ယုံကြည်ကိုးစားမှုကို ခံရတဲ့သူတစ်ဦးဖြစ်ပြီး
သူ့ကို တပ်မတော်ရဲ့ ခေါင်းဆောင်နေရာပေးဖို့အထိ
ဗိုလ်ချုပ်အောင်ဆန်းက တွေးထားခဲ့တာပါ...။
ဗိုလ်လကျ်ာကို ၁၉၁၁ ခုနှစ် ၊ သြဂုတ် ၃၁ ရက်နေ့မှာ
ပျဥ်းမနားမြို့မှာ မွေးဖွားခဲ့ပြီး... အမည်ရင်းကတော့
ကိုလှဖေလို့ ခေါ်ပါတယ်...။
သူဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ၊ သခင်နုတို့နဲ့ ခေတ်ပြိုင်ဖြစ်ပြီး
ကျောင်းသား သမဂ္ဂမှာရော တို့ဗမာအစည်းအရုံးမှာပါ
တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်...။
အဲဒီနောက် ဂျပန်ပြည်ကို လျှို့ဝှက်ပြီး စစ်ပညာသင်သွားခဲ့ကြတဲ့
ရဲဘော်သုံးကျိပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ဗိုလ်လကျ်ာဟာ
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) မှာ ဒုတိယအာဏာအရှိဆုံး
ဖြစ်လာခဲ့ပါတယ်...။
အဲဒီကနေ အဆင့်ဆင့်ဖွဲ့စည်းလာတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၊
ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) စတဲ့ တပ်မတော်ခေတ်တစ်လျှောက်လုံးမှာ ဗိုလ်လကျ်ာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည်စိတ်ချရဆုံး
ရဲဘော်ရဲဘက်ဖြစ်ခဲ့သလို .... ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ပြည်ကို
သွားရောက်နေချိန်တွေမှာလည်း တပ်မတော်ရေးရာကိစ္စတွေကို
သူကပဲ ဦးစီကွပ်ကဲခဲ့ရပါတယ်...။
၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီးနောက်မှာ
ဗိုလ်လကျ်ာဟာ တပ်မတော်မှာ ဝါအရင့်ဆုံး ဖြစ်တဲ့အတွက်
ဆိုရှယ်လစ်အုပ်စုက လိုလားတဲ့ ဗိုလ်နေဝင်းနဲ့ အပြိုင်ဖြစ်လာခဲ့ပါတယ်။
နောက်ပြီး ဗိုလ်လကျ်ာဟာ
စစ်တပ်ကို နိုင်ငံရေးကင်းတဲ့ တပ်ဖြစ်အောင် ကြိုးစားခဲ့တဲ့အတွက်လည်း
BIA ၊ BDA ခေတ်တလျှောက် တပ်ထဲမှာပါလာတဲ့
ဆိုရှယ်လစ် ၊ ကွန်မြူနစ် တပ်မှူးတွေနဲ့ သဟဇတမဖြစ်ခဲ့ပါဘူး..။
နောက်တစ်ချက်က ကန္နီစာချုပ်အရ
ဗြိတိသျှတပ်ထဲက တိုင်းရင်းသားတပ်တွေကို ... တပ်မတော်ထဲ
ပေါင်းထည့်ဖွဲ့စည်းခဲ့ပြီး အဆိုပါ တိုင်းရင်းသားလူမျိုးစု တပ်မှုးတွေကို
ဗိုလ်လကျ်ာက ပစားပေးတယ်ဆိုတဲ့ အမြင်တွေလည်း ဗမာစစ်ဗိုလ်တွေကြားမှာ ရှိလာကြပါတယ်...။
ဒါကြောင့် တပ်မတော်အတွင်းက ဗိုလ်နေဝင်း ဦးဆောင်တဲ့
ဆိုရှယ်လစ်အုပ်စု ၊ ဗိုလ်ဇေယျ ဦးဆောင်တဲ့ ကွန်မြူနစ် အုပ်စုတွေက
ဂိုဏ်းဂဏ အစွဲမရှိတဲ့ ဗိုလ်လကျ်ာ နဲ့ ကရင်တပ်မှုးတချို့ကို ဖယ်ရှားဖို့ တပ်အတွင်းကနေ ကြိုးစားကြသလို... ဆိုရှယ်လစ် နိုင်ငံရေးသမားအုပ်စုတွေ
