ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ သာပေါင်းမြို့နယ် စက်ဒေါင့်ကြီး ဆိပ်ကမ်းမှာတော့ ဒ-ဏ်ရာရ လူနာ နဲ့ အလော-င်းတွေကို နေ့စဉ် လိုလို ရောက်ရှိ ပို့ဆောင်နေရတာကို တွေ့နေရပါတယ် ။ ပုသိမ် (ငဝန်) မြစ် အနောကဘက်ကမ်း ဝါးတောကွင်း ရွာသစ် ကမ်းပါးကြီး စတဲ့ကျေးရွာတွေက ဒေ သခံတွေကိုလဲ စ-စ်တ-ပ်ဟာ အသံချဲ့စက် နဲ့ ပြောင်းရွှေ့ခိုင်းထားပြီ ဖြစ်ပါတယ်။အဆိုပါ နယ်မြေတွေမှာတော့ ကင်း ထောက်လေယာဉ်တွေ ပျံသန်းပြီးမှ တို-က်လေယာဉ်တွေ နဲ့ -ဗုံး-ချတို-က်ခို-က် နေခြင်း ဖြစ်ပါတယ် ။ ထောက်လှမ်းရေး နဲ့ မြေပြင်သတင်း ပြည့်စုံစွာ မရရှိတဲ့ အတွက် လေကြောင်း ကင်းထောက်မှု ကို အားထားနေရခြင်း ဖြစ်ပါလိမ့်မယ် ။ဝါးတောကွင်း ကျေးရွာ ဝန်းကျင်တဝိုက်မှာ မပေါက်ကွဲသေးတဲ့ -ဗုံးသီးဆံ တချို့ဟာ ရွှံ့နွံတွေထဲမှာ ရှိနေတတ်ပါတယ် ။
ဒေသခံတွေ ရဲ့ အဆိုအရ အာရက္ခ နဲ့ ပူးပေါင်းတ-ပ်တွေဘက်ကလဲ လ-က်န-က်ကြီး နဲ့ ပ-စ်ခ-တ်မှုတွေပါပြုလုပ်လာခဲ့ပြီလို့ သိရှိရပါတယ် ။ပြီးခဲ့တဲ့ ရက်ပိုင်းက လေကြောင်းကင်းထောက်မှု မပြုလုပ်ဘဲ တို-က်လေယာဉ် နဲ့ -ဗုံး-ချခဲ့တာကြောင့် အကြ-မ်းဖ-က်တ-ပ်သား ၅၀ ဝန်းကျင် ထိခိုက်ဒ-ဏ်ရာ ရရှိခဲ့တာရှိပါတယ် ။ ယင်းဖြစ်စဉ်ကို ဒေသခံစ-စ်ဘေးရှောင်တွေ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာမျိုး ရှိတယ်လို့လဲ သိရှိရပါတယ်။သုံးတန်ကူး ကျေးရွာကိုတော့ သာသနာရေးဝန်ကြီးဌာနအမိန့် နဲ့ ဦးဇင်းတစ်ပါး ကြွရောက်လာခဲ့ပါတယ် ။အဆိုပါ ရဟန်းရောက်ရှိပြီး ငါးရက်ခန့်အကြာမှာတော့ ယင်းကျေးရွာကို အာရက္ခ နဲ့ ပူးပေါင်းတ-ပ်တွေက စီးနင်းတို-က်ခို-က်ခဲ့ရာ အ-င်-အားစိစ-စ်ဆဲ စ-စ်ကြောင်းငယ်တစ်ခုလုံး သုတ်သင်ချေမှုန်း ခံလိုက်ရပါတယ် ။
၎င်းဖြစ်စဉ် အပြီးမှာတော့ အသစ်ရောက်ရှိလာတဲ့ ဦးဇင်း ဟာလဲ ဘယ်သူ ဘယ်ဝါမှ မသိဘဲ ပျောက်သွားခဲ့ပါတယ် ။ဒေသခံတွေက ၎င်း ရဟန်း ဟာ အာရက္ခတ-ပ်ဘက် က စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး လို့ ထင်ကြေးပေးနေကြပါတယ် ။ အကြ-မ်းဖ-က်တ-ပ်ဟာ အာရက္ခတ-ပ်ကို ဧရာဝတီတိုင်းအတွင်းသို့ စိမ့်ဝင်ထိုးဖောက် လာမှာကို စိုးရိမ်နေသလို ရခိုင်တောင်ပိုင်း