ထားဝယ် SEZ ထဲမှာ နျူကလီးယားစက်ရုံတည်မယ်ဆိုတာ လုံးဝမဟုတ်သလို ရုရှားစစ်တပ်ကြီး ထိုင်မယ်ဆိုတာလည်း ငြင်းပါတယ်" ထားဝယ် SEZ ၊ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနှင့် မြန်မာ့စီးပွားရေးအနာဂတ် (သီးသန့် အင်တာဗျူး)
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ၏ GDP အတွက် အရေးပါသော စီးပွားရေးစီမံကိန်းကြီးတစ်ခုဖြစ်သည်။ ယင်းစီးပွားရေးဇုန်တွင် မကြာမီ မဂ္ဂဝပ် (၆၆၀) ထွက်ရှိမည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကြီး စတင်ဆောက်လုပ်တော့မည်ဖြစ်သည်။ ထားဝယ် အထူးစီးပွားရေးဇုန်သည် မြန်မာ့စီးပွားရေးအတွက် အဘယ်မျှအရေးကြီးသနည်း၊ အရေးပါသနည်းဆိုသော အချက်များကို လုပ်ငန်းရှင်တစ်ဦးနှင့်တွေ့ဆုံမေးမြန်းထားရာ NSS ပရိသတ်များအတွက် ဖော်ပြအပ်ပါသည်။
(စိမ့် တွေ့ဆုံမေးမြန်းသည်)
မေး-ထားဝယ် ရေနက်ဆိပ်ကမ်းမှာ တည်မယ့် ဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်လို့ ရုရှားဘက်က Inter RAO ကုမ္ပဏီ နဲ့ မြန်မာဘက်က လောင်းလုံ စီးပွားဖွံ့ဖြိုးကုမ္ပဏီတို့ဟာ ဒီလအစောပိုင်းက ဒုတိယ သမ္မတရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုးခဲ့တာတွေ့ ရပါတယ်။ စီမံကိန်းက ဘယ်တော့လောက် စမှာလဲ သိပါရစေ။
ဖြေ-စီမံကိန်းစဖို့အတွက် လက်မှတ်ထိုးတာပေါ့နော်။ ဒီလက်မှတ်ထိုးပြီးတာနဲ့ ကျွန်တော်တို့က စီမံကိန်း တွေမစခင်မှာ အမြဲတမ်း Feasibility Study (FS) ဆိုတာလုပ်တယ်။ အဲဒါတွေလုပ်ပြီးရင် အဲဒီလို လုပ်တဲ့အချိန်မှာ ငွေထုတ်ချေးပေးမယ့် နိုင်ငံခြား ဘဏ်ကနေပြီးတော့ Guideline တွေရှိတယ်။ ဒီ Guideline တွေနဲ့အညီ FS ကိုလုပ်ခဲ့ပါ။ Guide အတိုင်းညီညွတ်တယ်ဆိုရင် သူတို့ ငွေထုတ်ချေးပေး မယ်။ FS လုပ်ရမယ့်အချိန် Depth Study ကတော့ ကျွန်တော်တို့ကတော့ လုပ်ပြီးပြီ။ ဒီဟာက လက်မှတ် မထိုးခင်ရှေ့မှာတည်းက Government နှစ်ခုကြားမှာ G to G MOI ဆိုတာထိုးထားတယ်။
Memorandum of Intern ဆိုတာ ဒီနှစ်နိုင်ငံပေါင်းပြီးတော့ ဒီလို မြန်မာပြည်မှာ လျှပ်စစ်ထုတ်လုပ်တာတွေ၊ Special Economic Zone တွေ နှစ်နိုင်ငံ ဆက်သွယ်ရေးလမ်း တွေဖောက်တာတွေလုပ်ကြမယ်ဆိုတဲ့ဟာ နဂိုတည်း ကသဘောတူပြီးသား။ အဲဒီသဘောတူပြီးသား စာ ချုပ်ထဲကအစိတ်အပိုင်းတစ်ခုအနေနဲ့ ဒါကိုထပ်ထိုးတာ။ မြန်မာပြည်က လျှပ်စစ်မီးရဖို့လိုတယ်။ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရဖို့ လိုတယ်။ နောက်တစ်ခါ လမ်းပန်းဆက်သွယ်ရေးတွေ ဖြောင့်ဖြူးဖို့လိုတယ်။ အခြေခံအဆောက်အအုံတွေ အများကြီးလိုတယ်။
