MNDAAနဲ့ တခြားEAOတွေကြားကခြားနားချက်များ
TNLAကသီပေါမုဒ်ဦးကို ဆေးပြောင်းသုတ်ဖို့လုပ်တယ်။
ရှမ်းလူထုကန့်ကွက်တယ်။
TNLAက မုဒ်ဦးကိုနဂိုအတိုင်းပြန်ပြင်ပေးတယ်။
MNDAAသိန္နီမှာ လုပ်နေတာတွေကိုတော့ ဘယ်သူဘာပြောပြော ကိုးကန့်က သောက်ရေးကိုမလုပ်တာ။
သိန္နီကိုတောင် မူပန်ဆိုပြီးပေးလိုနာမည်ပြောင်းက်သေးတာ။
ရှမ်းနိုင်ငံရေးပါတီ၊ရှမ်းလက်နက်ကိုင်တွေကလည်း အခုထိအသံတိတ်နေရော။
မတိတ်လို့ရမလား
လားရှိုးရမခကိုထိုးစစ်မစမီမှာ MNDAAက
SSPPကို၀င်မရှုတ်ဖို့ပြောခဲ့တာရှိတယ်။၀င်ရှုတ်ရင် ၀မ်းဟိုင်းကိုပါ
စစ်မီးထဲဆွဲသွင်းမယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ။
ခုသိန္နီပြဿနာက
မြေယာအရေးတွေမှာလည်း MNDAAဘက်ကSSPPကိုခြိမ်းခြောက်ထားတာမျိုးတွေ
နှစ်ဖွဲ့ကြားအပေးအယူကြိုလုပ်ထားတာမျိုးတွေရှိကောင်းရှိနိင်တာပေါ့။
MNDAAနေရာမှာ TNLAဖြစ်ကြည့်ပါလား။ ထကန့်ကွက်ကြ ၀ိုင်းဆဲကြပေါ့လေ။ဒါကတော့ ကိုယ်ကြုံရတဲ့ဖိအားက ကိုယ့်အင်းအားနဲ့လည်းဆိုင်သေးတာကိုး။
MNDAAကတော့
တရုတ်ရဲ့ဖန်တီးမှုနဲ့ တကယ်ကိုအင်းအားကြီးလာပါပီ။UWSAကနတဆင့်
တရုတ်ကိုထိတွေ့ဆက်ဆံနေရတာမဟုတ်ဘဲ တရုတ်နဲ့နီးနီးကပ်ကပ်ကို
ပုံမှန်ထိတွေ့ဆက်ဆံမှုတွေရှိနေတဲ့အခြေအနေပါ။ဒါကြောင့်ပြောလည်းမထူးဘူး
။သောက်ဂရုမစိုက်တာမျိုးပါ။
ဒါက MNDAAနဲ့တခြားEAOတွေမတူတဲ့အကြောင်းကို အစဆွဲထုတ်ပြတာပါ။
ပြောချင်တာက MNDAAရဲ့ တခြားလက်နက်ကိုင်တပ်တွေနဲ့မတူတဲ့အကြောင်းတွေကိုပါ။ဒါကိုတချက်ချင်းရှင်းပြပါမယ်။
ပထမတချက်
MNDAAအနေနဲ့ တခြားအဖွဲ့နဲ့ဖြစ်တဲ့ပဋိပက္ခတွေကိုကိုင်တွယ်ရာမှာ စစ်သားနဲ့အရပ်သားတွေကိုမခွဲခြားထားတာ
စစ်ဖက်ဆိုင်ရာပစ်မှတ်လား အရပ်ဖက်ပစ်မှတ်လား စတာတွေကို ထည့်မတွက်တာမျိုးတွေရှိတယ်။
ဥပမာ
TNLAနဲ့SSPPငြိတယ်
TNLAနဲ့ KIAငြိတယ်။
သွေးထွက်သံယိုဖြစ်တယ်။
နှစ်ဖတ်စလုံးက အရပ်သားတွေကိုမထိခိုက်စေဘူး။
