၁၉၀၆ ခုနှစ်မှာ မွန်ပြည်နယ် ၊ ကျိုက္ခမီ ၊ မုပွန် ကျောက်တန်းရပ်မှာ
မွေးပါတယ်...။
မိဘတွေကတော့ ဦးစံဒွန်း နဲ့ ဒေါ်နှင်းအောင်တို့ ဖြစ်ပြီး
ညီအကိုမောင်နှမထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။
ငယ်စဥ်က မော်လမြိုင် အမျိုးသားကျောင်း နဲ့
ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်းမှာ (၇) တန်းအထိ
ပညာသင်ကြားခဲ့ပါတယ်..။
၁၉၂၃ ခုနှစ် ၊ မတ်လ မှာတော့ အကိုအကြီးဆုံးရှိတဲ့
သန်လျင် (BOC) မှာ အလုပ်လုပ်ဖို့ မော်လမြိုင်ကနေ
ထွက်ခဲ့ပြီး... ဘီအိုစီမှာ လက်ထောက် ဓာတ်ခွဲခန်းအကူအဖြစ်
(၁၄) နှစ်ကြာမျှ လုပ်ကိုင်ခဲ့ပါတယ်...။
နောက်ပြီး သခင်စိုးဟာ ကျန်းမာရေးလည်း လိုက်စားသလို
အနုပညာကိုလည်း ဝါသနာထုံသူဖြစ်တာကြောင့်
စန္ဒယားဆရာ ဦးဘလှ ၊ ဆရာနွဲ့ကြီး စတဲ့ အနုပညာဆရာကြီးတွေထံမှာ
တယောထိုးနည်းကို လေ့လာသင်ယူခဲ့ပါတယ်...။
ပြီးတော့ သခင်စိုးဟာ ဘီအိုစီမှာ လုပ်ကိုင်နေစဥ်အတွင်းမှာပဲ
ကားလ်မက်စ် ရဲ့ နိုင်ငံရေးကျမ်းကြီးကို စူးစူးစိုက်စိုက်
လေ့လာခဲ့ပါတယ်...။
ဒီလိုနဲ့ ၁၉၃၁ ခုနှစ်....
တောင်သူလယ်သမား အရေးတော်ပုံ ခေါင်းဆောင် ဆရာစံကို
ဗြိတိသျှအစိုးရက ကြိုးပေးကွပ်မျက် လိုက်ပြီဆိုတာကို
သိတဲ့အခါမှာတော့... သခင်စိုးဟာ ဗြိတိသျှအစိုးရကို
ဆန့်ကျင်လိုစိတ်တွေ တဖွားဖွားပေါ်လာခဲ့ပါတယ်...။
ဒါကြောင့်ပဲ သခင်စိုးဟာ သူဝါသနာပါလှတဲ့
ဂီတကို စွန့်လွှတ်ပြီး...တို့ဗမာအစည်းအရုံးထဲကို ဝင်ရောက်ကာ
နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်...။
၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ်ပွားတဲ့အခါမှာတော့
သခင်စိုးဟာ ရေနံမြေသပိတ် ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး
လှုပ်ရှားခဲ့ပါတယ်..။
အဲဒီနောက် ရေနံမြေ သပိတ်တပ်... ရန်ကုန်ကိုချီတက်စဥ်
မကွေးအရောက်မှာ နယ်ချဲ့ဆန့်ကျင်ရေး တရားဟောတဲ့အတွက်
အခြား သခင်ခေါင်းဆောင်တွေနဲ့အတူ သခင်စိုးလည်း
ဖမ်းဆီ ထောင်ချခံခဲ့ရပါတယ်..။
ဒါပေမယ့်လည်း ထောင်နှစ်လခန့်သာ ကျခံခဲ့ရပြီး
ပြန်လွှတ်မြောက်လာခဲ့ပါတယ်...။
မြန်မာပြည်မှာ လက်ဝဲဝါဒပြန့်ပွားအောင်
အဓိကဖြန့်ဖြူးခဲ့တဲ့ "နဂါးနီ စာအုပ်အသင်း" ကို တည်ထောင်သူတွေထဲမှာ
သခင်စိုးလည်း ပါဝင်ပါတယ်...။
နောက်ပြီး ဗြိတိသျှအစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးကြားကနေ
လွတ်လပ်ရေးအတွက် ထောင်အကြိမ်ကြိမ်ကျခံပြီး
စွန့်စွန့်စားစား လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတဲ့
ဗမာ့လွတ်လပ်ရေး တပ်မတော် နဲ့ ဂျပန်တပ်တွေ
မြန်မာပြည်ထဲ စတင်ဝင်ရောက်လာကာနီး
၁၉၄၁ ခုနှစ် နှောင်းပိုင်းလောက်မှာကတည်းက...