သင်္ဘောဆိုက်တယ်ဆိုလည်း သီလဝါဆိပ်ကမ်းက တန်(၂)သောင်းပဲလာရတဲ့အခါ ကျတော့ နိုင်ငံတကာကနေ တန်ချိန် (၂)သောင်း သင်္ဘောနဲ့ ပစ္စည်းတွေတင်လာတာနဲ့ တန်ချိန်(၁)သိန်းသင်္ဘောနဲ့ ပစ္စည်းတွေတင်လာတဲ့စရိတ်ချင်းက တခြားစီပဲ။ အဲဒီတော့ ရေနက်ဆိပ်ကမ်းတွေဆိုတာ နိုင်ငံတိုင်းမှာလိုအပ်တယ်။ မြန်မာပြည်မှာ ရေနက် ဆိပ်ကမ်းဆိုလို့ အဓိကရေနက်ဆိပ်ကမ်းက ကျောက် ဖြူနဲ့ အခုတည်ဆောက်မယ့် ထားဝယ် နှစ်ခုပဲရှိတယ်။ သီလဝါကကျတော့ ရေတိမ်ဆိပ်ကမ်းပေါ့နော်။
အဲဒီ လိုရေနက်ဆိပ်ကမ်းတွေမှာအပြင် တကယ့်ကို သင်္ဘောကြီးတွေနဲ့ ကုန်ပစ္စည်းတွေအများကြီးသယ် လာပြီးတော့ အဲဒီဧရိယာမှာ တည်ငြိမ်တဲ့လျှပ်စစ်ကို (၂၄)နာရီ Supply ပေးနိုင်အောင်၊ ရေသန့်တွေထုတ် ပေးနိုင်အောင် ဒီဘက်ကနေ Infrastructure တွေ တည်ဆောက်ပေးပြီးတော့ လာထုတ်တဲ့စက်ပစ္စည်း တွေ၊ ကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေက ဈေး ပေါပေါနဲ့ထုတ်လာနိုင်တဲ့အခါ အခြေခံအလုပ်သမား (၃)သိန်းလောက်အလုပ်ရမယ်။ ပညာရှင်(၂)သောင်း လောက်အလုပ်ရမယ်။ ဒီလူတွေဝင်ငွေရလာမယ်။ နိုင်ငံတကာက လာပြီးရင်းနှီးမြှုပ်နှံမယ်။ သူတို့ရင်းနှီး မြှုပ်နှံနိုင်အောင်လို့ ကျွန်တော်တို့က သက်သောင့် သက်သာနဲ့ ဈေးပေါပေါနဲ့ မြေတွေချပေးမယ်။
ရန်ကုန်တို့ တခြားစက်မှုဇုန်တွေလို မြေတစ်ဧကကို သိန်း သောင်းချီပြီးတော့ရောင်းမှာမျိုးမဟုတ်ဘဲနဲ့ (၁) Square Meter ကို (၁ ဒသမ ၅)ဒေါ်လာ။ တစ်နှစ် ငှားရမ်းခကို (၁ ဒသမ ၅)ဒေါ်လာပဲကျမယ်။ အနှစ် (၇၀)ငှားပေးမယ်။ ပြီးရင် သူတို့ကို လျှပ်စစ်ကို ဈေး ပေါပေါနဲ့ မီးမပျက်အောင် (၂၄)နာရီ Supply လုပ် ပေးမယ်။ ရေချိုတွေ တောက်လျှောက် Supply လုပ် ပေးမယ်။ လမ်းတွေ၊ တံတားတွေ အကုန်ဖောက်ပေး မယ်။ အဲဒီမှာ သူတို့က လာပြီး စက်ရုံတွေထူထောင်၊ အလုပ်သမားတွေခန့်၊ ကုန်ပစ္စည်းတွေကိုထုတ် Tax တွေဘာတွေလည်းမယူထားတဲ့အတွက် ဈေးပေါပေါ နဲ့ မြန်မာပြည်ကိုလည်းပြန်ရောင်း၊ နိုင်ငံတကာကို လည်း သူတို့သယ်သွား။
ဒါဆိုရင် တိုင်းပြည်အတွက် ရော လာရောက်ရင်းနှီးမြှုပ်နှံတဲ့သူအတွက်ရော ဒီ Project ကြီးကို ထူထောင်ပေးတဲ့လူတွေအတွက်ရော အားလုံး အကျရှိတာပေါ့။ အဲဒီအတွက်ကြောင့် လျှပ် စစ်ဆိုတာ အရမ်းအရေးကြီးတဲ့အတွက် ဒီဇုန်ကြီး တည်ဆောက်ပြီး လျှပ်စစ်မရှိရင်လည်း ဘာမှလုပ်လို့ မရတဲ့အတွက် ထိုးတဲ့လက်မှတ်ကတော့ ဒီလျှပ်စစ် စက်ရုံအတွက် ထိုးတာ။ (၂၂၀)မဂ္ဂါဝပ် (၃)လုံး (၆၆၀)မဂ္ဂါဝပ်ထုတ်မယ်။ တစ်လုံးက ထားဝယ် SEZ ကိုပေးမယ်။ နောက်တစ်လုံးက တနင်္သာရီတိုင်းတစ် တိုင်းလုံးကိုပေးမယ်။ နောက်တစ်ခုက National Grid ဆောက်ပြီးတော့ မြန်မာပြည်ထဲက လိုအပ်နေ တဲ့လျှပ်စစ်ကိုပံ့ပိုးပေးမယ်။ ဒီရည်ရွယ်ချက်ပါ။
