About Me

header ads

Project Burma ရန်ပုံငွေနှင့် မတူပီ


  

၂၀၂၁ မှ ၂၀၂၅ အထိ Project Burma ရန်ပုံငွေနှင့် မတူပီမြို့အတွက် ခွဲတမ်းများအပေါ် ပွင့်လင်းမြင်သာမှုမရှိခြင်း

၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေး စတင်ခဲ့ချိန်မှစ၍ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း အမေရိကန်ပြည်ထောင်စုမှ Project Burma အစီအစဉ်ဖြင့် တော်လှန်ရေးအတွက် ဒေါ်လာသန်းပေါင်းများစွာကို ကူညီပံ့ပိုးပေးခဲ့ပါသည်။ ထိုကဲ့သို့သော သန်းနှင့်ချီသည့် ရန်ပုံငွေ အမြောက်အမြား ရှိနေကြောင်းကို မြေပြင်တွင် အသက်သွေးချွေး ပေးဆပ်ကာ အဓိကတိုက်ပွဲဝင်နေကြသည့် မတူပီပြည်သူများနှင့် တော်လှန်ရေးခေါင်းဆောင် အတော်များများက လုံးဝ (လုံးဝ) မသိရှိခဲ့ကြပါ။ ထောက်ပံ့မှုဆိုင်ရာ သတင်းအချက်အလက်များသည် မြေပြင်လူထုထံသို့ လုံးဝစီးဆင်းလာခြင်းမရှိဘဲ သတင်းအမှောင်ချခံထားရသည့် အခြေအနေ ဖြစ်ခဲ့ပါသည်။

အထူးသဖြင့် ချင်းပြည်နယ်အတွင်း စစ်ရေးနှင့် နိုင်ငံရေးအရ လွန်စွာအရေးပါသော မတူပီမြို့အတွက် သီးသန့်သတ်မှတ်ထားသည့် ရန်ပုံငွေခွဲတမ်းများ နှင့် ပတ်သက်၍လည်း မြေပြင်ရှိ ပြည်သူများနှင့် ဒေသခံခေါင်းဆောင်များအကြား မည်သည့်အသိပေးချက်မျှ မရှိခဲ့ပါ။ မတူပီဒေသ တော်လှန်ရေးကို ရှေ့တန်းမှ ဦးဆောင်နေကြသည့် ဒေသခံခေါင်းဆောင်များသည် မိမိတို့မြို့အတွက် ရန်ပုံငွေခွဲတမ်း မည်မျှရရှိသည်၊ မည်သို့စီမံခန့်ခွဲနေသည် ဆိုခြင်းကို တစ်စုံတစ်ရာ သိရှိခွင့် သို့မဟုတ် ဆုံးဖြတ်ပိုင်ခွင့် မရရှိခဲ့ကြပါ။

ထို့အတူ ဒုက္ခဆင်းရဲမျိုးစုံကို အလူးအလဲ ခံစားနေရသည့် မတူပီမြို့ ပြည်သူလူထုအနေဖြင့်လည်း မိမိတို့ဒေသအတွက် ရည်ရွယ်ကာ အမေရိကန်မှ ထောက်ပံ့ပေးနေသည့် ရန်ပုံငွေခွဲတမ်းများ ရှိနေကြောင်းကို ရိပ်ဖမ်းသံဖမ်းမျှပင် မသိရှိခဲ့ကြဘဲ လုံးဝမျက်ကွယ်ပြုခြင်း ခံခဲ့ကြရသည်။ ဤဖြစ်ရပ်က ဒေါ်လာသန်းပေါင်းများစွာသော တော်လှန်ရေးရန်ပုံငွေများနှင့် မတူပီမြို့အတွက် ခွဲတမ်းများသည် အထက်ပိုင်းအဆင့်အချို့တွင်သာ လည်ပတ်နေပြီး၊ အမှန်တကယ် မြေပြင်တွင် ရုန်းကန်နေရသည့် ပြည်သူများနှင့် စစ်မှန်သော ခေါင်းဆောင်များထံသို့ ပွင့်လင်းမြင်သာစွာ ရောက်ရှိခြင်း မရှိခဲ့ကြောင်းကို မီးမောင်းထိုးပြနေပါသည်။

 

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ  

Post a Comment

0 Comments