About Me

header ads

ရခိုင် ကမ်း ရိုးတန်း အလှည့် အ ပြောင်း


 

 AA ရဲ့ ရေတပ် ခြေ လှမ်းသစ် နဲ့ ရခိုင် ကမ်း ရိုးတန်း အလှည့် အ ပြောင်း ဆီ သို့
--------------------------------------
"ရက္ခိုင်တမျိုးသားလုံးရဲ့ ရည်မှန်းချက်တွေ ရာနှုန်းပြည့် အောင်မြင်ရန် လက်တကမ်းအလိုကို ရောက်ရှိနေပြီလို့ အာရက္ခတပ်တော်က မေလ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“လက်ရှိအချိန်ကာလတွင် အာရက္ခပြည်လုံးနီးပါးကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီး တမျိုးသားလုံးရဲ့ ရည်မှန်းချက်မှာ ရာနှုန်းပြည့် အောင်မြင်ရန် လက်တကမ်းအလိုကို ‌ရောက်ရှိနေပြီး ဖြစ်ပါတယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်"။

အထက် ပါ သတင်းစကားကို AA က ထုတ်ပြန် အသိပေးလာခြင်း ဟာ စကားနောက် မှာ တရားပါဆိုသလိုပဲ ကာယ၊ ဥာဏ အားစိုက် ထားမှု မြောက် များစွာ ပါဝင် နေတယ်။ AA က ကာယ၊ ဥာဏ အားစိုက် ထားမှု တို့ ကြောင့် အာရက္ခ တစ် မျိုးသားလုံးရဲ့ ရည် မှန်း ချက် တွေ ရာနှုန်း ပြည့် အောင် မြင် ရန် လက် တကမ်း အလိုကို ရောက် ရှိနေ ပြီ လို့ ယုံကြည် ချက် ပြင်းပြင်း ဖြင့် မျက် မှောက် ဒိဋ္ဌ အ ခြေ အ နေ ကို AA က ထုတ် ဖော် ပြောဆိုလိုက် ခြင်း ဖြစ် တယ်။
ရန် သူ က ရန် သူ အလုပ် များ ကို လုပ် ဆောင် နေ သလို AA က လည်း AA အလုပ် ကို လက် တကမ်း မှ လက် တစ် ထွာ၊ လက် တစ် ထွာ မှ အလုံးစုံ ပြည့်ဝ အောင် အထိ လုပ် ဆောင် ရမှာ က AA ရဲ့ တာဝန် ဖြစ် တယ်။ ထိုနည်း တူစွာ အာရက္ခ ပြည် တွင်းရှိ ရခိုင် မျိုးနွယ် စု နဲ့ တ ခြား အာရက္ခ ပြည် ဖွား မျိုး နွယ် စု အား လုံးမှာ လည်း တာဝန် ကိုယ် စီ ရှိကြပါတယ်။ ပြည် သူများ က ပြည် သူ့ တာဝန် အသီးသီးကို ကျေပွန် ဖို့ လိုအပ် သလို၊ AA က လည်း AA တာဝန် ကို ပီပြင် စွာ၊ ဟန် ချက် ညီစွာ ကျေ ပွန် ကြမှသာလျှင် အာရက္ခ တစ် မျိုးသားလုံးရဲ့ ရည် မှန်း ချက် တွေ ရာနှုန်း ပြည့် အောင် မြင် ရန် လက် တကမ်း အလိုကို ကျော် ဖြတ် နိုင် မှာ ဖြစ် တယ်။ တန်း တူ အခွင့် အ ရေး နဲ့ တန်း တူ ပေးဆပ် မှု များ ဟာ အာရက္ခမျိုး နွယ် စု အားလုံးအတွက် သေ ရေး၊ ရှင် ရေး သမိုင်းပေး တာဝန် ပင် ဖြစ် တယ်။