တနင်္သာရီတိုင်းတစ်တိုင်းလုံးက (၅၀)မဂ္ဂါဝပ်ဆို လုံလောက်တယ်။ ဒါပေမဲ့ (၂၂၀) ဆိုတာက သူတို့က မီးရှိရင် ပိုပြီးသုံးလာကြမယ်လေ။ စက်မှုဇုန်တွေ၊ စက် ရုံတွေ၊ အလုပ်ရုံတွေထူထောင်လာကြမယ်။ အဲဒီအ တွက်ကြောင့်(၂၂၀)။ နောက်တစ်လုံးက ရန်ကုန်၊ ထားဝယ်၊ မော်လမြိုင် ချိတ်ဆက်ထားတဲ့ National Grid Line မရှိသေးဘူး။ အဲဒါဆောက်ရမှာ။ ဆောက်ပြီး ဒီမြန်မာတစ်ပြည်လုံးကိုပေးနေတဲ့ National Grid Line နဲ့ အဲဒီကောင်နဲ့ချိတ်ပြီးရင် (၂၂၀)ထည့်လိုက်ရင် မော်လမြိုင်တို့၊ ဘားအံတို့၊ ပဲခူးတို့ အ ကုန်လုံး နေပြည်တော်၊ ရန်ကုန်အထိရောက်ပြီး မီး လင်းသွားမယ်။ မြန်မာပြည်ရဲ့ National Grid Line ထဲမှာ (၃၀ဝဝ)မဂ္ဂါဝပ်လောက်ပဲရှိတာ။
တကယ့်တ ကယ် စက်မှုလက်မှုတွေ ဖွံ့ဖြိုးတိုးတက်ပြီး မီးအမြဲ တမ်းမှန်မယ်ဆိုရင် (၇၀ဝဝ) မဂ္ဂါဝပ်လောက်အထိလို တယ်။ အဲဒီလောက်ကိုဖြည့်ဆည်းပေးဖို့အတွက်ကို လျှပ်စစ်စက်ရုံတွေက အများကြီးလိုအပ်တယ်။ အဲဒီ တော့ လျှပ်စစ်က ဘယ်ကနေရမလဲဆို ရေအားလျှပ် စစ်ရမယ်။ တည်ငြိမ်တဲ့လျှပ်စစ်နဲ့ ထုထည်အားကောင်း ကောင်း Base လို့ခေါ်တာပေါ့။ အဲဒါကို ကျောက်မီး သွေးတို့၊ Gas Power Plant တို့ကနေပြီးတော့ရမယ်။ ဒါကိုThermal Power Plant ခေါ်တယ်ပေါ့နော်။ Hydro Power Plant ကလည်း ဈေးပေါပေါနဲ့ရမယ်။
သို့သော် ရေအနည်းအများရာသီဥတုပေါ်မူတည်ပြီး ဒီ Hydro Power Plant က အတက်အကျရှိတဲ့အ တွက် ကျောက်မီးသွေးနဲ့ Gas ကို Base Load အနေနဲ့ထားပြီး နိုင်ငံတိုင်းမှာလုပ်ကြတယ်။ ကျောက်မီးသွေးတွေ Gas တွေနဲ့အသုံးချပြီး တိုင်းပြည်တိုးတက်သွားပြီးမှ လိုအပ် တဲ့အပို Power ကို ကျတော့ Renewable ဆိုတဲ့ ပြန် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုတဲ့ လေအားတို့ Biomass တို့နဲ့သုံးတယ်။ အဲဒါတွေက မဂ္ဂါဝပ်အကြီးကြီးတွေမ ထွက်ဘူး။ သေးသေးပဲထွက်တယ်။ အဲဒီတော့ တကယ့် Base Load ရဲ့ (၁၀)ရာခိုင်နှုန်းလောက်ကိုပဲ Renewable အနေနဲ့ သုံးကြတာပေါ့နော်။
အဲဒီတော့ ကျွန်တော်တို့ Project မှာ (၆၆၀)မဂ္ဂါဝပ်ထုတ်မယ်။ (၆၀)မဂ္ဂါဝပ်က Solar Power Plant ပါမယ်။ သတ်သတ်ထပ်ထည့်မယ်။ ဆိုလာလည်းပါမယ်။ ဒီ Project အနီးမှာပဲ ရေအားလျှပ်စစ် (၄၆၀)တစ်နေ ရာ (၁၅၀)တစ်နေရာ စုစုပေါင်း (၆၁၀)မဂ္ဂါဝပ် ရေ အားနဲ့လည်းထုတ်မယ်။ အဲဒီ project တွေပြီးသွား ရင် မြန်မာပြည်ကြီးက (၁၃၀ဝ)မဂ္ဂါဝပ်လောက် မြန် မာပြည်ရဲ့ Grid Line ထဲကိုတိုးသွားမှာဖြစ်တဲ့အ တွက် အခုလက်ရှိပေးနေတာထက် (၃၀ဝဝ)ပေးနေ တယ်ဆိုရင် နောက်ထပ် (၅၀)ရာခိုင်နှုန်းစာလောက် ထပ်ပေါင်းသွားတဲ့သဘော ဖြစ်သွားမှာပေါ့နော်။
