About Me

header ads

ဗိုလ်ရန်နိုင် ငယ်မည် မောင်ထွန်းရှိန်

  ဗိုလ်ရန်နိုင် ကို ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့
သရက်ခရိုင် ၊ အောင်လံမြို့နယ် ၊ ကာမကလေးရွာမှာ မွေးပါတယ်။

ဗိုလ်ရန်နိုင်ရဲ့ ငယ်မည်ကတော့ မောင်ထွန်းရှိန်လို့ခေါ်ပြီး
ငယ်စဥ်ကတည်းက ဉာဏ်ရည်ထက်မြက်သူတစ်ယောက် ဖြစ်ပါတယ်။

အလယ်တန်းကျောင်းကို အောင်လံမြို့ အင်္ဂလိပ် - မြန်မာ ကျောင်းကနေ
အောင်မြင်ပြီး... အထက်တန်းပညာရေးကိုတော့ ပြည်မြို့ အင်္ဂလိပ်-မြန်မာ
အထက်တန်းကျောင်းကနေ ၁၉၃၇ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။

အဲဒီနောက် တက္ကသိုလ်ပညာရေးကို
၁၉၃၇ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ခဲ့ပါတယ်.. ။

ဗိုလ်ရန်နိုင်ဟာ တက္ကသိုလ်တက်နေစဥ်အတွင်း
ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့ပါတယ်။
ဥပမာ - တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) အမှုဆောင်အဖွဲ့ဝင် ၊
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖြစ် တာဝန်
ထမ်းဆောင်ခဲ့ပါတယ်... ။

၁၉၃၈ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့
ပုသိမ်မြို့မှာ ကျင်းပတဲ့ တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့်ကို တက်ရောက်ခဲ့ပြီး ... အဆိုပါ ကွန်ဖရင့်ကနေ
ကျောင်းသား သံမဏိတပ်တွေ ဖွဲ့စည်းခဲ့ပါတယ်...။

ဒါကြောင့် မြန်မာပြည်တဝှမ်း
ကျောင်းသားသံမဏိတပ်တွေ ဖွဲ့စည်းခဲ့ကြရာ
ဗိုလ်ရန်နိုင်က ကျောင်းသားသံမဏိ တပ်မှူးအဖြစ်ဆောင်ရွက်ခဲ့တာကြောင့်
သံမဏိ ဗိုလ်ထွန်းရှိန်ဆိုပြီး အမည်တွင်ခဲ့ပါတယ်...။

နောက်ပြီး ဗိုလ်ရန်နိုင်ရဲ့
နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ပြင်းထန်မှုနဲ့
နိုင်ငံရေးတက်ကြွမှုကြောင့် ၁၉၃၉ ခုနှစ်မှာ
တကသ နဲ့ ဗကသ နှစ်ဖွဲ့စလုံးရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ်
တပြိုင်တည်း ရွေးချယ်ခံခဲ့ရပါတယ်...။

ပြီးတော့ ၁၉၄ဝ ပြည့်နှစ် ၊ မတ်လ ၂၂ ရက်နေ့
အိန္ဒိယပြည် ရမ်းဂါးမြို့မှာ ကျင်းပတဲ့
အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံကို
သခင်အောင်ဆန်း ၊ သခင်သန်းထွန်း ၊ သခင်ခင်အောင် စတဲ့
သခင်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သွားရောက်လေ့လာခဲ့ပါသေးတယ်...

အိန္ဒိယကပြန်ရောက်ပြီးနောက်မှာ
"ကိုယ်တွေ့အိန္ဒိယ (၁၉၄၀)" နဲ့ "ဂျာမနီ မိုက်သလား" စာအုပ်တွေကို
ရေးသားခဲ့ပြီး.... နဂါးနီစာအုပ်တိုက်ကနေ ထုတ်ဝေရာမှာတော့
စာရေးသူကို ကိုသိန်းဖေ ကလောင်အမည်နဲ့ ထုတ်ဝေခဲ့ပါတယ်...။

အဲဒီနှစ်အတွင်းမှာပဲ တို့ဗမာအစည်းအရုံး ဌာနချုပ်ခေါင်းဆောင်တွေနဲ့
ကျောင်းသားခေါင်းဆောင်တွေ... ကျောင်းသားသမဂ္ဂ အဆောက်အအုံထဲမှာ
လျှို့ဝှက်ကျင်းပတဲ့ အစည်းအဝေးမှာလည်း ဗိုလ်ရန်နိုင်ပါဝင်ခဲ့ပါတယ်..။

အဲဒီနောက် ဗိုလ်ရန်နိုင်တို့ဟာ နိုင်ငံခြားအကူအညီရှာဖို့အတွက်
ယိုဒယားနယ်စပ်ကို ဖြတ်ကျော်ဖို့ကြိုးစားခဲ့ပေမယ့်
မအောင်မြင်ခဲ့ပါဘူး...။