KIAနဲ့ပြသာနာမှာ TNLAဘက်က ဒဏ်ရာရတဲ့KIAတပ်သားတွေကို ဆေးကုသပေးတယ်။
သက်သာတာနဲ့သိမ်းဆည်ရလက်နက်အပြည့်အစုံနဲ့အတူပြန်လွတ်ပေးတယ်။
MNDAAနဲ့KIAဖြစ်တယ်။
ကိုးကန်းကြောင့် ကချင်ပြည်သူစစ်တွေသေတယ်။
ကချင်လူထုတွေသေတယ်။
MNDAAနဲ့TNLAဖြစ်တယ်။
ကိုးကန်းက အဖမ်းဆီးခံ စစ်သုံးပန်းတွေကို သတ်တယ်။
လက်နက်တွေကိုသိမ်းတယ်။
ပြည်သူနေအိမ်ကို ဒရုန်းနဲ့ချတယ်။
ကယ်ဆယ်ရေးယာဥ်တန်းတွေကို ပစ်ခတ်တယ်။ဒါကို ပထမလောက်ကိုင်တိုက်ပွဲမှာရော
၁၀၂၇မှာရော တွေ့ရတယ်။
ကွက်ခိုင်မှာဆို
တအာင်းပြည်သူတွေက ကိုးကန်းဒရုန်းကြောင့်နေအိမ်ပျက်ဆီးရတဲ့အပြင်
အသက်ပါဆုံးရှုံးရပါသေးတယ်။ပရဟိတသမားတယောက်သည်လည်း ကယ်ဆယ်ရေးလုပ်ရင်း
MNDAAရဲ့ ဒရုန်းနဲ့သတ်ဖြတ်ခြင်းကိုခံရပါသေးတယ်။
ကုန်ကုန်ပြောရရင်
ပညာရေး၀န်ထမ်းတွေရဲ့
သင်ရိုးစာအုပ်၊စာရေးကိရိယာတွေနဲ့သင်ထောက်ကူပစ္စည်းတွေအပြင် ဆရာ၊မတွေကို
ထောက်ပံ့ဖို့လျာထားတဲ့ ဆန်အိပ်ပေါင်းထောင်ချီကိုတောင် သိမ်းဆည်းလိုက်ကြတယ်။
သူခိုးလူမိဖြစ်ပြီး အရှက်ပြေသဘောနဲ့ဆန်အိတ်မဆို့စလောက်လေးသာပြန်ပေးတယ်။
နောက်တချက်က စစ်သားစုဆောင်းရေး
MNDAAက ရှမ်း၊တအာင်း၊ကချင်မကလို့ဘာပဲဖြစ်ဖြစ် လူမျိုးပေါင်စုံကို အတင်းအဓမ္မတပ်သားစုတယ်။
မ၀င်ရင် ပိုင်ဆိုင်မှုသိမ်းတယ်။လူကိုနှင်ထုတ်တယ်။ဘုန်းကြီးလည်း မလွတ်ဘူး။
စစ်တိုက်ဖို့ လူလိုရင် ဘယ်လူမျိုးမှ မလွတ်ဘူး။
ဒါကို
၁၀၂၇အစပိုင်းတုန်းက လောက်ကိုင်ဘက်က
လားရှိုးဘက်ကိုရှောင်လာတဲ့ရာနဲ့ချီတဲ့လူတွေကို လမ်းမှာဖမ်းပြီး
စစ်သင်တန်းပေး ရှေးတန်းပို့လိုက်ကြတာသက်သေပဲ။
လူမျိုးပေါင်းစုံနော်။
TNLAကတော့ တအာင်းလူမျိုးကိုသာ စစ်သားစုဆောင်းတယ်။
KIAရော SSPPရောထိုနည်းတူပဲ သူ့လူမျိုးကိုပဲ အဓိကထားခေါ်တယ်။
လူဦးရေ၂သိန်းမရှိတဲ့ကိုးကန့်တွေကယခုလိုအင်းအားကြီးလာတာဟာ တခြားလူမျိုးတွေကို တပ်သားစုဆောင်းလို့ဖြစ်တယ်ဆိုထင်ရှားတယ်။