ဒီသတင်းစကားကို AA က ထုတ်ပြန် အသိပေးလာပြီးနောက် လက် ရှိ စစ် တွေနဲ့ ကျောက် ဖြူ ရေတပ် စခန်းများ အနီး တိုက် ပွဲ များ ပြင်း ထန် လာ နေ ပြီ ဆိုတဲ့ အ ကြောင်း ကို အောက် ပါသတင်း တွေ မှာ တွေ့ရှိရတယ်။

"အာရက္ခတပ်တော် (AA)က ရခိုင်တပြည်လုံး သိမ်းနိုင်သော အခြေအနေရောက်ရှိပြီး တမျိုးသားလုံး ရည်မှန်းချက် ရာနှုန်း ပြည့်အောင်မြင်ရန် လက်တကမ်းအလိုရောက်နေပြီဟု ထုတ်ပြန်ပြီးနောက် စစ်တွေ၊ ကျောက်ဖြူ ရေတပ်စခန်းများအနီး တိုက်ပွဲများ ပြင်းထန်လာနေသည်။

စစ်တွေတောင်ဘက် ဘင်္ဂလားပင်လယ်ဝနှင့် အရှေ့ဘက် ကုလားတန်မြစ်ဝ၌ နေရာယူထားသည့် စစ်သင်္ဘောများကို AA က လက်နက်ကြီးဖြင့်ပစ်သလို ရွှေမင်းဂံ(ချောင်းနွယ်) ရေတပ်ထောက်ပံ့ရေးစခန်းနှင့် ကျားမသောက်တပ်ရင်းတို့၏ ရှေ့ကာ စခန်းများကိုလည်း တိုက်ခိုက်နေသဖြင့် ရေတပ်သင်္ဘောများက အမြောက်ဖြင့် အပြန်အလှန်ပစ်ခတ်ရာ တိုက်ပွဲပြင်းထန်နေ ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်း မြစ်များက ပြောသည်။

စစ်တွေမြို့နေတဦးက “စစ်တွေမှာ တိုက်ပွဲဖြစ်နေတာ တပတ်ကျော်ပြီ။ ညဘက်ဆိုရင် လက်နက်ကြီးသံတွေ တဂျိမ်း ဂျိမ်းနဲ့ ကြားရပြီ။ AA ကလည်း နေရာစုံကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ စစ်တပ်ကလည်း ရဲတပ်ရင်း ၁၂ က ပြန်ပစ်တယ်” ဟု ပြောသည်။

စစ်တွေမြို့ တောင်ဘက် ဘင်္ဂလားပင်လယ်ဝနှင့် အရှေ့ဘက် ကုလားတန်မြစ်ဝတွင် နေရာယူထားသည့် စစ်သင်္ဘောများကို AA က လက်နက်ကြီးနှင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း သင်္ဘောတစီး ထိမှန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“နေဗီ တစီးထိသွားတယ် ကြားတယ်။ အဲဒါ စစ်တပ် မိသားစုတွေဆီက ကြားရတာ။ အခု နေဗီတွေက ပင်လယ်ဘက်မှာပဲ နေတော့တယ်။ မြစ်ထဲမှာ သိပ်မနေတော့ဘူး။ နေရင်လည်း အကြာကြီး ရပ်မနေဘူး” ဟု စစ်တွေမြို့ခံက ပြောသည်။

AA သည် ရွှေမင်းဂံရေတပ်စခန်းအနီးရှိ ကာကင်းစခန်းအချို့ကို ယခုနှစ်ဆန်းပိုင်းကတည်းက သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

AA နှင့် နီးစပ်သည့် ဒေသခံနောက်တဦးက “ရွှေမင်းဂံဘက်မှာ အများဖြစ်တယ် တိုက်ပွဲက။ လေယာဉ် မလာတဲ့ ရက်တွေ ဆို တိုက်ပွဲပြင်းတယ်။ လေယာဉ်လာရင်တော့ ငြိမ်တယ်” ဟု ပြောသည်။

