ပြည်သူမပါ...ဘယ်ခါမပြီး
30 Aug 1992 ဟာ မမေ့နိုင်တဲ့ နေ့စွဲတခုဖြစ်ပါတယ်
အဲဒီတုံးက KIA ဌာနချုပ် လိုင်စင် ရဲ့ မြောက်ဖက်က အစွန်ဆုံး ကာကင်း(သို့) ခြေကုပ်စခန်း ဖြစ်တဲ့ MUDU Post ကိုတာဝန်ယူရပါတယ်
တပ်ခွဲတခွဲလောက်နဲ့ထိမ်းရမဲ့
အခိုင်အမာ စခန်းကြီးဖြစ်ပေမဲ့ ...အခြေနေအရ မိမိအပါ ဆန်ဂိုဒေါင်တာဝန်ခံ,
မိုင်းထောင်မိုင်းဆင်တပ်ကြပ်ကြီးနဲ့ မှ တပ်စိတ်တစ်စိပ်တောင်မရှိတဲ့
အင်အားနဲ့ ၄,၅ လ တာဝန်ယူထားရတာမို့လို့. .တပ်ခြံစည်းရိုးပြင်ဖို့,
ပစ်ကွင်းရှင်းဖို့ လူမရှိပါ....
Mudu post အထက် မှာ ရန်သူစစ်တပ်က တပ်ခွဲတခွဲ အခိုင်မာအခြေချထားတဲ့ SAMA Wang တပ်စခန်းရှိနေလို့.. နေ့နေ့ညည အိပ်မပျော်နိုင်ပါဘူး
စခန်းအောက်မှာ Naru ရွာရှိပါတယ်
Naru တဖက်ကမ်းဟာတရုပ်ပြည်ပါ
Naru သားတွေဟာ kia နယ်မြေထဲကဖြစ်ပေမဲ့
အတော့်ကိုအကြောမာကြပါတယ်...မိမိကိုလည်းအထင်မကြီးကြပါဘူး..အသက်ငယ်ငယ်,ပခုံးမှာလည်းအပွင့်မရှိပဲနဲ့
ဘာကြောင့် post Commander ဖြစ်နေပါလိမ့် ဆိုပြီး တော့ပေါ့
ရွာသားတွေကို နတ်ဆရာတဦးက.. သြဇာလွမ်းတယ်
သူ့စကားတခွန်းပဲ...
တပ်စခန်းခြံစည်းရိုးပြင်ဖို့,
ပစ်ကွင်းအတွင်းညောှင့်စိုက်ဖို့ သူကြီးကို အကြိမ်ကြိမ်ပန်ကြားကြည့်ပေမဲ့
အလုပ်မဖြစ်တဲ့ အဆုံး...နတ်ဆရာဆီကို ကျည်တတောင့်နဲ့စာတစောင်ပို့လိုက်တယ်
နောက်နေ့ သူကစခန်းထဲကိုကြက်တကောင်ပိုက်ပ
ပီးတက်လာတယ်..သူကြီးနဲ့ရွာသားတွေကဝိုင်းအုံပီး
အခြေနေကိုစောင့်ကြည့်နေကြတယ်
မိမိ အရှင်းဆုံးပဲပြောလိုက်ပါတယ်
လူတယောက်ကို တစ် နေ့ဆန်တခွက်ပေးပါ့မယ်
လုပ်အားပေးကြပါ...လို့
နတ်ဆရာ,သူကြီးကိုယ်တိုင် ချက်ခြင်းထလုပ်လိုက်ကြတာ...၃ ရက်အတွင်း ပီးသွားပါတယ်
ပြည်သူမပါရင်မရဘူး ဆိုပေမဲ့ ပြည်သူရဲ့ အနေထားကိုသိဖို့လိုကြောင်း ...ခုထိအလေးအနက်မှတ်မိနေ
တုန်းပဲ!
https://www.facebook.com/photo/?fbid=1738821833876142&set=a.423650485393290


0 Comments