ဂွမြို့နယ် အတွင်းသို့ ဝင်ရောက်ပြီး ခြေကုပ်ယူနိုင်ရေး ကိုပါ တပြိုင်နက်တည်း ကြိုးစားနေတာကို တွေ့ရပါတယ် ။ စစ်ဘေးရှောင် အများဆုံး နေထိုင်ကြတဲ့ သံတွဲ မြို့ ကို စစ်လေယာဉ် တစ်ဒါဇင် နဲ့ ဗုံးသီး အလုံး ၁၀၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကာ အဆိုးရွားဆုံး လေကြောင်း အကြမ်းဖက်မှု ထပ်မံပြုလုပ်ထားခံရတာ ရှိပါတယ် ။
အကြ-မ်းဖ-က်တ-ပ်ဟာ စ-စ်ယာဉ်တန်းတွေ နဲ့ စ-စ်ရေးရွှေ့ ပြောင်းမှုတွေ ပြုလုပ်ပြီး အင်-အားပြ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ် ။မိတ္ထီလာ နဲ့ နေပူတော် နယ် မြေတွေကနေ ၁၅၀ ဝန်းကျင် ရှိတဲ့ စ-စ်ယာဉ်တန်းတွေဟာ ပြည်မြို့နယ် အတွင်းသို့ ရောက်ရှိလာခဲ့ပါတယ် ။ မကွေးမြို့ကို ဖြတ်လာတဲ့ စ-စ်ယာဉ် ၁၀ စီး ဟာလဲ မင်းဘူးမြို့ တွင်းသို့ ရောက်ရှိလာခဲ့တာ ရှိပါတယ် ။ မန္တလေး ဂေါဝိန် ဆိပ်ကမ်း မှာ လဲ အ-င်-အား ၁၀၀၀ ဝန်းကျင် ( မိသားစုတချို့ပါရှိ) ခန့် ရောက်ရှိ ပြီး စတင် ဆန်တက်လာခဲ့ပြီ ဖြစ်ပါတယ် ။ ကသာ နဲ့ ထီးချိုင့်ကြားက စ-စ်ကြောင်းတွေ တပ်ဆုတ်သွားတယ်လို့ ဆိုကြတာလဲ ရှိနေပါတယ် ။ ဝန်းသိုတ-ပ်နယ် အ တွင်းသို့ အ-င်-အား ဖြည့်တင်းနေတာကြောင့် တော်-လှ-န်ရေးတ-ပ်တွေဘက်က ဒေသခံ တွေကို တ-ပ်လှန့်ထားသလို လေကြောင်းတို-က်ခို-က်ခံရတဲ့ နေရာတွေကို ဓာတ်ပုံမှတ် တမ်း နဲ့ တကွ လူမှုစာမျက်နှာတွေ မှာ ဖြန့်ဝေပါက ပြင်းထန်စွာ အရေးယူမယ်ဆိုပြီး သတိပေးထုတ်ပြန်လာခဲ့တာလဲ ရှိပါတယ် ။
မန္တလေးတ-ပ်နယ် အတွင်းက စ-စ်ယာဉ်တန်း ၁၁ စီး (တစ်စီး ချေမှုန်းခံရ ) ဟာလဲ တော်-လှ-န်ရေးတ-ပ်တွေ ရဲ့ တို-က်ခို-က်မှုကြားက တကောင်း သို့ ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ် ။ ဩဂုတ်လ ၂၁ ရက်နေ့ မှာလဲ မန္တလေးမြို့တွင်း က အ-င်-အား အပြည့်ပါတဲ့ စ-စ်ယာဉ်တန်း ၅၄ စီးဟာ အမြန်လမ်းမကြီး အတိုင်း ထွက်ခွာသွားခဲ့ တာ ရှိပါတယ် ။ဦးစားပေး စ-စ်မျက်နှာကို မှန်းဆရန် ခက်ခဲလာပြီး အကြမ်း ဖက်တပ်ဘက်မှာ စစ်အင်အား အများအပြား သုံးစွဲလာနိုင်ကြောင်း ပြသနေခြင်းလဲ ဖြစ်ပါတယ် ။ နေ့စဉ် -သေ-ဆုံး ထွက်ပြေး ဒ-ဏ်ရာရ အ-င်-အား တွေ ရှိနေပေမယ့် လူသစ်စ-စ်သား