About Me

header ads

KIO / KIA အကြောင်

  ၂၀၂၁ ခုနှစ် စ-စ်အာ၊ဏာသိ၊မ်းပြီး ( ၅ )နှစ်အတွင်း မြန်မာစ-စ်တ-ပ်ရဲ့ လေယာဉ်/ရဟတ်ယာဉ် (( ၅ )) စီးအထိပ-စ်ချနိုင်ခဲ့တဲ့ အင်အားကြီးလ၊က်န၊က်ကို၊င်တ၊ပ်ဖွဲ့ - KIO / KIA အကြောင်း

အထက်မြန်မာပြည်မြောက်ပိုင်းတခွင်ကို အုပ်ချုပ်ရေးတိုင်းကြီး ( ၄ ) တိုင်းဖြစ်တဲ့ မြောက်ပိုင်းတိုင်း၊တောင်ပိုင်းတိုင်း၊အနောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်းတို့နဲ့ဖွဲ့စည်းထားပါတယ်။အဆိုပါ တိုင်းကြီး (၄)တိုင်းကိုတ-ပ်မဟာ ( ၁၁ )ခုဖြင့်ဖြန့်ကျက်ထားပြီးတ-ပ်ဖွဲ့အင်အား ၂၀,၀၀၀ ကျော်ပိုင်ဆိုင်ထားတဲ့ အင်အားကြီးလ-က်န-က်ကို-င်တ-ပ်ဖွဲ့တခုရှိနေပါတယ်။ဟုတ်ပါတယ်။အဲ့ဒီတ-ပ်ဖွဲ့ကတော့ ကချင်လူမျိုးအများစုပါဝင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတ၊ပ်မတော် -KIO/ KIA ပဲဖြစ်ပါတယ်။

ဂျပန်ရဲ့စ-စ်လျော်ကြေးအပါအဝင်၊အစိုးရရဲ့ထောက်ပံ့မှုတွေ၊ကချင်ပြည်နယ်တိုးတက်ရေးအတွက် အစိုးရကဘာမှဆောင်ရွက်မပေးခဲ့တာကြောင့် ရန်ကုန်က ကချင်လူငယ်တက္ကသိုလ်ကျောင်းသားတွေအပါအဝင် ဇော်ဆိုင်း၊ဇော်တူး၊ဇော်ဒန်းတို့ညီအကိုတွေဟာ ၁၉၆၀ ခုနှစ် နှစ်အစမှာ မြေအောက်လျှို့ဝှက်အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့ကြပြီး ၁၉၆၀ ခုနှစ် အောက်တိုဘာလ (၂၅ )ရက်နေ့ အရောက်မှာတော့ ရှမ်းမြောက်တစ်နေရာမှာ ကချင်လွတ်လပ်အဖွဲ့ -- KIO ကိုဖွဲ့စည်းခဲ့ကြပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ -KIO ကိုဖွဲ့စည်းပြီး ၃ လအကြာ ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ - KIC ကိုဖွဲ့စည်းခဲ့ကြပါတယ်။အဲ့ဒီနောက် တလအကြာ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့အရောက်မှာတော့ KIC ကအစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်ချက်အရ KIO ရဲ့လ-က်န-က်ကိုင်တ-ပ်ဖွဲ့အဖြစ် ကချင်လွတ်လပ်ရေးတ၊ပ်မတော် - KIA ကိုဇော်ဆိုင်း၊ဇော်တူး၊ဇော်ဒန်းညီအကိုတို့ဦးေဆာင်ပြီး လူအင်အား ၃၀ နဲ့လားရှိုးမှာဖွဲ့စည်းခဲ့ကြပါတယ်။  ကချင်လွတ်လပ်ရေးအဖွဲ့- KIO ဟာ နိုင်ငံရေးဦးဆောင်မှု၊ဗဟိုအဖွဲ့အစည်းဖြစ်ပြီး KIO ကနေ ချမှတ်လိုက်တဲ့ အုပ်ချုပ်မှုကိစ္စအဝ,ဝကို ကချင်လွတ်လပ်ရေးကောင်စီ - KIC ကဆောင်ရွက်ရပြီး ၊ စ၊စ်ရေးကိစ္စအဝ,ဝကိုတော့ ကချင်လွတ်လပ်ရေးတ၊ပ်မတော် - KIA ကဆောင်ရွက်ရပါတယ်။ KIO/KIA ရေရှည်ရပ်တည်နိုင်ရန်၊ပိုမိုချဲ့ထွင်းတည်ထောင်နိုင်ရန်အတွက် ဇော်တူးဦးဆောင်တဲ့ တ-ပ်စိပ်တစ်စိပ်ဟာ လာရှိုးဘဏ်ကို ဝင်တိုက်ပြီး ကျပ်ငွေ ၉၀,၀၀၀ ကျော်ယူဆောင်သွားခဲ့ပါတယ်။( ၁၉၆၁ ခုနှစ်ကကျပ်ငွေ ၉၀,၀၀၀ ကျော်ဟာ အခုချိန်ဆိုရင် ကျပ်သန်းပေါင်းရာချီရှိနေပြီဖြစ်ပါသည်။ )

