About Me

header ads

နော်လူဝီဇာ ဘတ်ဆင်

  နော်လူဝီဇာ ဘတ်ဆင် ကို
၁၉၄၁ ခုနှစ် ၊ မတ်လ (၁၀) ရက်နေ့မှာ
မွေးပါတယ်။

ဖခင်ကတော့ ....ပေါ်တူဂီနွယ်ဖွား ဂျူးဘာသာဝင်
မိုးဆက်စ် ဘတ်ဆင် ဖြစ်ပြီး ....မိခင်ကတော့ ကရင်လူမျိုး နော်ချစ်ခင်
ဖြစ်ပါတယ်။

နော်လူဝီဇာ ဘတ်ဆင် မှာ ... မောင်နှမောင် (၃) ယောက်ရှိပြီး
သူမကတော့ အကြီးဆုံးပဲ ဖြစ်ပါတယ်...။

နော်လူဝီဇာ ဟာ.... ၁၉၅၆ ခုနှစ် (သူမအသက် ၁၅) နဲ့
၁၉၅၈ ခုနှစ်တွေမှာ ကျင်းပတဲ့ .... မယ်ဗမာ (Miss Burma) သရဖူကို
နှစ်ကြိမ်တိုင်တိုင် ရယူနိုင်ခဲ့ပါတယ်...။

ဒါကြောင့် .... သူမဟာ ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခံရပြီးနောက်
"ဝဏ္ဏကျော်ထင် ဦးမင်းဒင် " ၊ " ပိတောက်တွေ ပွင့်ပြန်ပေါ့ " စတဲ့
ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ၊ သီချင်းတွေလည်း
သီဆိုခဲ့ပါတယ်...။

ယခုလို အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း နဲ့ တစ်ဖက်မှာလည်း
နော်လူဝီဇာဟာ ရန်ကုန်တက္ကသိုလ်ကနေ ...၁၉၆၃ ခုနှစ်မှာ
အင်္ဂလိပ်စာနဲ့ ဘွဲ့ရပါတယ်..။

ပြီးတော့ အမေရိကန်နိုင်ငံ ၊ ဘော်စတွန်
တက်ဖ် တက္ကသိုလ်မှာလည်း သွားရောက် ပညာသင်ယူခဲ့ပါသေးတယ်...။

အဲဒီနှစ်အတွင်းမှာပဲ ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီ နဲ့
ကရင် တော်လှန်ရေးကောင်စီ ကြားမှာ .... ငြိမ်းချမ်းရေး သဘောတူညီချက်
လက်မှတ် ရေးထိုးခဲ့ပါတယ်..။

အဆိုပါ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး ... နောက်တစ်နှစ်
၁၉၆၄ ခုနှစ်မှာ ... ကရင် တော်လှန်ရေးကောင်စီ ၊ တပ်မဟာ (၅) ရဲ့
တပ်မှူး ဗိုလ်မှူးချုပ် လင်းထင် နဲ့ အလှမယ် နော်လူဝီဇာ ဘတ်ဆင်တို့ဟာ
ရန်ကုန်မြို့မှာ လက်ထပ်ခဲ့ကြပါတယ်...။

ထိုစဥ်က မယ်ဗမာ အလှမယ် နော်လူဝီဇာ ဘတ်ဆင် နဲ့
ကရင်လက်နက်ကိုင်အဖွဲ့ရဲ့ အရာရှိ ဗိုလ်မှူးချုပ် လင်းထင်တို့ရဲ့
မင်္ဂလာပွဲ သတင်းဟာ... တစ်တိုင်းပြည်လုံးမှာ ဟိုးလေတကျော်
သတင်း ဖြစ်ခဲ့ပါတယ်...။

ဒါပေမယ့်လည်း.... ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီက
ဗိုလ်မှူးချုပ် လင်းထင် ရဲ့ တပ်ကို .... ပြည်သူ့စစ်ပုံစံပြောင်းလဲ ဖွဲ့စည်းဖို့
ဖိအားပေးခဲ့တာကြောင့် နှစ်ဖက်တင်းမာမှုတွေ ရှိခဲ့ပါတယ်...။