MNDAAရဲ့အင်းအား
၄၀%ခန့်က ကိုးကန့်မဟုတ်သောလူမျိုးတွေသာဖြစ်တယ်။အကြီးပိုင်းနေရာမှာတော့
ဖုန်မျိုးနွယ်နဲ့တနည်းမဟုတ်တနည်းဆက်စပ်နေကြတဲ့သူတွေသာဖြစ်တာကိုလည်းတွေ့ရပါမယ်။
နောက်တချက်က တခြားအဖွဲ့စည်းတွေနဲ့ကိုးကန်းမတူတာက သူ့ရဲ့နိုင်ငံရေးပန်းတိုင်။
KIAက ကချင်၀မ်ပေါင်သမ္မတနိုင်ငံရဖို့ အာသီတရှိတယ်။
AAက ရခိုင်ပြည်တခုလုံး လုံး၀လွတ်လပ်ဖို့ကို ဦးတည်ချက်ထားတယ်။
UWSAက ပြည်နယ်အဆင့်တိုးမြှင့်ပေးဖို့တောင်းဆိုတယ်။(ခွဲမထွက်ဖို့ အာမခံတယ်)
TNLAက ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့တန်းတူခွင့်ရှိတဲ့ ပြည်နယ်ရဖို့ကို ကြွေးကြော်တယ်။
SSPPက ဖက်ဒရယ်မူကိုဆွဲကိုင်တယ်။
ကရင်က ကော်သူလေးကို မျော်မှန်းတယ်။
မေးစရာက
MNDAAက ဘာကြွေးကြော်သံသုံးထားလဲ။
သူ့ရဲ့နိုင်ငံရေရည်မှန်းချက်က ဘာလဲ။
ခွဲမထွက်ဖို့ရော အာမခံလား။
တရုတ်နဲ့ရော ဘယ်လောက်နီးစပ်နေလဲ။
NLDနဲ့ဒေါ်စုအပေါ် ဘယ်လိုသဘောထားရှိလဲ။
ဒါတွေကို ဘယ်သူမှရှင်ရှင်းလင်းလင်းမသိရပါဘူး။
TNLAတောင်မှ
နွေဦးတော်လှန်းရေးအစပိုင်းမှာတင် လက်သုံးချောင်းထောင်ပြီး
NUGကိုတရား၀င်မှုကိုလက်ခံပေးခဲ့သလို တော်လှန်ရေးအတွက်လည်း
သူတတ်နိင်သလောက်လုပ်ပေးခဲ့တာရှိတယ်။
MNDAAဘက်ကတော့ ခုချိန်ထိ NLDအပေါ် NUGအတွက် သိသာတဲ့ရပ်တည်ချက်ကိုပေးတာမျိုးတွေ ခုထိမတွေ့ရဘူး။
နောက်တခုက KIA ၊KIA၊TNLA ၊SSPP ၊KNLA စတဲ့EAOတွေရဲ့ထိပ်ပိုင်းခေါင်ဆောင်တွေဟာ မိသားစုတခုတည်းကလူတွေ မဟုတ်တာများတယ်။
MNDAAထိပ်ပိုင်းနေရာကိုယူထားတဲ့သူတွေကို
သွားကြည့်လိုက် ညီအစ်ကိုရင်းတွေဖြစ်တဲ့ဖုန်မျိုးနွယ်တွေကသာ
အာဏာကိုချုပ်ကိုင်ထားကြတယ်။ဥက္ကဌနဲ့စစ်ဦးစီးချုပ်အဖြစ်
ဖုန်တဲရွှင်၊သူညီဖြစ်တဲ့ဖုန်ဝေက ဒုဥက္ကဌရာထူးနဲ့ဘဏ္ဏာရေးဌာနရဲ့ဌာနမှူးအဖြစ်
တာ၀န်ယူထားပြန်တယ်။