အဲဒီ လိုမျိုးပဲ အထက်ဘက်တို့ ရခိုင်ကမ်းရိုးတန်းတို့ ဧရာဝတီတိုင်းတို့ဘက်မှာလည်း အဲဒီလိုမျိုး ကျောက် မီးသွေး Power Plant တွေ Gas Power Plant တွေထပ်တည်ပြီး မြန်မာပြည်အတွက် (၇၀ဝဝ) လောက်ပြည့်သွားပြီဆိုရင် နောက်အနှစ် (၃၀) မြန်မာပြည်ရဲ့လျှပ်စစ်မီးက စိတ်ပူစရာမလိုတော့ ဘူး။ အခုခေတ်ကြီးက IT ခေတ်ဖြစ်နေတဲ့အတွက် ဘယ် နေရာမှ လျှပ်စစ်မီးမပါဘဲနဲ့ ဘာမှလုပ်လို့မရဘူး။ ဘယ်နေရာမှာမဆို လျှပ်စစ်မီးကပါတယ်။ မီးအ ကြောင်းမပါတဲ့နေရာတစ်ခု စဉ်းစားပြီးပြောလိုက်။ မီးကပါကိုပါတယ်။ မရှိဘူး။

မေး-လက်မှတ်ထိုးတာကိုပဲ လူတွေကမြင်ကြတာ။ ဓာတ်ပုံတွေမှာတွေ့လို့၊ သတင်းတွေမှာတွေ့လို့ လက် မှတ်ထိုးတာမြင်ကြတယ်။ လက်မှတ်ထိုးဖို့အတွက်ကို မထိုးခင်ကာလ တောက်လျှောက်လေ့လာခဲ့ရတာ ဘယ်လောက်လောက်အချိန်ယူခဲ့ရလဲ၊ ဘယ်လိုအ ချိတ်အဆက်လုပ်ခဲ့ရလဲ။
ဖြေ-ဒီလိုမျိုးလက်မှတ်မထိုးခင် ရှေ့မှာ (၂)နှစ်ခွဲ (၃)နှစ်လောက် အလုပ်လုပ်ခဲ့ရတာ။ ခရီးတွေသွားတယ်။ လျှပ်စစ်ကိစ္စတွေလုပ်နေကြတယ်။ ဘာလို့ဆိုတော့ လျှပ်စစ်မရရင် ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ လျှပ် စစ်ရအောင်လို့ကိုကြိုးစားခဲ့ရတာ။ နိုင်ငံတကာကို အကြိမ်ကြိမ်သွားတယ်။ ညှိနှိုင်းဆောင်ရွက်ရတယ်။ ဒီလိုအဆင့်ရောက်ဖို့အတွက်ကို (၂)နှစ်ခွဲ(၃)နှစ်ကြာ အောင် အများကြီးညှိနှိုင်းခဲ့ရတယ်။ နောက်တစ်ခါ ဖြစ်နိုင်စွမ်းရှိမရှိဆိုတဲ့ အကြိုလေ့လာတဲ့ Pre FS ဆို တာကိုလုပ်ခဲ့ပြီးလို့ အားလုံး ဖြစ်နိုင်စွမ်းလည်းရှိတယ်။
နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကလည်း ချေး ငွေထုတ်ပေးနိုင်ဖို့အတွက် အလားအလာကောင်းတွေ ရှိတယ်။ အားလုံးသဘောတူညီမှုရသွားတော့မှ ဒီစာ ချုပ်ကဖြစ်တာပေါ့နော်။ ဒီစာချုပ်ရဲ့နောက်ကွယ်မှာ နိုင်ငံလူကြီးတွေလည်း အများကြီး အကြီးအကျယ်ညှိ နှိုင်းထားရတယ်။ အလုပ်လုပ်ကြမယ့်ကုမ္ပဏီအချင်း ချင်း ပညာရှင်အချင်းချင်းလည်း အဲဒီဒေသတွေကို သွားပြီးကြည့်ရတယ်။ ဖြစ်နိုင်ခြေ ရှိမရှိပေါ့နော်။ မူ အားဖြင့် ဖြစ်နိုင်သွားပြီ။ လေ့လာဖို့ အသေးစိတ်လိုအပ် သွားပြီဆိုတဲ့အချိန်ကျမှသာ ဒီလက်မှတ်ကိုထိုးတာဖြစ် တဲ့အတွက် ဒါ တော်တော်သေချာတဲ့အခြေအနေကို ရောက်သွားပြီပေါ့နော်။

မေး-အခုက MOU အဆင့်ပဲရှိသေးတာဆိုတော့လေ MOU ကနေပြီးတော့မှ Action Plan ကိုသွားဖို့ လာတော့မှာပေါ့နော်။ အဲဒီ Action Plan က ဒီနှစ် ကို စဖို့စဉ်းစားထားသလား။ နောက် ဘယ်နှနှစ်အတွင်း စမယ်။ မဂ္ဂါဝပ် (၆၆၀)ဆိုတဲ့နေရာမှာ (၂၂၀)အရင် စမှာလား။ ဘယ်တော့စမလဲ။
ဖြေ-အမှန်ကတော့ သူကလေ MOU လို့ပြောပေ မယ့် အမှန်က ဒါက Agreement။ ထိုးတာက MoA ထိုးတာ။ သို့သော်လည်း နားလည်မှုစာချွန်လွှာဆိုတဲ့ သဘောမျိုးဖြစ်လို့ MOUလို့တပ်လိုက်တာ။ ဒါက တတိယအကြိမ်မြောက်လက်မှတ်ထိုးတာဖြစ်တယ်။ ရှေ့မှာ MOU ရှိတယ်။ MOI ရယ် ပြီးတော့မှ ဒါကို MOA ထိုးတာ။ Agreement ထိုးတာပေါ့နော်။ ဒါက FS Agreement။ ဒါထိုးပြီးသွားရင် Intergovernmental Agreement