ရုရှားခရီးစဉ် အအောင်မြင်ဆုံးလို့
ဘာလို့သတင်းထွက်လာသလဲ ????
ရုရှားတွေဟာ ဘင်္ဂဘားပင်လယ်အော်နိုင်ငံတွေဖြစ်တဲ့
ဘင်္ဂလားဒေချ့်နဲ့ အင်ဒိုနီးရှားတို့မှာ အမေရိကန်တွေ
စစ်ရေးထောက်ပို့ပူးပေါင်းဆောင်ရွက်မှုတွေ
လုပ်လာပြီးနောက်..
မြန်မာရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကို
ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်နိုင်ခဲ့ပုံရတယ်..
ဒါကြောင့် စာချုပ်ချုပ်နိုင်ဖို့ ရုရှားအစုရှယ်ရာတွေ
ခိုင်မာအာမခံချက်ရဖို့ တောင်းဆိုတဲ့ သတင်းတွေ
ထွက်လာပါတယ်..
အဓိကကျတာက ???
မြန်မာရဲ့ ပင်လယ်ရေနက် သဘာဝဓါတ်ငွေ့သိုက် အသစ်တွေ M15 နဲ့ M10 တွေ တွေ့ရှိမှုပါ..
ရေနက်ဓါတ်ငွေ့သိုက် 95 TCF ( Trillion Cubic Feet)
ပမာဏ ရှိပြီး ဧရာဝတီရေနက် ဒေသ တွေ့ရှိမှုနဲ့ပေါင်းရင်
စုစုပေါင်း 109 TCF ကာလပေါက်စျေး $ 280 billion
လောက်ရှိတာပါ..
ဒါကိုထုတ်ယူဖို့က ရုရှားနဲ့သာလျှင်အဆင်အပြေဆုံးဖြစ်ပြီး
CNG စျေးကွက်အသစ်အဖြစ် BIMSTEC , ASEAN ,
LMC ( Lanchang Mekong Coorperation) ဒေသများအားလုံးကို ဖြန့်ချီနိုင်မဲ့ အခွင့်အလမ်း ဖြစ်နေတာပါ..
တရုတ်ကိုလည်း ဘန်ကောက် ကူမင်း ဓါတ်ငွေ့ပိုက်လိုင်းကနေ အနီးဆုံး ဝင်ရောက်နိုင်မှာ ဖြစ်တယ်..
ရုရှားအတွက်ကတော့
ဥရောပစျေးကွက်ပြီးရင် အင်ဒိုပိစိဖိတ်စျေးကွက်ကို
ဝင်ရောက်နိုင်ဖို့ အခွင့်အလမ်းသစ် ဖြစ်နေတာပါပဲ..
ရုရှားရဲ့ LNG သင်္ဘောတွေ
အဝေးကြီးက သယ်လာစရာမလို..
မြန်မာ တင်္နလာရီ ၊ မုတ္တမပင်လယ်ကွေ့နဲ့ ဧရာဝတီရေနက်ဒေသများက သဘာဝဓါတ်ငွေ့သိုက်တွေကို
မြန်မာနဲ့အကျိုးတူစာချုပ်တွေနဲ့ လုပ်နိုင်ရင်???
ရနေတာပဲလေ..
ဒါ့အပြင် ရေနံချက်စက်ရုံတွေတည်နိုင်ရင်
အီရန်က ရေနံစိမ်းတွေ ပေါပေါနဲ့ ဝယ်ချက်ပြီး
ဖြန့်နိုင်နေတယ်…
ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းပါ လုပ်ပ်ုင်ခွင့်နဲ့
တွဲလိုက်တဲ့အခါ …
ကမ္ဘာ့ကုန်သွယ်သင်္ဘောကြီးတွေရဲ့ ဝင်ထွက်သွားလာနိုင်ဖို့
မလက္ကာရေလက်ကြားအပြင်ဘက်မှာ
ကုန်တင်ကုန်ချ သင်္ဘောဆိပ်ကမ်းကြီးတစ်ခု
ပေါ်ပေါက်လာဖို့ ရှိလာပါတယ်..
ထားဝယ် စီးပွါးရေးဇုန်မှာ ရေနံချက်စက်ရုံ ၊ LNG စက်ရုံတွေ ရုရှားတို့လုပ်လာနိုင်ချေ ရှိလာပြီး ကမ္ဘာ့စျေးကွက်
သစ်အတွက်ပြင်ဆင်လာဖို့့ရှိပါတယ်..
ဒီစီမံကိန်းတွေအတွက် လျှပ်စစ်ဓါတ်အားအလျှင်အမြန်လိုအပ်တာမို့ Small Nuclear Plant Project ကလည်း တပါတည်းပါလာဖို့ရှိနေတယ်..