စဉ်ဆက်မပြတ် ရရှိနေခြင်းကြောင့် ဟန်ချက်ပျက်သွားခြင်း မရှိတော့တာ ဖြစ်ပါတယ် ။ သို့သော် အရာရှိ သန္ဒေ အ-င်+အား နဲ့ လူသစ်စ-စ်သား အ--င်အား အချိုးအစားဟာ ပြောင်းပြန် ဖြစ်လာနေပြီ ဖြစ်ပါတယ် ။ သန္ဒေစ-စ်သား ရာခိုင်နှုန်းဟာ ကြာလာလေလေ နည်းလာလေလေ ဖြစ်လို့လာနေပါပြီ ။ ကျွန်တော် တို့ ထိုင်ပြီး စိတ်ဓာတ်ကျ စိတ်ဝမ်းကွဲ နေလို့ မရတော့ပါဘူး ။လူမိုက်တို့ ရဲ့ နိဂုံးဟာ နောက်ဆုံး သူဖော်တဲ့ဆေးကဘဲ သူတို့ကို ပြန်ပြီး အသ-တ်ခံလိုက်ရတာဘဲ ဖြစ်ပါတယ် ။
မွန်ပြည်နယ် ရာမညမြေ သံဖြူဇရပ်တ-ပ်နယ် အတွင်းသို့ ကျောက်တလုံး အခြေစိုက် ခလရ ၂၁၀ မှ အ-င်အားအပြည့်နဲ့ စ-စ်ယာဉ်တန်း ၈ စီး ဝင်ရောက်လာခဲ့ပါတယ် ။ ခလရ ၆၂ နောက်တန်းဌာနချု-ပ်သို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်ပြီး တ-ပ်နယ်မှူး ဖြစ်တဲ့ ဝဲကလိ အခြေစိုက် တတက ၄ (တမာတောတန်းမြင့်လေ့ကျင့်ရေးကျောင်း) မှ ကျောင်းအုပ်ကြီး ဖြစ်သူ လာရောက်ကြိုဆိုတာကို လဲတွေ့ရပါတယ် ။ အကြ-မ်းဖ-က်တ-ပ်ဟာ နှစ်ရှည်လများ နောက်တန်းဌာနချု-ပ် နဲ့ ကင်းကွာနေတဲ့ စ-စ်ကြောင်းတွေ ကို အခိုက်အတန့် အားဖြင့် အနားပေးလာနိုင်ခြင်း ဖြစ်ပါတယ် ။
ကရင်ပြည်နယ် အတွင်းမှာတော့ ဘုရားသုံးဆူဟာ တကယ် ပွင့်လာခဲ့တာကိုတွေ့ရပါတယ် ။ ဘာ ပွင့်တာလဲ ဆိုတော့ Atom နဲ့ Mytel ဖုန်းလိုင်း တွေပဲဖြစ်ပါတယ် ။ ဒီလောက်ဆိုရင် မြေပြင် အနေအထား ကို မှန်းဆကြည့်လို့ ရနိုင်မယ် ထင်ပါတယ် ။မြဝတီတောင်ပိုင်း ဖလူး မင်းလက်ပံ နယ်မြေ တွေ မှာတော့ ရဲကုန်း ညောင်ပင်ကုန်း သုံးထပ်ကွေ့ နေရာတွေကနေ စ-စ်ကြောင်းထိုး တို-က်စ-စ်ဆင်နေပေမယ့် ကရင်တော်-လှ-န်ရေးတ-ပ်တွေ ရဲ့ ခုခံတို-က်ခို-က်မှု ကို အပြင်းအ ထန် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ် ။လေကြောင်း လ-က်န-က်ကြီး အဆမတန် အသုံးပြုလာခဲ့ပေမယ့် အကြ-မ်းဖ-က်တ-ပ် ဟာ အထိနာနေဆဲ ဖြစ်ပါတယ် ။ ဖာပွန်နယ်မြေ မှာလဲ အကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းတွေဟာ ရွေ့လျားနိုင်ခြင်း မရှိဘဲ ရပ်တန့်နေခဲ့ရတာကြောင့် ဒေသခံ နဲ့ စ-စ်ဘေးရှောင်တွေ ရှိရာသို့ လေကြောင်းအကြ-မ်းဖ-က်မှုတွေ မ ကြာခဏ ပြုလုပ်နေဆဲ ဖြစ်ပါတယ် ။ဩဂုတ်လ ၁၉ ရက်နေ့ မှာတော့ ဖာလုံးကြီး ဖာလုံးလေးကြား ထိတွေ့မှု ဖြစ်ပေါ်ခဲ့ပြီး အကြ-မ်းဖ-က်တ-ပ်ဘက် က ၉ ယောက် မတ်စိ လ-က်န-က်ငယ် ၃ လက် သိမ်းဆည်း ရရှိခဲ့ပါတယ် ။မြိုင်ကြီးငူ အခြေ စိုက် ခစတ ၁၀၁၁ (နယ်ခြားစောင့်တ-ပ်) ကတော့ ၁၆ နှစ် မြောက် တ-ပ်နှစ်ပတ်လည်နေ့ ကို အဆိုတော် လမင်းကဗျာ ကို ဖျော်ဖြေ စေခဲ့လို့ ဝေဖန်မှုတွေလဲ ရှိလို့နေခဲ့ပါတယ် ။
ရခိုင်ပြည်နယ် မြို့တော် စ-စ်တွေ ဗျိုင်းဖြူ ကျေးရွာ က စ-စ်ရာဇဝတ်မှု ကိုတော့ ဘင်္ဂလား သတင်းဌာန က ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ၂၀၂၄ ခုနှစ် မေလအတွင်းက အဖြစ် အပျက်ဖြစ်ပြီး ကျောက်တော် ဖြစ်စဉ်ကို လက်စားချေခြင်း ဖြစ်တယ်လို့ ဆိုပါတယ် ။ ဗျိုင်းဖြူကျေးရွာမှာ အာရက္ခတ-ပ် ရဲ့ အု-ပ်ချု-ပ်ရေးစနစ် အားကောင်းနေခြင်း နှင့် အိမ် ထောင်စုတိုင်းက ထောက်ပံ့ကြေး ပေးသွင်းနေကြတယ်ဆိုပြီး စွပ်စွဲခဲ့ပေမယ့် ကျောက်တော်တို-က်ပွဲ အထိနာခဲ့ရမှု အပေါ် လက်တုန့်ပြန် ခဲ့ခြင်း ဘဲ ဖြစ်ပါတယ် ။စ-စ်အ-င်-အား ၂၀၀ ခန့် ဟာ ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ရွာသားများအား ရွာလယ်သို့ စုဝေးစေခဲ့ပြီး ကျေးရွာအ တွင်းမှ ရွှေ ငွေ လက်ကိုင်ဖုန်း အစရှိသည်တို့ကို လုယက်ယူဆောင်ခဲ့ရပါတယ် ။အင်အား ၂၀၀၀ ခန့် ရှိတဲ့ ရွာသူ ရွာသားတွေအနက် အမျိုးသား ၈၀၀ ခန့် ကို ရွာပြင် သို့ ခေါ်ဆောင်သွားခဲ့ပါတယ် ။ ရွာတွင်းမှာ ကျန်ရစ်ခဲ့ တဲ့ သက်ကြီးရွယ်အို ခလေးသူငယ် နဲ့ အမျိုးသမီးများကိုလဲ ရေသောက်ခွင့် မပေးသလို အပေါ့အပါး စွန့်ခွင့်လဲ ၂ ရက်တိုင်တိုင် မရခဲ့ကြပါဘူး ။
အသက် ၂၀ အရွယ် စိတ်ဝေဒနာရှင် အမျိုး သမီးငယ်လေးကိုလဲ အုပ်စုဖွဲ့ အတင်း အ-ဓမ္မ-ပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ် ။ကျေးရွာပြင် ခေါ်ပြီး စ-စ်ဆေးခံရတဲ့ အမျိုးသားတွေကို သောက်ရေတောင် မတို-က်တဲ့ အပြင် ရေတောင်းဆိုသူများ ကိုလဲ ကျင်ငယ်ရေကို သောက်ခိုင်းပြီး ငြင်းဆန်ပါက ရိုက်နှက်ညှင်းဆဲ ကြပါတယ် ။ အဆိုပါ နှိပ် စက်မှုများကြောင့် ဗျိုင်းဖြူရွာသား ၇၀ ကျော် -သေ-ဆုံးခဲ့ရပါတယ် ။မေလ ၃၁ ရက်နေ့ မှာတော့ အမျိုးသမီး ကလေး သူငယ် နဲ့ အမျိုးသား ၁၅၀ ဝန်းကျင် ကို