ရွှေမင်းဂံရေတပ်စခန်းသည် ကုလားတန်မြစ်ကမ်းဘေး၊ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် တည်ရှိပြီး အင်အား ရာချီချထားသည့် စခန်းကြီးတခု ဖြစ်သည်။ အလားတူ ကျားမသောက်တပ်ရင်းသည်နှင့် စစ်တွေမြို့ တွင် အခြေစိုက် ထားသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ - စစ်တွေ) ဌာနချုပ်နှင့် အနီးဆုံး တည်ရှိသည်။

စစ်တွေမြို့ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတဦးက “ဗိုလ်ချုပ်ပြောတဲ့အတိုင်း တကယ် သိမ်းတော့ မယ် ထင်တယ်။ အခုကမ်းနားလမ်းမှာ တပ်က ဘန်ကာတွေတောင် ဆောက်ထားပြီ။ ကမ်းနားလမ်း တလျောက်လုံးမှာ လုပ် နေတာ ဓာတ်တိုင် တတိုင်စာလောက်မှာ တခုတောင် ရှိမလားမသိဘူး။ မိုင်းတွေပါ ထပ်ထောင်နေတယ်” ဟု ပြောသည်။

စစ်တွေမြို့အပြင် တရုတ်စီမံကိန်းများတည်ရှိသည့် ကျောက်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုး တန်ပြန်ထိုးစစ်ဆင်နေသည့် စစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်လျက်ရှိသည်။ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းမှ စနဲမြို့ဘက်ဆီ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို AA က ကြားဖြတ် တိုက်ခိုက်၍ တန်ပြန်ထိုးစစ်ဆင်နေပြီး တော်မော်ဦးရေတပ်စခန်းနှင့် တမိုင်ကျော်အကွာ အ၀တောင် ကျေးရွာအနီးတဝိုက် တွင် တိုက်ပွဲများဖြစ်နေခြင်း ဖြစ်သည်။

AA နှင့် နီးစပ်သည့် ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်တဦးက “၂၉ ရက်ကနေ မနေ့ကအထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ် တယ်။ ဒီနေ့တော့ နည်းနည်း ငြိမ်တယ်။ သုံးရက်အတွင်း စစ်တပ်အလောင်း လေးဆယ်ကျော် ရလိုက်တယ်။ ဘယ်သူ ဘယ်ဝါ ပါတယ်ဆိုတာတော့ တိတိကျကျမသိရသေးဘူး။ ကိုယ့်လူတွေ စနိုက်ပါနဲ့ ချထားတာ ဗိုလ်ကြီးတကောင် ပါသွား တယ်လို့တော့ သိရတယ်” ဟု ပြောသည်။လက်ရှိတွင် တန်ပြန်ထိုးစစ်ဆင်လာသည့် AA သည် အ၀တောင်ကျေးရွာအလွန် တောင်မော်ဦးရေတပ် ကာကင်းနားအထိ ရောက်သွားပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းများနှင့် ဓညဝတီရေတပ်ဌာနချုပ်တို့မှ ထုတ်နုတ်အင်အားများနှင့် အင်အားငါးရာ ဝန်းကျင် ဖြည့်တင်းထားသည့် တောင်မော်ဦးရေတပ်စခန်းပတ်လည်ကို AA က ဝန်းရံပိတ်ဆို့ကာ တိုက်ခိုက်နေခြင်း ဖြစ် သည်။

ယခုအခါ တိုက်ပွဲပြင်းထန်အထိနာလာသည့်အတွက် တောင်မော်ဦးရေတပ်စခန်းရှိ တပ်အရာရှိပိုင်းနှင့် မိသားစုဝင်တချို့ကို ဓညဝတီရေတပ်ဌာနချုပ်၊ ကျောက်ဖြူမြို့ပေါ်တပ်ရင်းများဆီ စက်လှေများနှင့် ရွှေ့ပြောင်းနေသည်ဟုလည်း ကျောက်ဖြူ ဒေသခံများက ပြောသည်။