ဒုစစ်ဦးစီးရာထူးကိုတော့ သူတို့ရဲ့ညီအစ်ကို၀မ်းကွဲတော်စပ်သူအန်ကောက ယူထားပြန်တယ်။
တခြားရာထူးနေရာတွေလည်းသွားမကြည့်နဲ့။သူတို့ဖုန်အိမ်သားတွေပါပဲ။
နောက်တချက်က စစ်ဘက်ဆိုင်ရာထူးပေးတိုးမြှင့်ပေးခြင်း
တခြားလက်နက်ကိုင်အဖွဲ့စည်းတွေမှာ ရာထူးရယူဖို့က ဘယ်သူမဆို အောက်ခြေကနေ စရတာပဲရှိတယ်။
MNDAAကတော့ စည်းလွတ်၀ါးလွတ်ပဲ။ရှေ့ပဒေသရာဇ်ခေတ်ကစစ်ဘုရင်ဆန်ဆန်လုပ်ကြတာပါ။
သူကိုသစ္စာခံရင်ပြီးရော ရာထူးကြီးတွေကောက်ကာငင်ကာပေးလိုက်တာမျိုးတွေရှိတယ်။
အထင်ရှားဆုံးသာဓကကတော့ ကွက်ခိုင်ပြည်သူ့စစ်တီခွန်မြတ်ရဲ့လူရင်း ကျင်ဆန်းကို ဗိုလ်မှူးကြီးရာထူးတိုးပေးပြီးသိမ်းသွင်းလိုက်တာမျိုးပဲ။
ကျင်ဆန်းက တကယ်တော့ TNLAဆီပူးပေါင်းဖို့အရင်လာကမ်းလှမ်းခဲ့တာ။
ငါ့ကိုရာထူးပေး မင်းတို့ဆီ သစ္စာခံမယ်ပေါ့။TNLAက လက်မခံတော့ MNDAAဘက်ရောက်သွားတာ။
အာဏာသိမ်းခါစမှာ
TNLAထိန်းချုပ်ဒေသရောက်လာပြီး ခေတ္တနေသွားခဲ့သလို တအာင်းအဖွဲ့စည်းတွေဆီက
အကူအညီယူဖူးတဲ့ နေဝေစိုးတို့လင်မယားတောင်မှ ခုဆို
MNDAAဆီကရာထူး၊လစာတွေတပိုးတနင်းရယူပြီးတော့ တအာင်းတွေကို
စော်ကားမော်ကားလုပ်ပြီ ကောင်းကောင်းမွန်မွန်ကျေးဇူးဆပ်ပြနေပြီလေ။
MNDAAအတွက်
ဝါဒဖြန့်ချီရေးကို တဖက်တလမ်းကနေအားတက်သရောလုပ်ပေးရင်းနဲ့ပေါ့။
ဒါပေမယ့် ဒီအုပ်စုတွေဟာ ဆုတ်လည်းဆူး စားလည်ရှုးတဲ့ဘ၀ကို မကြာခင်ရောက်သွားကြပါမယ်။
သူတို့ခများ
တအာင်းဒေသရှိ CDMအုပ်စုတွေလိုမျိုး မင်းတို့TNLAလုပ်တာတွေ
ငါတို့မကြိုက်ဘူးဆိုတဲ့ ပြောပိုင်ခွင့်မျိုးကို MNDAAက
သူတို့ကိုဘယ်နည်းနဲ့မှပေးမှာမဟုတ်ဘူး။
ပေးတဲ့လစာကိုယူ
ကားကိုစီးပြီး ရုံးလေးတက်လိုက် ငါတို့လုပ်တာမဝေဖန်နဲ့ဆို
MNDAAလက်အောက်ကသူတို့တွေရဲ့ဘ၀တွေဟာ မအလလက်အောက်မှာနေရသလိုဖြစ်နေပြီးဆိုတာ
သူတို့တွေကိုယ်တိုင်ကသတိထားမိကြလားမသိဘူး။ဒါကို ကာယကံရှင်တွေ
အချိန်မီသတိ၀င်စေဖို့ထည့်ပြောတာပါ။
