About Me

header ads

"တောင်ပိုင် စော်ဘွားကြီး စဝ်ခွန်ပန်းစိန်"

  "ရာထူး ၊ အာဏာ" ဆိုတာက
လူတိုင်း လိုချင်တပ်မက်ကြတဲ့ အရာပဲ ဖြစ်ပါတယ်...။

အဆိုပါ ရာထူး ၊ အာဏာ အတွက်နဲ့ပဲ
ဖြစ်ပွားခဲ့ရတဲ့ စစ်ပွဲတွေ ၊ လူတွေ ေ-သကြေပျက်စီးခဲ့ရတာတွေဟာ
ယနေ့မျက်မှောက်အထိ မြင်နေကြရဆဲပဲ ဖြစ်ပါတယ်...။

ဒါပေမယ့်လည်း.... ဒီလို လူအများစု မက်မောကြတဲ့
"ရာထူး ၊ အာဏာ" ကို ရိုးသားစွာ ငြင်းပယ်ခဲ့ကြသူတွေဟာ
ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ရှိနေပြန်ပါတယ်...။

မြန်မာ့သမိုင်းမှာဆိုရင် လွတ်လပ်ပြီးစ ပထမဆုံး သမ္မတရာထူးကို ယူဖို့
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က လေးလေးစားစား
ကမ်းလှမ်းခဲ့ပေမယ့်လည်း... ရိုးသားစွာ ငြင်းပယ်ခဲ့သူကတော့
"တောင်ပိုင် စော်ဘွားကြီး စဝ်ခွန်ပန်းစိန်" ပဲ
ဖြစ်ပါတယ်...။

တောင်ပိုင် စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ဟာ
ရှမ်းလူမျိုး မဟုတ်ဘဲ.... ပလောင် (တအောင်း) လူမျိုးပါ...။

စော်ဘွားကြီးကို ၁၈၉၄ ခုနှစ် ၊ စက်တင်ဘာလမှာ
မိဘတွေဖြစ်တဲ့ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ဆိုင်အွမ် နဲ့ ဟန်ဆိုင်တို့ကနေ
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့မှာ ဖွားမြင်ခဲ့ပါတယ်...။

၁၉၀၆ ခုနှစ်မှာ စော်ဘွားကြီးဟာ
စော်ဘွားသား ၊ သမီးတွေသာ တက်ရောက်တဲ့
တောင်ကြီး အ.ထ.က (၂) မှာ တက်ရောက်ပြီး ပညာသင်ကြားခဲ့ပါတယ်..။

အဲဒီနောက် ၁၉၁၆ ခုနှစ်
စော်ဘွားကြီး အသက် (၂၂) အရွယ်မှာတော့
တောင်ပိုင်နယ်ရဲ့ ကျမိုင်း (အိမ်ရှေ့စံ) ဖြစ်လာပြီး
ဖခင်ရဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်...။

စော်ဘွားကြီးဟာ ကျမိုင်း (အိမ်ရှေ့စံ) ဘဝ နဲ့
ဆယ်နှစ်နေပြီး အသက် (၃၂) နှစ်အရွယ်ရောက်တဲ့အခါမှာ
ဖခင် တောင်ပိုင် စော်ဘွားကြီး စဝ်ခွန်ဆိုင်အွမ် ကွယ်လွန်သွားတာကြောင့်
စဝ်ခွန်ပန်းစိန်ဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး
တောင်ပိုင် စော်ဘွားကြီး ဖြစ်လာခဲ့ပါတယ်..။

ဂျပန်ခေတ်မှာ တောင်ပိုင်နယ်ကို အုပ်ချုပ်ဖို့
စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ကပဲ တာဝန်ယူခဲ့ရသလို
၁၉၄၄ မှာတော့.... ကမ္ဘောဇတိုင်း(ရှမ်းပြည်) ကိုယ်စားလှယ်
အတိုင်ပင်ခံ လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်...။

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်
လွတ်လပ်ရေးရဖို့အတွက်.... ပြည်မမှာ
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလက
အပြင်းအထန် ကြိုးစားနေချိန်... ၁၉၄၅ ခုနှစ် ၊ နိုဝင်ဘာ ၆ ရက်နေ့မှာပဲ
တောင်ပိုင် စော်ဘွားကြီး စဝ်ခွန်ပန်းစိန် နဲ့ မိုးမိတ် စော်ဘွားကြီး စဝ်ခွန်ချိုတို့ဟာ အင်္ဂလန်ကိုသွားပြီး ရှမ်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့
သွားရောက်တောင်းဆိုခဲ့ကြပါတယ်...။

နောက်ပြီး ၁၉၄၆ ဇန်နဝါရီလ ၁ ရက်မှာလည်း
ရှမ်းပြည် အနာဂတ်အရေးအတွက် အစီအမံတွေချမှတ်ဖို့
တိုင်ပင်ဆွေးနွေးခဲ့ ကြပါသေးတယ်...။

ဒါပေမယ့် နောက်ပိုင်း.... လွတ်လပ်ရေးကို
ပြည်မနဲ့အတူ ပူးပေါင်းရယူကြဖို့ သဘောတူလိုက်ကြပြီး
၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ်ချုပ်တဲ့အခါ
စော်ဘွားကြီး စဝ်ခွန်ပန်းစိန်လည်း လက်မှတ်ရေးထိုးခဲ့ပါတယ်..။

အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းက
မြန်မာပြည်ရဲ့ ပထမဆုံး သမ္မတ ရာထူးကို
ရှမ်းအမျိုးသားတစ်ယောက်ကို ပေးဖို့ ဆန္ဒရှိကြောင်း
ရှမ်းပြည် လူထုကိုယ်စားလှယ် ဦးဖေခင်ကို ဖွင့်ပြောခဲ့ပါတယ်..။

ဦးဖေခင်ကလည်း တောင်ပိုင် စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ဟာ
သမ္မတ ရာထူးနဲ့ သင့်လျော်ကြောင်း အကြံပေးခဲ့ပြီး
စော်ဘွားကြီးရဲ့ သဘောဆန္ဒကို တီးခေါက်ကြည့်ဖို့
ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်...။

အဲဒီနောက် ဦးဖေခင်က စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ကို
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားကို ပြောပြတဲ့အခါမှာတော့
"မလုပ်ပါနဲ့ ကိုဖေခင်ရယ်... သမ္မတ အိမ်တော်ထဲမယ် ကျွန်တော် ထောင်ကျနေသလို ဖြစ်နေပါ့မယ်" ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြန်ပြောခဲ့ပါတယ်...။

ပြီးတော့ စော်ဘွားကြီးက...သူ့ထက် ဝါရင့်တဲ့ စော်ဘွားတွေလည်း
ရှိသေးကြောင်း ၊ တကယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ရှမ်းလူမျိုးတစ်ဦးကို
သမ္မတ တင်မြှောက်ချင်တယ်ဆိုရင်တော့ စော်ဘွားတွေ အားလုံး
ဆွေးနွေးတိုင်ပင်ပြီး .... အများသဘောနဲ့သာ လုပ်သင့်ကြောင်း
အကြံပေးခဲ့ပါတယ်...။

နောက်နေ့မှာ .... တောင်ပိုင် စော်ဘွားကြီး စဝ်ခွန်ပန်းစိန် ရဲ့
ထမင်းစားဖို့ ဖိတ်ကြားချက်အရ... ဗိုလ်ချုပ်အောင်ဆန်း နဲ့
ဦးဖေခင်တို့ စော်ဘွားကြီးအိမ်ကို ထွက်လာခဲ့ကြပါတယ်...။

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ


Post a Comment

0 Comments