About Me

header ads

CPU/CPAတပ်ဖွဲ့ဝင်အင်အား(၂,၀၀၀)

နေပြည်တော်မှ တက်လာသော စစ်တပ်စစ်ကြောင်းများအား ကြိုဆိုရန်အတွက် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် (၄) မြို့နယ်မှ CPU/CPA တပ်ဖွဲ့ဝင် အင်အား (၂,၀၀၀) ခန့်ကို ဂန့်ဂေါဒေသသို့ စေလွှတ်ကြောင်း သိရသည်။ 

အဆိုပါ စစ်ရေးလှုပ်ရှားမှုတွင် မင်းတပ်မြို့နယ်မှ တပ်ဖွဲ့ဝင် (၅၀၀) ဦး၊ မတူပီမြို့နယ်မှ (၅၀၀) ဦး၊ ကန်ပလက်မြို့နယ်မှ (၅၀၀) ဦးနှင့် ဒိုရ်မြို့နယ်မှ (၅၀၀) ဦးစီ အသီးသီး ပါဝင်ကြပြီး မြို့နယ်အလိုက် အင်အားခွဲဝေကာ စနစ်တကျ စေလွှတ်ခဲ့ခြင်းဖြစ်ပါသည်။

ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် စေလွှတ်ရခြင်းမှာ ဂန့်ဂေါဒေသသို့ အလင်းဝင် ရောက်ရှိလာမည့် နေပြည်တော်စစ်ကြောင်းများနှင့် အချိန်မီချိတ်ဆက်နိုင်ရန်နှင့် လမ်းကြောင်းတစ်လျှောက် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါသည်။

လက်ရှိတွင် အဆိုပါ တပ်ဖွဲ့ဝင် (၂,၀၀၀) ခန့်သည် ဂန့်ဂေါဒေသအတွင်းရှိ သတ်မှတ်ထားသော စုရပ်များသို့ ရောက်ရှိနေရာယူထားပြီးဖြစ်ရာ နေပြည်တော်စစ်ကြောင်းများအား ကြိုဆိုရန်နှင့် စစ်ရေးတာဝန်များ ထမ်းဆောင်ရန် အသင့်ရှိနေကြပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

Post a Comment

0 Comments