ဒါပေမယ့်.... ဂျပန်နဲ့ ချိတ်ဆက်မိပြီး
သခင်အောင်ဆန်းတို့ ပြည်တွင်းကို လျှို့ဝှက်စွာ ပြန်ရောက်နေပြီ
ဖြစ်တာကြောင့် သခင်အောင်ဆန်းရဲ့ ဦးဆောင်မှုနဲ့အတူ
ဗိုလ်ရန်နိုင်ဟာ ရဲဘော်သုံးကျိပ်ရဲ့ ပထမဆုံးအသုတ်အဖြစ်
၁၉၄၁ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ထွက်ခွာခဲ့ပါတယ်..။

စစ်ပညာသင်ယူပြီးနောက် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မှာ
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ဖွဲ့စည်းလိုက်ကြပြီးတော့
မြန်မာပြည်တွင်းကို ချီတက်ဖို့ စစ်ကြောင်းတွေ ခွဲကြရာမှာ
ဗိုလ်ရန်နိုင်ဟာ တတိယစစ်ကြောင်း (ကော့သောင်းအငူ) ကို
ဦးစီးရတဲ့ တပ်မဟာမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်...။

ဗိုလ်ရန်နိုင်ရဲ့ လက်အောက်မှာတော့
ဗိုလ်တောက်ထိန် နဲ့ ဗိုလ်မင်းခေါင်တို့က တပ်မှူးတာဝန်တွေကို
ရယူခဲ့ကြပါတယ်..။

ဗိုလ်ရန်နိုင်ရဲ့ ထင်ရှားလှတဲ့ တိုက်ပွဲကတော့
၁၉၄၂ ခုနှစ် ၊ မေလ ၂၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့
ရွှေတောင်တိုက်ပွဲပဲ ဖြစ်ပါတယ်...။

ရွှေတောင်တိုက်ပွဲကို အောင်နိုင်ပြီးနောက်
ဗိုလ်ရန်နိုင် ဦးစီးတဲ့ စစ်ကြောင်းဟာ ... ရွှေတောင်ကနေ တဆင့်
ရွာထောင် ၊ သရက် ၊ မင်းဘူး ၊ ပေါက် ၊ ဆားလင်းကြီး ၊ မုံရွာ ၊ ရွှေဘို ၊
မလယ် ၊ တကောင်း ၊ မြတောင် ၊ ရွှေကူအထိ ဆုတ်ခွာနေတဲ့
ဗြိတိသျှတပ်တွေနောက်ကို တောက်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့ပါတယ်...။

အဲဒီကနေ တဆင့် ဗိုလ်ရန်နိုင်ဟာ တပ်ပြန်ခေါက်ခဲ့ပြီး
မန္တလေးနန်းတွင်းထဲမှာ တပ်စွဲနေစဥ် .... ၁၉၄၂ ခုနှစ် ၊ သြဂုတ် ၁ ရက်နေ့မှာ
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အခါ ဗိုလ်ရန်နိုင်ဟာ တပ်ရင်း (၂) ရဲ့
ဗိုလ်မှူးကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်...။

နောက်ပြီး ဗိုလ်ရန်နိုင်ဟာ
ဂျပန်ခေတ်အတွင်းမှာ ရန်ကုန်မြို့စောင့်တပ်မှူး ၊ အဓိပတိ ကိုယ်ရံတော် တပ်မှူး ၊ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ် နဲ့
စစ်ဦးစီးများ တွဲဖက်ကောင်စီရဲ့ ဗမာ့တပ်မတော် ကိုယ်စားလှယ် စတဲ့
တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပါတယ်...။

ဗိုလ်ရန်နိုင်ဟာ နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်ရဲ့ သမီးကြီး
ဒေါ်တင်ဇာမော်နဲ့ ၁၉၄၃ ခုနှစ် ၊ မတ်လ ၁၇ ရက်နေ့မှာ လက်ထပ်ခဲ့ပြီး
ဗိုလ်ချုပ်အောင်ဆန်းတို့ ဖက်ဆစ်တော်လှန်ရေး စတဲ့အချိန်
ဂျပန်စစ်တပ်တွေ ဆုတ်ခွာတဲ့အခါ ဒေါက်တာဘမော် အစိုးရအဖွဲ့နဲ့အတူ
ဗိုလ်ရန်နိုင်လည်း လိုက်ပါသွားခဲ့ရပါတယ်...။

ဘန်ကောက်ရောက်တဲ့အခါ မဟာမိတ်တပ်တွေရဲ့
ဖမ်းဆီးခြင်းခံရပြီး ... ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညှိနှိုင်းမှုအရ
ရန်ကုန်ကို ပြန်ပို့ပေးခဲ့ပါတယ်...။