စ-စ်တွေမြို့ရှိ ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ခဲ့ပြီး ကျန် အမျိုးသား ၆၀၀ ကျော် ကို ဒကစ သို့ ခေါ်ဆောင် နှိပ်စက်ပြီးမှ စ-စ်တွေ နဲ့ ပုသိမ် အကျ-ဉ်းထောင်များသို့ ပို့ဆောင်ခဲ့ပါတယ် ။အကျ-ဉ်းထောင်များ အတွင်း နှိပ်စက်မှုများကြောင့် ၁၂ ဦး ခန့် သေဆုံးခဲ့ရတယ်လို့လဲ ဆိုပါတယ် ။အဆိုပါ စ-စ်ရာဇဝတ်မှုတွေကို အာရက္ခတ-ပ်ဘက်က ထုတ်ပြန်တာမျိုး မရှိဘဲ ထွက် ပြေးလွတ်မြောက်လာတဲ့ ဗျိုင်းဖြူ ဒေသခံတွေကို ဘင်္ဂလားဒေ့ရှ် မီဒီယာက ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်ပါတယ် ။ ရခိုင်ပြည်မှ စ-စ်တ-ပ် နဲ့ ရခိုင်လူထု အတူယှဉ်တွဲ နေထိုင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မျှ မဖြစ်နိုင်တော့ပါဘူး ။ဒါကြောင့် အကြ-မ်းဖ-က်တ-ပ်ဟာ ရခိုင် ဗမာ လူမျိုးရေး ပ-ဋိ-ပ-က္ခ ဖြစ်ပေါ်လာအောင် နှပ်ကြောင်းပေးလာနေပြီ ဖြစ်ပါတယ် ။၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို အာရက္ခတ-ပ်ရဲ့ အု-ပ်ချု-ပ်ရေး ယန္တယား ပျက်ပြယ်စေရန် ရည်ရွယ်ပြီး လေကြောင်း အကြ-မ်းဖ-က်မှု များကို ဆက်တိုက်ပြု လုပ်လာခဲ့ပါတယ် ။ ဒါ့အပြင် ဝမ်ဟိုင်းဒေသ မှ မူးယစ်ဆေးဝါးများကိုလဲ ရခိုင်ပြည်နယ်အတွင်းသို့ ပို့ဆောင်စဉ် အထက်မင်းလှ နဲ့ ပြည်ကြီးတံခွန်မြို့နယ် အတွင်း မှာ ဖမ်း ဆီးရရှိကြောင်း ဝါဒဖြန့် ထုတ်ပြန်လာခဲ့ပါတယ် ။
ကျောက်ဖြူ စ-စ်မျက်နှာ မှာ တောင်မော်ဦးရေတ-ပ်စခန်း နဲ့ အဝတောင် နယ်မြေများမှာ အာရက္ခတ-ပ်ဘက်က တို-က်စ-စ်ဆင်လာခဲ့ပြီ ဖြစ်ပေမယ့် အဆုံးအဖြတ် အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသေးပါဘူး ။ ထို့အတူ နတ်ရေကန် စ-စ်မျက်နှာ မှာလဲ အမ်း ပဒါန်း လမ်းသစ်တကြော ဂုတ်ကြီး တဝိုက်မှာ တန်ပြန်တို-က်စ-စ်ဆင်လိုက်တဲ့ အတွက် အကြ-မ်းဖ-က်တ-ပ်ဟာ ခြေကုပ်နေရာ တစ်ချို့ ကနေ ဆုတ်ခွာသွားခဲ့ ရတာ ရှိပါတယ် ။
