၁၉၁၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁၁ ရက်နေ့
မုံရွာမြို့နယ် ၊ အလုံမြို့မှာ မွေးဖွားခဲ့ပါတယ်...။
ဗိုလ်ဇေယျဟာ ရန်ကုန် မြို့မအထက်တန်းကျောင်းမှာ
ပညာသင်ကြားခဲ့ပြီးတော့ ... ၁၉၃၄ ခုနှစ်မှာ အထက်တန်း အောင်မြင်ခဲ့ပါတယ်..။
ဒါကြောင့် ၁၉၃၄ - ၃၅ ပညာသင်နှစ်မှာပဲ
ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်...။
တက္ကသိုလ်ကျောင်းသားဘဝမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကတော့
၁၃၀၀ ပြည့်အရေးတော်ပုံကာလအတွင်း ... ရန်ကုန်တက္ကသိုလ်
တတိယသပိတ်မှာ ခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်...။
ပြီးတော့ ၁၉၃၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့
မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ နယ်ချဲ့ဆန်ကျင်ရေး ဆန္ဒပြပွဲတွေကို
ဗြိတိသျှအစိုးရက သေနတ်နဲ့ပစ်ခတ်နှိမ်နှင်းတဲ့အတွက်
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အာဇာနည် (၁၇) ဦး ကျဆုံးခဲ့ပါတယ်...။
ဗိုလ်ဇေယျဟာလည်း အဲဲဒီနေ့မှာ... ပေါင်ကို ကျည်ထိမှန်ခဲ့တာကြောင့်
နောက်ပိုင်း နိုင်ငံရေးလောကထဲမှာ "သေနတ် လှမောင်" ဆိုပြီး
နာမည်တွင်ခဲ့ပါတယ်...။
အဆိုပါ ၁၉၃၉ ခုနှစ်အတွင်းမှာပဲ ဗိုလ်ဇေယျဟာ
ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ရခဲ့သလို....
နိုဝင်ဘာ (၁၈) ရက်နေ့မှာပဲ မြေအောက် လျှို့ဝှက်အဖွဲ့ထဲကို
စတင် ဝင်ရောက်ခဲ့ပါတယ်...။
ဂျပန်ပြည်ကို လျှို့ဝှက် စစ်ပညာသင်သွားကြတဲ့
ရဲဘော်သုံးကျိပ်အဖွဲ့ထဲမှာ ဗိုလ်ဇေယျဟာ တတိယအသုတ် ရဲဘော်အဖြစ်နဲ့
၁၉၄၁ ခုနှစ် မေလထဲမှာ ကိုဆိုင်မာရူး သဘော်နဲ့ ဗမာပြည်ကနေ
ထွက်ခွာခဲ့ပါတယ်...။
အဲဒီနောက် ဗမာ့လွတ်လပ်ရေးတပ်မတော် နဲ့ ဂျပန်စစ်တပ်တို့
မြန်မာပြည်အတွင်း ချီတက်မလာမီ... ရှေ့ပြေးတပ်အဖြစ်
ပြည်တွင်းကို ပထမဆုံး လျှို့ဝှက်ဝင်ရောက်လာတဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ထဲမှာ
ဗိုလ်ဇေယျလည်းပါဝင်ခဲ့ပါတယ်...။
ဗမာ့လွတ်လပ်ရေးတပ်မတော် နဲ့ ဂျပန်တပ်မတော်တို့
ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက်... ၁၉၄၂ ခုနှစ် ၊ ဧပြီလ ၅ ရက်နေ့မှာ
ဗိုလ်ဇေယျဟာ တပ်မ (၁) ကို ဦးစီးပြီးတော့ အထက်မြန်မာပြည်ဘက်ကို
ဆုတ်ခွာနေတဲ့ ဗြိတိသျှတပ်တွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်...။
ဂျပန်ခေတ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို
ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်တဲ့အခါ
ဗိုလ်ဇေယျဟာ ဗိုလ်မှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့သလို
မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးအဖြစ်လည်း
ဆောင်ရွက်ခဲ့ပါတယ်...။
နောက်ပြီး ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရရဲ့
ဒုတိယ စစ်ဝန်ကြီးရာထူးကိုပါ ပူးတွဲထမ်းဆောင်ခဲ့ပါသေးတယ်...။
၁၉၄၄ - ၄၅ ခုနှစ်တွေမှာ ဖက်ဆစ်တော်လှန်ရေးအတွက်
ဖတပလ (ဖဆပလရဲ့ ကနဦး အမြုတေအဖွဲ့) ကို ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့
လျှို့ဝှက်ဖွဲ့စည်းကြရာမှာလည်း ဗိုလ်မှူးဇေယျဟာ ပါဝင်ခဲ့ပါတယ်...။
ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေးကို
တရားဝင်ကြေညာလိုက်တဲ့အခါ... ဗိုလ်မှူးဇေယျဟာ ရှေ့တန်းစစ်ဌာနချုပ်ရဲ့
စစ်ဦးစီးမှူးအဖြစ်တာဝန်ယူကာ ပြည်မ ဖက်ဆစ်တော်လှန်ရေးကို
ဦးဆောင်ခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက်မှာတော့ ဗိုလ်မှူးကြီးဇေယျဟာ
စစ်ဦးစီးအရာရှိ ပထမတန်းအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာပဲ ...
