About Me

header ads

စစ်နဲ့လူ့အဖွဲ့အစည်း


 

 စစ်နဲ့လူ့အဖွဲ့အစည်းတဲ့။
ဆရာမင်းခက်ရဲဘာသာပြန်တာပါ။
ပါရီစာပေကထုတ်ဝေတယ်။
လူမှုဗေဒရှုထောင့်မှလေ့လာခြင်းဆိုပြီး ဒုတိယခေါင်းစဥ်တပ်ထားပါတယ်။

စစ်ဆိုတာအိုးအိမ်တွေ အသက်တွေကိုဖျက်ဆီးတတ်သလို
အင်စတီကျူးရှင်းအသစ်တွေကိုလဲဖန်တီးတတ်တယ်ဆိုတဲ့
သိမှုဆိုင်ရာအပြောင်းအလဲဖက်ကတင်ပြသွားတာပါ။

အခန်းခြောက်ခန်း ပိုင်းထားတယ်။
စစ်ဆိုတာဘယ်လိုဖြစ်ပေါ်လာသလဲ
စစ်သားရဲ့အစ၊စစ်တပ်ရဲ့အစ။
လူ့အဖွဲ့အစည်းတွေကစစ်တပ်ကိုဘယ်လိုတည်ဆောက်ခဲ့လဲ။
စစ်တပ်ကလူ့အဖွဲ့အစည်းကိုဘယ်လိုပြောင်းလဲစေခဲ့လဲ။

အမေရိကတိုက်
အာဖရိကတိုက်
အာရှတိုက်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်များအကြောင်း။
ဘာလို့အနောက်က စစ်အမြဲနိုင်နေရတာလဲ။

၂၁ရာစု စစ်ပွဲများနဲ့ ပြောက်ကျားစစ် အခန်းကတော့ လက်ငင်းဘဝဖြစ်နေလို့ စိတ်ဝင်စားစရာပါ။
သေနပ်ကိုင်လိုက်တာကလွယ်တယ်။
အသိအမှတ်အပြုခံရဖို့ကခက်တယ်။
မတော်တဆပြောက်ကျားဖြစ်လာဖို့
Infection
contagion
intervention
rejection ဆိုတဲ့အချက်လေးချက်လိုသတဲ့ ဆိုတာကိုဖတ်ရတော့ ပြုံးရမလိုလို။

မော်စီတုန်းကတော့ ပြောက်ကျားစစ်ဆိုတာရေရှည်ဆင်နွဲရမဲ့အရာလို့ဆိုတယ်။
ဒါပေမဲ့နှစ်ခုနှစ်ဆယ်ကြာသွားတဲ့ဒီကနေ့မှာ သူ့အဆိုဟာ အသက်ဝင်သေးရဲ့လား။
Proxy warတွေ၊အာဏာခွဲဝေမှုတွေက ပြောက်ကျားစစ်ကိုအားနည်းစေခဲ့တယ်။
ဒီစာအုပ်က အမှန်အမှားကိုချဥ်းကပ်တာမဟုတ်ဖူး၊အပြောင်းအလဲကိုသာ အာရုံပြုတာ။

ထရော့စကီးကခုလိုဆိုတယ်။
စစ်ကိုခင်ဗျားကစိတ်မဝင်စားပေမဲ့
စစ်ကခင်ဗျားကိုစိတ်ဝင်စားတယ် တဲ့

Zar Ga Nar  

Post a Comment

0 Comments