို့ကို အကြ-မ်းဖ-က် တ-ပ်ဟာ မကြာခင် တို-က်စ-စ်ဆင်လာခဲ့မယ်ဆိုပါက သတင်းဟာ ရာနှုန်းပြည့် မှန်ကန်တယ်လို့ ဆိုရတော့မှာပါ ။ ကာ-ကွ-ယ်ရေးတပ်တွေကနေ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ မကြာခဏဆိုသလို ထွက်ပြေးလွတ်မြောက်နေခြင်းဟာလဲ မေးခွန်းထုတ်စရာ တွေ ရှိလာနေပြီ ဖြစ်ပါတယ်။ပင်လည်ဘူးကို ထိုးစ-စ်ဆင်နိုင်ဖို့ အ-င်-အား မြေအခြေအ နေ နဲ့ ရာသီဥတု အနေအထားအရ ဖြစ်နိုင်ချေ နည်းသေးပေမယ့် တိကျပြင်းထန်တဲ့ လေကြောင်းတို-က်ခို-က်မှုတွေက တော့ နေ့စဉ်ရက်ဆက် ပြုလုပ်လာနိုင်ချေ ရှိပါတယ် ။ 
 
မုံရွာ အခြေစိုက် တ-ပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂ ရဲ့ ထိပ်တန်းလျှို့ဝှက် အဆင့်ရှိ "ရှိ ထွက် ချန်" လို့ ‌ခေါ်တဲ့ စာ ရွက်စာတမ်းတွေ ထပ်မံ ရရှိထားတာရှိပါတယ် ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ရက်စွဲ ဖြစ်နေပေမယ့် ယခုနှစ် အေပြီလ အတွင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း တို-က်ပွဲဖြစ်စဉ်တွေ တုန်းက ရရှိထားခဲ့တာ ဖြစ်ပါတယ် ။ အဆိုပါ တ-ပ်ရဲ့ ရှိရင်းအ-င်-အားဟာ အရာရှိ ၁၄ ၊ သန္ဓေ လူဟောင်း ၁၁၀ ၊ လူသစ် စ-စ်သား ၂၅၄ ယောက် စုစုပေါင်းအ-င်-အား ၃၈၀ ဖြစ်ပါတယ် ။ အာ-ဏာမသိမ်းခင် တို-က်ခို-က်ရေးတ-ပ်ရင်းတွေ မှာ အရာရှိ အ-င်-အား ၂၀ ဦး အနည်းဆုံး ခန့်အပ်လေ့ ရှိပေမယ့် ယခု ဖွဲ့စည်းပုံ ပြည့်ဝစွာ ခန့်အပ်နိုင်ခြင်း မရှိတော့တာကို တွေ့ရပါတယ် ။စ-စ်ဆင်ရေး ထွက်ရာမှာတော့အရာ ရှိ ၅ သန္ဓေစစ်သား ၅၃ ယောက် ပစ လူသစ်စ-စ်သား ၇၆ ယောက် စုစုပေါင်း အင်အား ၁၅၀ ဖြစ်ပါတယ် ။နောက်ချန်တ-ပ်တွင်းအ-င်-အားဟာ အရာရှိ ၃ ယောက် သန္ဒေစ-စ်သား ၅ ယောက် လူသစ်စ-စ်သား ၉၇ စုစုပေါင်း ၁၀၀ ယောက်ရှိနေပါတယ် ။
 
 ဒါကြောင့် ယခင်နောက်ချန်အ-င်အား ၆၀ ထက် နှစ်ဆ နီးပါး ရှိလာတာကိုတွေ့ရပါတယ် ။ကျန် အရာ ရှိ ၆ ယောက် သန္ဒေ ၄၀ ယောက် လူသစ်စစ်သား ၁၂၈ ယောက် စုစုပေါင်း ၂၀၃ ‌ယောက်ဟာလဲ တံတားလုံ-ခြုံ-ရေး ၊ ဟင်္သာကြီးလှုပ်ရှား နဲ့ ပဒူ စခန်းတွေ မှာ ဖြန့်ခွဲ လှုပ်ရှားနေကြရတာ ဖြစ်ပါတယ် ။အဆိုပါ အ-င်-အားတွေထဲ မှာ စ-စ်ဆင်ရေး‌ပျောက်ဆုံး အရာရှိ ၁ ယောက် သန္ဒေ ၁၀ နဲ့ လူသစ်စ-စ်သား ၈ ယောက် ၁၈ ယောက် ရှိနေတာကို တွေ့ရပါတယ် ။ တော်-လှ-န်ရေးတ-ပ်တွေ ထံသို့ ဘက်ပြောင်းခိုလှုံ ကြသူများ သို့မဟုတ် အလော-င်းမတွေ့ရသေးတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ် ။အရာရှိဖွဲ့စည်းပုံကို ကြည့်ရရင် မေဂျာ ၄ ‌ယောက် ၊ အိုမေဂျာ ၂ ယောက် ၊ ကက်ပတိန် ၄ ယောက် ၊ လက်ဖတင်နင် ၂ ယောက် ၊ ဘုတို ၂ ယောက် ကို တွေ့ရပါတယ် ။ ဗို-လ်မှူး ၄ ယောက်သည် ယာယီတပ်ရင်းမှူး ဒုတ-ပ်ရင်းမှူး နဲ့ တပ်ခွဲမှူး ၂ ‌ယောက် ဖြစ်နေပါတယ် ။ ယာယီတ-ပ်ခွဲမှူး ၂ ယောက်က လဲ ရှိနေပါသေးတယ် ။ယခင် တ-ပ်ရင်းတွေမှာ ကက်ပတိန် တွေများပေမယ့် အခုမေဂျာတွေ ဖောင်းပွလာနေတာကိုတွေ့ရပါတယ် ။ 
 