အင်းစိန်ထောင်ထဲ အကျဥ်းကျနေတဲ့ သခင်စိုးနဲ့ သခင်သန်းထွန်းတို့ဟာ
ဖက်ဆစ်စနစ်ကို မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ကြဖို့
ပထမဆုံးကြေငြာတဲ့ "အင်းစိန် ကြေငြာစာတမ်း" ကို ရေးသား
ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်...။
ဒါကြောင့်.... သခင်စိုးဟာ
ဖက်ဆစ် ဂျပန်တွေကို ကနဦးအစကတည်းက
အယုံအကြည်မရှိခဲ့တာပါ...။
ပြီးတော့ သခင်စိုးဟာ ဂျပန်ခေတ်တစ်လျှောက်လုံး
ဖက်ဆစ်တော်လှန်ရေးအတွက် မြစ်ဝကျွန်းပေါ်ဒေသမှာ ဇာတ်မြှုပ်ပြီး
လိုက်လံစည်းရုံးနေခဲ့ပါတယ်...။
ဖျာပုံ ကျေးလက်တောရွာကနေ
သခင်စိုး ရေးသားခဲ့တဲ့ စာတမ်းတွေ ၊
မွေးထုတ်ပေးခဲ့တဲ့ ပါတီကေဒါတွေနဲ့ ကလာပ်စည်းတွေဟာ
ဖက်ဆစ်တော်လှန်ရေးအတွက် အမြုတေတွေ ဖြစ်သလို
စစ်ပြီးခေတ်မှာ အင်အားကြီးလာမယ့် ကွန်မြူနစ်ပါတီအတွက်လည်း
အခြေခံကောင်းတွေ ဖြစ်ခဲ့ပါတယ်...။
အဲဒီနောက် ဖက်ဆစ်ဆန့်ကျင်ရေးစဖို့ နီးလာချိန်
၁၉၄၄ ခုနှစ်မှာ ...သခင်စိုးကိုယ်တိုင်
ဗိုလ်မှူးချုပ်ကျောဇောရဲ့ ပဲခူးစံပြတပ်ရင်းမှာ
ဗိုလ်ချုပ်အောင်ဆန်းနဲ့ လာရောက်ဆွေးနွေးပြီး
ဖက်ဆစ်တော်လှန်ရေးအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါတယ်...။
ဒါကြောင့် ဖက်ဆစ်တော်လှန်ရေး နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်
(ဖတပလ - ဖဆပလရဲ့ ကနဦး အဖွဲ့) ကို ဖွဲ့စည်းကြတဲ့အခါမှာတော့
ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးခေါင်းဆောင်ဖြစ်ခဲ့ပြီး
သခင်စိုးက နိုင်ငံရေးခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ကာ
သခင်သိန်းဖေက ပြည်ပဆက်သွယ်ရေး တာဝန်ခံ (မဟာမိတ်နဲ့ ချိတ်ဆက်ရေး) ဖြစ်လာခဲ့ပါတယ်...။
စစ်ပြီးနောက် ကွန်မြူနစ်ပါတီကို တရားဝင်ထောင်တဲ့အခါ
ဘရောက်ဒါ ဝါဒနဲ့ ပက်သက်ပြီး သဘောထား ကွဲလွဲမှုတွေကြောင့်....