ဆိုတဲ့ဟာတစ်ခု ထိုးရမယ်။ ဒါထိုးပြီးသွားရင် ဒီ ဏမသနြခအ က ဒီကိစ္စတွေ အားလုံး ပြီးပြီ။ ဘဏ်ကလည်းကျေနပ်တယ်။ ဒီIntergovernmental Agreement နှစ်နိုင်ငံကလည်း ဒီ Project ကိုအသိအမှတ်ပြုပါတယ်ဆိုတဲ့ Intergovernmental Agreement ထိုးပြီးတာနဲ့ ဘဏ်ကနေ ငွေထုတ်ချေးပေးမယ်။ အဲဒီတော့ အဲဒီငွေထုတ်ချေးတဲ့ အချိန်က Target ထားထားတာ 2027 First Quarter ပေါ့နော်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်။
ဒီထဲ မှာ သူတို့က ငွေကြေး Financial Closing လို့ခေါ်တာပေါ့။ အဲဒီအချိန်မှာ Financial Closing ဖြစ် မယ်။ ပြီးသွားတာနဲ့ တစ်လုံးပြီးတစ်လုံးဆောက်သွား မယ်။ (၂၂၀)မဂ္ဂါဝပ်ကို ပထမအရင်ဆောက်မယ်။ အဲဒီတစ် လုံးက ဘာပဲပြောပြော နှစ်နှစ်လောက်ကြာမယ်။ ပြီး ရင် အဲဒီတစ်လုံးမလင်းခင် နောက်(၆)လ လောက် အလို တစ်နှစ်ခွဲလောက်အကြာမှာပေါ့ ဒုတိယတစ်လုံး စတည်မယ်။ နောက်တစ်နှစ်လောက်အကြာမှာ တတိ ယတစ်လုံးစတည်မယ်။ အဲဒီလိုပုံစံ မျိုးသွားမယ်။ (၅)နှစ်အတွင်းမှာ ဒီ(၆၆၀)လုံးပြီးမယ်။ အဲဒီတော့ အဲဒီ(၆၆၀)မစခင်မှာ Starting Power လို့ခေါ်တဲ့ ဒီ Project တွေမှာ လိုအပ်မယ့်လျှပ်စစ်ကို ကျွန် တော်တို့က (၅၀)မဂ္ဂါဝပ်လောက်ထွက်တဲ့ Gas တာဘိုင်အသေးတစ်ခုနဲ့ အခုယိုးဒယားကိုပို့နေတဲ့ Gas ပိုက်လိုင်းကနေပြီးတော့ အဲဒီကနေ Gas တောင်းဝယ် ပြီးတော့ အဲဒီ Gas တာဘိုင် (၅၀)မဂ္ဂါ ဝပ်နဲ့လည်မယ်။
အဲဒီဘေးမှာ (၃၀)မဂ္ဂါဝပ် Solar Power Plant တစ်ခုတည်ပြီး (၈၀)မဂ္ဂါဝပ်နဲ့ ဒီ Project ကြီးစပြီ ဆိုတဲ့ အချိန်မှာကို တနင်္သာရီတိုင်းတစ် တိုင်းလုံးမီး လင်းသွားမယ်။ ထားဝယ်တစ်မြို့လုံး မီးလင်းသွား မယ်။ ဒီဧရိယာမှာ စက်ရုံအလုပ်ရုံတွေ အဲဒီ စက်ရုံ ဆောက်ဖို့အတွက်လိုအပ်တဲ့လျှပ်စစ်တွေကို အဲဒီ Starting Power ကနေသုံးသွားမှာဖြစ်တဲ့အ တွက် ဒီ Project ကြီးက တိုင်းပြည်အတွက် အကျိုး ရှိခြင်းမရှိခြင်းဆိုတာကို စစချင်းတည်ဆောက်တဲ့ အ ချိန်မှာကို အဲဒီဒေသမီးလင်းတာနဲ့စပြီးတော့ အကျိုးရှိခြင်းကိုပြတယ်ပေါ့နော်။

မေး-ကျောက်မီးသွေးတွေက တနင်္သာရီတိုင်းထဲမှာပဲ ကျောက်မီးသွေးထွက်တာလား။ ဒါမှမဟုတ် တခြား နေရာကနေ သယ်လာတာမျိုးလုပ်မလား။
ဖြေ-ကျောက်မီးသွေးက အင်ဒိုနီးရှားကနေပြီးတော့ သွင်းမယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာရှိတဲ့ ကျောက်မီးသွေးက တန်ချိန်အရမ်းအများကြီးရှိတာမဟုတ်ဘူး။ မြန်မာပြည်ကကျောက်မီးသွေးတွေက ဒီ SME လုပ်ငန်းတွေ ဘိလပ်မြေစက်ရုံတွေ အသေး စားစက်ရုံအလုပ်ရုံက ဘွိုင်လာတွေမှာသုံးတဲ့ကျောက် မီးသွေးလောက်ပဲ သုံးဖို့အတွက် Reserve ရှိတာ။ အဲဒီအတွက်ကြောင့် ဒီလောက် တစ်လကို တန်(၂)သိန်းလောက်ကုန်တဲ့ကျောက်မီးသွေးကို အင်ဒိုနီးရှား ကနေသယ်မယ်။ ဈေးသက်သာတယ်။ အင်ဒိုနီးရှား ဆူမားတြားကျွန်းကနေပြီးတော့ ထားဝယ်ကိုသယ်တာ ဖြစ်တဲ့အတွက် ရေလမ်းကြောင်းနဲ့လည်းနီးတယ်။ ရေနက်ဆိပ်ကမ်းဖြစ်တဲ့အတွက် တန်(၈)သောင်း သင်္ဘောကြီးတွေနဲ့သယ်မယ်ဆိုရင် စရိတ်လည်းသက် သာတယ်။