“စက်လှေတွေနဲ့ မြို့ပေါ်ကို ပြောင်းနေတယ်။ ပြီးရင် အပြန်မှာကျတော့ မြို့ပေါ် ခလရ ၃၄ က စစ်သားတွေကို တင်ပြီး တောင်မော်ဦးကို အင်အား ထပ်ဖြည့်တယ်။ မနေ့က စက်လှေတွေ အတက်အဆင်း လုပ်နေတာ တွေ့တယ်” ဟု ကျောက်ဖြူ မြို့ပေါ်မှ ဒေသခံအမျိုးသားတဦးက ပြောသည်။

ယင်းသို့ တိုက်ပွဲ ပြင်းထန်နေချိန် စစ်တပ်က ဒရုန်း၊ ဂျိုင်ရိုကော်ပတာများနှင့် တောင်မော်ဦးရေတပ်စခန်း အနီးဝန်းကျင် အရပ်သားကျေးရွာများကို တိုက်ခိုက်နေပြီး ဒေသခံပြည်သူများ တိမ်းရှောင်နေကြရကာ အရပ်သား ပြည်သူတချို့ပိတ်မိ နေကြောင်း ကူညီရေးအဖွဲ့များက ပြောသည်။
ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်တခုလုံးနှင့် ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို လက်လွှတ်ထားရသည့် စစ်တပ်သည် မဒေးကျွန်းအနီးရှိ တော်မော်ဦးရေတပ်စခန်းမှ အနီးပတ်လည် ကျေးရွာတွေဆီ စစ်ကြောင်းထိုးကာ ကျောက်ဖြူ- ရမ်းဗြဲလမ်းဆုံ စနဲမြို့နှင့် ရမ်းဗြဲမြို့နယ်ဘက်ဆီ ဦးတည်ထိုးစစ်ဆင်ဖို့ ကြိုးစားလာခြင်းဖြစ်သော်လည်း AA တန်ပြန်ထိုးစစ်ကြောင့် ရေတပ်စခန်းအထိ ပြန်ဆုတ်သွားခဲ့ရသည်"။

၎င်း သတင်း တွေ အရ စစ် တွေနဲ့ ကျောက် ဖြူ ရေတပ် စခန်းများ အနီး တိုက် ပွဲ များ ပြင်း ထန် လာ နေ ခြင်း နဲ့ အတူ မ ကြာ သေးမီက အွင် လိုင်း ပေါ် တွင် AA ဘက် က ရေတပ် ခြေလှမ်း သစ် အ ဖြစ် ဇက် သ င်္ဘောတစ် စီးပေါ် တွင် သံချပ် ကာ တိုက် ကား တစီး တင် ဆောင် ပြီး တန် ပြန် ရေ ကြောင်း စစ် ဆင် ရေး အတွက် မြင် ကွင်း video ဖိုင် တခု ပေါက် ကြားလာတာကို တွေ့ မြင် လိုက် ရတယ်။ ၄င်း အ ပေါ် မှာ အွင် လိုင်း ပေါ် က သုံးသပ် ပြထား သူ တချို့ ရဲ့ အာဘော် များ ကို လည်း အောက် ပါ အတိုင်း တွေ့ ရှိရတယ်။