သခင်စိုးဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ကနေ ခွဲထွက်ပြီး
သီးခြားကွန်မြူနစ်ပါတီအဖြစ် ရပ်တည်ခဲ့ပါတယ်...။
သခင်စိုးရဲ့ ကွန်မြူနစ်ပါတီကို
"ကွန်မြူနစ်ပါတီ ဗမာပြည် " ဒါမှမဟုတ် "အလံနီ ပါတီ" လို့
ခေါ်ပါတယ်..။
သခင်စိုးရဲ့ အလံနီကွန်မြူနစ်တွေဟာ
လူနည်းပေမယ့် ဆန်လုပွဲ ၊ သပိတ်တားပွဲတွေကြောင့်
အလွန်ထင်ရှားပါတယ်...။
ဥပမာ - ဗြိတိသျှအစိုးရရဲ့ အုပ်ချုပ်ရေး ဌာနချုပ်
အတွင်း၀န်ရုံးကို အလံနီတွေ ပိတ်ဆို့ပြီး သပိတ်တားလို့
ပုလိပ်တွေနဲ့ ၀ိုင်းပြီး ဖြိုခွဲခံရသလို.... သခင်စိုးကိုလည်း
ရွှေတိဂုံဘုရားပေါ်မှာ ပိတ်ဆို့ဖမ်းရာက လွတ်သွားလို့
သခင်စိုး သီလရှင် ယောင်ဆောင်ပြီး ပျောက်သွားတယ်ဆိုတဲ့
ဦးဘဂျမ်းကာတွန်းဟာ အလွန်ပဲ နာမည်ကြီးခဲ့ပါတယ်...။
နောက်ပြီး သခင်စိုးရဲ့ စေခိုင်းချက်အရ
ထောင်ကျနေတဲ့ အလံနီတွေဟာ အစာငတ်ခံဆန္ဒပြမှုဟာ
အေ-သ ခံတဲ့အထိ ပြင်းထန်ခဲ့ပါတယ်...။
ဒါကြောင့် သခင်စိုးက
"ေ-သရဲတာ အလံနီ ၊ သ-တ်ရဲတာ အလံနီ" ဆိုပြီး
ကြွေးကြော်ခဲ့တာပါ...။
ဗြိတိသျှတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လွတ်လပ်ရေးယူမယ့်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဥ်ကိုလည်း
သခင်စိုးဟာ ပထမဆုံး ဆန့်ကျင်ခဲ့ပါတယ်..။
ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတဲ့အထိ
ကွန်မြူနစ်တွေနဲ့ ဆိုရှယ်လစ်တွေကြားက ညီညွှတ်ရေးဟာ
ဖြစ်မလာပဲ... သခင်စိုးရဲ့ အလံနီကွန်မြူနစ်ပါတီကို
၁၉၄၆ နဲ့ ၁၉၄၇ ခုနှစ်တွေမှာ... မတရားအသင်းအဖြစ် နှစ်ခါကြေငြာရတဲ့အထိ ဖြစ်လာခဲ့ပါတယ်...။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်မှာတော့
တချိန်က နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးမှာ
ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့.... ကွန်မြူနစ် (အလံနီ ၊ အလံဖြူ) တွေအားလုံး
တောခိုသွားခဲ့ကြပါတော့တယ်..။
အဲဒီကာလကနေစပြီး ပါလီမန် ဒီမိုကရေစီခေတ် နဲ့
ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီ ခေတ်အထိ
သခင်စိုးဟာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ပါတယ်..။
ယောဒေသ တစ်ဝိုက်မှာ လှုပ်ရှားခဲ့တဲ့