ရှမ်းမြောက်က နမ့်ဖက်ကာနဲ့ ကွတ်ခိုင်ဒေသတွေမှာခြေကုတ်ယူကာ ကချင်လ၊က်န၊က်ကိုင်တော်လှ၊န်ရေးစပြီးတစ်နှစ်/နှစ်နှစ်အတွင်း အင်အားကြီးမားလာပါတယ်။၁၉၆၅ ခုနှစ်မှာတော့ ကချင်ပြည်တောင်ပိုင်း၊မြောက်တိုင်းအထိ နယ်မြေချဲ့လာနိုင်ခဲ့ပါတယ်။ဒါပေမယ့် ကချင်ပြည်မြောက်ပိုင်းမှာ အစိုးရတ၊ပ်အပြင် ဌာနေရဝမ်လူမျိုးတွေနဲ့ပါ တို၊က်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။နောက်ပိုင်း ဌာနချုပ်ကို တြိဂံဒေသကိုရွေ့ပြောင်းပြီး ကချင်ပြည်နယ်ထဲ မြို့တွေကလွဲပြီး ကျေးလက်ဒေသတော်တော်များများကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ကချင်လွတ်လပ်ရေးတ၊ပ်မတော်- KIA ဟာ အစိုးရတ၊ပ်တွေနဲ့ တို၊က်ခို၊က်ရင်း ၁၉၆၈ ခုနှစ်မှာတော့ ဗကပ လို့ခေါ်ဆိုကြတဲ့ ဗမာပြည်ကွ၊န်မြူ၊န၊စ်ပါတီ -ဗကပတ၊ပ်တွေ နဲ့ပါ တို၊က်ခို၊က်ခဲ့ရပါတယ်။၁၉၇၄ ခုနှစ် ဗကပ နဲ့ KIA တို့တို၊က်ပွဲမှာ KIO/KIA ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဇော်ဒန်းဟာ ကျဆုံးခဲ့ရပြီး ဇော်ဆိုင်းနဲ့ ဇော်တူးတို့ကတော့ ၁၉၇၅ ခုနှစ် ထိုင်းနိုင်ငံ ၊ချင်းမိုင်ကနေပြန်လာစဉ် နယ်စပ်တစ်နေရာမှာ လု၊ပ်-ကြံ-tat -ဖြ။တ ် ခံလိုက်ရပါတယ်။( ထိုအချိန်ကတည်းက KIO/ KIA /KIC ကိုစတင်အုတ်မြစ်ချခဲ့တဲ့ သူတွေ မရှိတော့ပေ။ )

၁၉၇၅ ခုနှစ် ဇော်တူး၊ဇော်ဆိုင်း၊ဇော်ဒန်း တို့မရှိတော့တဲ့နောက်ပိုင်းမှာတော့ ဘရန်ဆိုင်းဟာ KIO/KIA ရဲ့အကြီးအကဲဖြစ်လာပြီး ဗကပ တို့နဲ့ (၈)နှစ်ကြာ စ၊စ်ပွဲကိုလည်း အပ၊စ်ရပ်နိုင်ခဲ့ပြီး မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ဗကပ တို့နဲ့မဟာမိတ်ဖွဲ့နိုင်ခဲ့တာကြောင့် KIA အတွက် ဗကပ ,ကနေတဆင့် တရု၊တ်အစိုးရဆီကနေ တ၊ရု၊တ်စ၊စ်လ၊က်န၊က်တွေကိုဝယ်ယူပြီး တ၊ပ်အင်အားကိုပိုမိုတောင့်တင်းအောင်တည်ထောင် ပေးနိုင်ခဲ့ပါတယ်။၁၉၈၀ ခုနှစ် အရောက်မှာတော့ စ၊စ်အစိုးရတ၊ပ်တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစ၊စ်ဆင်ပြီး မြစ်ကြီးနား-ဗန်းမော် ကုန်သွယ်ရေးလမ်းကြီးကိုထိန်းချုပ်နိုင်ခဲ့ပြီး KIO/KIA ဌာနချုပ်ကိုလည်း တြိဂံဒေသကနေ တရု၊တ်နယ်စပ် ပါဂျောင်ဆီကိုရွေ့ပြောင်းခဲ့ပါတယ်။