အခြားအဆင့် အင်အားဟာလဲ ယခင် ၁၈၀ ခန့် ရှိခဲ့ရာမှ ယခု ၁၁၀ သာ ကျန်ပါတော့တယ် ။ နွေဦးတော်-လှ-န်ရေးကာလအတွင်း အကြ-မ်းဖ-က် တ-ပ်ရဲ့ အရာရှိ စ-စ်သည်အ-င်အား ဟာ ထက်ဝက်ခန့်ပြုန်း တီးသွားခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ် ။ယခင် စ-စ်ဆင်ရေး ထွက်မယ်ဆိုရင် အရာရှိ အ-င်-အား ဟာ ၁၀ ယောက်ကနေ ၁၂ ယောက် မဖြစ်မနေ ပါဝင်လေ့ရှိပေမယ့် ယခုတွေ့ရတာက ၅ ယောက် ဆိုတော့ ထက်ဝက်မက လျော့ နည်းနေပြီး ဖွဲ့စည်းပုံ မပြည့် ဖြစ်နေရပြီလို့ ဆိုရပါ့မယ်။ စုစု ပေါင်း အ-င်-အား ၃၈၀ မှာ လူသစ်စ-စ်သား ၂၅၄ ဖြစ်နေတဲ့ အတွက် လူဟောင်းအ-င်-အား ဟာ ၃၀ ရာခိုင်နှုန်း နဲ့ ဖွဲ့စည်းထားရတာကို တွေ့ရပါတယ် ။ အကြ-မ်းဖ-က်တ-ပ်ရဲ့ ခြေ လျင်ခြေမြန် တို-က်ခို-က်ရေးတ-ပ်ရင်း ၅၂၂ ရင်း ရှိတာကြောင့် လက်ရုံး ဝန်ထမ်းတ-ပ်မပါ စုစုပေါင်း ကြည်းတ-ပ် တို-က်ခို-က်ရေး အ-င်-အား ဟာ နှစ်သိန်း မပြည့်တော့ဘူး လို့ တွက်ချက်ရပါတယ် ။ ရှမ်းမြောက် နဲ့ ရခိုင် ဒေသ တွေ မှာ တ-ပ်ရင်းဌာနချု-ပ်တွေ ပျက်သုဉ်းခဲ့ရတယ် ဆိုပေမယ့် မြေနေရာမရှိပေမယ့် တ-ပ်ပျက်တွေကို ပြန်လည် တွဲဘက်ပြီး စုဖွဲ့ထားတယ်လို့ ထောက်လှမ်းသိရှိရပါတယ် ။
 
 
မကွေးတိုင်း အညာဒူဘိုင်း လို့ခေါ်ကြတဲ့ ‌ကျောက်ခွက်ရေနံမှော်ကိုတော့ အကြ-မ်းဖ-က်တ-ပ်တွေ ချဉ်းနင်းဝင်ရောက် လာခဲ့ပြီဖြစ်ပြီး အချို့ သတင်းတွေအရဆိုရင် ပြန်လည် ထိန်းချု-ပ်နိုင်သွားပြီလို့ ဖော်ပြနေကြပါတယ် ။ တော်-လှ-န်ရေးတ-ပ်တွေဘက်က အညာတမာ စ-စ်ဆင်ရေး ဆိုပြီး တို-က်ပွဲရလဒ် သတင်းတွေ ထုတ်ပြန်အပြီးမှာပဲ မြေ ပြင်သတင်းတွေ ပျံ့နှံ့လာခဲ့ခြင်းလဲ ဖြစ်ပါတယ် ။ သ-က်ဆိုင်ရာ ကာ-ကွ-ယ်ရေးတ-ပ်တွေ ဘက်ကတော့ တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်း မရှိသေးဘူး ဖြစ်ပါတယ် ။ 
 