အလံနီခေါင်းဆောင် သခင်စိုးမှာ .... စစ်အတွင်း နဲ့ တောတွင်းကာလတွေမှာ
ပေါင်းသင်းခဲဲ့တဲ့ ဇနီးမယား (၆) ယောက်အထိ ရှိခဲ့ပါတယ်...။
( ရေနံချက်စက်ရုံ BOC မှာ လုပ်ကိုင်နေစဥ်အတွင်းမှာတင်
လှလေးစိန် နဲ့ မြလေးစိန် ညီအမနှစ်ယောက်စလုံးကို...တပြိုင်တည်း ပေါင်းသင်းခဲ့တယ်လို့ဆို )
ပြီးတော့ ၁၉၆၀ ခုနှစ် ၊ ယောဒေသ ဆင်စွယ်ရွာမှာ
စစ်တပ်သတင်းပေး စွပ်စွဲချက်နဲ့ ... အလံနီ ဗိုလ်ချုပ်လေး မျိုးဆွေက
ရွာသား (၇၀) ကျော်ကို အစုလိုက်အပြုံလိုက် သ-တ်ဖြတ်မှုဟာ
အလွန်နာမည်ကြီးခဲ့ပြီး...အဆိုပါ ဖြစ်ရပ်ကြောင့်
အလံနီရဲ့ ပုံရိပ်လည်း ကျဆင်းခဲ့ရပါတယ်...။
၁၉၆၃ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း အစိုးရနဲ့
ငြိမ်းချမ်းရေးဆွေးနွေးဖို့ သခင်စိုးကိုယ်တိုင် ရန်ကုန်အထိ
သွားရောက်ခဲ့ပေမယ့် အောင်မြင်မှုတော့ မရရှိခဲ့ပါဘူး...။
အဆိုပါ ရန်ကုန်ခရီးစဥ်မှာ
ပြည်သူတွေရဲ့ ဆင်းရဲကျပ်တည်းမှုကို မြင်ရပြီး
သူ့ရဲ့ လက်နက်ကိုင်လမ်းစဥ်အမှားကြောင့် ပြည်တွင်းစစ်ကြီး
ပေါက်ပေါ်ခဲ့ရမှုကို သံဝေဂရခဲ့ကြောင်း.... သန်လျင်တင်ထွန်းရဲ့
သခင်စိုး ကိုယ်ရေးအကျဥ်းမှာ ရေးသားထားပါတယ်...။
၁၉၇၀ ခုနှစ်မှာတော့ သခင်စိုးဟာ လက်နက်ချ
အဖမ်းခံခဲ့ပြီး ဗိုလ်ချုပ်နေဝင်း အစိုးရက.... သူ့ကို နိုင်ငံတော်ပုန်ကန်မှု ၊
ဆင်စွယ်ရွာ လူသ-တ်မှု စွပ်စွဲချက်တွေနဲ့
ေ-သဒဏ် ချမှတ်ခံခဲ့ရပါတယ်...။
ဒါပေမယ့်လည်း ၁၉၇၄ ခုနှစ်မှာ
တသက်တကျွန်းအဖြစ် ပြစ်ဒဏ်လျော့ပေါ့ခွင့်ရခဲ့ပြီး
အဲဒီနောက် ၁၉၈၀ ပြည့်နှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့
ထောင်ကနေ အပြီးလွတ်မြောက်ခဲ့ပါတယ်...။
တရားခွင်မှာ .... မြန်မာပြည် ပြည်တွင်းစစ်ဖြစ်ရခြင်းရဲ့
အဓိက တရားခံဟာ သူဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ သခင်စိုးဟာ
ဗိုလ်နေဝင်းရဲ့ ဆိုရှယ်လစ်လမ်းစဥ်ကို ထောက်ခံခဲ့ပါတယ်...။
တချိန်က စိတ်ဓာတ်ပြင်းလှတဲ့
အလံနီကွန်မြူနစ်တို့ရဲ့ ခေါင်းဆောင် ... သခင်စိုးဟာ
၁၉၈၉ ခုနှစ် ၊ မေလ (၄) ရက်နေ့မှာ ရန်ကုန်မြို့မှာပဲ
ကွယ်လွန်သွားခဲ့ပါတယ်....။
Ref:Wikipedia, BBC
#သခင်စိုး #အလံနီကွန်မြူနစ် #ဗမာပြည်ကွန်မြူနစ်ပါတီ
မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ


0 Comments