နောက်ဆုံးအချက်ကတော့
MNDAAကသူ့ရဲ့အုပ်ချုပ်ရေးကိုဖော်ဆောင်ရာမှာမူလပိုင်ရှင်နယ်မြေခံတိုင်းရင်းသားတွေနဲ့သဟဇာတဖြစ်နိင်မဖြစ်နိင်ဆိုတာပဲ။
ဒါကမဖြစ်နိင်ဖို့များပါတယ်။
ကွက်ခိုင်ဖြစ်စဥ်မှာပဲကြည့် တအာင်းရွာဆိုင်ဘုတ်တွေကို တရုတ်စာပြောင်းတယ်။ တရုတ်စာကိုမသင်မနေရဆိုတဲ့ကန့်သက်ချက်တွေထားတယ်။
ကချင်ဆိုင်ဘုတ်တွေ၊ရှမ်းဆိုင်ဘုတ်တွေက အထင်သားနဂိုအတိုင်းရှိနေတယ်ဆိုသော်လည်း လုံး၀စိတ်ချရတာမျိုးမဟုတ်ပြန်ဘူး။
MNDAAရဲ့အုပ်ချုပ်မှုအောက်မှာ
ဆယ်စုနှစ်တခုလောက်နေပြီးရင် သိန္နီ၊ကွက်ခိုင်စတဲ့ဒေသရှိ
နယ်မြေခံတိုင်းရင်းသားတွေဘ၀တွေက ဘယ်လိုဖြစ်လာမလဲ။
သိချင်ရင်
တရုတ်ပြည်တွင်းက
ရွှေလီ၊ရင်ကျန်း၊မန်၀ီဒေသရှိမူးရင်းမြေပိုင်ရှင်ရှမ်း၊ကချင်တွေရဲ့အခြေအနေတွေကိုသာ
သွားလေ့လာကြည့်သင့်တယ်။ရှမ်းစကားပြောတယ်။ရှမ်းပွဲတွေလုပ်တယ်။
ကချင်စကားပြောတယ်။ကချင်မနောပွဲတွေလုပ်တယ်။ဒီထပ်ပိုပြီ
ဘာအခွင့်အရေးမှမရဘူး။လမ်းပန်းဆက်သွယ်ရေးကောင်းတယ်။စီးပွားအခွင့်အလမ်းဆိုတာ
မြေနေရာရှိတဲ့ ဒေသခံတွေအတွက်ပဲ။မိမိပိုင်မြေကို ပြည်မကလာတဲ့ လောပန်တွေကို
ဌားတာမျိုးတွေ
ကိုယ်တိုင်ထွန်ယက်စိုက်ပျိုးတာမျိုးတွေပဲလုပ်နိင်တယ်။တရာဥပဒေစိုးမိုးရေးရှိတာတချက်ပဲသာတယ်။ကျန်တာတော့
ဖိနိုပ်ထားပြီး တရုတ်ဇာတ်သွင်းတဲ့ပုံစံပဲ။
ခရစ်ယာန်ကချင်တွေဆို ဘုရားကျောင်းတက်တာတောင်တိုးတိုးတိတ်တိတ်ပဲလုပ်ရတာ။လိုင်းပေါ်ပုံတင်တာတို့ဘာတို့ဆို ခွင့်မပြုဘူး။
လူလတ်ပိုင်းတွေက မိခင်ဘာသာစကားကိုမေ့ပြီး တရုတ်ဘာသာစကားကိုပဲ
ပြောတတ်ကြတာမျိုးတွေ။ကျောင်းမှာ တရုတ်စာပဲသင်ရတာကိုး။ရုံးသုံးလည်း
တရုတ်စာပဲ။ရဲစခန်း၊ဆေးရုံတွေနဲ့အကောက်ခွန်ဌာနတွေကို ရောက်တဲ့အခါတွေ့ရတာက
တရုတ်ဘာသာစကားပဲသုံးစွဲနေကြတဲ့ ရှမ်း၊ကချင်၀န်ထမ်းတွေပဲ။