ကလည်း နိုင်ငံရေးဖိအားနဲ့ ကြိုးစားခဲ့ကြပါတယ်...။
နောက်ပြီး ဗိုလ်လကျ်ာအပေါ် နိုင်ငံရေးဖိအားတွေ ပိုရှိလာစေတာကတော့
သမိုင်းဝင် စစ်ရေးပူးပေါင်းမှု စာချုပ်တစ်ခုဖြစ်တဲ့
လကျ်ာ-ဖရီးမင်း စာချုပ်ပဲ ဖြစ်ပါတယ်...။
အဆိုပါ စာချုပ်အရ လွတ်လပ်ရေးရပြီးနောက်
မြန်မာပြည်မှာ ဗြိတိသျှ စစ်ဘက်မစ်ရှင်တွေ ဆက်ပြီးရှိနေခွင့် နဲ့
ဗြိတိသျှတပ်မတော်က မြန်မာတပ်မတော်ကို လေ့ကျင့်ရေးနှင့် စစ်ရေးအကူအညီတွေ ပေးဖို့ သဘောတူခဲ့ကြပါတယ်...။
ပြီးတော့ အရေးပေါ် လိုအပ်တဲ့ အခြေအနေတွေမှာ
ဗြိတိသျှဘက်က မြန်မာ့လေပိုင်နက်နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အသုံးပြုနိုင်မယ့် ပူးပေါင်းဆောင်ရွက်ရေး အချက်အချို့လည်း
ပါဝင်ခဲ့ပါတယ်။ (တကယ်တော့ အဆိုပါ စာချုပ်ဟာ လွတ်လပ်ရေးရပြီးနောက် မြန်မာစစ်တပ်ကို ဗြိတိသျှတို့က စစ်ရေးအရ အကူအညီပေးရေး နဲ့
အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့သာ ရည်ရွယ်ချုပ်ဆိုခဲ့ကြတာပါ )
ဒါပေမယ့် အထက်ပါ အချက်တွေကို ထောက်ပြီး
လက်ဝဲသမားတွေဖြစ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက ဗိုလ်လကျ်ာကို
"နယ်ချဲ့လက်ပါးစေ၊ လွတ်လပ်ရေးကို ဗြိတိန်ဆီ ပြန်ရောင်းစားသူ" လို့ ပြင်းပြင်းထန်ထန် သမုတ်ပြီး ရာထူးကဆင်းပေးဖို့အထိ
ဖိအားပေးတာ ခံခဲ့ရပါတယ်...။
ဒီလို ဝေဖန်မှုတွေအပြင်
ဖဆပလ အစိုးရအဖွဲ့ထဲ (ရဲဘော်ဖြူ ၊ ဆိုရှယ်လစ်) ကပါ
ဗိုလ်လကျ်ာကို တိုက်ခိုက်လာခဲ့ကြပါတယ်... ။
ဒီလို ဂိုဏ်းဂဏတွေ စပြီး ကွဲချိန်ကတည်းက
ဗိုလ်လကျ်ာကို အာဏာသိမ်းဖို့အတွက်... ရဲဘော်သုံးကျိပ်ဝင်အချို့ နဲ့
ဖဆပလခေါင်းဆောင်အချို့က တိုက်တွန်းခဲ့ကြပေမယ့်
တိုင်းပြည်နာမှာစိုးတဲ့အတွက် မသိမ်းခဲ့ကြောင်း.... သမီးဖြစ်သူ
ဒေါက်တာ ခင်လကျ်ာရေးတဲ့ "ဖေဖေ ဗိုလ်လကျ်ာ" စာအုပ်မှာ
ရေးသားထားပါတယ်..။
ဒီလိုနဲ့ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ.... ဗိုလ်လကျ်ာဟာ
ဒုတိယဝန်ကြီးချုပ် ရာထူး နဲ့ စစ်သေနာပတိချုပ်ရာထူးကနေပါ
နုတ်ထွက်ပြီး တပ်မတော်ကနေ အပြီးထွက်ခွာခဲ့ပါတယ်...။
တပ်ကနေ ထွက်ပြီးနောက် ဗိုလ်လကျ်ာဟာ
လကျ်ာကုမ္မဏီ (Letya & Co.) ကို တည်ထောင်ပြီးတော့
ရေလုပ်ငန်း ၊ သစ်လုပ်ငန်း စတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ပြီး
နိုင်ငံရေး ၊ စစ်ရေးနဲ့ ဝေးရာမှာပဲ နေထိုင်ခဲ့ပါတယ်...။
၁၉၆၂ ခုနှစ်... ဗိုလ်နေဝင်း အာဏာသိမ်းချိန်မှာတော့
ဖဆပလ ခေါင်းဆောင်ဟောင်းတွေနဲ့အတူ...
