About Me

header ads

ထိုင်းဘက်ခိုးဝင်လာတဲ့Scamဂိုဏ်းချုပ်တွေ

 "ကမ္ဘောဒီးယားမှာ နေမရလို့ ထိုင်းဘက် ခိုးဝင်လာတဲ့ Scam ဂိုဏ်းချုပ်တွေ စာကဲအိုမှာ အဖမ်းခံရ" 🕸️💸

အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam) တွေရဲ့ အသိုက်အမြုံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ပိုပက်မြို့မှာ အာဏာပိုင်တွေက အပြင်းအထန် နှိမ်နင်းလာတဲ့အခါ ဂိုဏ်းရဲ့ အကြီးအကဲပိုင်း (၈) ယောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အကြံအစည်ကတော့ စာကဲအို (Sa Kaeo) ခရိုင်ထဲမှာတင် ရေစုန်မျောသွားခဲ့ပါပြီ။

မေလ (၁) ရက်နေ့က ဝမ်နမ်ယန် အဝေးပြေးလမ်းမပေါ်မှာ ရဲတပ်ဖွဲ့က ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာကနေ... ဘန်ကောက်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ တရုတ်အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၁ ယောက်နဲ့အတူ #မြန်မာနိုင်ငံသား ၁ ယောက်ကိုပါ ဖမ်းဆီးရမိခဲ့တာပါ။

ကားဆရာကတော့ အငှားလိုက်ပို့ပေးတာလို့ ဆိုပါတယ်။

ဒီဖမ်းမိတဲ့သူတွေဟာ ရိုးရိုးဝန်ထမ်းတွေမဟုတ်ဘဲ Scam ဂိုဏ်းတွေရဲ့ 'Senior figures' (အကြီးအကဲပိုင်းတွေ) ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ကနဦး သုံးသပ်ထားပါတယ်။

လက်ရှိမှာတော့ တရားမဝင် ခိုးဝင်မှုနဲ့ အမှုဖွင့်ထားပြီး ငွေလိမ်ဂိုဏ်းတွေမှာ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ပါဝင်နေလဲဆိုတာကို ရဲတပ်ဖွဲ့က အပူတပြင်း စစ်ဆေးနေပါတယ်။

ဖမ်းဆီးခံရသူတွေဘက်ကလည်း အာမခံရဖို့ အပြင်းအထန် ကြိုးစားနေကြတယ်လို့ သိရပါတယ်။

ဒီအမှုကနေ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ကွန်ရက်ကို ထပ်ပြီး ဖော်ထုတ်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

#ချင်းမိုင်းသတင်းစုံ
#ထိုင်းသတင်း
#အွန်လိုင်းငွေလိမ်ဂိုဏ်း
#ScamNetwork

Link >>> [ CHIANG MAI DAILY ] 

Post a Comment

0 Comments