ရုရှားတို့ လုပ်မယ်ဆိုရင် ???
Small Nuclear Plant , ထားဝယ် ရေနက်ဆိပ်ကမ်း,
ထားဝယ်စီးပွါးရေးဇုန်, LNG စက်ရုံ , ရေနံချက်စက်ရုံတို့
အတွဲလိုက် ရင်ူနှီးမြုပ်နှံရမယ်..
အကျိုးအမြတ်တွေ ရေရှည်အတွက် တွက်ဆပုံရတယ်..
သမ္မတဦးမင်းအောင်လှိုင် ရုရှားနဲ့ ဘယ်လာရပ်စ်က
မပြန်ခင်မှာပဲ ကာချုပ်ရဲဝင်းဦး ထိုင်းကိုရောက်တာ
ထူးခြားတယ်..
အရေးကြီးတဲ့ ထားဝယ်စီမံကိန်း ဖြစ်ဖို့က ဒေသတည်ငြိမ်ရေးအရေးပါတယ်..
အခုGas ထွက်တဲ့နေရာတွေဟာ KNU နဲ့ MNSP ကြီးစိုးတဲ့နေရာတွေ..
လက်နက်မှောင်ခိုဝင်ရာနေရာတွေ ..
ကျားဖြန့်နေရာတွေ
ကျားဖြန့်အကြောင်းပြပြီး အမေရိကန် FBI နဲ့ SCSF
ရောက်နေတဲ့နေရာတွေ..
ထိုင်းမကူပဲမရ..
ဒါကြောင့်ထိုင်းကို စည်းရုံးရတဲ့သဘော..
ထိုင်းကလည်း အခု အသစ်ထွက်မဲ့ M10 လုပ်ကွက်အတွက်
ဓါတ်ငွေ့လိုအပ်ချက်ရှိနေတယ်..
ဒီအခင်းအကျင်းတွေအရ EAO KNU ဟာ လမ်းကြောင်းသစ်ကို ရွေးရတော့မဲ့အခြေအနေ..
ရုရှားဟာ ထားဝယ်ကို ဝင်ဖို့ဆုံးဖြတ်ရင် ???
ရှန်ဟိုင်းအုပ်စု SCO ၊ လန်ချန်မဲခေါင်အဖွဲ့ LMC ၊ တောင်အာရှ BIMSTEC ၊ အမေရိကန်ဒေါ်လာကိုအစားထိုးငွေကြေးလုပ်ဖို့ကြိုးစားနေတဲ့ BRICS တို့ရဲ့
အဓိကဆုံချက်က မြန်မာဖြစ်လာနေပါတယ်..
ထိုင်းကလည်း အနောက်ယိမ်းဆိုပေမဲ့ SCO နဲ့ LMC တို့ရဲ့
ဖိအားကို ခံနိုင်ဖို့ သိပ်မလွယ်..
ဒါကြောင့်လည်း ငွေကုန်မဲ့ Land bridge စီမံကိန်းရပ်သွားတာဟာ သေချာစဉ်းစားရင် ???
မြန်မာနဲ့ ဆက်ဆံရေးပြေလည်ဖို့ အရေးပါလာလို့ပဲ..
ကမ်ဘောဒီးယားခရီးစဉ်ရှိလာတာလည်း
ဆက်စပ်တွေးမိနိုင်လောက်ပြီထင်တယ်..
ဗီယက်နမ်ခရီးစဉ်ရှိလာရင်လည်း အကျိုးဆက်တွေပဲလို့
တွေးနိုင်ပါမယ်..
သဘာဝသယံဇာတနဲ့ ပထဝီဝင်နေရာဟာ ????!
မြန်မာကို ၁၉၅၀ကျော်ရွှေခေတိရဲ့ အခွင့်အရေးမျိုး
ဒုတိယအကြိမ်ပေးလာပြန်ပြီ ယူဆပါတယ်..
အကြပ်အတည်းကြားက အခွင့်အရေးပါ..
တရုတ် ရုရှား နဲ့ အမေရိကန်အုပ်စု ယှဉ်ပြိုင်မှုကြား
ကြီးမားတဲ့ အင်ဒိုပိစိဖိတ်ဒေသ နေရာသစ်မှာ
မြန်မာဟာ ဒီတခါတော့ ပြန်လည်နိုးထနိုင်ကောင်းပါရဲ့..
ပြည်တွင်းနိုင်ငံရေးအကြပ်အတည်း
မှန်မှန်နဲ့မြန်မြန်ဖြေရှင်းနိုင်ရင် အကောင်းဆုံးဖြစ်သွားနိုင်ပါမယ်..
M Kawn La
24.8.2026
( MON )

0 Comments