၁၉၄၈ ခုနှစ် ၊ ဇူလိုင် ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့
"လက်ဝဲညီညွတ်ရေး ကောင်စီ" (ဝါဒရေးရာကို ဘေးဖယ်ပြီး ဘုံရန်သူကို တိုက်ထုတ်ရန် ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ ၊ အလံနီ) တွေကို စုပေါင်းထားသည့် ကောင်စီ) ရဲ့ အဖွဲ့ဝင်လည်း ဖြစ်လာခဲ့ပါတယ်...။
ဒီအခါမှာ ဗိုလ်မှူးကြီးဇေယျဟာ ဝန်ကြီးချုပ် ဦးနုဆီကို သွားပြီးတော့
သူ့ကို ကာကွယ်ရေးဝန်ကြီး ခန့်ဖို့ တောင်းဆိုခဲ့ပါတယ်..။
ဒါပေမယ့် ဦးနုက လက်မခံခဲ့ပါဘူး...။
အဲဒီနောက်မှာတော့ ဗိုလ်မှူးကြီးဇေယျဟာ
"လက်ဝဲညီညွတ်ရေး ကောင်စီ" ရဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ်ကို
လက်ခံလိုက်ပြီး ... သနက - ၁ ၊ သနက - ၃ (သေနတ်ကိုင်တပ်ရင်းများ) တပ်ရင်းတွေကို ဦးဆောင်ပြီး ၁၉၄၈ ခုနှစ် ၊ သြဂုတ် ၁၀ ရက်နေ့မှာ တောခိုခဲ့ပါတယ်...။
၁၉၄၈ - ၄၉ ခုနှစ်တွေမှာ ဗိုလ်မှူးကြီးဇေယျဟာ
"တော်လှန်နေသော ဗမာ့တပ်မတော်" ရဲ့ ခေါင်းဆောင်အဖြစ်နဲ့
အစိုးရတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
၁၉၄၉ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာတော့
ဗမာပြည် ကွန်မြူနစ်ပါတီ ၊ ပြည်သူ့ရဲဘော် (ရဲဘော်ဖြူ) နဲ့
တော်လှန်နေသော ဗမာ့တပ်မတော် တို့ ပူးပေါင်းလိုက်ကြပြီး
"ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု" အဖြစ် ပြည်မြို့မှာ ဖွဲ့စည်းလိုက်ကြပါတယ်...။
ဒါပေမယ့်လည်း အဆိုပါ တပ်ပေါင်းစုဟာ တစ်နှစ်မျှသာ ခံလိုက်ပြီး
၁၉၅၀ ခုနှစ် မတ်လမှာ ပြိုကွဲသွားပါတယ်...။
ဒါကြောင့်.... ဗိုလ်မှူးကြီးဇေယျဟာ "တော်လှန်နေသော ဗမာ့တပ်မတော်" ကို ဖျက်သိမ်းလိုက်ပြီး သူ့ရဲ့တပ်တွေကို ကွန်မြူနစ်တပ်တွေနဲ့ ပူးပေါင်းလိုက်သလို
သူဟာလည်း ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင် ဖြစ်လာခဲ့ပါတယ်...။
၁၉၅၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ
ဗိုလ်မှူးကြီးဇေယျ ၊ သခင်သန်းမြိုင် တို့ ခေါင်းဆောင်တဲ့
ဗမာပြည် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ
ကချင်ပြည်နယ် ၊ ဗန်းမော်ကနေ တဆင့် တရုတ်ပြည်ကို သွားရောက်ပြီး
အဝေးရောက် ကွန်မြူနစ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
(ရည်ရွယ်ချက်ကတော့ တရုတ်ကွန်မြူနစ်ပါတီကနေ စစ်ရေးအကူအညီတောင်းခံရန် ၊ နိုင်ငံရေးသင်တန်း (ကေဒါ) တက်ရန် နဲ့ နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်ရန်)
၁၉၆၃ ခုနှစ် ၊ ဇူလိုင်လ ၂၃ ရက်နေ့မှာတော့
ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီနဲ့
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်.... ဗိုလ်မှူးကြီးဇေယျတို့ ဦးဆောင်တဲ့ အဝေးရောက် ကွန်မြူနစ်အဖွဲ့ (ကူမင်းအုပ်စု) ဟာလည်း
တရုတ်နိုင်ငံကနေ ရန်ကုန်ကို ပြန်ရောက်လာခဲ့ပါတယ်...။
ဒါပေမယ့်လည်း ဆွေးနွေးပွဲဟာ မအောင်မြင်ဘဲ
ပျက်ပြားသွားတာကြောင့်... ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှာပဲ
ဗိုလ်မှူးကြီးဇေယျတို့ဟာ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်ထဲက
တောတွင်းစခန်းထဲကို ဝင်ရောက်သွားခဲ့ပါတယ်...။
အဲဒီနောက် သူဟာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့
ဗဟိုကော်မတီဝင်အဖြစ်ရော ၊ ဗဟို စစ်ဦးစီး ဌာနချုပ်မှူးအဖြစ်ပါ
တာဝန်ထမ်းဆောင်ခဲ့ပါတယ်...။
၁၉၆၇ ခုနှစ်မှာတော့ ပါတီဥက္ကဌ သခင်သန်းထွန်းဟာ
တရုတ်ကွန်မြူနစ်ပါတီရဲ့ "ယဥ်ကျေးမှု တော်လှန်ရေး" လမ်းစဥ်ကို
အတုယူပြီး ...ပါတီအတွင်းက ဝါရင့်ခေါင်းဆောင်တွေ နဲ့
ရဲဘော်ဟောင်းတွေကို "ပြင်ဆင်ရေးသမား" ၊ ရန်သူ့သူလျှို" ဆိုတဲ့
စွပ်စွဲချက်တွေနဲ့ ရှင်းလင်းခဲ့ (ဖြုတ် - ထုတ် - သ-တ်) ပါတယ်...။
ဒါကြောင့် ဗိုလ်မှူးကြီးဇေယျဟာ
သူကိုယ်တိုင်က ပါတီရဲ့ စစ်ဦးစီးချုပ်ဖြစ်ပေမယ့်လည်း
မည်သည့်အချိန်မှာ ဘယ်လိုစွဲချက်တွေနဲ့ အသ-တ်ခံရမလဲဆိုတဲ့ ဖိအားတွေ
ရှိခဲ့သလို .... တစ်ချိန်က BIA သွေးသောက် ရဲဘော်တွေဖြစ်ခဲ့ကြတဲ့
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် အသ-တ်ခံရမှုအတွက်လည်း
အလွန်အမင်း စိတ်ဓာတ်ကျဆင်းခဲ့ပါတယ်...။
ယခုလို သခင်သန်းထွန်းရဲ့ ယဥ်ကျေးမှုတော်လှန်ရေးကြောင့်
ပါတီတွင်း အကွဲကွဲအပြဲပြဲဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး...
ဗိုလ်ချုပ်နေဝင်းဟာ ဗမာပြည် ကွန်မြူနစ်ပါတီ ဌာနချုပ်ရှိတဲ့
ပဲခူးရိုးမထဲကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ပါတယ်...။
ဒါကြောင့် ၁၉၆၈ ခုနှစ် ၊ ဧပြီ ၁၆ ရက်နေ့မှာတော့ ဗိုလ်ချုပ်နေဝင်းရဲ့ တပ်တွေနဲ့ ဗိုလ်မှူးကြီးဇေယျ ဦးစီးတဲ့ တပ်တွေဟာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်...။
အဆိုပါ တိုက်ပွဲအတွင်းမှာပဲ
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီးဇေယျဟာ ရှေ့တန်းကနေ
ခုခံတိုက်ခိုက်ရင်း... ပဲခူးရိုးမထဲမှာ ကျဆုံးသွားခဲ့ရပါတယ်...။
Ref: Wikipedia
#ဗိုလ်ဇေယျ #ရဲဘော်သုံးကျိပ် #ဗမာပြည်ကွန်မြူနစ်ပါတီ

0 Comments