"ရခိုင်ဒေသဟာ မြစ်ချောင်းများပြီး ပထဝီဝင်အနေအထား ရှုပ်ထွေးတဲ့ နေရာဖြစ်တဲ့အတွက် ရေကြောင်းစစ်ဆင်ရေးက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အရင်က စစ်ကောင်စီဟာ ဒီအားသာချက်ကို အသုံးပြုပြီး ဖိအားပေးနိုင်ခဲ့ပေမယ့် အခုတော့ AA က စစ်ကောင်စီရဲ့ ရေယာဉ်တွေနဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးချပြီး တန်ပြန်စစ်ဆင်ရေးတွေ ဆောင်ရွက်လာနိုင်နေပါတယ်။
သတင်းရင်းမြစ်တွေအရ AA တပ်ဖွဲ့ဝင်တွေဟာ သိမ်းဆည်းရမိထားတဲ့ စစ်ယာဉ်တွေနဲ့ ရေယာဉ်တွေကို ကိုယ်တိုင်မောင်းနှင် ထိန်းချုပ်နိုင်ဖို့ လေ့ကျင့်ထားပြီးဖြစ်သလို ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ကြောင်းတစ်လျှောက် တပ်ဖြန့်မှုတွေ၊ ရေကြောင်းရွှေ့ပြောင်းစစ်ဆင်ရေးတွေမှာလည်း အသုံးပြုနေပြီလို့ သိရပါတယ်။
ဒါ့အပြင် AA ဟာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက စက်မှုနဲ့ နည်းပညာပိုင်း ကျွမ်းကျင်သူအချို့ကိုလည်း ပြုပြင်ထိန်းသိမ်းရေးနဲ့ အင်ဂျင်နီယာလုပ်ငန်းတွေမှာ အသုံးချနေတယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်ခြင်းကြောင့် သိမ်းဆည်းရမိထားတဲ့ စစ်လက်နက်ယန္တရားတွေကို အချိန်တိုအတွင်း ပြန်လည်အသုံးပြုနိုင်လာတာ ဖြစ်ပါတယ်"။

လက် ရှိ စစ် တွေနဲ့ ကျောက် ဖြူ ရေတပ် စခန်းများ အနီး တိုက် ပွဲ များ ပြင်း ထန် လာမှု၊ AA က ရေ ကြောင်း တန် ပြန် စစ် ဆင် ရေး အတွက် မြင် ကွင်း video ဖိုင် တခု ပေါက် ကြားလာမှု တို့ဟာ AA ရဲ့ ရေတပ် ခြေ လှမ်းသစ် နဲ့ ရခိုင် ကမ်း ရိုးတန်း အလှည့် အ ပြောင်း လက် တကမ်း အလို ကို ကျော် လွန် ကာ အလုံးစုံသိမ်း ပိုက် နိုင် ရေးဆီသို့ ချဉ်း နင်း ဝင် ရောက် ထိုး ဖောက် ထား ပြီ လား ဆိုတာ အိမ် ရှင် ၊ အိမ် ကွင်း ဖြစ် တဲ့ AA ရဲ့ ရခိုင် ကမ်း ရိုးတန်း ရေ ကြော ၊ ရေ ကြောင်း ပရိယာယ် အစုန် ၊ အဆန် ၊ အတက် ၊ အကျ တို့ နဲ့ မုတ် သုံရာသီဦး မှာ ရခိုင် ဝေသာလီ ခေတ် က အမတ် ကြီး ဓမ္မ ဇေယျ ရဲ့ လှေ လှော် သံ နိမိတ် ကောင်း ရဲရင့် သံ များ ပြန် လည် နိုး ထ ကာ လက် ရှိ အာရက္ခ ကမ်း ရိုးတန်း တစ် လျှောက် ကို AA က အာရက္ခ ပို့စ် မော် ဒန် သစ် လှေ လှော် သံ အ ဖြစ် ဒုန်း စိုင်း ကာ အသွင် ပြောင်း လဲ ဟစ် ကြွေး လှော် ခတ် ပြသ သွား နိုင် မလား ဆိုတာ ရက္ခိတ တို့ ရဲ့ ရင် ခုန် သံ များ က ရဲရင့် စွာ သစ္စာ ဆိုပြ နေ ကြ ပြီ။

လွမ်း လွင့် လေ
၂.၆.၂၀၂၆

https://www.facebook.com/photo/?fbid=1365919535442420&set=a.110716627629390 

Post a Comment

0 Comments