အဲဒီအခြေအနေမှာပဲ... စစ်ထောက်လှမ်းရေးက
ဗိုလ်မှူးချုပ် လင်းထင်ကို ... ၁၉၆၅ ခုနှစ်မှာ ပစ်ခတ်လုပ်ကြံလိုက်တာကြောင့်
နော်လူဝီဇာ ဘတ်ဆင်ဟာ.... သူ့ခင်ပွန်းရဲ့ တပ်သားတွေကို စုစည်းပြီး
KNU တပ်မဟာ (၅) နယ်မြေထဲကို ထွက်ခွာသွားခဲ့ပါတယ်..။

အခုလို ... မယ်ဗမာ ဆုရှင် ၊ ရုပ်ရှင် မင်းသမီး
နော်လူဝီဇာ ဘတ်ဆင် တစ်ယောက်... ကရင်လက်နက်ကိုင် တော်လှန်ရေးထဲကို ဝင်ရောက်သွားမှုက တစ်နိုင်ငံလုံးကို အံ့အားသင့်စေခဲ့ပါတယ်...။

အဲဒီနောက် နော်လူဝီဇာ ဘတ်ဆင်ဟာ
ဖရိုဖရဲဖြစ်နေတဲ့ ကရင်တော်လှန်ရေးကောင်စီ (KRC) ၊
တပ်မဟာ (၅) အင်အားစုတွေကို ပြန်လည် စုစည်းခဲ့ပါတယ်။

ပြီးတော့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့
ပြန်လည်ပူးပေါင်းခဲ့တာကြောင့်...နော်လူဝီဇာ ဘတ်ဆင်ဟာ
တပ်မဟာ (၅) ရဲ့ အဖွဲ့ဝင် ဖြစ်လာပါတယ်..။

ရုပ်ရှင်မင်းသမီး နော်လူဝီဇာ ဘတ်ဆင်ဟာ
KNU နယ်မြေထဲမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ဖြတ်သန်းရင်း
နောက်ဆုံးမှာ.... KNU ဥက္ကဌ ဗိုလ်မြနဲ့ သဘောထား ကွဲလွဲမှုတွေကြောင့်
ထိုင်းနယ်စပ်ကို ထွက်ခွာခဲ့ပါတယ်...။

အဲဒီနောက်... သူမ အမေရိကန်နိုင်ငံ ၊ ဘော်စတွန် တက်ဖ် တက္ကသိုလ်မှာ
ပညာသင်ကြားစဥ်က အတန်းဖော်... ရည်းစားဟောင်းဖြစ်တဲ့
အမေရိကန်ရေတပ် အရာရှိ (ထိုင်းအခြေစိုက်) ဂလန်းခရေ့ နဲ့ အဆက်အသွယ်ပြန်ရပြီး.... ၁၉၇၆ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်...။

ဒီလိုနဲ့ပဲ နော်လူဝီဇာ ဘတ်ဆင်ဟာ
သျှောင်နောက် ဆံထုံးပါဆိုတဲ့ စကားအတိုင်း
အမေရိကန်နိုင်ငံကို လိုက်ပါခဲ့ပါတယ်...။

သူမဟာ အမေရိကန်မှာ နေထိုင်နေစဥ်အတွင်း
ထိုင်း - မြန်မာ နယ်စပ်က.... ကရင်ဒုက္ခသည်တွေ
အမေရိကန်နိုင်ငံကို ပြောင်းရွေ့အခြေချနိုင်အောင်
အားကြိုးမာန်တက် ဆောင်ရွက်ပေးခဲ့ပါတယ်...။

ပြီးတော့...သူမဟာ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြရတဲ့
ကရင်လူမျိုးတွေအရေးကို တက်တက်ကြွကြွ
ဆောင်ရွက်ပေးခဲ့တဲ့.... လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ
တစ်ယောက်လည်း ဖြစ်ပါတယ်..။

ဒါကြောင့်.... နော်လူဝီဇာ ဘတ်ဆင် ဟာ
ကရင်လူထုက လေးစားချစ်ခင်ရတဲ့ "လူထုခေါင်းဆောင်" တစ်ဦး ဖြစ်ခဲ့ပါတယ်...။

တချိန်က မယ်ဗမာ အလှမယ် ၊ ရုပ်ရှင် မင်းသမီးဖြစ်ခဲ့တဲ့
နော်လူဝီဇာ ဘတ်ဆင်ဟာ.... ၂၀၁၀ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာပဲ
ဦးနှောက် ကင်ဆာ ရောဂါနဲ့... အမေရိကန်မှာ ကွယ်လွန်ခဲ့ပါတယ်...။

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ  

Post a Comment

0 Comments