 
အကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဧပြီလတည်းက မြိုင် အနောက်ဘက်ခြမ်းကို စ-စ်ကြောင်းလက်တံငယ်တွေ နဲ့ တ-ပ်ဖြန့် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ပေါက်မြို့နယ်အတွင်းမှာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စီး ဆင်းသက်နေစဉ် ဒရု-န်း နဲ့ တို-က်ခို-က်ခံရအပြီးမှာတော့ စ-စ်အ-င်-အား ၈၀၀ ခန့်အထိ ဖြည့်တင်းလာခဲ့တာကို တွေ့ရပါတယ် ။ထုတ်ပြန်ချက်တွေအရ အဆိုပါ တို-က်စ-စ် အ-င်-အားဟာ ဒေသခံတော်-လှ-န်ရေးတ-ပ်တွေ ရဲ့ အ စွန်းထွက်လောက်သာ ရှိတာမို့ ‌ကျောက်ခွက်ရေနံမှော်ဒေသကို ထိန်းချု-ပ်နိုင်တယ်ဆိုတာ အံ့ဩစရာ ဖြစ်နေရပါတယ် ။ရေနံမှော်နယ်မြေ Well 2 ,Well 1 သို့ ဝင်ရောက်လာခဲ့ပေမယ့် နောက်ဆုံး အခြေအနေ အရ တောင်စုံကျေးရွာသို့ ပြန် လည်ဆုတ်ခွာပြီး အခြေပြုနေတယ်လို့ သိရှိရပါတယ် ။ 
 
 
ပဒါန်းတ-ပ်နယ် နတ်ရေကန် စ-စ်မျက်နှာ မှာ အဓိကလှုပ်ရှားနေတဲ့ ချင်းကာ-ကွယ်ရေးတ-ပ်ဖွဲ့ဝင် ၁ ဦး လက်ရဖမ်းဆီးခံလိုက်ရတဲ့ ဖြစ်စဉ်ကြောင့် လေကြောင်းတို-က်ခို-က်မှုတွေ အ ပြင်းအထန် ပြုလုပ်လာပါလိမ့်မယ် ။ နတ်ရေကန် စ-စ်ဒေသ မှာ အကြ-မ်းဖ-က်တ-ပ်တွေဟာ တန်ပြန်ခြုံခိုနိုင် သည်အထိ ထောက်လှမ်းရေးသတင်း ရရှိနေပြီ ဆိုတဲ့ အ ချက်ကလဲ သတိချပ်ရန် အရေးကြီးလာပြီ ဖြစ်ပါတယ် ။ အမ်း ပဒါန်း လမ်းသစ် ကနေ ဂုတ်ကြီးကျေးရွာ ဘက်သို့ အ-င်-အားဖြည့်တက်လာတဲ့ စ-စ်ကြောင်း တစ်ခု ကို အာရက္ခ နဲ့ ပူးပေါင်းတ-ပ်တွေက ကြားဖြတ် တို-က်ခို-က်ခဲ့ရာ အထိနာ ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ် ။အဆိုပါ အင်အား ၁၈၀ ဝန်းကျင် စစ်-ကြောင်း ကို အရာရှိအဆင့်အပါအဝင် ၆၀ ဝန်းကျင် ခန့် မတ်စိကိုက်ပြီး အထိနာကာ ဆုံကုန်းအ ခြေစိုက် မစခ ၉၀၅ (အမြောက်စ-စ်ဆင်ရေးကွပ်ကဲမှုဌာနချု-ပ်) သို့ ပြန်လည် သယ်ဆောင်သွားခဲ့ရတယ်လို့ သိရှိရပါတယ် ။
 
 
မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ အကြ-မ်း-ဖက်တ-ပ်ဟာ တော်-လှ-န်ရေး-တပ်တွေ ရဲ့ စ-စ်ဝတ်စုံတွေ ဝတ် ဆင်ပြီး တ-ပ်ဖြန့် လှုပ်ရှားနေတာကို တွေ့ရပါတယ် ။ သပိတ်ကျဉ်းမြို့နယ် ချောင်းကြီးကျေးရွာ အမှတ် ၈ အောင်ချမ်း သာလမ်း ဘောလုံးကွင်းအနီးက သနပ်ခါးခြံ အတွင်းမှာ ခြေကုပ်ယူပြီး လ-က်န-က်ကြီးစခန်း တစ်ခု တ-ပ်စွဲလာခဲ့တာကို တွေ့ရပါတယ် ။ တော်-လှ-န်ရေးတ-ပ်တွေရဲ့ စ-စ်ကြေငြာချက်ကြောင့် တ-ပ်တွေ ဖြန့်ခွဲနေရာချလာရခြင်း ဖြစ်ပါတယ် ။ မန္တလေး ရွှေမြို့တော်ကြီး မှာလဲ စ-စ်မှုထမ်းကြေး ဟာ ၅၀၀၀၀ အထိ တိုးမြင့် ကောက်ခံနေပြီလို့ သိရှိရပါတယ် ။
 