မန္တလေးတိုင်း ဂေါဝိန်ဆိပ်ကမ်းက စ-စ်ရေယာဉ် တွေ စတင် ဆန်တက်လာတာနဲ့ တပြိုင်နက် ရွှေကူမြို့ ကို လေကြောင်း အပြင်းအထန် တို-က်ခို-က်မှု ပြုလုပ်လာခဲ့ပြီဖြစ်ပါတယ် ။ ဩဂုတ်လ ၂၀ ရက်နေ့ တစ်ရက်တည်း ၉ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ရပ်ကွက် ၂ မှ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး အပါ ဒေသခံ ၉ ဦး ထိခိုက် ဒ-ဏ်ရာရရှိခဲ့ကြပါတယ် ။နှစ်စဉ် ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်လာစဉ် မြစ်ကမ်းဝဲယာတွေ သို့ လ-က်န-က်ကြီး နဲ့ ပ-စ်ခတ်မှု တွေ ပြုလုပ်လေ့ ရှိပါတယ် ။ယခင်နှစ်တွေကတော့ သပိတ်ကျဉ်း စမ္ပါယ်နဂိုရ် ဆိပ်ကမ်း မှာ ခေတ္တကမ်းကပ်လေ့ ရှိသလို ကသာ ဆိပ်ကမ်း မှာ တစ်ထောက်ရပ်နားလေ့ ရှိတာ ဖြစ်ပါတယ် ။
တကောင်းသို့ ရောက်ရှိနေတဲ့ စ-စ်ယာဉ်တန်း ၁၁ စီး ရဲ့ ရည်မှန်းချက်ကို တော့ ထောက်လှမ်းနေရဆဲသာ ဖြစ်ပါတယ် ။ အဆိုပါ စ-စ်ကြောင်းတွေဟာ ကချင်ပြည်နယ် အစပ် ဖြစ်တဲ့ ငါးအိုးနယ်မြေ အတွင်းသို့ ဆက်လက်ရွေ့ လျား ရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ် ။
မလှိုင်မြို့နယ် နဲ့ ပုပ္ပါးနယ်တကြောမှာ အကြ-မ်းဖ-က်တ-ပ် ရဲ့ စ-စ်ကြောင်းတွေဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ် တွေကို ဖျက်ဆီး -မီး-ရှို့ပြီး အဖိုးတန်ငွေကြေး ပရိဘောဂ နဲ့ စက်ပစ္စည်းတွေ ယူဆောင်သိမ်းဆည်းနေကြတာကို တွေ့ရပါတယ် ။
စ-စ်ကိုင်းတိုင်း စ-စ်ကိုင်းခရိုင် မြောင်မြို့နယ် ဆွဲလဲအို ကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်း တို-က်ခို-က်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၇ ဦး -သေ-ဆုံး ခဲ့ရပါတယ် ။ အဆိုပါ တို-က်ခို-က်မှု ကို ဩဂုတ် လ ၂၁ ရက်နေ့ မနက်ပိုင်း မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်း မှာလဲ လှေတင်ဦး ရွာ ကို တို-က်ခို-က်ခဲ့ရာမှာတော့ ဒေသခံပြည်သူ ၃ ဦး -သေ-ဆုံးထားတာလဲ ရှိပါသေးတယ် ။ကချင်ပြည်နယ် ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ကိုသာ အဆိုပါ စ-စ်ရေယာဉ် နဲ့ စ-စ်အ-င်-အား တွေ ရောက်ရှိလာခဲ့ပါလျင် ဘယ်လို ဖြစ်လာမလဲ ဆိုတာကတော့ စိတ်ဝင်စား ဖို့ ကောင်းလာပြီ ဖြစ်ပါတယ် ။