စစ်ပြီးခေတ်မှာတော့ ဗိုလ်ရန်နိုင်ဟာ တပ်မတော်ကနေ ထွက်ခဲ့ပြီး
ရန်ကုန်တက္ကသိုလ်မှာ ဆက်ပြီးတော့ ပညာသင်ယူခဲ့ကာ
၁၉၄၆ ခုနှစ်မှာ ဘီအေဘွဲ့ ရရှိခဲ့ပါတယ်...။
ပြီးတော့ ဘီအယ်လ် ဥပဒေတန်းကို ဆက်တက်ခဲ့ပါတယ်... ။

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတဲ့အခါမှာတော့
ဖဆပလ အစိုးရက အတိုက်အခံ နိုင်ငံရေးသမား ပုဒ်မ (၅) နဲ့
ဗိုလ်ရန်နိုင်ကို ဖမ်းဆီးခဲ့တာကြောင့် တောင်ငူထောင်မှာ တစ်နှစ်မျှ
အကျဥ်းချခံခဲ့ရပါတယ်...။

တောင်ငူထောင်က လွတ်ပြီး ၂ လအကြာမှာပဲ
ပုဒ်မ (၅) နဲ့ ဖဆပလအစိုးရက ပြန်ဖမ်းခဲ့တာကြောင့်
နောက်ထပ် (၂) နှစ် နီးပါးမျှ အကျဥ်းပြန်ချခံခဲ့ရပါတယ်...။

အဲဒီနောက်ကာလတွေမှာ ဗိုလ်ရန်နိုင်ဟာ
ကိုယ်ပိုင်စီးပွားရေးတွေ လုပ်ကိုင်ပြီးနေခဲ့ပေမယ့်
ဗိုလ်နေဝင်း အာဏာသိမ်းချိန်မှာတော့ .... အာဏာရှင်ကို
လက်နက်ကိုင်တော်လှန်ဖို့ ဗိုလ်မှူးချုပ် စောကြာဒိုးနဲ့အတူ ထိုင်းနိုင်ငံထဲကို
လျှို့ဝှက်ထွက်ခွာခဲ့ပါတယ်...။

ပြီးတော့ ၁၉၆၆ ခုနှစ် ထိုင်း-မြန်မာ နယ်စပ်မှာ ဖွဲ့စည်းတဲ့
အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရဲ့ ၊ တောင်ပိုင်းတိုင်း
စစ်ဦးစီးချုပ်အဖြစ်နဲ့ရော ကော်မတီဝင်အဖြစ်ပါ တာဝန်ယူခဲ့ပါတယ်...။

၁၉၆၉ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့
ပါလီမန် ဒီမိုကရေစီ ပါတီ (PDP) မှာလည်း အလုပ်အမှုဆောင်အဖြစ်ပါ
ပူးပေါင်းပါဝင်ခဲ့ပါတယ်...။

အာဏာရှင်စနစ်ကို လက်နက်ကိုင်ဖြုတ်ချဖို့
ရည်ရွယ်ချက်နဲ့ တောခိုခဲ့ပေမယ့်လည်း... နောက်ပိုင်းမှာ တော်လှန်ရေးဟာ
ဒေသခံ KNDO တွေနဲ့ နယ်မြေပဋိပက္ခ ( KNDO နဲ့ တိုက်ပွဲအတွင်း
ဗိုလ်လကျ်ာ ေ-သဆုံးခဲ့ ) တွေနဲ့သာ လုံးချာလည်လိုက်နေသလို
အုပ်စုအတွင်း သဘောထားကွဲလွဲမှု အကွဲအပြဲတွေကြောင့်
ဗိုလ်ရန်နိုင်ဟာ စိတ်ဓာတ်ကျပြီးတော့ တောတွင်းလက်နက်ကိုင်ဘဝကို ကျောခိုင်းပြီး ပြည်တွင်းကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်...။

ဗိုလ်ရန်နိုင် ပြည်တွင်းကို ပြန်လည်ဝင်ရောက်ချိန်မှာ
အသက် (၆၂) နှစ် ရှိနေပြီလည်း ဖြစ်ပါတယ်...။

တချိန်က "ရွှေတောင်တိုက်ပွဲ" နဲ့ နာမည်ကြီးခဲ့ပြီး
BIA ရဲ့ "သူရဲကောင်းတံဆိပ်" ချီးမြှင့်ခံခဲ့ရတဲ့
တချိန်ကရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်ဟာ
၁၉၈၉ ခုနှစ် ၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာပဲ
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၈၁ (စီ) နေအိမ်မှာ
ကွယ်လွန်သွားခဲ့ပါတယ်....။

#ဗိုလ်ရန်နိုင် #ရဲဘော်သုံးကျိပ်

Post a Comment

0 Comments