 
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အင်ကြင်းကုန်း ကျေး ရွာအနီးမှာ ထိတွေ့တို-က်ပွဲ ဖြစ်ပွားခဲ့ပြီး အကြ-မ်းဖ-က်တ-ပ် စ-စ်ကြောင်းတွေ အထိနာ ပြီး ပြန်လည် ဆုတ်ခွာသွားခဲ့ပါတယ် ။ အဆိုပါ နယ်မြေမှာ စကခ ၃ လက်အောက်ခံတ-ပ်တွေ ဖြစ်တဲ့ ခမရ ၃၈၁ နဲ့ ခမရ ၃၈၂ တို့ အခြေစိုက် တည်ရှိပါတယ် ။ကညင်မြိုင်ဟာ တ-ပ်ထွက်တွေ အများဆုံး ‌အခြေ ချလေ့ရှိတာဖြစ်ပြီး တောင်နီမှာလဲ ရှမ်းနီတ-ပ်တွေ အ-င်-အား ကောင်းပါတယ် ။၎င်းနယ်မြေ ဟာ ကာမို-င်း ဘက် နဲ့ နယ်မြေချင်းဆက်စပ်နေတာမို့ ထိတွေ့တို-က်ပွဲဧရိယာတွေ ဟာ ထပ်မံကျယ်ပြန့် လာနိုင်ချေ ရှိပါတယ် ။အထက်ပါ ဖြစ် စဉ်အတွင်း အကြ-မ်းဖ-က်တ-ပ်ဘက်မှာ ၃ ယောက် မတ်စိကိုက်ပြီး လ-က်န-က်ငယ် အချို့ သိမ်းဆည်း ရရှိခဲ့တာကို တွေ့ရပါတယ် ။မိုးညှင်းမြို့နယ် နန်းမားကျေးရွာ ပုဂ္ဂလိက ဆေးခန်းတစ်ခု မှ ဆရာဝန်ဖြစ်သူ နဲ့ သူနာပြုဝန်ထမ်း ၅ ဦး ကို ရှမ်းနီတ-ပ်ဘက်ကနေ ဖမ်းဆီးသွားခဲ့တာ ရှိပါတယ် ။ နန်းမားဟာ တို-က်နယ်အဆင့်ရှိပြီး မီးရထားလမ်း ကားလမ်းဘေးမှာ တည်ရှိကာ တစ်ခုတည်းသော ပုဂ္ဂလိက ဆေးခန်းလေးဟာ စည်ပင်သာယာ ဈေး နဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ် ။
 
 
ဟူးကောင်းဒေသမှာတော့ ဝါရာဇွပ် ပျူသူ့စ-စ် မင်းဇေသန့် အဖွဲ့ဟာ အရပ်သား ပြည်သူ အမျိုးသမီးကြီး တစ်ဦး ကို ရက်ရက်စက်စက် ခေါင်းဖြတ်သ-တ်တဲ့ ရုပ်သံ မှတ်တမ်း တစ်ခု တက်လာခဲ့ပါတယ် ။ အရှင်လတ်လတ် ခေါင်းဖြတ်သ-တ်ရဲလောက်အောင်အထိ စ-စ်-သွေး-ကြွနေခြင်းဟာ အရက်-သေ-စာ သို့မဟုတ် စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါး တစ်မျိုးမျိုး သုံးစွဲ ထားတဲ့ လူမျိုးသာ ဖြစ်ပါလိမ့်မယ် ။ အဆိုပါ နယ်မြေဟာ မူးယစ်ဆေးဝါး လွန်စွာပေါကြွယ်ဝတဲ့ ‌ဒေသတစ်ခု ဖြစ်တယ်ဆိုတာကတော့ ရောက်ဖူးသူတိုင်း သိကြပါလိမ့်မယ် ။
 
 
ပဲခူးတိုင်း အရှေ့ခြမ်း ဘုရားကြီး အခြေစိုက် တ-ပ်မ ၇၇ ရဲ့ လက်အောက်ခံတ-ပ်တွေ ဖြစ်တဲ့ ခမရ ၇ နဲ့ ခမရ ၈ တို့ ဟာ နောက်တန်းဌာနချု-ပ်တွေသို့ ပြန်လည်ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ် ။ နည်းဗျူဟာ တွေ နဲ့ လက်အောက်ခံတ-ပ်ရင်းတွေသာ ပြန်လည်ရောက်ရှိခြင်း ဖြစ်ပြီး ပဲခူး အခြေ စိုက် တ-ပ်မ ၇၇ လဲ တပ်မမှူး ဦးစီး ပြီး ပြန်လည် ဝင်ရောက်လာပြီ ဖြစ်ပါတယ် ။ ချင်းပြည်နယ်မြောက်ပိုင်းကနေ တ-ပ်မ ၇၇ တ-ပ်တွေ အားလုံး ပြန်လည် ဆုတ်ခွာလာခဲ့ကြခြင်း ဖြစ်ပါလိမ့်မယ် ။တပ်မမှူး ဦးစီး ပြီး နောက်တန်းကို ပြန်လည်ရောက်ရှိလာတဲ့ ဂဏန်းတပ်မ နှစ်မ ရှိလာနေတာကို တွေ့ရှိရပါတယ် ။တောင်ငူ လေတ-ပ် ကိုလဲ နည်းပညာမြင့် ဒရု-န်း စမ်းသပ် တို-က်ခို-က်မှု တစ်ခု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ် ။ ကေတုမတီ အခြေစိုက် တောင်ငူလေတ-ပ်ဟာ ရှော့တို-က်-ဒုံး-တွေ နဲ့လဲ ကြိမ်ဖန် များစွာ ပ-စ်ခ-တ်တို-က်ခို-က်ခံခဲ့ ရဖူးပါတယ် ။ 
 