တတိယအကြိမ်မြောက် စ-စ်ရေယာဉ်တွေ ဆန်တက်တဲ့ ခရီးစဉ် မှာလဲ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလို ဘယ်နှစ်စီး နစ်မြုပ် ပျက်စီးလေမလဲ ဆိုတာကိုလဲ မကြာမီ တွေ့မြင် ရမှာ ဖြစ်ပါတယ် ။စင်းခန်းတံတား နဲ့ ရွှေကူ တဝိုက်မှာ အခိုင်အမာ ခြေကုပ်ယူထားသ လို ရွှေကူ နဲ့ စင်းခန်း အကြား သတင်းပျောက်နေတဲ့ စ-စ်ကြောင်း ရဲ့ လှုပ်ရှားမှုတချို့ လဲ ပြန်ပြီး တွေ့မြင်လာရဖွယ် ရှိနေပါတယ် ။ ဗန်းမော် လက်ရှိ ခံစ-စ်အ-င်အား အစုအဖွဲ့ ကိုတောင် ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေဟာ လက်စတုန်း ချေ မှုန်းနိုင်ခြင်း မရှိခဲ့ပါဘူး ။ ယခု တက်လာတဲ့ စ-စ်အ-င်-အား ဟာ ၈၀၀ မှ ၁၀၀၀ ဝန်းကျင် အထိ ရှိနေနိုင်ပါတယ်။ အဆို ပါ စ-စ်အ-င်-အားသာ ဖြစ်ခဲ့မယ် ဆိုပါက ဗန်းမော် မြစ်ကြီးနား လမ်းပိုင်း ကို ပြန်လည် ထိန်းချု-ပ်နိုင်ရန် ကြိုးစားလာပါလိမ့်မယ် ။ မံစီ မိုးမောက် နယ်မြေတွေကို ပြန်လည် တို-က် စ-စ်ဆင်တာထက် ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချု-ပ်နိုင်တာက ပိုပြီး အ ကျိုးအမြတ် ရှိနေတာကြောင့် ဖြစ်ပါတယ် ။ မံစီ နဲ့ လွယ်ဂျယ် အကြား မှာ တော့ ကီယာ တို့က အခိုင်အမာ ခံစ-စ် ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်နေတာကိုလဲ တွေ့ရပါတယ် ။၎င်း စ-စ်ရေယာဉ်အုပ်တွေ ရောက်လာခါမှ တစ်ခါ အသေး စိတ် ခန့်မှန်းကြတာပေါ့ ။ ယခု တက်လာတဲ့ စစ်ရေယာဉ်တွေ မှာ စကခ ၂၁ မှ မှီခိုသူ မိသားစု ဝင်တွေ ပါလာတယ် လို့ သိရှိရပါတယ် ။၎င်းစ-စ်ရေယာဉ်အုပ်ဟာ ဝက်လက်မြို့ နယ် ရှိမ်းမကား ကျေးရွာ အနီး မြစ်လယ် မှာ ကျောက်ချရပ်နား ကာ လေကြောင်းအစောင့်အရှောက်ရယူပြီး ဆက် လက် ဆန်တက်လာနေကြပြီ ဖြစ်ပါတယ် ။
ကရင်နီဒေသကို ပို့ဆောင်မယ် လို့ ယူဆထားရတဲ့ ငါးရံ့နှစ်ကောင်လို့ ခေါ်ကြတဲ့ တ-ပ်မ ၅၅ ရဲ့ လက်အောက်ခံတ-ပ်တွေကိုတော့ ရခိုင်ပြည်နယ် အစပ်သို့ ရွှေ့ပြောင်း လိုက်ပြီ ဖြစ်ပါတယ် ။ ဖရူးဆိုးမြို့နယ် အတွင်းမှာ မြေပြင်ထိတွေ့တို-က်ပွဲ ဖြစ်ပွားခြင်း မရှိပေမယ့် ဒရု-န်း နဲ့ ၆ ကြိမ် -ဗုံး-ချတို-က်ခို-က်ခံခဲ့ရပါတယ် ။အကြ-မ်းဖ-က်တ-ပ်ဟာ ကရင်နီဒေသ မှာ ဆုံးရှုံးထားပြီးဖြစ်တဲ့ နယ်မြေတွေကို ပြန်လည် တို-က်စ-စ်ဆင်ခြင်း မပြုလုပ်တော့ဘဲ ရှမ်းတောင် အစပ်ဖြစ်တဲ့ အယ်လ်ဖာ စ-စ်ဒေသ ကိုသာ စကခ ၇ ရဲ့ လက်အောက်ခံတ-ပ်အားလုံး နဲ့ ဒကစ လွိုင်ကော် လက်အောက်ခံတ-ပ်တစ်ချို့ ကို ထုတ်နှုတ်ပြီး နယ်မြေ ရှင်းလင်းရေး ပြုလုပ်လိုခြင်း ဖြစ်ပါလိမ့်မယ် ။
ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့အနီး သို့ ရောက်ရှိလာခဲ့တဲ့ တ-ပ်မ ၅၅ ရဲ့စ-စ်ကြောင်းတွေကိုတော့ ဘယ်ကို ပို့ ဆောင်မလဲဆိုတာ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ် ။ ပန်းတောင်းတ-ပ်နယ် ညောင်ကျိုး နယ်မြေသို့ ပို့ဆောင်မလား ။ နဝဒေး တံတားကို ဖြတ် ဥသျှစ်ပင်လမ်းဆုံ မှတဆင့် ဧရာ ဝတီ တိုင်းဒေသကြီးသို့ စေလွှတ်မလား ။ ရန်ကုန် ပြည် လမ်းတလျှောက် ပဲခူးရိုးမတကြောကိုပဲ နယ်မြေ ရှင်းလင်းဖို့လား ဆိုတာကို ထောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ ၎င်းယာဉ်တန်းတွေဟာ အောင်လံ ခလရ ၇၁ အတွင်း ၌ ခေတ္တ အခြေ ပြုပြီး မြစ်တစ်ဖက်ကမ်း သရက် ကပစ ၁၂ သို့ ဝင်ရောက်လာခဲ့ပြီ လို့ သိရှိရပါတယ် ။၎င်း စ-စ်ကြောင်းမှာ အ-င်-အား ထောင် ဂဏန်း ရှိနေပြီး မင်းတုန်း မအီ လမ်းပိုင်း ကို
ထိုးစ-စ်ဆင်ရန် မင်းတုန်းမြို့နယ် ဘက်သို့ ရွှေ့ပြောင်းမှုတွေ စတင်ပြုလုပ်နေခဲ့ပြီ ဖြစ်ပါတယ် ။
မကွေးတိုင်း စလင်းမြို့နယ် အတွင်းမှာတော့ မြို့ပြပျောက်ကျား လှုပ်ရှုားမှု အားကောင်းလာတဲ့ အနေအထား ကို တွေ့ရပြီး ပျူသူ့စ-စ်ခေါင်းဆောင်တချို့ ကို သုတ်သင်ရှင်းလင်းနေတာကို တွေ့ရပါတယ် ။ မြို့အနောက်ဘက် တစ်မိုင် အ ကွာ ဆင်ကျုံး မြို့အဝင်စ-စ်ဆေးရေးဂိတ်ကိုလဲ ဒရုန်း နဲ့ တိုက်ခိုက်မှုတွေပြုလုပ်လာခဲ့တာ ရှိပါတယ် ။စကုမြို့နယ် မုန်းချောင်း အနောက်ဘက်တကြော ကို ဝင်ရောက်လာတဲ့ စ-စ်ကြောင်းတွေ နဲ့ ဒေသခံတော်-လှ-န်ရေးတ-ပ်တွေကြား ထိတွေ့မှု ရှိခဲ့ပြီး အကြ-မ်းဖ-က်တ-ပ်ဘက် က ၁ ယောက်မတ်စိ ဖြစ်ပြီး ထွက်ပြေးလာတဲ့ တ-ပ်သား နှစ်ယောက်ကိုလဲ အရှင်လက်ရ ဖမ်းဆီးနိုင်ခဲ့တာရှိပါတယ် ။ မင်းတုန်းမြို့ နယ် အတွင်းကနေ အင်အား ၂၀၀ ဝန်းကျင်ခန့်ဟာ သရက်မြို့ဘက်သို့ မော်တော်ယာဥ် ၄ စီး နဲ့ တပ်ဖြန့်ရွေ့လျားလာတာကို ၊တွေ့ခဲ့ရပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ခင်ဗျာ ။
ဇင်ယော်
၂၀၂၆ ဩဂုတ် ၂၃ ၀၈၄၀
#အိုင်အမ်ဇင်ယော်
#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
#WeLoveZinYaw
#CaptainSeagull

0 Comments