ရှမ်းကပိုများတာပေါ့။ ဒါက တရုတ်ပြည်ကအခြေအနေ။တရုတ်ပြည်မှာတော့ ဥပဒေနဲ့ဒေသခံတွေရဲ့အကျိုးစီးပွားတွေကို အကာအကွယ်ပေးတာမျိုးတွေရှိပါသေးတယ်။
ဒီမှာက အခြေအနေကတမျိုး။MNDAAကတော့ သူကိုထိန်းကြောင်းဖို့အားကောင်းတဲ့ကိုးကန့်အရပ်ဖက်အဖွဲ့စည်းရယ်လို့မရှိဘူး။မီဒီယာတွေမရှိဘူး။စစ်ဘုရင်တွေပဲမို့ ကိုးကန်းထိန်းချုပ်မှုအောက်မှာ
တရုတ်ဇာတ်သွင်းတာ၊ကာစီနို၊ကျားဖြန့်၊ကိုယ်တွင်းအင်္ဂါအရောင်းအ၀ယ်စျေးကွက်တွေဖြစ်လာဖို့ကအစ
ဒေသခံတွေရဲ့ လူမျိုးရေးဆိုင်ရာ ဓလေ့ထုံးတမ်း အမှတ်သရုပ်လက္ခဏာတွေ
ဖျက်ဆီးခံရဖို့က သိတ်မခက်ခဲ့ပါဘူး။မူးယစ်ဆေးယောကျ်ားလေးတွေကိုဖျက်ဆီပြီး
လိင်လုပ်ငန်းတွေဆင်းရဲချို့တဲလွန်တဲ့တိုင်းရင်းသူတွေရဲ့ဘ၀ကိုတရုတ်အပျော်မယား
လိင်မယ်တွေအဖြစ်ပြောင်းလဲလိမ့်မယ်။
သူတို့က
ဘာသာမဲ့တွေဖြစ်တယ်။ငွေရှိသော်လည်း တရုတ်ပြည်မှာလုပ်ချင်တိုင်းလုပ်မရတာကို
မြန်မာပြည်မှာလာလုပ်ကြတဲ့သူတွေဖြစ်တယ်။(တရုတ်ပြည်ရဲ့ဥပဒေကန့်သက်ချက်တွေကြောင့်)
သူတို့မှာငွေရှိတယ်။သူတို့ကိုထောင်ပံ့နိင်တဲ့ စီးပွားရေးသမားတွေရှိတယ်။
တနှစ်ကို
လူဦးရေဆယ်သန်းကျော်လောက်ဘွဲ့ရပြီ အလုပ်လက်မဲ့တဲ့ တရုတ်ပြည်မကလူတွေကို
MNDAAကရားထူး၊ငွေနဲ့ဆွယ်ပြီးအသုံးချနေတာတွေလည်းရှိပါတယ်။ဖုန်မျိုးနွယ်ညီအစ်ကိုတွေရဲ့
အင်ပါယာအောက်မှာ ရှေးလျှောက်နယ်မြေခံတိုင်းရင်းသားတွေဟာ
ဒီထပ်ပိုပြာပြား၀ပ်ဖို့ပဲ ရှိတော့တယ်။မိမိမြေတွေကို
တရုတ်တွေဆီထိုးရောင်းပြီး
တခြားဒေသကိုပြောင်းရွေ့တော့မယ်လူတွေနဲ့(အနုနည်းနဲ့
ရှင်ထုတ်တာ)ရှောင်မရဖယ်မရနဲ့တရုတ်စစ်ဘုရင်တွေပြုသမျှနုရတော့မယ်သူတွေနဲ့။
(စစ်တိုက်ဖို့လိုရင်
ဒေသခံတွေကအသေခံတိုက်ပေး နယ်မြေသိမ်းပြီးရင် တရုတ်တွေက လာလုပ်စား)
ဒီပုံစံနဲ့ဆို
စကစထက်ဆိုးတဲ့MNDAAဟာ နယ်မြေခံတိုင်းရင်းသားတွေနဲ့သဟဇာတဖြစ်ဖို့နေနေသာသာ
တို့တွေအကုန်လုံး
သူတို့လက်ချက်နဲ့တရုတ်ကျွန်မဖြစ်ဖို့သာဆုတောင်းရမယ်အခြေအနေပါ။


0 Comments