 
လေတ-ပ်စခန်းဌာနချု-ပ်တွေ ထဲမှာ အများဆုံး တို-က်ခို-က်ခံနေရတဲ့ နေရာ တစ်ခုလဲ ဖြစ်ပါတယ် ။ ယခုတကြိမ် တော်-လှ-န်ရေးတ-ပ်တွေဘက် လေတ-ပ်စခန်းဌာနချု-ပ်ရဲ့ ဒရု-န်းကာကွယ် ရေးစန် ဂျမ်ဘာတွေကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့တယ်လို့ ဆိုပါတယ် ။ စမ်းသပ်မှုဟာ အောင်မြင်သွားပြီ ဖြစ်တဲ့ အ တွက် မကြာခင် အကြီးစားတို-က်ခို-က်မှုတွေ ဆောင်ရွက်လာနိုင်တော့မယ်လို့ ယူဆရပါတယ် ။ တောင်ငူလေတ-ပ် ကတော့ မကြာခင် နောက်ထပ် နေရာသစ်တစ်ခုကို ပြောင်း ရွှေ့ရမယ့် အနေအထားအထိ ရောက်သွားနိုင်ချေရှိတယ်လို့ တောင် တင်စား လို့ ရနေပြီ ဖြစ်ပါတယ် ။အကယ်၍ မပြောင်းခဲ့ရဘူးဆိုလျင်တောင် ‌မြစ်ကြီးနားလေဆိပ် လို ပိုက်ကွန် တွေ နဲ့ ကာရံကြမယ့် အနေအထား မျိုးဘဲ ဖြစ်ပါတယ် ။
 
 
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာလဲ အထိနာ နေတဲ့ စ-စ်ကြောင်းတွေကို နောက်တန်းဌာနချု-ပ်သို့ ပြန်လည် စုဖွဲ့ရန် ရောက်ရှိနေပြီး ရှေ့တန်းပြန် အခမ်းအနား နဲ့ စိတ်ဓာတ်စ-စ်ဆင်ရေးပြုလုပ်လာခဲ့တာကို တွေ့ရပါတယ် ။ သာပေါင်းမြို့ နယ် စက်ဒေါင့်ကြီး ဆိပ်ကမ်းသို့ အ-င်-အား အပြည့်တင် ဆောင်လာတဲ့ စ-စ်မော်တော်ယာဉ် ၃ စီးရောက်ရှိလာခဲ့ပါတယ် ။ အဆိုပါ စ-စ်ကြောင်းဟာ ငဝန်မြစ်တစ်ဘက်ကမ်း ဘုရားကြီး ဆိပ်ကမ်း မှတဆင့် ညောင်မှော် သောင်တန်း နယ်မြေများသို့ ဆက်လက် ရွေ့လျားသွားခဲ့ပါတယ် ။အဆို ပါ စ-စ်ကြောင်းတွေ ဟာ တ-ပ်မ ၆၆ လက်အောက်ခံတ-ပ်တွေဘဲ ဖြစ်ပါတယ် ။ကမ်းပါးကြီး ကျေးရွာ မှာ နည်းဗျုဟာ တစ်ခု အခြေချကာ လ-က်န-က်ကြီး နဲ့ နေ့စဉ် ပစ်ခတ်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ် ။အဆိုပါ နည်းဗျူဟာ က နေ ရှေ့တန်းခြေကုပ် နေရာများသို့ ကြက်ဥတစ်လုံးစီပါတဲ့ ထမင်းထုပ် ၂၀၀ ခန့် တွေ နေ့စဉ် ပို့ဆောင်နေကြရပါတယ် ။ 
 
 
အာရက္ခ နဲ့ ပူးပေါင်းတ-ပ်တွေ ကလဲ ၎င်းခြေကုပ်စခန်းနေရာတွေကို နှောင့်ယှက်ပစ်ခတ်လျက်ရှိပြီး ပြောက်ကျားစ-စ်နည်းဗျူဟာ ကို အသုံးပြုနေတာကို တွေ့ရပါတယ်။ထိ ခိုက် ဒ-ဏ်ရာ ရရှိသူတွေ နဲ့ အလော-င်းတွေကိုလဲ စက်ဒေါင့်ကြီး ဆိပ်ကမ်းကနေ ပုသိမ်တ-ပ်နယ် သို့ နေ့စဉ်လိုလို ပို့ ဆောင်နေရခြင်း ဖြစ်ပါတယ် ။မြေပြင်ထိတွေ့တို-က်ပွဲတွေ ရှိနေသလို လေကြောင်းတို-က်ခို-က်မှုကလဲ ပြင်းထန်လာတာကြောင့် ကမ်းပါးကြီးကျေးရွာ က နယ်မြေခံတွေဟာ ထွက် ပြေး တိမ်းရှောင်နေကြရပြီ ဖြစ်ပါတယ် ။ ဖြစ်စဉ် တွေကို ကြည့်ရမယ်ဆိုရင် ရှေ့တန်းခြေကုပ်စခန်းတွေဟာ အာရက္ခတ-ပ် ရဲ့ အချိန်ပြည့် တို-က်ခို-က်မှုကြောင့် ထမင်းတောင် ချက်ဖို့ အချိန်မရတဲ့ အနေအထား ဖြစ်သလို ရိက္ခာလဲ ပါမသွားနိုင်ဘူးလို့ ယူဆရပါတယ် ။
 
 
 
