အီတလီနိုင်ငံသားဖြစ်ပြီး ဒဿနပညာရှင် ၊ တွေးခေါ်ပညာရှင် နဲ့
သင်္ချာ/သီအိုရီဆိုင်ရာ ဆွေးနွေးသူတစ်ဦးဖြစ်ပါတယ်။
Bruno ဟာ ထိုအချိန်က အလွန်ခေတ်ရှေ့ပြေးတဲ့
"ကမ္ဘာဟာ ဗဟိုမှာမရှိပဲ နေကသာ ဗဟိုမှာရှိနေတယ်" ဆိုတဲ့
ကိုပါးနိစ်ကပ်ရဲ့ heliocentric မော်ဒယ်ကို အကြွင်းမဲ့ ထောက်ခံခဲ့ပါတယ်။
နောက်ပြီး.... ညဘက်တွေမှာ မြင်ရတဲ့ ကြယ်တွေဟာ
နေတွေဖြစ်နိုင်ပြီး သူတို့မှာလည်း ကမ္ဘာလိုဂြိုဟ်တွေရှိနိုင်တယ်လို့ ဆိုခဲ့သလို
"စကြဝဠာဟာ အကန့်အသတ်မရှိ ကျယ်ပြန့်တယ်" လို့လည်း ကြွေးကြော်ခဲ့ပါတယ်။
အဆိုပါ စကြဝဠာထဲမှာရှိတဲ့... ကြယ် (နေ) တွေက အခြားကမ္ဘာတွေမှာလည်း
သက်ရှိတွေရှိနေနိုင်တယ်လို့ ရဲရင့်စွာ ဆိုခဲ့ပါတယ်။
သူ့ရဲ့အယူအဆတွေဟာ... ထိုခေတ်အခါက
ကက်သလစ်ဘုရားကျောင်းတွေရဲ့ ဟောပြောချက်တွေနဲ့ တိုက်ရိုက်ဆန့်ကျင်နေခဲ့တာပါ။
ဒါကြောင့်ပဲ.... Burno ကို
၁၅၉၂ ခုနှစ် ၊ မေလအတွင်း ဗင်းနစ်မြို့မှာ ရောမအာဏာပိုင်တွေက
ဖမ်းဆီးခဲ့ပြီးနောက် ၁၅၉၃ ခုနှစ်မှာတော့ .... ရောမမြို့မှာရှိတဲ့
ကက်သလစ်ဘုရားကျောင်း တရားစီရင်ရေးအဖွဲ့ Roman Inquisition ထံကို
လွဲပြောင်းခံခဲ့ရပါတယ်။
အဲဒီကနေ ဒဿနပညာရှင်နဲ့ တွေးခေါ်ပညာရှင် Burno ဟာ
ထောင်တွင်း (၈) နှစ်ကြာထိ စစ်ကြောခံခဲ့ရပြီးနောက်
- ဘာသာရေး ဆန့်ကျင်ရေး အယူဝါဒရှိသူ
- ဘုရားရဲ့ အယူကို မလေးစားသူ
- သမ္မာကျမ်းစာနဲ့ ဆန့်ကျင်တဲ့ အမြင်ရှိသူ စသည့်
ပြစ်ချက်များဖြင့် Roman Inquisition က စွပ်စွဲပြီး ေ-သဒဏ်ချမှတ်ခဲ့ပါတယ်။
ဒါကြောင့် ဒဿနပညာရှင်နဲ့ တွေးခေါ်ပညာရှင် Giordano Bruno ကို
၁၆၀၀ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့
ရောမမြို့မှာရှိတဲ့ Campo de' Fiori အရပ် အများပြည်သူမြင်ကွင်းရှိမှာပဲ
ကားစင်တင်ပြီး အရှင်လတ်လတ် မီးရှို့သ-တ်ခြင်း ခံခဲ့ရပါတယ်။
ဒါပေမယ့်.... Giordano Bruno ဟာ
နောက်ဆုံးအချိန်ထိ သူ့ရဲ့ယုံကြည်ချက်တွေကိုတော့
မစွန့်လွတ်သွားခဲ့ပါဘူး။
ယနေ့မှာတော့... သူေ-သဒဏ်ပေးခံခဲ့ရတဲ့ နေရာမှာ
လွတ်လပ်စွာ တွေးခေါ်ခွင့်နဲ့ ယုံကြည်ခွင့် သင်္ကေတအဖြစ်
Giordano Bruno ရုပ်တုကို ထားရှိပြီး ဂုဏ်ပြုထားကြပါတယ်....
#wisdomheartofficial #GiordanoBruno #အတွေးအခေါ်ပညာရှင်
#အာကာသသိပ္ပံ
Link>>>https://www.facebook.com/photo/?fbid=848878388211741&set=a.102266106206310


0 Comments