About Me

header ads

ကချင်ဆရာတော် "ဘုန်းဘုန်း"

 

​




ဆရာတော် Live လွှင့်တာကို ကျွန်တော် ဝင်ကြည့်မိတာ ကျွန်တော့်အမှားပါ။ ကျွန်တော် ဆရာတော့် Live မှာ တစ်ခါမှ Comment မပေးဖူးပါဘူး။ ဒါပေမဲ့ လက်ရှိ ချင်းပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ CNF/CNA နဲ့ KIA ကြားက အခြေအနေအပေါ် ကျွန်တော့်အမြင်ကို ရိုးသားစွာ Comment ပေးခဲ့တာကို ဆရာတော်က ဆဲဆိုတုံ့ပြန်လိုက်တာဟာ ဆရာတော့်ရဲ့ စိတ်ဓာတ် ဘယ်လောက်အထိ အောက်တန်းကျနေသလဲဆိုတာကို ကိုယ်တိုင် ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။
​ကျွန်တော့်ကို "ချင်းစစ်မဟုတ်ဘူး" လို့ စွပ်စွဲပြီး သမိုင်းမှန်ကို မျက်ကွယ်ပြုနေတဲ့ ဆရာတော် သိစေဖို့ အချက် (၅) ချက်နဲ့ ပြန်လည် တုံ့ပြန်လိုပါတယ် -
​၁။ အောက်တန်းကျတဲ့ စရိုက်ကို ဖော်ပြခြင်း
ကျွန်တော်ကိုယ်တိုင်ဟာ ၈၈ ခုနှစ်တုန်းက ချင်းအချင်းချင်း သွေးမြေကျခဲ့တဲ့ သမိုင်းဆိုးကို သင်ခန်းစာယူပြီး၊ ၂၀၂၁ အာဏာသိမ်းကတည်းက Chin Army, Federal Army, Chin People Army, Chin State Army စတဲ့ အမည်တစ်ခုခုအောက်မှာ ချင်းလက်နက်ကိုင်တပ်ဖွဲ့အားလုံး စုစည်းညီညွတ်ဖို့ လှုံ့ဆော်ခဲ့သူ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဒီစေတနာကို ဆရာတော်က "ချင်းစစ်မဟုတ်ဘူး" လို့ ဆဲဆိုတာဟာ အင်မတန် ဆရာတော့်ရဲ့ အောက်တန်းကျတဲ့ စရိုက်ကို ဖော်ပြတာပဲ ဖြစ်ပါတယ်။
​၂။ KIA ၏ လက်နက်သည် ချင်းတို့အတွက် "ကျိန်စာ" ဖြစ်လာခြင်း
၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ ဆရာတော်တို့ KIA/KIO က ကူညီလိုက်တဲ့ လက်နက်တွေဟာ ချင်းအချင်းချင်း နောက်ထပ် သွေးမြေကျစေတဲ့ "သေနတ်ချောင်း" များ ဖြစ်လာခဲ့ပါတယ်။ အဲဒီလက်နက်တွေက အာဏာရှင်ကို တိုက်ဖို့ထက် ချင်းပြည်သူ ဆင်းရဲသားတွေကို အနိုင်ကျင့်ဖို့၊ ချင်းအချင်းချင်း သတ်ဖြတ်ဖို့အတွက်ပဲ အသုံးချခံနေရလို့ ကျွန်တော်တို့ ချင်းလူမျိုးတွေအတွက်တော့ "ကျိန်စာသင့်တဲ့ လက်နက်" တွေ ဖြစ်သွားခဲ့ပါပြီ။
​၃။ KIA ၏ အင်အားကြီးဝါဒနှင့် သမိုင်းသင်ခန်းစာ
ဆရာတော် သိထားသင့်တာက KIA ရဲ့ အင်အားကြီးဝါဒနဲ့ ဩဇာလွှမ်းမိုးမှုကို ကချင်ပြည်နယ်ထဲက လီဆူ (Lisu) နဲ့ ရဝမ် (Rawang) တွေက ပိုသိပါတယ်။ KIA ရဲ့ တပ်မဟာတွေအောက်မှာပဲ ထားရှိပြီး ဖိနှိပ်ခဲ့လို့ လီဆူနဲ့ ရဝမ်တွေက KIA ကို ပြန်ပြီး ဆန့်ကျင်ခဲ့ကြတဲ့ သမိုင်းသင်ခန်းစာတွေ ရှိခဲ့ပြီးသားပါ။ အခုလည်း ချင်းပြည်နယ်မှာ အဲဒီပုံစံအတိုင်း ကျင့်သုံးဖို့ CNF/CNA ကို တွန်းအားပေး ကြိုးစားနေတာ ဖြစ်ပါတယ်။
​၄။ သွေးခွဲမှုကို အားပေးနေသည့် ဘက်လိုက်မှု
ချင်းပြည်နယ်မှာ CNF/CNA တစ်ဖွဲ့တည်းကိုပဲ ဘက်လိုက်ပြီး လက်နက်တပ်ဆင်ပေးနေတာဟာ ချင်းပြည်သူတွေကြားမှာ သွေးခွဲသလို ဖြစ်နေပြီး ပဋိပက္ခမီးကို ပိုတောက်စေပါတယ်။ ဒါဟာ ညီနောင်တိုင်းရင်းသား အချင်းချင်း ကူညီတာမဟုတ်ဘဲ အချင်းချင်း သတ်ဖြတ်အောင် မြှောက်ပေးနေတာပဲ ဖြစ်ပါတယ်။
​၅။ စစ်မှန်သော တန်းတူညီမျှရေးကို လိုလားခြင်း
ကျွန်တော်က ချင်းအချင်းချင်း သတ်ဖြတ်နေရတဲ့ သံသရာကို ရပ်တန့်စေချင်လို့ ပြောတာပါ။ ဆရာတော်တို့ KIA အနေနဲ့ တကယ်ပဲ တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးကို လိုလားတယ်ဆိုရင် အဖွဲ့တစ်ဖွဲ့တည်းကို မြှောက်ပေးပြီး ကျန်တဲ့အဖွဲ့တွေကို ရန်သူလို သဘောထားခိုင်းနေတဲ့ လုပ်ရပ်တွေကို ပြန်သုံးသပ်သင့်ပါတယ်။
​သမိုင်းဆိုတာ ဖုံးကွယ်လို့ မရသလို၊ အမှန်တရားကို ဆဲဆိုခြင်းနဲ့ ဖျောက်ဖျက်လို့ မရပါဘူး ကချင်ဆရာတော် "ဘုန်းဘုန်း"။
#မှတ်ချက်၊ ဒီစာကို " ကချင်ဘုန်းဘုန်း" ထံ ရောက်အောင် ပို့ပေးကြပါ။
Link>>>Salai Thang 

Post a Comment

0 Comments