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို ဂုတ်တွင်းဘက်မှာ ရောက်နေတဲ့ စ-စ်ကြောင်းတစ်ချို့ ကျောက်မဲ သို့ ပြန်လည် ဝင်ရောက်ဖို့ ရှိပါတယ် ။ကျောက်မဲမှာရှိနေတဲ့ စ-စ်ကြောင်း တွေဟာလဲ ပြင်ဦးလွင် တ-ပ်နယ်အတွင်းသို့ ပြန်လည် စုဖွဲ့မှု ပြုလုပ်ရန် ရှိနေပါတယ် ။စကခ ၁ လက်အောက်ခံ ခမရ ၁၁၄ (နောင်ချို) က တော့ ခမရ ၅၂၃ (တန်ယန်း ) သို့ ဝင်ရောက်ပူးပေါင်းလာခဲ့တာကို တွေ့ရပါတယ် ။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စု အပါအဝင် ရွာငံတောင်ပိုင်း ကျေးရွာတွေကို အကြ-မ်းဖ-က်တ-ပ်ဘက်က အမြန် တိမ်းရှောင်ခိုင်းတာကြောင့် ဒေသခံတွေဟာ အရေးပေါ် တိမ်းရှောင်မှုတွေ ပြုလုပ်ခဲ့ကြရပါတယ် ။ဩဂုတ်လ ၁၆ ရက်နေ့ အကြ-မ်းဖ-က်စ-စ်ကြောင်းတွေ အ-င်-အား အ များအပြား နဲ့ တ-ပ်ဖြန့်ဝင်ရောက်လာပြီး နောက်ပိုင်း မြိုင်စံပြကျေးရွာ အပါအဝင် ရွာငံတောင်ပိုင်း ‌ဒေသတချို့ တိမ်း ရှောင်နေကြရပြီ ဖြစ်ပါတယ် ။အဆိုပါ စံပြကျေးရွာကြီးဟာ ရွာငံ ပင်းတယ ဖြတ်လမ်း နဲ့ မန္တလေး ရွာငံ တောင်ကြီး ကားလမ်းမကြီး ပေါ်မှာ ရှိတဲ့ လမ်းဆုံလမ်းခွ နေရာမှာ တည်ရှိနေတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းက ရွာငံမြို့နယ် အလယ်ချောင် နဲ့ ဘုရားကြီးကုန်း ကျေးရွာမှာ ထိတွေ့ ဖြစ်စဉ်ငယ် တစ်ခု ရှိခဲ့ဖူးပါတယ် ။ဓနုကိုယ်ပိုင်အု-ပ်ချု-ပ်ခွင့်ရဒေသ မှာ အေးချမ်းနေ‌တဲ့ ရွာငံ နယ်မြေမှာတော့ အကြ-မ်းဖ-က်စစ်-ကြောင်းတွေ တပ်ဖြန့်လာတာကြောင့် စ-စ်ပွဲတွေ ဖြစ်ပေါ် လာ‌နိုင်ချေ များနေပါပြီ ။
 
 
 
ကရင်နီဒေသ ဒီးမော့ဆိုးမြို့နယ် အနောက်ခြမ်း နယ်မြေ မှာတော့ စတားလင့် အင်တာနက် သုံးစွဲခ ဈေးနှုန်း ပြောင်းလဲ သွားခဲ့ရပြီ ဖြစ်ပါတယ် ။ အများစု မျှော်လင့်ထားသလိုမျိုး လုံးဝ ပိတ်သိမ်းသွားခြင်းမရှိသေးတာကဘဲ အများကြီး သ-က်သာရာရတယ်လို့ ဆိုရမှာပါ ။ကရင်နီဒေသ ရဲ့ စ-စ်ဘေးရှောင် စခန်း နဲ့ တော်-လှ-န်ရေးတ-ပ် ထိန်းချု-ပ်နယ်မြေတွေ မှာ အဆိုပါ စတားလင့် ကို သာ အားထားနေကြရခြင်း ဖြစ်ပါတယ် ။ ကရင်နီတော်-လှ-န်ရေးတ-ပ်ဖြစ်တဲ့ KA ရင်း ၅ ဟာ လေးနှစ်အတွင်းအကြ-မ်းဖ-က်-တပ် ရဲ့ အမ်အေးစီးရီး လ-က်န-က်ပေါင်းများစွာ ကို သိမ်းဆည်း ရရှိထိန်းသိမ်းထားကြောင်း ထုတ်ပြန်လာတာကိုလဲ တွေ့ရှိရပါတယ် ။
 
 
 