လိုအပ်တဲ့ပမာဏကိုလည်း သွင်းလို့ရ တယ်။ နီးတဲ့အတွက် ဈေးလည်းပေါတယ်။ မြန်မာ ပြည်ကဟာကို အဲဒီအထိပို့ရမယ်ဆိုရင် စရိတ်ကပိုကြီး သွားမယ်။ အဲဒီအတွက်ကြောင့် အင်ဒိုနီးရှား ဃသေူ ကိုသုံးပြီးတော့တည်မယ်။ နောက်တစ်ခါ ပြောနေကြ တာပေါ့နော်။ ဒီထားဝယ် SEZ နျူကလီးယားတည် မယ်တို့ဘာတို့ဆိုတာ လုံးဝမဟုတ်ပါဘူး။ ရုရှားစစ် တပ်ကြီးထိုင်မယ် ဒါလည်းငြင်းပါတယ်။ ဘာမှမဟုတ် ပါဘူး။ ဒါက Commercial Zone စီးပွားရေးဇုန်ဖြစ် တဲ့အတွက် ဒီဟာတွေနဲ့မဆိုင်ပါဘူး။ နျူကလီးယား လည်း လုံးဝမတည်ပါဘူး။ သို့သော် နျူကလီးယား သည် အမှန်ပြောရရင် အလွန်တရာမှ သန့်စင်သော လျှပ်စစ်ပါ။ ဒါကို လူတွေ နားလည်မှုလွဲနေလို့။ Coal Power Plant တွေဆိုလည်း အဆင့်မြင့်နည်းပညာ တွေနဲ့ထုတ်တဲ့အတွက် ရေငွေ့တွေပဲထွက်တယ်။ ခေါင်းတိုင်ကနေ မီးခိုးမထွက်တဲ့နည်းပညာတွေ ပေါ် နေပြီပေါ့နော်။
Electrostatic precipitator လို့ ခေါ်တဲ့နည်းပညာပေါ့။ Environmental Protection Unit တွေထည့်ပြီးတော့သုံးမယ်ဆိုရင် အဲဒါ ကြောင့် Coal Fire Power Plant တွေရဲ့ Investment ကအရမ်းကြီးသွားတာ။ အရင်တုန်းက ဒေါ်လာ သန်း (၈၀ဝ)လောက်ရင်းရတယ်ဆိုတဲ့စက်ရုံတစ်ရုံက အခု ချိန်မှာ (၁ ဒသမ ၂) ဘီလျံလောက်ရင်းရတယ်။ ဘာလို့လဲဆိုတော့ ဒီထွက်လာတဲ့အခိုးအငွေ့တွေကို ပျောက်ပျက်သွားအောင် လေထဲကို ရေခိုးရေငွေ့ပဲ ထွက်သွားအောင် ဒီ Environmental Protection Equipment အနေနဲ့ထိန်းချုပ်တဲ့အတွက် ဈေးတွေ ကအရမ်းကြီးသွားတာ။ အဲဒါကြောင့် လူတွေက မသိ ဘဲနဲ့ Coal တွေ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောနေ ကြတာ။
အရင်တုန်းကတော့ မြန်မာပြည်မှာ ရေတွေ ညစ်ပတ်လို့ ရေတွေသန့်ချင်ရင် ကျောက်မီးသွေးတို့ သဲတို့ မီးသွေးတို့နဲ့သန့်ကြတာ။ သူက ရေတွေကိုသန့် စင်စေသောအရာ။ အခုကျမှ ကျောက်မီးသွေးက အဆိပ်သင့်တယ်တွေဘာတွေ ပေါက်ကရတွေ လျှောက်ပြောကုန်တာ။ လူတွေကို လွဲမှားတဲ့အမြင် တွေပေးတဲ့အခါကျတော့ လူတွေကကြောက်သွား တာ။ အမှန်က အဲဒီလိုမဟုတ်ဘူး။ အခု ဖွံ့ဖြိုးတိုးတက် ပြီးသားနိုင်ငံတွေအကုန်လုံး ကျောက်မီးသွေးကို အ ကြီးအကျယ်သုံးပြီးတော့မှ တိုးတက်ခဲ့တာ။ ကျောက် မီးသွေးကိုရှောင်ပြီးတိုးတက်ခဲ့တဲ့နိုင်ငံ တစ်ခုမှမရှိဘူး။

မေး-ဒေသန္တရဘက်မှာတော့ ထားဝယ်ရဲ့ ဘယ်နေရာ တွေမှာ ဘာလုပ်မယ်ဆိုတဲ့ဟာတွေ အသံနဲ့အတူ ဒေ သခံဆိုတဲ့ခေါင်းစဉ်နဲ့ မြေကိစ္စတွေ ပြဿနာတွေက ရင်ဆိုင်ရဦးမယ်လို့ နားလည်ထားတယ်။ အဲဒီတော့ ဘယ်နေရာတွေကို Target ထားပြီး ပြင်ဆင်ထားလဲ။