၂၀၀၀ ခုနှစ် နဝတ/နအဖ စ၊စ်အစိုးရတ၊ပ်တွေက KIA ထိန်းချုပ်ဒေသနဲ့ ဌာနချုပ်ပါဂျောင်အထိ ကြည်း၊လေ ပေါင်းပြီးအင်အားအလုံးအရင်းနဲ့ ထိုးစ၊စ်ဆင်ခဲ့ပြီး နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ KIO/ KIA ဟာ ဌာနချုပ်ကို တရု၊တ်နယ်စပ် လိုင်ဇာမြို့မှာအခြေချ ပြီးတော့ တ၊ပ်မဟာ ( ၁၁ )ခု၊ စ၊စ်ရုံးချုပ်၊ဗဟိုကင်းတ၊ပ်မ၊ ခြေမြန်တ၊ပ်မ၊ လ၊က်န၊က်ကြီးတ၊ပ်ဖွဲ့ ၊ အထူးတ၊ပ်ဖွဲ့၊ ကွန်မန်ဒိုတ၊ပ်ဖွဲ့၊ ဂေါ်ရခါးတ၊ပ်ရင်း၊ လက်ဖြောင့်တ၊ပ်ရင်း၊ လ၊က်န၊က်ခဲယ၊မ်းစ၊က်ရုံ စသဖြင့် စနစ်တကျပြန်လည် ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။ 