ကရင်ပြည်နယ် အတွင်း မှာတော့ ကျားဖြန့် အရှုပ်တော်ပုံ ကနေ အရွှေ့တော်ပုံ သို့ ပြောင်းလဲနေတာကို တွေ့ရပါတယ် ။DKBA ရဲ့ ခွင့်ပြုချက် နဲ့ ဘုရားသုံးဆူ ချက်ပွိုင့် ကို စ-စ် တ-ပ် ရဲ နဲ့ အကောက်ခွန် ရုံးခန်းတွေ ပြန်ပြီး ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် ။ခလရ ၂၈၄ (ကြာအင်းဆိပ်ကြီး) ရင်းမှူး လက်ဖတင်နင်ကာနယ် ချစ်မင်းသူ နဲ့ ကညော်စေး တို့ တွေ့ ဆုံထားတာ ရှိပါတယ် ။စ-စ်တ-ပ် နဲ့ ရဲတွေ ဟာ DKBA ယူ နီဖောင်းတွေ ဝတ်ဆင်ထားကြတာ ဖြစ်ပါတယ် ။KNU ထိန်း သိမ်းထားတဲ့ ကျားဖြန့်လုပ်သား ၂၃ ဦး ကိုလည်း ပြန်လည်တောင်းခံနေတယ်လို့ သိရှိရပါတယ် ။ ဒါပေမယ့် KNU ဘက် က ဗဟိုတရားရေးဌာန က စ-စ်ဆေးနေဆဲ ဖြစ်တာကြောင့် ပေးရန်မဖြစ်နိုင်ဆိုပြီး ပြန်လည် ငြင်းဆန်ထားပါတယ် ။ တရုတ်သူဌေးတွေကိုတော့ ချောင်းဆုံရွာ မဲကသာပိတ်ကွက် (သစ်တောကြိုးဝိုင်း) အတွင်းသို့ အသုတ်လိုက် ပို့ဆောင်နေတာ ရှိပါတယ် ။ယခင် တော်-လှ-န်ရေးတ-ပ်တွေ ရဲ့ စ-စ်ရေးပြကွင်း နေရာ တွေ မှာ ကျားဖြန့်ရုံတွေ ဆောက် လုပ်ခံလိုက်ရတာကြောင့် တရုတ်တွေ နဲ့ စည်ကားနေပြီ ဖြစ်ပါတယ် ။ဇီးပင်ရွာတောင်ခြေ စားသောက်ဆိုင်တစ်ခု ရှေ့မှာလဲ ငွေလိမ်ရုံတစ်ရုံ ထပ်မံပေါ်ပေါက်လာခဲ့တာ ရှိပါတယ် ။
 
 
 အဆိုပါ ကျားဖြန့် ရုံတွေရဲ့ ပိုင်ရှင်ကတော့ အများချစ်ကြတဲ့ ဗိုလ်အယ်စေးဝါး နဲ့ ဗိုလ်လက်ကိုင် တို့ သားအဖ တွေ လို့ သိရှိရပါတယ် ။အဓိက တရားခံ ဗိုလ်အေဝမ်း ကတော့ အခန့်မသင့် ရင် ထိုးကျွေးရမယ့် နယ်ရုပ်လေးတွေကို တစ်ရက်လျင် ဘတ် ၁၀ သိန်း ခန့်ပေးကာ လက်သပ်မွေးမြူထားပြီး ဖြစ်ပါတယ် ။ ဗိုလ်အေဝမ်း နဲ့ ဗိုလ်အယ်စေးဝါး ဟာ ကာ-ကွယ်ရေးတ-ပ်တချို့ ကိုတောင် ဆင့်ခေါ်ထားတယ်လို့ လဲ သိရှိရပါတယ် ။ KNU အနေ နဲ့ တောင် ပြန်လည် ထိန်းကျောင်းနိုင်ဖို့ အခက်တွေ့ကောင်းတွေ့လာနိုငပါတယ် ။ကျောက်ခက် ဝေါလေ လမ်းကြောင်းကိုတော့ ရွှေကုက္ကိုလ် တုန်းကလို ဟန်ပြဝင်ပြီး ဖမ်းဆီးနိုင်ရေး တိုင်းစ-စ်ဦးစီးချု-ပ် နဲ့ အဖွဲ့ဟာ DKBA ဘက်မှ ဖိုးဘငြိမ်းအောင် ရွှေဝ တို့ ညှိနှိုင်း ဆွေးနွေးနေဆဲ သာ ဖြစ်ပါတယ် ။လောလောဆယ် လူ နဲ့ ပစ္စည်းတွေ ရွှေ့ပြောင်းနေဆဲ မို့သာ စ-စ်ဆိုင်ထားကြခြင်း ဖြစ်ပါလိမ့်မယ် ။ ကျောက်ခက် နယ်မြေ အတွင်းမှာ အ ကြ-မ်းဖ-က်စ-စ်သား ၄၀ ဝန်းကျင် အသွင်ယူရောက်ရှိနေတာကို တွေ့ရပါတယ် ။ ဖလူး မင်းလက်ပံ နယ်မြေ မှာ ဗိုလ်မုတ်သုန် နဲ့ စောစတီး ရဲ့ သားဖြစ်သူတို့က လမ်းပြနေခြင်း ဖြစ်ပါတယ် ။ သုံးထပ်ကွေ့ အနီး မှာလဲ အကြ-မ်းဖ-က်စ-စ်ကြောင်း တစ်ခု ရှိနေပြီး ဖလူးကနေ သုံးထပ်ကွေ့ သို့ ဘယ် လိုရောက်ရှိလာသလဲ ဆိုတာကိုတော့ စိစစ်နေဆဲ သာဖြစ်ပါတယ် ။ဗိုလ်ချု-ပ် စိုင်းကျော်လှ ကတော့ အရှေ့ဒေါန မှသည် အနောက်ဒေါန ‌ဆီသို့ သူ့ရဲ့ တရုတ်ကျားဖြန့် အားလုံးကို ရွှေ့ပြောင်းနေတာကို တွေ့ရပါတယ် ။
 