ဖြေ-မြေယာတွေက မြေယာလျော်ကြေးပေးပြီးသား နေရာတွေ အရင်တုန်းက အီတာလျံ ထိုင်းတို့၊ ဂျပန် တို့နဲ့ အလုပ်လုပ်ကြမယ့်ကိစ္စပေါ့နော်။ ဒီဟာက ဒီနေ ရာမှာ ဒီ Project ကြီးဖြစ်သွားရင် မလက္ကာ ရေလက် ကြားမှာရှိနေတဲ့နိုင်ငံတွေက ဒီ Project ကြောင့် စီး ပွားရေးကျဆင်းသွားနိုင်တဲ့ဟာဖြစ်တဲ့အတွက် အဲဒီ ဘက်က NGO တွေက ပူးပေါင်းပြီးတော့ ဒေသခံတွေ ကို မဲဆွယ်စည်းရုံးပေးကမ်းပြီးတော့ ဒါကို မပျက် ပျက်အောင်ဖျက်ကြတာပေါ့နော်။ ဒါတွေကို နိုင်ငံသား တွေကလည်း ပညာသားပါပါနဲ့ကို ပညာရှိရှိနဲ့သုံးသပ် ပြီးတော့ ကိုယ့်နိုင်ငံအကျိုးကိုပဲ ဦးစားပေးဖို့လိုတယ်။ ဘယ်နိုင်ငံကမှ တခြားနိုင်ငံကို ချစ်လှပါချည်ရဲ့ဆိုတာ မရှိဘူး။
ကိုယ့်နိုင်ငံအကျိုးကိုပဲ ရှေ့တန်းတင်ကြတာ။ ကျွန်တော်တို့နိုင်ငံတိုးတက်ဖို့အတွက်ဆိုရင် ဒါကြီးက လိုကိုလိုတယ်။ အဲဒီတော့ မြေကိစ္စဆိုရင်လည်း လျော်ကြေးပေးထားပြီးသားမြေတွေ အလျော်ရထား ပြီးသားမြေတွေကနေပဲ ကျွန်တော်တို့က စမှာ။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့က ကမ်းခြေဘက်က စမယ်။ ပထမ First Phase ဧက(၁)သောင်း၊Second Phase ဧက(၁)သောင်း၊ စုစုပေါင်း ဧက(၂)သောင်းကျော်ပေါ့နော်။ အတိအကျတော့ရှိ တယ်။ အကြမ်းဖျင်းပြောရရင်တော့ ဧက(၂)သောင်း ကျော်ပေါ့။ အဲဒီ(၂)သောင်းကျော်လုံးက မြေယာ အရှုပ်အရှင်းကင်းရှင်းတဲ့နေရာကပဲ စမှာ။ သူများရွာ မြေမပါဘူး။ တခြားဥယျာဉ်ခြံမြေမပါဘူး။ အားလုံး ရှင်းပြီးသား၊ မြေယာလျော်ကြေးပေးပြီးသားမြေတွေကိုပဲ စမှာ။
အရင် အီတာလျံထိုင်းတုန်းက ဧက(၅)သောင်းကျော်တယ်။ ဒါပေမဲ့ (၅)သောင်းကျော်မှာ တစ်ဝက်လောက် သူတို့ လျော်ပြီးသားဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့က အဲဒီလျော်ပြီးသားဧကတစ် ဝက်ကျော်ကိုပဲ အလုပ်လုပ်မှာ။ အဲဒီတော့ တခြား မြေမပါဘူး။ မြေယာလျော် ကြေးပေးစရာလည်း မလို တော့ဘူး။ ပေးပြီးသားနေရာတွေပေါ့။ လွတ်လွတ် ကင်းနေရာတွေမှာလုပ်မှာ။

မေး-အခုထားဝယ်နားတစ်ဝိုက်က လက်နက်ကိုင် ပဋိပက္ခတွေက ထားဝယ်နားမှာ ဒီနေ့ အထိရှိနေသေး တယ်။ အခု Project ကို လက်မှတ် ထိုးလိုက်တဲ့အ ချိန်မှာ အဲဒီအနားပတ်ပတ်လည်မှာရှိတဲ့ လက်နက် ကိုင်အုပ်စုတွေကလည်း ဒီအပေါ်ကနေ ဝေစုခွဲချင်ကြ မှာ သေချာတယ်။ အဲဒီပြဿနာကိုကော ဘယ်လိုမျိုး ပြင်ဆင်ထားလဲ။
ဖြေ- ဒါကတော့ ကျွန်တော်တို့ အကောင်အထည်ဖော် တဲ့လူတွေထက် နိုင်ငံတော်ရဲ့ပံ့ပိုးမှုကလည်း လိုတာ ပေါ့လေ။ ဒေသခံဆိုတဲ့နေရာမှာလည်း Ethnic Armed Groups ပေါ့နော်။ EAOs တွေရှိတာပေါ့။ ရွာသားတွေကနေပြီးတော့ သေနတ်ကိုင်ပြီး PDF ဖြစ်နေတဲ့အဖွဲ့တွေရှိတယ်။ အဓိက ကိုယ့်ဒေသ၊ ကိုယ့်မြေ တိုးတက်ချင်တယ်ဆိုရင် သူတို့ နားလည်မှု ရှိရှိနဲ့ပူးပေါင်းရမယ်။ လူတွေက ဆင်းရဲမွဲတေမှုကြောင့် ပြဿနာပေါင်းစုံဖြစ်နေတာ။