ဗိုလ်လကျ်ာလည်း ထိန်းသိမ်းခံခဲ့ရပါတယ်...။
ဒါကြောင့် .... ဗိုလ်လကျ်ာဟာ အကျဥ်းထောင်အတွင်းမှာ
(၅) နှစ်ဝန်းကျင်မျှ နေခဲ့ရပြီး ...၁၉၆၇ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်...။
အဲဒီနောက် ၁၉၆၈ ခုနှစ်မှာ ဗိုလ်နေဝင်းက
နိုင်ငံအတွက် အကြံပေးဖို့အတွက်....
နိုင်ငံရေးသမားဟောင်း (၃၃) ဦးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာမှာ
အဆိုပါ အဖွဲ့ထဲမှာ ဗိုလ်လကျ်ာလည်း ပါဝင်ခဲ့ပါတယ်...။
ဗိုလ်လကျ်ာ နဲ့ ထိုအဖွဲ့ကနေ တိုင်းပြည်ကို
ပါလီမန် ဒီမိုကရေစီစနစ်နဲ့ ပြန်သွားဖို့.... အကြံပေးခဲ့ပေမယ့်
ဗိုလ်ချုပ်နေဝင်းက လက်မခံပဲ ပယ်ချခဲ့ပါတယ်...။
ဒါကြောင့် ဗိုလ်လကျ်ာဟာ စစ်အာဏာရှင်စနစ်ကို
လက်နက်ကိုင်တော်လှန်ဖို့ နည်းလမ်းကလွဲပြီး အခြားနည်း မရှိတော့ဘူးလို့
ဆုံးဖြတ်လိုက်ပြီး... ၁၉၆၉ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့အတူ
ထိုင်းနိုင်ငံဘက်ကို လျှို့ဝှက်စွာ ထွက်ခွာခဲ့ပါတယ်..။
အဲဒီကနေတဆင့် ပါလီမန်ဒီမိုကရေစီအဖွဲ့ချုပ် (PDP) ကို
ဝန်ကြီးချုပ်ဟောင်း ဦးနု ၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်တို့နဲ့အတူ
ဖွဲ့စည်းတည်ထောင်ခဲ့ပြီး... ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ကာ
ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အစိုးရတပ်ကို လက်နက်ကိုင်တော်လှန်ခဲ့ပါတယ်...။
သို့သော်လည်းပဲ PDP တပ်တွေ နဲ့
KNU လက်အောက်ခံ တပ်တွေကြားမှာ နယ်မြေစိုးမိုးရေးနဲ့ ပက်သက်ပြီး
အမြဲတမ်း ပဋိပက္ခဖြစ်ပွားနေရတာကြောင့်....ဗိုလ်လကျ်ာရဲ့
ရန်ကုန်ကို ချီတက်သိမ်းပိုက်ပြီး အာဏာရှင် ဗိုလ်နေဝင်းကို ဖြုတ်ချမယ့်အရေးဟာ ထင်သလောက် ခရီးမရောက်ဖြစ်နေခဲ့ပါတယ်...။
နောက်ဆုံး ၁၉၇၈ ခုနှစ်မှာတော့
ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်တွေနဲ့ ဖြစ်ပွားတဲ့
တိုက်ပွဲတစ်ခုအတွင်းမှာ ဗိုလ်လကျ်ာတစ်ယောက် ကျဆုံးသွားခဲ့ရပါတယ် ။
တချိန်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည်မှုကို အပြည့်အဝရရှိခဲ့သူ
စကားပြော နူးညံ့သိမ်မွေ့ပြီး ရိုးရိုးကုတ်ကုတ်သာ နေထိုင်တတ်သူ
"လကျ်ာကုမ္မဏီ" ထောင်ပြီး စီးပွားရေးအောင်မြင်ခဲ့တဲ့သူ
တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်စေချင်ပြီး....အာဏာရှင်စနစ်ကို
ရွံမုန်းတဲ့သူ.... ဒီလူဟာ ထိုင်း - မြန်မာ နယ်စပ်က
သွေးချင်းတွေ အချင်းချင်းဖြစ်ပွားတဲ့ ပဋိပက္ခအတွင်းမှာပဲ
ကြွေလွင့်သွားခဲ့ရပါတယ်.....။
#ဗိုလ်လကျ်ာ #ရဲဘော်သုံးကျိပ် #အာဏာသိမ်း

0 Comments