 
ပြီးခဲ့တဲ့ ရက်က တင် DKBA တပ်ရင်း ၉၀၁ စ-စ်ကြောင်းမှူး စေပျံလွှား ( ယခငခ ကျားဖြူ စ-စ်ကြောင်း တ-ပ်ခွဲ ၃) အဖွဲ့ က မော်တော် ယာဉ် ၂၃ စီး ၊ တပ်ရင်း ၉၀၂ ဒုတပ်ရင်းမှူး လှဝင်းစိန် တပ်ခွဲမှူး စိုင်းရဲထွန်း (ခ) လျောက်လီ ဦးစီး မော်တော်ယာဉ် ၂၆ စီး တရုတ်ကျားဖြန့် ၅၀၀ ဝန်းကျင် ခန့် ရွှေ့ပြောင်း ထားခဲ့ပြီး ဖြစ်ပါတယ် ။ အဆိုပါ ကျားဖြန့် လုံ-ခြုံ-ရေး လုပ်ငန်းတွေကနေ ရတဲ့ အကျိုးအမြတ် ကို တ-ပ်ဖွဲ့ ရန်ပုံငွေ ၂၀ ရာ ခိုင်နှုန်း တပ်ဖွဲ့ဝင်တွေ အတွက် ၁၀ ရာခိုင်နှုန်း စ-စ်ဦးစီးချု-ပ် နဲ့ ဒုစ-စ်ဦးစီးချု-ပ် အတွက် ၅ ရာခိုင်နှုန်း ၊ တ-ပ်ရင်းမှူးများ အတွက် ၅ ရာခိုင်နှုန်းပေးပြီး ဗိုလ်ချု-ပ် စိုင်းကျော်လှ နဲ့ စောအေဝမ်း တို့ကတော့ ၃၀ ရာခိုင်နှုန်း ဆီ ခွဲပြီး ယူကြတယ်လို့ သိရှိရပါတယ် ။လက်ရှိ အနေအထားအရ DKBA တစ်ဖွဲ့လုံးကို စိုင်းကျော်လှ နှင့် အေဝမ်း တို့ကသာ အလုံးစုံထိန်းချုပ်ထားခြင်း ဖြစ်ပြီး စ-စ်ဦးစီးချု-ပ် နဲ့ ဒုစ-စ်ဦးစီးချု-ပ် ဟာ စစ်အုပ်စု နှင့် စကားပြောရန်သာ နယ်ရုပ်သဖွယ် ဖြစ်နေတာကိုလဲ တွေ့ရပါတယ် ။ 
 
 
ဒေါနတကြောမှာတော့ ယခု ဖလူး မင်းလက်ပံ နယ်မြေ တို-က်ပွဲတွေ ပြီးသွားခဲ့မည် ဆိုပါလျင် စ-စ်ပွဲတွေ တစ်ခန်း ရပ်သွားနိုင်ချေ ရှိပါတယ် ။နောက်ဆုံး အခြေအနေ ဘုရားသုံးဆူ နယ်မြေ မှာ အကြ-မ်းဖ-က်တ-ပ် ရဲ့ အရပ်ဘက်ဝန်ထမ်းတွေက မှတ်ပုံတင် အိမ်ထောင်စုစာရင်း တွေ ပြုလုပ်ပေးနေသလို မော်လမြိုင် ကို သွားရောက်မယ် ဆိုပါက ရဲထောက်ခံစာ ပါ ပေးနေပြီလို့ သိရှိရပါတယ် ။ကျိုက်မရော ကြာအင်းဆိပ်ကြီး နယ်မြေ မှာ မူးယစ်‌ဆေးဝါး အဓိက ဖြန့်ဖြူးနေတာက အနောက်ဒေါန တပ်နယ် ၂ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောရှိုးဝါး နဲ့ မေဂျာ အောင်ထူး တို့ ဘဲ ဖြစ်ပါတယ် ။ယခု နောက်ဆုံး ဘိတ်ခေါင်း လို့ခေါ်တဲ့ ကက်တမင်း နဲ့ နီကိုတင်း ကို ရောထားတဲ့ တစ်မျိုး ထပ်မံပေါ်ထွက်နေပါတယ် ။ အဆိုပါ မူး ယစ်ဆေးဟာ အီးစီးကရက်ပုံစံမျိုး ဖြစ်ပြီး အနံ့မထွက်ပေမယ့် ပုံမှန် မသုံးရရင်တော့ လက်တွေတုန်ပါတယ် ။တစ်ခေါင်း ကို မြန်မာငွေ ၂၈၀၀၀၀ ဘတ်ငွေ ၂၃၀၀ နှုန်း ဈေး ရှိပါတယ် ။ ဒါကတော့ ဒေါန တခွင် က ဇာတ်ကွက် အချို့ မျှသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ခင်ဗျာ ။
ဇင်ယော်
၂၀၂၆ ဩဂုတ် ၁၉ ၉၃၀

Post a Comment

0 Comments