လူတိုင်းမှာ ဝင်ငွေ ကောင်းကောင်းရှိလာပြီ။ ကိုယ့်မိသားစုကို ဝမ်းဝ အောင် ခါးလှအောင်ထားနိုင်ပြီဆိုရင် ဒီလို တိုက်နေ ခိုက်နေစရာတွေလည်း မလိုဘူးပေါ့နော်။ အဲဒီတော့ အဓိက ဒီ Project ကြီးက ဒီဒေသအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပေးအောင်လုပ်မယ့် Project ဖြစ်တဲ့အတွက် နားလည်ပြီးတော့ လိုက်လုပ်ပေးကြ မယ်။ ပူးပေါင်းကြမယ်ဆိုရင် အရမ်းကိုကောင်းတယ်။ အဲဒီလိုပဲ ဒီဒေသခံတွေကပဲ မရှိကြဘူးလားဆိုတော့ ရှိတာပေါ့။
ကျွန်တော်တို့က ဒီ Project ကြီးလုပ်တဲ့ အခါမှာ ဘာလုပ်ပေးမလဲဆိုတော့ ရွာချင်းဆက်လမ်း တွေဖောက်ပေးမယ်။ သူတို့ရဲ့ဒေသထွက်ကုန်တွေ ရောင်းလို့ဝယ်လို့ရအောင် ရွာချင်းဆက်လမ်းတွေ ဖောက်ပေးမယ်။ သူတို့လိုတဲ့ကျောင်းတို့ ဒါ CSR ခေါ်တာပေါ့။ ဒီ Project ကနေလုပ်ပေးတဲ့ Community Social Responsibility ပေါ့နော်။ ကျောင်းတွေဆောက်ပေးမယ်။ ခရစ်ယာန်လူမျိုးတွေ ဆို ဘုရားကျောင်းတွေဆောက်ပေးမယ်။ ခုနပြောတဲ့ ရွာချင်းဆက်လမ်းတွေ ဖောက်ပေးမယ်။ ကုန်ထုတ် လုပ်မှုအတွက် အဆင်ပြေအောင်လို့ပေါ့နော်။ နောက် တစ်ခါ အဲဒီကလူတွေကို ကျွန်တော်တို့က အလုပ်အ ကိုင်အခွင့်အလမ်းတွေဖန်တီးပေးမယ်။ ဒီလမ်း ကြောင်းကြီးပေါ့။ ထားဝယ်ကနေ ယိုးဒယားအထိသွား တဲ့လမ်းကြောင်းကြီးရဲ့ ဘေးဘယ်ညာတစ်ဖက်တစ် ချက်မှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးဇုန်ပေါ့။ လက်နက် မဲ့ဇုန်သဘောမျိုးဖန်တီးထားပြီးတော့ ဒီဟာကိုစောင့် ရှောက်ဖို့အတွက် ပြည်သူ့စစ်တွေဖွဲ့မယ်။
အဲဒီပြည်သူ့ စစ်ထဲမှာပါဝင်ပြီးတော့ တာဝန်ထမ်းလို့ရတယ်။ လစဉ် သူတို့ လစာရနေမယ်။ ဒီ Project ကနေပြီးတော့ ဖူး ပွင့်လာမယ့်အသီးအပွင့်တွေထဲမှာ သူတို့တွေလည်း ခံစားခွင့်ရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဧရိယာ ကြီးမှာ ဖူးပွင့်တာဖြစ်တဲ့အတွက် ဒီဧရိယာကလူတွေ အကုန်လုံးက ခံစားရမှာပဲလေ။ အဲဒီလိုတွေရှိပါတယ်။ နယ်စပ်ဒေသမှာရှိတဲ့ သောင်းကျန်းသူ EAO တွေ ကလည်း ဖြစ်စေချင်တယ်။ အရမ်းကို ပူးပေါင်းဆောင် ရွက်စေချင်တယ်။ ဒီဧရိယာ ဒီဒေသရဲ့ ဒီ Project ကိုအကြောင်းပြုပြီးတော့မှ ငြိမ်းချမ်းရေးလည်း စကား ပြောချင်တယ်။ အဲဒီနယ်မြေမှာရှိတဲ့ အစုအဖွဲ့ကနေ ပြီးတော့ သူတို့ရဲ့ဌာနချုပ်တွေအထိပါ တစ်ဆင့်ချင်း ငြိမ်းချမ်းရေးစကားပြောသွားဖို့အတွက် ကမ်းလှမ်းလာ တာတွေလည်းရှိတယ်။ အဲဒါတွေကလည်းဖြစ်လာမယ် ပေါ့။ အဲဒီအတွက်ကြောင့် ကျွန်တော့်အထင်တော့ သားရွှေအိုးထမ်းလာတဲ့ Project တစ်ခုဖြစ်လိမ့်မယ် လို့ယုံကြည်ပါတယ်။

0 Comments