KIO/ KIA ဟာ ၎င်းတို့ထိန်းချုပ်ဒေသတွေကို အုပ်ချုပ်ရေး တိုင်းကြီး (၄) တိုင်းဖြစ်တဲ့ မြောက်ပိုင်းတိုင်း၊တောင်ပိုင်းတိုင်း၊ အနောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်းတို့နဲ့ ဖွဲ့စည်းထားပါတယ်။အဆိုပါတိုင်း(၄)တိုင်းမှာတ၊ပ်မဟာ (၁၁) ခုလည်းဖြန့်ခွဲ့ထား‌ပါတယ်။မြောက်ပိုင်းတိုင်းဖြစ်တဲ့ မြစ်ဆုံမြောက်ဘက်မှာ တ၊က်မဟာ(၁)နဲ့တ၊ပ်မဟာ(၇)၊အရှေ့ပိုင်းတိုင်းဖြစ်တဲ့ ဧရာဝတီမြစ်အရှေ့ဘက်မှာ တ၊ပ်မဟာ(၃)၊နဲ့တ၊ပ်မဟာ(၅)၊ဧရာဝတီမြစ်အနောက်ဘက်ခြမ်း အနောက်ပိုင်းတိုင်းမှာ တ၊ပ်မဟာ(၂)၊တပ်မဟာ(၈)၊တပ်မဟာ (၉)၊တောင်ပိုင်းတိုင်းဖြစ်တဲ့ ရှမ်းမြောက်မှာတော့ တ၊ပ်မဟာ(၄)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁၀)တို့ဖြစ်ကြပြီးရွှေလီမြစ်ဝှမ်းဒေသလုံခြုံရေးအတွက်တ၊ပ်မဟာ(၁၁)တို့ဖြစ်ကြပါတယ်။တ၊ပ်မဟာတခုချင်းစီရဲ့အောက်မှာ တ၊ပ်ရင်း(၄)ရင်းကနေ (၅)ရင်းအထိရှိပါတယ်။ဆို‌တော့ KIO/ KIA အောက်မှာတ၊ပ်မဟာ(၁၁)ခု၊ တပ်မ(၂)ခု၊လ၊က်န၊က်ကြီးတ၊ပ်မ(၁)၊အထူးကွန်မန်ဒိုတပ်ဖွဲ့၊ဂေါ်ရခါးတပ်ရင်း၊စနိုက်၊ပါတပ်ရင်းအပါအဝင်စုစုပေါင်း တ၊ပ်ရင်း (၆၀) နီးပါးရှိပြီး တ၊ပ်ဖွဲ့စ၊စ်သည်အင်အားကလည်း ၂၀,၀၀၀ ကျော်ပိုင်ဆိုင်ထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတ၊ပ်မတော် -KIO / KIA မှာ ကိုယ်ပိုင်လ၊က်န၊က်ခဲယ၊မ်းစက်ရုံရှိတဲ့အတွက်ကြောင့် တ၊ပ်ဖွဲ့တွေကို စက်ရုံထုတ် K-9 ချေုမှုန်းရေးရို၊င်ဖယ် ၊ K-11 လောင်ချာပ၊စ်။ေသန၊တ် ၊ Kachin Sniper Rifle -KSR စနို၊က်ပါရို၊င်ဖယ် လ၊က်န၊က်တွေအပြင် မြန်မာ့တ၊ပ်မတော် (ဘဘကြီးမ၊င်းအော၊င်လှို၊င်) ကထောက်ပံ့ပေးထားတဲ့ MA series လ၊က်န၊က်ငယ်တွေကို တ၊ပ်ဆင်ပေးထားပါတယ်။လ၊က်န၊က်ကြီးတွေအနေနဲ့ကတော့ မြန်မာစ၊စ်တ၊ပ်ဆီကနေ သိမ်းဆည်းရမိတဲ့ ၁၂၀ မမ ဟောက်ဝှစ်ဇာအမြောက်တွေ၊ တင့်ကားတွေ၊၆၀မမ, ၈၀ မမ မော်တာလ၊က်န၊က်ကြီးတွေလည်းအသုံးပြုနေပါတယ်။‌ေလယာဥ်ပ၊စ်လ၊က်န၊က်အ‌ေနနဲ့တော့ FN-6 လ၊က်န၊က်ကိုပိုင်ဆိုင်ထားပါတယ်။ စ၊စ်အာဏာသိမ်းပြီးနောက်ပိုင်း KIO/KIA ဟာ မြန်မာလေ၊တ၊ပ်ရဲ့ လေယာဉ်၊ရဟ၊တ်ယာဉ် ( ၅ ) စီးအထိပ၊စ်ချနိုင်ခဲ့လို့ သမိုင်းတစ်လျှောက် တိုင်းရင်းသားလ၊က်န၊က်ကို၊င်တ၊ပ်ဖွဲ့- EAOs တွေအထဲမှာ လေယာဉ်/ရဟတ်ယာဉ်အများဆုံးပ၊စ်ချ နိုင်တဲ့ တ၊ပ်ဖွဲ့ဖြစ်လာပါတယ်။KIO/KIA တ၊ပ်ဖွဲ့ ဟာ အာရက္ခတ၊ပ်တော် -AA အပါအဝင် UWSA ဝ,တ၊ပ်ဖွဲ့ဦးဆောင်ပြီး ရှမ်းမြောက်ကအင်အားကြီးတိုင်းရင်းသားလ၊က်န၊က်ကိုင်တ၊ပ်ဖွဲ့ (၇)ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ " ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ- FPNCC "အဖွဲ့ဝင်လည်းဖြစ်ပါတယ်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စ၊စ်တ၊ပ်ကအာဏာသိမ်းချိန်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး ထွ၊က်ပြေးခိုလှုံလာတဲ့ ကျောင်းသားလူငယ်တွေကို ခိုလှုံခွင့်ပေးပြီး စ၊စ်ပညာတွေပါ သင်ပေးခဲ့ပါတယ်။၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့( AA, MNDAA, TNLA )တို့ဆင်နွှဲခဲ့ ၁၀၂၇ စ၊စ်ဆင်ရေးနောက်ပိုင်း ၂၀၂၄ ခုနှစ်ကနေစတင်ပြီး ကချင်ပြည်နယ်ကို ထိုးစ၊စ်ဆင်တို၊က်ခို၊က်ခဲ့လို့ နယ်စပ်မြို့အပါအဝင် မြို့နယ်တော်တော်များများကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အခုချိန်မှာတော့ မြန်မာစ၊စ်တ၊ပ်ဟာ ကချင်လွတ်လပ်ရေးတ၊ပ်မတော် - KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေ၊မြို့နယ်တွေ ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစ၊စ်ဆင်တို၊က်ခို၊က်နေပါတယ်။

KIO /KIA ဟာ စ၊စ်အာဏာရှင်စနစ်ကိုအမြစ်ပြတ်တို၊က်ထုတ်နိုင်ရန် အတွက်" 

SCEF-ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ "အဖွဲ့ဝင်လည်းဖြစ်ပါတယ်။
SCEF - ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီကို KNU, KIA,KNPP, CNF/CNA,NUG တို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ  

Post a Comment

0 Comments